< ၂ ကောရိန္သု 4 >
1 ၁ ဘုရားသခင်သည်မိမိ၏ကရုဏာတော် နှင့်အညီ ငါတို့အားဤအမှုတော်ဆောင် လုပ်ငန်းကိုပေးအပ်တော်မူသည်ဖြစ်ရာ ငါ တို့တွင်စိတ်ပျက်အားလျော့ခြင်းမရှိ။-
KIT sota kin pangada, pweki at koa dodok me se aleer ki mak o.
2 ၂ ငါတို့သည်ရှက်ဖွယ်ရာလျှို့ဝှက်မှုအပေါင်း တို့ကိုစွန့်ပယ်ကြ၏။ ငါတို့သည်ကောက်ကျစ် စဉ်းလဲမှုကိုမပြု။ ဘုရားသခင်၏နှုတ်ကပတ် တရားတော်ကိုမှောက်လှန်၍မဟောမပြော။ ငါတို့သည်ဘုရားသခင်၏မျက်မှောက်တော် ၌သမ္မာတရားတော်၏အလင်းတွင် သက်ရှင် လှုပ်ရှား၍လူအပေါင်းတို့သြတ္တပ္ပစိတ် ကြည်လင်အောင်ပြုမူဆောင်ရွက်ကြ၏။-
Pwe kit muei sanger sued okiok kan o se sota weweideki widing o sota liasosa ki masan en Kot; pwe ni at kapwareda melel kit kin kamaui pein kit ong insen en aramas karos mon Kot.
3 ၃ အကယ်၍ငါတို့ဟောပြောကြေညာသည့် သတင်းကောင်းသည်ဖုံးအုပ်လျက်ရှိလျှင် အသက်ဝိညာဉ်ဆုံးရှုံးလျက်နေသူများ အတွက်သာလျှင်ဖုံးအုပ်လျက်ရှိသည်။-
A ma at rongamau me malar, nan a malang men lokidokila kan.
4 ၄ ဤလောကကိုအစိုးရသောဘုရားသည် ထိုသူတို့၏စိတ်ကိုအမှောင်ဖြင့်ဖုံးအုပ်စေ သဖြင့် သူတို့သည်သတင်းကောင်းကိုမယုံ ကြ။ ထိုဘုရားကြောင့်ဘုရားသခင်၏ပုံ သဏ္ဌာန်တည်းဟူသောခရစ်တော်၏ဘုန်း အသရေတော်အကြောင်း သတင်းကောင်း မှထွက်ပေါ်လာ၍သူတို့အပေါ်သို့ကျ ရောက်သည့်အလင်းရောင်ကိုသူတို့မမြင် ကြ။- (aiōn )
Me kot en sappa wet karotongala nan mongiong en me soposon akan, pwe ren der kilang marain en rongamau duen lingan en Kristus me mom en Kot. (aiōn )
5 ၅ ငါတို့သည်မိမိတို့၏အကြောင်းကိုဟော ပြောကြသည်မဟုတ်။ ယေရှုခရစ်သည်အရှင် သခင်ဖြစ်တော်မူကြောင်း၊ ငါတို့သည်သခင် ယေရှု၏အတွက်သင်တို့၏အစေခံများ ဖြစ်ကြကြောင်းကိုဟောပြောကြ၏။-
Pwe kit sota kin padaki duen pein kit, a duen Kristus Iesus, me i Kaun, a kit ladu’mail pweki Iesus.
6 ၆ ခရစ်တော်၏မျက်နှာတော်တွင်ထွန်းတောက် လျက်ရှိသော ဘုန်းအသရေတော်အကြောင်း ကိုသိနားလည်နိုင်စေရန် ငါတို့၏စိတ်နှလုံး ထဲ၌အလင်းကိုထွန်းလင်းစေတော်မူသော ဘုရားသခင်ကား `အမှောင်ထဲမှအလင်း ပေါ်ထွန်းလိမ့်မည်' ဟုမိန့်ကြားတော်မူခဲ့ သောဘုရားသခင်ပင်ဖြစ်သတည်း။
Pwe Kot me masanier, marain en pwarada sang ni rotorot, me kotin kamarainiedar nan mongiong it, pwe sen maraineki o dedeki lingan en Kot ni silang en Iesus Kristus.
7 ၇ သို့ရာတွင်ငါတို့တွင်အချုပ်အခြာအာဏာ တန်ခိုးမရှိ၊ ဘုရားသခင်၌သာလျှင်ရှိတော် မူကြောင်းကိုထင်ရှားစေရန် ဆိုခဲ့သည့်ဝိညာဉ် ဘဏ္ဍာကိုထိန်းသိမ်းရသူငါတို့သည်မြေအိုး များသဖွယ်ဖြစ်ကြသည်။-
A kit kin kolekol pai wet ni dal pwel, pwe manaman en kaindinda Kot a so kit.
8 ၈ ငါတို့သည်မကြာခဏဆင်းရဲဒုက္ခရောက် ကြသော်လည်းနာလန်မထူနိုင်အောင်မဖြစ်။ တစ်ခါတစ်ရံစိတ်ရှုပ်ထွေးကြသော်လည်း အဘယ်အခါ၌မျှစိတ်မပျက်။-
At apwal akan me andere kit pena, a se sota kin masak; sota wasa, me se pan kak pitila ia ap sota lodi.
