< ၃ ဓမ္မရာဇဝင် 12 >

1 ရော​ဗောင်​သည်​မိ​မိ​အား​မင်း​မြှောက်​ရန် ဣ​သ​ရေ​လ ပြည်​မြောက်​ပိုင်း​ရှိ​လူ​တို့​စု​ရုံး​လျက်​ရှိ​ရာ​ရှေ​ခင် မြို့​သို့​သွား​၏။-
Et Roboam alla à Sichem, car tout Israël était venu à Sichem pour le faire roi.
2 ရှော​လ​မုန်​မင်း​၏​ဘေး​မှ​လွတ်​မြောက်​ရန်​ထွက် ပြေး​သွား​သူ​နေ​ဗက်​၏​သား​ယေ​ရော​ဗောင်​သည် ထို​သ​တင်း​ကို​ကြား​သော​အ​ခါ​အီ​ဂျစ်​ပြည် မှ​ပြန်​လာ​လေ​သည်။-
Et quand Jéroboam, fils de Nebath, l’apprit (il était encore en Égypte, où il s’était enfui de devant le roi Salomon, et Jéroboam habitait l’Égypte;
3 ဣ​သ​ရေ​လ​ပြည်​မြောက်​ပိုင်း​မှ​လူ​တို့​သည်​သူ့​ကို ခေါ်​ယူ​ပြီး​လျှင် သူ​နှင့်​အ​တူ​ရောဗောင်​မင်း​ထံ​သို့ သွား​ကြ​၏။ သူ​တို့​က၊-
et ils envoyèrent et l’appelèrent), il arriva que Jéroboam et toute la congrégation d’Israël vinrent et parlèrent à Roboam, disant:
4 ``အ​ရှင့်​ခ​မည်း​တော်​ရှော​လ​မုန်​သည်​ကျွန်ုပ်​တို့ အ​ပေါ်​လေး​လံ​သော​ထမ်း​ပိုး​ကို​တင်​တော်​မူ​ခဲ့ ပါ​၏။ အ​ရှင်​သည်​ထို​လေး​လံ​သော​ထမ်း​ပိုး​နှင့် ပင်​ပန်း​သော​ဝန်​ကို​ပေါ့​ပါး​စေ​လျက် အ​ကျွန်ုပ်​တို့ အား​နေ​သာ​ထိုင်​သာ​ရှိ​အောင်​ပြု​တော်​မူ​မည်​ဆို ပါ​က အ​ကျွန်ုပ်​တို့​သည်​သစ္စာ​ရှိ​စွာ​အ​ရှင့်​၏ အ​မှု​တော်​ကို​ထမ်း​ဆောင်​ပါ​မည်'' ဟု​လျှောက် ထား​ကြ​၏။
Ton père a rendu notre joug dur; et toi, maintenant, allège le dur service de ton père et son joug pesant qu’il a mis sur nous, et nous te servirons.
5 ရော​ဗောင်​က​လည်း``သုံး​ရက်​ကြာ​လျှင်​ငါ့​ထံ​သို့ ပြန်​ခဲ့​ကြ။ ထို​အ​ခါ​မှ​သင်​တို့​အား​ငါ​အ​ဖြေ ပေး​မည်'' ဟု​ဆို​၏။
Et il leur dit: Allez-vous-en encore pour trois jours, et revenez vers moi. Et le peuple s’en alla.
6 ထို့​နောက်​ရော​ဗောင်​သည် ခ​မည်း​တော်​ရှော​လ​မုန်​၏ အ​တိုင်​ပင်​ခံ​အ​သက်​ကြီး​သူ​အ​မတ်​များ​အား``ထို သူ​တို့​ကို​ငါ​အ​ဘယ်​သို့​ဖြေ​ကြား​ရ​ပါ​မည်​နည်း။ သင်​တို့​အ​ဘယ်​သို့​အ​ကြံ​ပေး​လို​ကြ​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
Et le roi Roboam tint conseil avec les vieillards qui s’étaient tenus devant Salomon, son père, lorsqu’il vivait, disant: Comment conseillez-vous de répondre à ce peuple?
