< ၂ ရာဇဝင်ချုပ် 31 >

1 ပွဲ​တော်​ပြီး​ဆုံး​သွား​သော​အ​ခါ၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည်​ယု​ဒ​မြို့​ရှိ​သ​မျှ သို့​သွား​လျက် ကျောက်​တိုင်​များ​ကို​ဖြို​ဖျက်​၍ အာ​ရှ​ရ​ဘု​ရား​မ​၏​တံ​ခွန်​တိုင်​များ​ကို​ခုတ် လှဲ​ကြ​၏။ ယဇ်​ပလ္လင်​များ​နှင့်​ရုပ်​တု​ကိုး​ကွယ် ရာ​ဌာ​န​များ​ကို​လည်း​ဖြို​ဖျက်​ကြ​၏။ သူ​တို့ သည်​ယု​ဒ​နယ်​မြေ၊ ဗင်္ယာ​မိန်​နယ်​မြေ​နှင့်​မ​နာ​ရှေ နယ်​မြေ​တို့​တွင်​လည်း​ဤ​နည်း​အ​တိုင်း​ပြု​လုပ် ကြ​ပြီး​လျှင်​မိ​မိ​တို့​နေ​ရပ်​အ​သီး​သီး​သို့ ပြန်​သွား​ကြ​၏။
Hechas todas estas cosas, salió todo Israel, los que se habían hallado allí, por las ciudades de Judá, y quebraron las imágenes y destruyeron los bosques, y derribaron los altos y los altares por todo Judá y Benjamín, y también en Efraín y Manasés, hasta acabarlo todo. Después se volvieron todos los hijos de Israel, cada uno a su posesión y a sus ciudades.
2 ဟေ​ဇ​ကိ​မင်း​သည်​ယဇ်​ပု​ရော​ဟိတ်​နှင့်​လေ​ဝိ အနွယ်​ဝင်​အ​ဖွဲ့​ကို​ပြန်​လည်​ဖွဲ့​စည်း​တော်​မူ​၍ သူ​တို့​အ​သီး​သီး​အ​တွက်​တိ​ကျ​သော​တာ​ဝန် ဝတ္တ​ရား​များ​ကို​သတ်​မှတ်​ပေး​တော်​မူ​၏။ ထို တာ​ဝန်​ဝတ္တ​ရား​များ​တွင်​မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​များ​ကို​ပူ​ဇော်​ခြင်း၊ ဗိ​မာန်​တော်​၌​ဝတ်​ပြု​ကိုး​ကွယ်​ရာ​တွင် ပါ​ဝင်​ဆောင်​ရွက်​ခြင်း၊ ဗိ​မာန်​တော်​ဌာ​န အ​သီး​သီး​တွင်​ဂုဏ်​တော်​နှင့်​ကျေး​ဇူး တော်​ချီး​မွမ်း​ခြင်း​တို့​ပါ​ဝင်​လေ​သည်။-
Y constituyó Ezequías los repartimientos de los sacerdotes y de los levitas conforme a sus órdenes, cada uno según su oficio: los sacerdotes y los levitas para el holocausto y pacíficos, para que ministrasen, para que confesasen, y alabasen a las puertas de las tiendas del SEÑOR.
3 မင်း​ကြီး​သည်​ထာ​ဝရ​ဘု​ရား​၏​ပ​ညတ်​ကျမ်း အ​ရ နေ့​စဉ်​နံ​နက်​တိုင်း၊ ည​နေ​တိုင်း၊ ဥ​ပုသ်​နေ့ လ​ဆန်း​ပွဲ​တော်​နေ့​နှင့်​အ​ခြား​ပွဲ​တော်​များ​၌ မီး​ရှို့​ပူ​ဇော်​ရန် လို​အပ်​သော​သိုး​နွား​များ​ကို မိ​မိ​ပိုင်​သိုး​အုပ်​နွား​အုပ်​များ​မှ​ပေး​လှူ​တော် မူ​၏။
La contribución del rey de su hacienda, era holocaustos a mañana y tarde, y holocaustos para los sábados, nuevas lunas, y fiestas solemnes, como está escrito en la ley del SEÑOR.