9 ၉ ငါတို့မှာရန်သူအမြောက်အမြားပင်ရှိ သော်လည်းမိတ်ဆွေကင်းမဲ့သည်ဟူ၍မရှိ။ လဲအောင်အထိုးခံရသော်လည်းမသေကြ။-
Pan kamekam, ap sota kamela; pan kalokolok, ap sota mela;
10 ၁၀ သခင်ယေရှုသည်ငါတို့ခန္ဓာတွင်အသက် ရှင်တော်မူကြောင်းပေါ်လွင်စေရန် ငါတို့၏ သေကြေပျက်စီးတတ်သောကိုယ်ခန္ဓာ၌ သခင်ယေရှု၏အသေခံတော်မူသည်ကို အစဉ်မပြတ်ဆောင်ရ၏။-
O kit kin wewa sili ni war at en Iesus a matala, pwe maur en Iesus en pil sansal ni war at.
11 ၁၁ ငါတို့၏သေကြေပျက်စီးတတ်သောကိုယ် ခန္ဓာတွင် သခင်ယေရှုအသက်ရှင်တော်မူ ကြောင်းပေါ်လွင်စေရန် ငါတို့သည်အသက် ရှင်လျက်ရှိသမျှကာလပတ်လုံးသခင် ယေရှုအတွက်အခါခပ်သိမ်းသေဘေး နှင့်ရင်ဆိုင်လျက်နေရကြ၏။-
Pwe kit, me memaur, kin kilele ong mela ansau karos pweki Iesus, pwe maur en Iesus en pil sansaleda ni uduk atail.
12 ၁၂ သို့ဖြစ်၍ငါတို့တွင်သေခြင်းတရားသည် ရှင်သန်လျက်ရှိသော်လည်း သင်တို့တွင်မူ ကားအသက်ရှင်ခြင်းတရားသည်ရှင်သန် လျက်ရှိပေသည်။
Nan i mela kin kelail ong kit, a maur ong komail,
13 ၁၃ ကျမ်းစာတော်တွင် ``ငါသည်ယုံကြည်သော ကြောင့်ဟောပြောသည်'' ဟုပါရှိသည်အတိုင်း ငါတို့လည်းထိုသို့ယုံကြည်မှုရှိသဖြင့် ဟောပြောကြ၏။-
A kit aleer ngen en poson ota, duen a intingidier: Ngai me poson, i me i padaki wei. Kit me pil posonlar ap padapadaki.
14 ၁၄ သခင်ယေရှုအားသေခြင်းမှရှင်ပြန်ထ မြောက်စေတော်မူသောဘုရားသခင်သည် ငါ တို့အားလည်းသခင်ယေရှုနှင့်အတူရှင်ပြန် ထမြောက်စေတော်မူပြီးလျှင် သင်တို့နှင့် အတူရှေ့တော်မှောက်သို့ခေါ်ဆောင်တော် မူမည်ဖြစ်ကြောင်းငါတို့သိကြ၏။-
Se asaer, me i, me kotin kaiasadar Kaun Iesus, pan pil kotin kaiasada kitail iang Iesus, o pan kotin kasansaleda kitail o komail mo a.
15 ၁၅ ဤအမှုအရာခပ်သိမ်းတို့သည်သင်တို့၏ အကျိုးအလို့ငှာဖြစ်ကြ၏။ ဘုရားသခင် ၏ကျေးဇူးတော်ကိုခံစားရသူအရေ အတွက်တိုးတက်များပြားလာသည်နှင့် အမျှ ကိုယ်တော်၏ဘုန်းအသရေတော်ထင် ရှားအံ့သောငှာချီးမွမ်းသည့်ဆုတောင်း ပတ္ထနာများသည်လည်းပိုမိုများပြား လာလိမ့်မည်။
Meakaros wiauier pweki komail, pwe mak o ni a laude kilar me toto, en kalaudela melel danke, pwen kalinganada Kot.
16 ၁၆ ဤအကြောင်းကြောင့်ငါတို့သည်အဘယ် အခါ၌မျှစိတ်မပျက်အားမလျော့ကြ။ ငါတို့၏ကိုယ်ခန္ဓာသည်တဖြည်းဖြည်းယို ယွင်းပျက်စီးလျက်ရှိသော်လည်း ငါတို့၏ ဝိညာဉ်မူကားနေ့စဉ်နှင့်အမျှအသစ် ပြုပြင်ခြင်းကိုခံရ၏။-
I me se sota kin pangada, a ma at pali liki en aramas pan soredi, pali lol it kin kokoda ni ran karos.
17 ၁၇ ငါတို့ခဏခံရသောပေါ့ပါးသည့်ဆင်းရဲ ဒုက္ခသည်အတိုင်းထက်အလွန်ကြီးမြတ်သည့် ထာဝရဘုန်းအသရေကိုငါတို့အား ခံစားစေလိမ့်မည်။- (aiōnios )
Pwe atail ansau apwal me motomot o tikitik; ap kare ong kitail lingan soutuk eu me lapalap melel, (aiōnios )
18 ၁၈ ငါတို့သည်မျက်စိဖြင့်မြင်နိုင်သောအရာ များကိုအာရုံမစိုက်ဘဲမျက်စိဖြင့်မမြင် နိုင်သောအရာများကိုသာအာရုံစိုက်ကြ၏။ မျက်စိဖြင့်မြင်နိုင်သောအရာများသည် ခေတ္တခဏမျှသာတည်၍မျက်စိဖြင့်မမြင် နိုင်သောအရာများမူကားထာဝရစဉ် တည်သတည်း။ (aiōnios )
Pwe kitail sota kin kilekilang meakan me sansal, a meakan me so sansal. Pwe me sansal me katuk, a me so sansal me soutuk. (aiōnios )