< Tiuteronomi 22 >

1 E kite koe i te kau a tou teina, i tana hipi ranei, e atiutiu ke ana, kei ninihi atu koe i a raua: me ata whakahoki ano e koe ki tou teina.
သင့်ညီအစ်ကို၏ သိုးနွားသည် လမ်းလွဲသည်ကို ကြည့်၍မနေရ။ ညီအစ်ကိုထံသို့ ဆက်ဆက်ပြန်ပို့ရမည်။
2 A, ki te kahore tou teina e tata mai ana ki a koe, ki te kahore ranei kore e mohio ki a ia, na me kawe mai ki tou whare, a ki a koe noho ai, a rapu noa tou teina i a ia; katahi koe ka whakahoki atu ai ki a ia.
ညီအစ်ကို ဝေးသော်၎င်း၊ သူ့ကို မသိသော်၎င်း၊ ထိုသိုးနွားကို ကိုယ်အိမ်သို့ ဆောင်ခဲ့ရမည်။ ညီအစ်ကို သည်မရှာ၊ သူ၌ မအပ်မှီတိုင်အောင် ကိုယ်အိမ်၌ ထားရ မည်။
3 Me pena ano e koe ki tana kaihe; a me pena ano e koe ki tona kakahu; me pena ano hoki ki nga mea ngaro katoa a tou teina, ina ngaro i a ia, a e kitea e koe; e kore e ahei kia ninihi koe.
မြည်းဖြစ်စေ၊ အဝတ်ဖြစ်စေ၊ ညီအစ်ကို၏ဥစ္စာ တစုံတခုပျောက်၍ သင်တွေ့မိလျှင်၊ ကြည့်၍မနေဘဲ ထိုအတူ ပြုရမည်။
4 E kite koe i te kaihe a tou teina, i tana kau ranei, kua hinga i te ara, kei ninihi koe i a raua: me tino awhina koe i a ia ki te whakaara i a raua.
ညီအစ်ကို မြည်းနွားသည် လမ်း၌ လဲလျက်ရှိ သည်ကို ကြည့်၍မနေရ။ ညီအစ်ကိုနှင့်ဝိုင်း၍ ဆက်ဆက် မစရမည်။
5 Kei kakahuria e te wahine tetahi mea o te tane, kei kakahuria hoki e te tane te kakahu o te wahine: he mea whakarihariha hoki ki a Ihowa, ki tou Atua, te hunga katoa e pena ana.
မိန်းမသည် ယောက်ျားအဝတ်ကို မဝတ်ရ။ ယောက်ျားသည်လည်း မိန်းမအဝတ်ကို မဝတ်ရ။ ထိုသို့ ဝတ်သောသူရှိသမျှတို့ကို သင်၏ဘုရားသခင် ထာဝရ ဘုရားသည် စက်ဆုပ်ရွံ့ရှာတော်မူ၏။
6 Ki te pono koe ki te ohanga manu i te ara, i runga i te rakau, i te whenua ranei, me nga pi ano, me nga hua ranei, me te katua e pehi ana i nga pi, i nga hua ranei, kei tangohia ngatahitia e koe te katua me nga pi:
သစ်ပင်ပေါ် မြေပေါ်မှာ ငှက်သိုက်၌ ငှက်မ သည် အဥများ၊ သားငယ်များကို ဝပ်လျက် နေသည်ကို တွေ့လျှင်၊ သားငယ်တို့နှင့်အတူ အမိကိုမယူရ။
7 Me tuku tonu atu e koe te katua, ka tango ai i nga pi mau; kia whiwhi ai koe ki te pai, kia roa ai ou ra.
သင်သည် ကောင်းစား၍ အသက်တာရှည်မည် အကြောင်း၊ သားငယ်တို့ကို သိမ်းယူလျှင်လည်း အမိကို လွှတ်လိုက်ရမည်။
8 Ki te hanga koe he whare hou, me hanga ano he taiepa mo tou tuanui, kei whai toto i a koe tou whare, ina taka te tangata i runga.
လူသည် အိမ်မိုးပေါ်ကကျ၍ လူအသက်ကို သတ်သော အပြစ်မရောက်မည်အကြောင်း၊ အိမ်အသစ် ကို ဆောက်သောအခါ၊ အမိုးနားပတ်လည်၌ အဆီးအ တားကို လုပ်ရမည်။
9 Kaua e whakauruurua nga purapura e whakatokia e koe ki tau mara waina; kei poke te hua o te purapura e whakatokia e koe, me nga hua o te mara waina.