4 ထို​အ​ပြင်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​တို့​သည် ထာ​ဝရ​ဘု​ရား​၏​ပ​ညတ် ကျမ်း​ပြ​ဋ္ဌာန်း​ချက်​များ​ကို​အ​ချိန်​ပြည့် တာ​ဝန်​ယူ​ဆောင်​ရွက်​နိုင်​ကြ​စေ​ခြင်း​ငှာ သူ တို့​ခံ​ယူ​ထိုက်​သော​လှူ​ဖွယ်​ပစ္စည်း​များ​ကို ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​ယူ​ဆောင် လာ​ကြ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။-
Mandó también al pueblo que habitaba en Jerusalén, que diesen la porción a los sacerdotes y levitas, para que se esforzasen en la ley del SEÑOR.
5 အ​မိန့်​တော်​ကို​ကြား​လျှင်​ကြား​ချင်း​ဣသ​ရေ​လ ပြည်​သူ​တို့​သည်​စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ ပျား​ရည်​နှင့်​အ​ခြား​လယ်​ယာ​ထွက်​သီး​နှံ လက်​ဦး​လက်​ဖျား​များ ကို​လည်း​ကောင်း၊ ရှိ​သ​မျှ​သော​ဥစ္စာ​များ​၏ ဆယ်​ပုံ​တစ်​ပုံ​ကို​လည်း​ကောင်း​ယူ​ဆောင်​လာ ကြ​လေ​သည်။-
Y cuando la palabra tomó fuerza al multiplicarse, les fue mutiplicado a los hijos de Israel muchas primicias de grano, vino, aceite, miel, y de todos los frutos de la tierra; y trajeron asimismo los diezmos de todas las cosas en abundancia.
6 ယုဒ​မြို့​များ​တွင်​နေ​ထိုင်​သူ​အ​ပေါင်း​တို့​သည် လည်း မိ​မိ​တို့​၏​သိုး​နွား​ဆယ်​ပုံ​တစ်​ပုံ​နှင့် လှူ​ဖွယ်​ပစ္စည်း​အ​မြောက်​အ​မြား​ကို​ယူ​ဆောင် လာ​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ် လှူ​ဒါန်း​ကြ​၏။-
También los hijos de Israel y de Judá, que habitaban en las ciudades de Judá, dieron del mismo modo los diezmos de las vacas y de las ovejas; y trajeron los diezmos de lo santificado, de las cosas que habían prometido al SEÑOR su Dios, y los pusieron por montones.
7 ထို​လှူ​ဖွယ်​ပစ္စည်း​များ​သည်​တ​တိ​ယ​လ​မှ အ​စ​ပြု​၍ နောက်​လေး​လ​တိုင်​တိုင်​ဆက်​လက် ရောက်​ရှိ​လာ​ကာ​စု​ပုံ​လျက်​နေ​လေ​၏။-
En el mes tercero comenzaron a fundar aquellos montones, y en el mes séptimo acabaron.
8 မင်း​ကြီး​နှင့်​မှူး​မတ်​တို့​သည်​စု​ပုံ​လျက်​နေ သော​ပစ္စည်း​များ​ကို​တွေ့​မြင်​ကြ​သော​အ​ခါ ထာ​ဝရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​၍ ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ချီး​ကူး​ကြ​ကုန်​၏။-
Y Ezequías y los príncipes vinieron a ver los montones, y bendijeron al SEÑOR, y a su pueblo Israel.
9 မင်း​ကြီး​သည်​ထို​လှူ​ဖွယ်​ပစ္စည်း​များ​နှင့် ပတ်​သက်​၍ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​တို့​အား​မိန့်​ကြား​တော်​မူ​သော အခါ၊-
Y preguntó Ezequías a los sacerdotes y a los levitas acerca de los montones.