7 မှူး​မတ်​တို့​က``အ​ရှင်​သည်​ထို​သူ​တို့​အား​အ​ကျိုး ပြု​လို​တော်​မူ​ပါ​လျှင် သူ​တို့​၏​ပန်​ကြား​ချက်​ကို လိုက်​လျော​တော်​မူ​ပါ။ သူ​တို့​သည်​အ​ရှင်​၏​အမှု တော်​ကို အ​စဉ်​အ​မြဲ​သစ္စာ​နှင့်​ထမ်း​ဆောင်​ကြ ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။
Et ils lui parlèrent, disant: Si aujourd’hui tu deviens serviteur de ce peuple, et que tu les serves, et leur répondes, et leur dises de bonnes paroles, ils seront toujours tes serviteurs.
8 သို့​ရာ​တွင်​ရော​ဗောင်​သည်​ထို​မှူး​မတ်​တို့​ပေး​သည့် အ​ကြံ​ကို​လျစ်​လူ​ရှု​၍ အ​ပါး​တော်​တွင်​ခ​စား နေ​ကျ​ဖြစ်​သော​မိ​မိ​၏​ငယ်​သူ​ငယ်​ချင်း လူ​ငယ်​လူ​ရွယ်​များ​ထံ​သို့​သွား​ပြီး​လျှင်၊-
Mais il laissa le conseil des vieillards, qu’ils lui avaient donné, et tint conseil avec les jeunes gens qui avaient grandi avec lui, qui se tenaient devant lui;
9 ``သင်​တို့​က​ငါ့​အား​အ​ဘယ်​သို့​အ​ကြံ​ပေး​ကြ ပါ​မည်​နည်း။ သူ​တို့​၏​ဝန်​ကို​ပေါ့​ပါး​အောင်​ပြု လုပ်​ပေး​ရန် ငါ့​ထံ​ပန်​ကြား​လျှောက်​ထား​နေ​သူ တို့​အား​အ​ဘယ်​သို့​ဖြေ​ကြား​ရ​ပါ​မည်​နည်း'' ဟု​မေး​တော်​မူ​၏။
et il leur dit: Que conseillez-vous que nous répondions à ce peuple, qui m’a parlé, disant: Allège le joug que ton père a mis sur nous?
10 ၁၀ ထို​သူ​ငယ်​များ​က``အ​ရှင်​သည်​သူ​တို့​အား`ငါ​၏ လက်​သန်း​သည်​ခ​မည်း​တော်​၏​ခါး​ထက်​ပို​၍ တုတ်​၏။-
Et les jeunes gens qui avaient grandi avec lui, lui parlèrent, disant: Tu diras ainsi à ce peuple qui t’a parlé, disant: Ton père a rendu pesant notre joug; toi, allège-le de dessus nous; – tu leur diras ainsi: Mon petit doigt est plus gros que les reins de mon père;
11 ၁၁ ငါ့​ခ​မည်း​တော်​တင်​သော​ဝန်​လေး​သည်​မှန်​၏။ ငါ တင်​သော​ဝန်​ကား​ထို​ထက်​ပင်​ပို​၍​လေး​လိမ့်​မည်။ သူ​သည်​သင်​တို့​အား​ကြိမ်​နှင့်​ရိုက်​၏။ ငါ​မူ​ကား ကြာ​ပွတ်​နှင့်​ရိုက်​အံ့' ဟု​ဖြေ​ကြား​တော်​မူ​ပါ'' ဟု​လျှောက်​ကြ​၏။
et maintenant, mon père a chargé sur vous un joug pesant, et moi j’ajouterai à votre joug; mon père vous a corrigés avec des fouets, et moi je vous corrigerai avec des scorpions.
12 ၁၂ သုံး​ရက်​မျှ​ကြာ​သော​အ​ခါ​ယေ​ရော​ဗောင်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရော​ဗောင်​မင်း မှာ​ကြား​လိုက်​သည့်​အ​တိုင်း​ပြန်​လာ​ကြ​၏။-
Et Jéroboam et tout le peuple vinrent vers Roboam le troisième jour, comme le roi avait dit, en disant: Revenez vers moi le troisième jour.