စပျစ်ဥယျာဉ်၌ ခြားနားသော မျိုးစေ့တို့ကို ရောနှော၍ မကြဲရ။ ထိုသို့ကြဲလျှင်၊ မျိုးစေ့အသီး၊ စပျစ်ပင် အသီး နှစ်ပါးစလုံး ပျက်လိမ့်မည်။
10 Kaua e huihuia te kau ki te kaihe hei parau mau.
၁၀နွားနှင့် မြည်းကို ဘက်၍ လယ်မထွန်ရ။
11 Kei kakahuria e koe te mea kakano whakauru, ara te huruhuru hipi i whakaurua nei ki te rinena.
၁၁ဝါနှင့်သိုးမွေးကို ရောနှော၍ ရက်သောအဝတ် ကို မဝတ်ရ။
12 Hanga etahi taniko mau mo nga tapa e wha o tou kakahu e kakahu ai koe.
၁၂သင်ခြုံသောအဝတ်စွန် လေးဘက်၌ ပန်းပွားတို့ ကို ဆွဲရမည်။
13 Ki te tango te tangata i te wahine, a ka haere ki roto, ki a ia, a ka kino ki a ia,
၁၃လူသည် မယားနှင့်ထိမ်းမြားဆက်ဆံပြီးမှ၊ တဖန် ထိုမိန်းမကို မုန်း၍၊
14 A ka hahani ki a ia, ka whakakinokino i tona ingoa, a ka mea, I tango ahau i tenei wahine, a, i toku whakatatanga ki a ia, ka kite ahau ehara ia i te wahine:
၁၄ငါသည် ဤမိန်းမနှင့် ထိမ်းမြားဆက်ဆံသော အခါ၊ ကညာမစစ်ကြောင်းကို သိရပြီဟု ထိုမိန်းမ၌ ကဲ့ရဲ့စရာအကြောင်းကို ပြု၍ သူ့အသရေကို ဖျက်လျှင်၊
15 Katahi te papa raua ko te whaea o te kotiro ka tiki, ka kawe i nga tohu o te wahinetanga o te kotiro ki nga kaumatua o te pa, ki te kuwaha:
၁၅ထိုမိန်းမ၏ မိဘတို့သည် ကညာ၏ လက္ခဏာ သက်သေကို ဆောင်လျက်၊ မြို့၌ အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့ သွား၍၊
16 A ka korero te papa o te kotiro ki nga kaumatua, I hoatu e ahau taku tamahine nei hei wahine ma tenei tangata, a e kinongia ana e ia:
၁၆ထိုမိန်းမ၏အဘက၊ အကျွန်ုပ်သမီးကို ဤလူ၌ အကျွန်ုပ်ပေးစားပါပြီ။ သူသည် အကျွန်ုပ်သမီးကို မုန်း၍၊
17 Na, tenei ia te mea nei kia korerotia kinotia ia, e mea ana, Kihai ahau i kite tohu he wahine tau tamahine; na ko nga tohu enei o te wahinetanga o taku kotiro. Na me hora e raua te kakahu ki te aroaro o nga kaumatua o te pa.
၁၇သင်၏သမီးသည် ကညာမစစ်ကြောင်းကို ငါတွေ့ပြီဟု ဆိုလျက် ကဲ့ရဲ့စရာအကြောင်းကို ပြုပါ၏။ သို့ရာတွင် ဤသည်ကား၊ အကျွန်ုပ်သမီး၏ ကညာ လက္ခဏာ သက်သေဖြစ်ပါ၏ဟု အသက်ကြီးသူတို့အား လျှောက်ဆိုလျက် ထိုအဝတ်ကို သူတို့ရှေ့မှာလှန်၍ ပြရမည်။
18 Katahi ka mau nga kaumatua o taua pa ki taua tangata, ka whiu i a ia;
၁၈ထိုအခါ မြို့၌ အသက်ကြီးသူတို့သည် ထိုလူကို ယူ၍ ရိုက်ပြီးမှ၊
19 A me tango e ratou i taua tangata kia kotahi rau nga hekere hiriwa hei utu, ka hoatu ai ki te papa o te kotiro, mona hoki i whakairi i te ingoa kino ki runga ki tetahi o nga wahine i Iharaira: a hei wahine ia mana; e kore e ahei kia whakarerea e ia i nga ra katoa e ora ai ia.
၁၉ငွေတပိဿာကို လျော်စေ၍၊ မိန်းမ၏ အဘ အား ပေးရမည်။ အကြောင်းမူကား၊ ဣသရေလအမျိုး ကညာ၏ အသရေကို ထိုသူဖျက်လေပြီ။ ထိုမိန်းမသည် သူ၏မယားဖြစ်ရမည်။ တသက်လုံး ထိုမိန်းမနှင့်မကွာရ။
20 Ki te mea ia he tika taua mea, kahore i kitea nga tohu o te wahinetanga o te kotiro:
၂၀သို့မဟုတ် လင်စကားမှန်၍၊ ထိုမိန်းမ၌ ကညာ လက္ခဏာသက်သေ မရှိလျှင်၊
21 Na me kawe mai e ratou te kotiro ki te kuwaha o te whare o tona papa, a me aki e nga tangata o tona pa ki te kohatu, kia mate: mo tana mahi poauau i roto i a Iharaira, mo tana kairautanga i roto i te whare o tona papa: a ka whakakorea e koe te k ino i roto i a koe.