10 ၁၀ ဇာ​ဒုတ်​၏​သား​မြေး​ယဇ်​ပု​ရော​ဟိတ်​မင်း အာ​ဇ​ရိ​က``ပြည်​သူ​တို့​သည်​ဤ​လှူ​ဖွယ် ပစ္စည်း​များ​ကို​ဗိ​မာန်​တော်​သို့​ယူ​ဆောင်​လာ ချိန်​မှ​အ​စ​ပြု​၍ အ​ကျွန်ုပ်​တို့​စား​သုံး​ရန် အ​လုံ​အ​လောက်​ရ​ရှိ​ကြ​သည့်​အ​ပြင် များ​စွာ​ပင်​ပို​လျှံ​လျက်​နေ​ပါ​၏။ ဤ​မျှ အ​ကျွန်ုပ်​တို့​ရ​ရှိ​ကြ​ခြင်း​မှာ​ထာ​ဝရ ဘု​ရား​သည် မိ​မိ​၏​လူ​မျိုး​တော်​အား ကောင်း​ချီး​ပေး​တော်​မူ​သော​ကြောင့်​ဖြစ် ပါ​၏'' ဟု​လျှောက်​လေ​သည်။
Y le respondió Azarías, sumo sacerdote, de la casa de Sadoc, y dijo: Desde que comenzaron a traer la ofrenda a la Casa del SEÑOR, hemos comido y nos hemos saciado, y nos ha sobrado mucho; porque el SEÑOR ha bendecido su pueblo, y ha quedado esta gran provisión.
11 ၁၁ မင်း​ကြီး​၏​အ​မိန့်​တော်​အ​ရ​ဗိ​မာန်​တော် အ​နီး​တွင် ပစ္စည်း​သို​လှောင်​ခန်း​များ​ကို​ပြင် ဆင်​ပြီး​လျှင်၊-
Entonces mandó Ezequías que preparasen cámaras en la Casa del SEÑOR; y las prepararon.
12 ၁၂ ထို​လှူ​ဖွယ်​ပစ္စည်း​များ​နှင့်​ဆယ်​ပုံ​တစ်​ပုံ အ​လှူ​များ​ကို​သိမ်း​ဆည်း​ထား​ကြ​၏။ သူ တို့​သည်​ပစ္စည်း​သို​လှောင်​ခန်း​များ​အ​တွက် လေ​ဝိ​အ​နွယ်​ဝင်​ကော​န​နိ​အား​တာ​ဝန်​ခံ အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ သူ​၏​ညီ​ရှိ​မိ​အား လက်​ထောက်​တာ​ဝန်​ခံ​အ​ဖြစ်​ဖြင့်​လည်း ကောင်း​ခန့်​အပ်​ကြ​လေ​သည်။-
Y metieron las primicias y diezmos y las cosas consagradas, fielmente; y dieron cargo de ello a Conanías levita, el principal, y Simei su hermano fue el segundo.
13 ၁၃ သူ​တို့​၏​လက်​အောက်​တွင်​အ​မှု​ထမ်း​ရန် လေ​ဝိ အ​နွယ်​ဝင်​ဆယ်​ဦး​ဖြစ်​ကြ​သော​ယေ​ဟေ​လ၊ အာ​ဇ​ဇိ၊ နာ​ဟတ်၊ အာ​သ​ဟေ​လ၊ ယေ​ရိ​မုတ်၊ ယော​ဇ​ဗတ်၊ ဧ​လျေ​လ၊ ဣ​သ​မ​ခိ၊ မာ​ဟတ် နှင့်​ဗေ​နာ​ယ​တို့​ကို​လည်း​ခန့်​ထား​ကြ​၏။ ဤ​ရာ​ထူး​များ​ကို​ဟေ​ဇ​ကိ​မင်း​နှင့်​ယဇ် ပု​ရော​ဟိတ်​မင်း​အာ​ဇ​ရိ​တို့​၏​အ​မိန့်​အ​ရ ခန့်​ထား​ခြင်း​ဖြစ်​သ​တည်း။-
Y Jehiel, Azazías, Nahat, Asael, Jeremot, Jozabad, Eliel, Ismaquías, Mahat, y Benaía, fueron sobrestantes bajo la mano de Conanías y de Simei su hermano, por mandamiento del rey Ezequías y de Azarías, príncipe de la Casa de Dios.