13 ၁၃ ထို​အ​ခါ​ရော​ဗောင်​သည်​အ​သက်​ကြီး​သူ​အ​တိုင် ပင်​ခံ​အ​မတ်​များ​ပေး​သည့်​အ​ကြံ​ကို​လျစ်​လူ ရှု​ပြီး​လျှင်၊-
Et le roi répondit au peuple avec dureté, et laissa le conseil que les vieillards lui avaient donné;
14 ၁၄ လူ​ငယ်​လူ​ရွယ်​တို့​ပေး​သည့်​အ​ကြံ​အ​တိုင်း​ထို သူ​တို့​အား``ငါ့​ခ​မည်း​တော်​တင်​သော​ဝန်​လေး သည်​မှန်​၏။ ငါ​တင်​သော​ဝန်​ကား​ထို​ထက်​ပင်​ပို ၍​လေး​လိမ့်​မည်။ သူ​သည်​သင်​တို့​အား​ကြိမ်​နှင့် ရိုက်​၏။ ငါ​မူ​ကား​ကြာ​ပွတ်​နှင့်​ရိုက်​အံ့'' ဟု ခက်​ထန်​စွာ​ဖြေ​ကြား​တော်​မူ​၏။-
et il leur parla selon le conseil des jeunes gens, disant: Mon père a rendu pesant votre joug, et moi j’ajouterai à votre joug; mon père vous a corrigés avec des fouets, et moi je vous corrigerai avec des scorpions.
15 ၁၅ မင်း​ကြီး​သည်​ဤ​သို့​ပြည်​သူ​တို့​အား​အ​လေး ဂ​ရု​မ​ပြု​ဘဲ​နေ​တော်​မူ​ခြင်း​မှာ ပ​ရော​ဖက် အ​ဟိ​ယ​အား​ဖြင့်​ယေ​ရော​ဗောင်​အား​ကိုယ်​တော် ပေး​တော်​မူ​ခဲ့​သည့်​က​တိ​တော်​ကို အ​ကောင် အ​ထည်​ပေါ်​စေ​ရန်​ထာ​ဝ​ရ​ဘု​ရား​အ​လို ရှိ​တော်​မူ​သော​ကြောင့်​ဖြစ်​၏။
Et le roi n’écouta pas le peuple, car cela était amené par l’Éternel, afin d’accomplir sa parole, que l’Éternel avait dite par Akhija, le Silonite, à Jéroboam, fils de Nebath.
16 ၁၆ မိ​မိ​တို့​၏​ပန်​ကြား​ချက်​ကို မင်း​ကြီး​နား​ထောင် တော့​မည်​မ​ဟုတ်​ကြောင်း​သိ​ရှိ​ကြ​သော​အ​ခါ လူ တို့​က``ဒါ​ဝိဒ်​၌​ငါ​တို့​လူ​မျိုး​တော်​မ​ရှိ။ ယေ​ရှဲ ၏​သား​၌​ငါ​တို့​အ​မွေ​မ​ရှိ။ အို ဣ​သ​ရေ​လ​ပြည် သူ​တို့၊ ငါ​တို့​နေ​ရပ်​သို့​ပြန်​ကြ​ကုန်​အံ့။ အို ဒါ​ဝိဒ်၊ သင်​၏​အိမ်​ကို​ပြန်​ကြည့်​လော့'' ဟု​ဟစ်​အော်​ကြ ကုန်​၏။ သို့​ဖြစ်​၍​ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည်​ပုန်​ကန် ကြ​၏။-
Et tout Israël vit que le roi ne les avait pas écoutés. Et le peuple répondit au roi, disant: Quelle part avons-nous en David? Et nous n’avons pas d’héritage dans le fils d’Isaï. À tes tentes, Israël! Maintenant, David, regarde à ta maison! Et Israël s’en alla à ses tentes.
17 ၁၇ ရော​ဗောင်​သည်​ယု​ဒ​နယ်​မြေ​တွင်​နေ​ထိုင်​သူ​တို့ ကို​သာ​လျှင် အုပ်​စိုး​ရ​လေ​သည်။
Mais quant aux fils d’Israël qui habitaient dans les villes de Juda, Roboam régna sur eux.