၂၁မြို့သားယောက်ျားတို့သည် ထိုမိန်းမကို အဘ အိမ်တံခါးသို့ ဆောင်ခဲ့ပြီးလျှင် ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ အကြောင်းမူကား၊ သူသည် အဘ အိမ်၌ မတရားသော မေထုန်သို့လိုက်၍ ဣသရေလ အမျိုး၌ မိုက်မဲသောအမှုကို ပြုလေပြီ။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားရကြမည်။
22 Ki te mau tetahi tangata e takoto ana ki te wahine whai tahu, na me whakamate raua tokorua, te tane i takoto ki te wahine, me te wahine ano hoki; a ka whakakorea e koe te kino i roto i a Iharaira.
၂၂လင်ရှိသောမိန်းမနှင့် အခြားသောယောက်ျား သင့်နေသည်ကို တွေ့မိလျှင်၊ ထိုယောက်ျားနှင့် မိန်းမ နှစ်ယောက်တို့သည် အသေသတ်ခြင်းကို ခံရမည်။ ထိုသို့ ဒုစရိုက်အပြစ်ကို ဣသရေလအမျိုးမှ ပယ်ရှားရမည်။
23 Mehemea tera tetahi kotiro, he wahine, i taumautia ma te tane, a ka tupono tetahi tangata ki a ia i te pa, a ka takotoria e ia;
၂၃အပျိုကညာကို ယောက်ျားနှင့် ထိမ်းမြားဆောင် နှင်းပြီးမှ၊ အခြားသောယောက်ျားသည် မြို့ထဲမှာတွေ့၍ သင့်နေလျှင်၊
24 Me kawe raua ki te kuwaha o tena pa, me aki ki te kohatu, kia mate; te kotiro, i te mea i roto ia i te pa kihai ia i karanga; te tangata, mona i whakaiti i te wahine a tona hoa: a ka whakakorea atu e koe te kino i roto i a koe.
၂၄ထိုသူနှစ်ယောက်တို့ကို မြို့တံခါးဝသို့ ထုတ်ဆောင် ပြီးလျှင် ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ မိန်းမသည် မြို့ထဲမှာ ရှိလျက်ပင် မအော်မဟစ်သော ကြောင့်၎င်း၊ ယောက်ျားလည်း သူ့မယားကို ရှုတ်ချသော ကြောင့်၎င်း၊ ထိုသူနှစ်ယောက်တို့သည် အသေသတ်ခြင်း ကို ခံရမည်။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှား ရကြမည်။
25 Otiia ki te tupono te tangata, i te parea, ki tetahi kotiro kua oti te taumau, a ka hopukia atu ia e te tangata ra, ka takotoria hoki e ia: na ko taua tangata anake i takoto nei ki a ia e mate:
၂၅အပျိုကို ယောက်ျားနှင့် ထိမ်းမြားဆောင်နှင်းပြီး မှ အခြားသော ယောက်ျားသည် တော၌ တွေ့၍ အနိုင် အထက်ပြုလျှင်၊ ထိုယောက်ျား တယောက်တည်းကိုသာ အသေသတ်ရမည်။
26 Kauaka ia e ahatia e koe te kotiro; kahore hoki o te kotiro hara e mate ai: e rite ana hoki tenei mea ki te whakatikanga ake o te tangata ki tona hoa, a kohurutia iho:
၂၆သေထိုက်သော အပြစ်မရှိသော ထိုမိန်းမကို သင်သည် အဘယ်သို့မျှ မပြုရ။
27 I tupono hoki te tane ki a ia i te parae; a i karanga te kotiro i taumautia nei, a kahore tetahi hei whakaora i a ia.
၂၇အကြောင်းမူကား၊ ယောက်ျားသည် ထိုမိန်းမကို တော၌တွေ့၍ မိန်းမအော်ဟစ်သော်လည်း ကူညီသောသူ မရှိသောကြောင့်၊ ထိုအမှုသည် လူချင်းတယောက်ကို တယောက် ရန်ပြု၍ သတ်သောအမှုနှင့်တူ၏။
28 Ki te tupono tetahi tangata ki te kotiro, ki te wahine, kahore nei i taumautia, a ka hopu i a ia, ka takoto ki a ia, a ka kitea raua;
၂၈ယောက်ျားနှင့် မထိမ်းမြား မဆောင်နှင်းသေး သော အပျိုကညာကို အခြားသောယောက်ျားသည် တွေ့၍ ကိုင်ဆွဲသင့်နေသည်ကို တွေ့မိလျှင်၊
29 Na kia rima tekau nga hekere hiriwa e homai ki te papa o te kotiro e te tangata i takoto nei ki a ia, a ka waiho te wahine hei wahine mana, mona i whakaiti i a ia; e kore e ahei kia whakarerea e ia i nga ra katoa e ora ai ia.
၂၉ထိုယောက်ျားသည် မိန်းမ၏ အဘအား ငွေ ငါးဆယ်ကို လျော်ရမည်။ ထိုမိန်းမသည်လည်း သူ၏ မယားဖြစ်ရမည်။ သူ့ကို ရှုတ်ချသောကြောင့် တသက်လုံး မကွာရ။
30 E kore e ahei kia tangohia e te tangata te wahine a tona papa, kia hurahia hoki te remu o tona papa.
၃၀လူသည် မိမိအဘနှင့်သာဆိုင်သော အဘ၏ မယားကို မသိမ်းရ။

< Tiuteronomi 22 >