14 ၁၄ လေ​ဝိ​အ​နွယ်​ဝင်​ဣမ​န​၏​သား၊ ဗိ​မာန်​တော် အ​ရှေ့​တံ​ခါး​မှူး​ကော​ရ​သည်​ထာ​ဝ​ရ​ဘု​ရား အား ပေး​လှူ​သည့်​ပူ​ဇော်​သ​ကာ​များ​ကို​လက် ခံ​ရန်​နှင့်​ဝေ​မျှ​ရန်​တာ​ဝန်​ယူ​ဆောင်​ရွက်​ရ​၏။-
Y Coré hijo de Imna levita, portero al oriente, tenía cargo de las limosnas de Dios, y de las ofrendas del SEÑOR que se daban, y de todo lo que se santificaba.
15 ၁၅ ယဇ်​ပု​ရော​ဟိတ်​များ​နေ​ထိုင်​ရာ​အ​ခြား​မြို့ များ​၌ အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​များ​ဖြစ် ကြ​သော​ဧ​ဒင်၊ ဗင်္ယာ​မိန်၊ ယော​ရှု၊ ရှေ​မာ​ယ၊ အာ​မ​ရိ​နှင့်​ရှေ​က​နိ​တို့​က​ကော​ရ​အား သစ္စာ​ရှိ​စွာ​ကူ​ညီ​ဆောင်​ရွက်​ပေး​ကြ​လေ​သည်။ သူ​တို့​သည်​မိ​မိ​တို့​၏​ညီ​အစ်​ကို​လေ​ဝိ အ​နွယ်​ဝင်​တို့​အား သား​ချင်း​စု​အ​လိုက် မ​ဟုတ်​ဘဲ​သူ​တို့​ထမ်း​ဆောင်​ရ​သည့်​တာ​ဝန် ဝတ္တ​ရား​များ​အ​လိုက် ထို​လှူ​ဖွယ်​ပစ္စည်း​များ ကို​ခွဲ​ဝေ​ပေး​ကြ​ရ​၏။ မိ​မိ​တို့​ရာ​ထူး အ​လိုက်​ဗိ​မာန်​တော်​တွင်​နေ့​စဉ် တာ​ဝန် ထမ်း​ဆောင်​ရ​သူ​အ​သက်​သုံး​ဆယ်​နှင့် အ​ထက်​ရှိ​သူ​အ​ပေါင်း​တို့​သည်​ဝေ​စု တစ်​စု​စီ​ရ​ရှိ​ကြ​လေ​သည်။-
Y a su mano estaba Edén, Benjamín, Jesúa, Semaías, Amarías, y Secanías, en las ciudades de los sacerdotes, para dar con fidelidad a sus hermanos sus partes conforme a sus órdenes, así al mayor como al menor.