18 ၁၈ ထို​အ​ခါ​ရော​ဗောင်​မင်း​သည် ချွေး​တပ်​တာ​ဝန်​ခံ အ​ဒေါ​နိ​ရံ​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ သို့​စေ​လွှတ်​တော်​မူ​၏။ သို့​ရာ​တွင်​ဣ​သ​ရေ​လ အမျိုး​သား​တို့​က ထို​သူ့​အား​ခဲ​နှင့်​ပစ်​သတ်​ကြ သ​ဖြင့် ရော​ဗောင်​သည်​မိ​မိ​ရ​ထား​ပေါ်​သို့​အ​ဆော တ​လျင်​တက်​၍​ယေ​ရု​ရှ​လင်​မြို့​သို့​ထွက်​ပြေး လေ​၏။-
Et le roi Roboam envoya Adoram, qui était préposé sur les levées; et tout Israël le lapida avec des pierres, et il mourut. Et le roi Roboam se hâta de monter sur un char pour s’enfuir à Jérusalem.
19 ၁၉ ထို​ကာ​လ​မှ​စ​၍​ဣသ​ရေ​လ​ပြည်​မြောက်​ပိုင်း ပြည်​သူ​တို့​သည် ဒါ​ဝိဒ်​မင်း​မျိုး​ကို​ပုန်​ကန် ကြ​လေ​သ​တည်း။
Et Israël se rebella contre la maison de David, jusqu’à ce jour.
20 ၂၀ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အီ​ဂျစ်​ပြည် မှ​ယေ​ရော​ဗောင်​ပြန်​လည်​ရောက်​ရှိ​လာ​သည့် သ​တင်း​ကို​ကြား​သော​အ​ခါ သူ့​အား​လူ​ထု အ​စည်း​အ​ဝေး​သို့​ဖိတ်​ခေါ်​ကာ ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​မင်း​မြှောက်​ကြ​ကုန်​၏။ ယု​ဒ အ​နွယ်​သာ​လျှင်​ဒါ​ဝိဒ်​၏​သား​မြေး​တို့ အ​ပေါ်​တွင်​သစ္စာ​စောင့်​ကြ​လေ​သည်။
Et il arriva que, quand tout Israël apprit que Jéroboam était de retour, ils envoyèrent et l’appelèrent à l’assemblée, et l’établirent roi sur tout Israël. Il n’y eut que la tribu de Juda seule qui suive la maison de David.
21 ၂၁ ရော​ဗောင်​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​ရှိ​လာ သော​အ​ခါ ဣ​သ​ရေ​လ​ပြည်​မြောက်​ပိုင်း​ကို​ပြန် လည်​သိမ်း​ပိုက်​ရန်​ကြံ​စည်​လျက် ယု​ဒ​နှင့်​ဗင်္ယာ မိန်​အ​နွယ်​များ​မှ​လက်​ရွေး​စင်​တပ်​သား တစ်​သိန်း​ရှစ်​သောင်း​ကို​စု​ရုံး​စေ​တော်​မူ​၏။
Et Roboam s’en alla à Jérusalem. Et il assembla toute la maison de Juda, et la tribu de Benjamin, 180 000 hommes d’élite propres à la guerre, pour faire la guerre à la maison d’Israël, afin de ramener le royaume à Roboam, fils de Salomon.
22 ၂၂ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည် ပ​ရော​ဖက် ရှေ​မာ​ယ​ကို​စေ​လွှတ်​၍၊-
Et la parole de Dieu vint à Shemahia, homme de Dieu, disant:
23 ၂၃ ရော​ဗောင်​မင်း​နှင့်​တ​ကွ​ယုဒ​အ​နွယ်​ဝင်​နှင့် ဗင်္ယာ​မိန်​အ​နွယ်​ဝင်​အ​ပေါင်း​တို့​အား၊-
Parle à Roboam, fils de Salomon, roi de Juda, et à toute la maison de Juda et de Benjamin, et au reste du peuple, disant:
24 ၂၄ ``သင်​တို့​သည်​သင်​တို့​၏​ညီ​အစ်​ကို​များ​ဖြစ် ကြ​သော​ဣ​သ​ရေ​လ​ပြည်​သူ​တို့​ကို​မ​တိုက် မ​ခိုက်​ကြ​နှင့်။ ယ​ခု​ဖြစ်​ပျက်​ခဲ့​သော​အ​မှု သည်​ငါ​၏​အ​လို​တော်​အ​တိုင်း​ဖြစ်​သ​ဖြင့် သင်​တို့​အား​လုံး​မိ​မိ​တို့​နေ​ရပ်​သို့​ပြန်​ကြ လော့'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း ဆင့်​ဆို​စေ​တော်​မူ​၏။ သူ​တို့​အား​လုံး​သည် လည်း​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို နာ​ခံ​လျက်​မိ​မိ​တို့​နေ​ရပ်​သို့​ပြန်​သွား ကြ​၏။
Ainsi dit l’Éternel: Ne montez pas, et ne faites pas la guerre à vos frères, les fils d’Israël; retournez chacun à sa maison, car c’est de par moi que cette chose a eu lieu. Et ils écoutèrent la parole de l’Éternel, et s’en retournèrent pour s’en aller, selon la parole de l’Éternel.
25 ၂၅ ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​သည်​တောင် ပေါ​များ​သော​ဧ​ဖ​ရိမ်​ပြည်၊ ရှေ​ခင်​မြို့​ကို တံ​တိုင်း​ကာ​ပြီး​လျှင်​ကာ​လ​အ​တန်​ကြာ​မျှ နန်း​စံ​တော်​မူ​၏။ ထို့​နောက်​ထို​မြို့​မှ​ထွက်​ခွာ ၍​ပေ​နွေ​လ​မြို့​ကို​တံ​တိုင်း​ကာ​တော်​မူ​၍၊-
Et Jéroboam bâtit Sichem dans la montagne d’Éphraïm, et y habita; et il sortit de là, et bâtit Penuel.
26 ၂၆ ``ငါ​၏​ပြည်​သူ​တို့​သည်​ယခု​အ​တိုင်း​ယေ​ရု ရှ​လင်​မြို့​ရှိ​ဗိ​မာန်​တော်​သို့​သွား​၍ ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ကြ​လျှင် သူ​တို့ သည်​ယု​ဒ​ဘု​ရင်​ရော​ဗောင်​၏​ကျေး​ဇူး​သစ္စာ ကို​ပြောင်း​လဲ​ခံ​ယူ​ကာ​ငါ့​အား​လုပ်​ကြံ ကြ​ပေ​လိမ့်​မည်'' ဟု​တွေး​တော​လျက်​နေ​၏။
Et Jéroboam dit en son cœur: Maintenant le royaume retournera à la maison de David.
27 ၂၇
Si ce peuple monte pour offrir des sacrifices dans la maison de l’Éternel à Jérusalem, le cœur de ce peuple retournera à son seigneur, à Roboam, roi de Juda, et ils me tueront, et ils retourneront à Roboam, roi de Juda.
28 ၂၈ ယင်း​သို့​တွေး​တော​ပြီး​နောက် ယေ​ရော​ဗောင်​သည် ရွှေ​နွား​လား​ဥ​သ​ဘ​ရုပ်​နှစ်​ကောင်​ကို​သွန်း လုပ်​၍​ပြည်​သူ​တို့​အား``သင်​တို့​သည်​ကိုး​ကွယ် ဝတ်​ပြု​ရန်​အ​တွက် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရ ကြ​သည်​မှာ​ကာ​လ​အ​တော်​ကြာ​ပြီ။ အို ဣ​သ ရေ​လ​ပြည်​သူ​တို့၊ သင်​တို့​အား​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​လာ​တော်​မူ​သော​ဘု​ရား​များ ကား​ဤ​ဘုရား​များ​ပင်​တည်း'' ဟု​မိန့်​တော် မူ​၏။-
Et le roi prit conseil, et fit deux veaux d’or, et dit au peuple: C’est trop pour vous de monter à Jérusalem; voici tes dieux, Israël! qui t’ont fait monter du pays d’Égypte.