16 ၁၆
Sin lo que se contaba para los varones de tres años arriba, a todos los que entraban en la Casa del SEÑOR, cada cosa en su día por su ministerio, por sus estancias y por sus órdenes;
17 ၁၇ ယဇ်​ပု​ရော​ဟိတ်​များ​သည်​မိ​မိ​တို့​သား ချင်း​စု​အ​လိုက် တာ​ဝန်​ဝတ္တ​ရား​များ​ကို ထမ်း​ဆောင်​ရ​ကြ​၍​အ​သက်​နှစ်​ဆယ်​နှင့် အ​ထက်​ရှိ​လေဝိ​အနွယ်​ဝင်​များ​မှာ​မူ လုပ်​ငန်း အ​ဖွဲ့​များ​အ​လိုက်​တာ​ဝန်​ထမ်း​ဆောင်​ကြ ရ​၏။-
y a los que eran contados entre los sacerdotes por las familias de sus padres, y a los levitas de edad de veinte años arriba, por sus estancias y órdenes;
18 ၁၈ ထို​သူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​အ​တွက် သီး​သန့်​ထား​သော​တာ​ဝန်​ဝတ္တ​ရား​များ​ကို အ​ချိန်​မ​ရွေး​ထမ်း​ဆောင်​ရန်​အ​သင့်​ရှိ​အပ် သည်​ဖြစ်​၍ သား​မ​ယား​များ​နှင့်​တ​ကွ အ​ခြား​မှီ​ခို​သူ​များ​နှင့်​အ​တူ​မှတ်​ပုံ တင်​ထား​ရ​ကြ​လေ​သည်။-
asimismo a los de su generación con todos sus niños, y sus mujeres, y sus hijos e hijas, para toda la compañía; porque por la fe de estos se repartían las ofrendas.
19 ၁၉ အာ​ရုန်​မှ​ဆင်း​သက်​လာ​သူ​တို့​အား​နေ​ရာ ချ​ထား​သည့်​မြို့​များ​၌​ဖြစ်​စေ၊ ထို​မြို့​တို့ နှင့်​သက်​ဆိုင်​သည့်​စား​ကျက်​များ​၌​ဖြစ်​စေ နေ​ထိုင်​သူ​ယဇ်​ပု​ရော​ဟိတ်​များ​တွင်​ရိက္ခာ ခွဲ​ဝေ​မှု​တာ​ဝန်​ခံ​များ​ရှိ​၏။ သူ​တို့​သည်​ယဇ် ပု​ရော​ဟိတ်​များ​၏​အိမ်​ထောင်​စု​ဝင်​ယောကျာ်း မှန်​သ​မျှ​နှင့် လေ​ဝိ​သား​ချင်း​စု​စာ​ရင်း ဝင်​သူ​မှန်​သ​မျှ​တို့​အား​စား​နပ်​ရိက္ခာ များ​ကို​ခွဲ​ဝေ​ပေး​ကြ​၏။
Asimismo a los hijos de Aarón, los sacerdotes, que estaban en los ejidos de sus ciudades, por todas las ciudades, los varones nombrados tenían cargo de dar sus porciones a todos los varones de los sacerdotes, y a todo el linaje de los levitas.
20 ၂၀ ဟေ​ဇ​ကိ​မင်း​သည်​ယု​ဒ​ပြည်​တစ်​လျှောက် လုံး​တွင်​ဖြောင့်​မှန်​သော၊ မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​နှစ်​သက်​တော်​မူ သော​အ​မှု​တို့​ကို​ပြု​တော်​မူ​၏။-
De esta manera hizo Ezequías en todo Judá; el cual hizo lo bueno, recto, y verdadero, delante del SEÑOR su Dios.
21 ၂၁ သူ​သည်​ဗိ​မာန်​တော်​အ​တွက်​ပြု​လေ​သ​မျှ သော​အ​မှု​တို့​တွင်​လည်း​ကောင်း၊ ပ​ညတ်​တော် ကို​စောင့်​ထိန်း​ရာ​၌​လည်း​ကောင်း၊ မိ​မိ​၏ ဘု​ရား​သ​ခင်​အား​စိတ်​ရော​ကိုယ်​ပါ ဆည်း ကပ်​လျက်​ပြု​တော်​မူ​သည့်​အ​တွက်​အောင် မြင်​ထ​မြောက်​တော်​မူ​၏။
En todo cuanto comenzó en el servicio de la Casa de Dios, y en la ley y mandamientos, buscó a su Dios, y lo hizo de todo corazón, y fue prosperado.

< ၂ ရာဇဝင်ချုပ် 31 >