29 ၂၉ ထို့​နောက်​ရွှေ​နွား​လား​ဥ​သ​ဘ​ရုပ်​တစ်​ကောင် ကို​ဗေ​သ​လ​မြို့​၌​လည်း​ကောင်း၊ အ​ခြား​တစ် ကောင်​ကို​ဒန်​မြို့​၌​လည်း​ကောင်း​ထား​တော်​မူ​၏။-
Et il en mit un à Béthel, et l’autre il le plaça à Dan.
30 ၃၀ ထို့​ကြောင့်​ပြည်​သူ​တို့​သည်​ထို​မြို့​များ​သို့​သွား ရောက်​ကာ ကိုး​ကွယ်​ဝတ်​ပြု​လျက်​အ​ပြစ်​ကူး လွန်​ကြ​ကုန်​၏။-
Et cela devint un péché, et le peuple alla devant l’un [des veaux] jusqu’à Dan.
31 ၃၁ ယေ​ရော​ဗောင်​သည်​တောင်​ထိပ်​များ​တွင်​ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​လည်း​တည်​ဆောက်​ပြီး လျှင် လေ​ဝိ​အ​နွယ်​ဝင်​မ​ဟုတ်​သော​သူ​တို့​အား ပု​ရော​ဟိတ်​များ​အ​ဖြစ်​ခန့်​ထား​တော်​မူ​လေ သည်။
Et il fit une maison de hauts lieux, et établit des sacrificateurs d’entre toutes les classes du peuple, lesquels n’étaient pas des fils de Lévi.
32 ၃၂ ယေ​ရော​ဗောင်​သည်​ယု​ဒ​ပြည်​တွင်​ကျင်း​ပ​သည့် ပွဲ​တော်​နှင့်​အ​လား​တူ​ဘာ​သာ​ရေး​ပွဲ​တော်​ကို လည်း အ​ဋ္ဌ​မ​လ​တစ်​ဆယ့်​ငါး​ရက်​နေ့​၌​ကျင်း​ပ ရန်​ပြ​ဋ္ဌာန်း​တော်​မူ​၏။ သူ​သည်​မိ​မိ​သွန်း​လုပ် ထား​သော​နွား​လား​ဥ​သ​ဘ​ရုပ်​များ​အား ဗေ​သ​လ​မြို့​ရှိ​ယဇ်​ပလ္လင်​တွင်​ယဇ်​များ​ကို ပူ​ဇော်​၍ မိ​မိ​ဆောက်​လုပ်​ထား​သည့်​ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​များ​တွင် အ​မှု​တော်​ဆောင် လျက်​ရှိ​သော​ယဇ်​ပု​ရော​ဟိတ်​တို့​ကို​ထို မြို့​၌​တာ​ဝန်​ပေး​အပ်​တော်​မူ​၏။-
Et Jéroboam établit une fête au huitième mois, le quinzième jour du mois, comme la fête qui [avait lieu] en Juda; et il offrit sur l’autel. Il fit ainsi à Béthel, sacrifiant aux veaux qu’il avait faits, et il plaça à Béthel les sacrificateurs des hauts lieux qu’il avait établis.
33 ၃၃ မင်း​ကြီး​သည်​မိ​မိ​သတ်​မှတ်​ပေး​သည့်​နေ့​ရက် ဖြစ်​သည့် အ​ဋ္ဌ​မ​လ​တစ်​ဆယ့်​ငါး​ရက်​နေ့​၌ ဗေ​သ​လ​မြို့​ရှိ​ယဇ်​ပလ္လင်​သို့​သွား​၍ ယဇ်​ပူ​ဇော် ကာ​ဣ​သ​ရေ​လ​ပြည်​သူ​တို့​အ​တွက် မိ​မိ​ကိုယ် တိုင်​တီ​ထွင်​ပြ​ဋ္ဌာန်း​ပေး​သည့်​ပွဲ​တော်​ကို ကျင်း​ပ​တော်​မူ​သ​တည်း။
Et il offrit sur l’autel qu’il avait fait à Béthel, le quinzième jour du huitième mois, le mois qu’il avait imaginé dans son propre cœur; et il fit une fête pour les fils d’Israël, et offrit sur l’autel, faisant fumer l’encens.

< ၃ ဓမ္မရာဇဝင် 12 >