< Salamana Pamācības 24 >

1 Neiekarsies uz nelabiem cilvēkiem un nekāro būt ar viņiem;
မတရားသောသူတို့ကို မငြူစူနှင့်။ သူတို့နှင့် ပေါင်းဘော်ခြင်းငှါ အလိုမရှိနှင့်။
2 Jo viņu sirds domā uz postu, un viņu lūpas runā mokas.
သူတို့သည် ဖျက်ဆီးခြင်းငှါ နှလုံးကြံစည်တတ် ၏။ နှုတ်နှင့်လည်း ဘေးပြုမည်စကားကို ပြောတတ်၏။
3 Ar gudrību uzceļ namu un ar saprašanu to stiprina,
ဥာဏ်ပညာအားဖြင့် အိမ်ကိုတည်ဆောက်၍ ခိုင်ခံ့မြဲမြံစေရ၏။
4 Un ar samaņu pilda kambarus ar visādu dārgu un jauku bagātību.
ပညာအတတ်အားဖြင့် အခန်းများတို့သည် အဘိုးထိုက်၍၊ နှစ်သက်ဘွယ်သော ဥစ္စာအပေါင်းတို့နှင့် ပြည့်ရကြ၏။
5 Gudrs vīrs ir spēcīgs, un vīrs, kam atzīšana, ir varens spēkā;
ပညာရှိသောသူသည် တန်ခိုးရှိ၏။ ပညာ အတတ်နှင့် ပြည့်စုံသောသူသည် ခွန်အားတိုးပွါးတတ်၏။
6 Jo ar gudriem padomiem tu izvedīsi savu karu, un uzvarēšana ir, kur padoma devēju papilnam.
ပညာရှိတို့နှင့် တိုင်ပင်ပြီးမှ စစ်မှုကိုပြုရ၏။ အကြံပေးနိုင်သော သူများစွာရှိလျှင်၊ ဘေးလွတ်တတ်၏။
7 Ģeķim gudrība ir neaizsniedzama; savu muti lai tas neatdara pilsētas vārtos.
ပညာမြင့်သောကြောင့် မိုက်သောသူမမှီနိုင်။ မြို့တံခါးဝ၌ စကားမပြောဝံ့။
8 Kas tīšām ļaunu dara, tas jāsauc blēdis pār visiem blēžiem.
မကောင်းသောအမှုကို ပြုခြင်းငှါ ကြံစည်သော သူကို၊ ဘေးပြုသောသူဟူ၍ မှည့်ရ၏။
9 Ģeķības nodomi ir grēks, un mēdītājs cilvēkiem ir negantība.
မိုက်သောအကြံအစည်၌ အပြစ်ပါ၏။ မထီမဲ့ မြင်ပြုသော သူသည်လည်း၊ လူစက်ဆုပ်ရွံရှာဘွယ်ဖြစ် ၏။
10 Ja tu bēdu dienā nogursi, tad tavs spēks pagalam.
၁၀သင်သည် အမှုရောက်သောကာလ၌ စိတ်ပျက် လျှင် အားနည်း၏။
11 Glāb, kas uz nāvi pazudināti, un kas pie kaušanas top vesti, vai tu no tiem atrausies?
၁၁သင်္ချိုင်းသို့ထုတ်၍ အသေခံလုသောသူတို့ကို သင်သည် နှုတ်အံ့သောငှါ၊ အားမထုတ်ဘဲနေလျက်၊
12 Ja tu saki: „Redzi, mēs to nezinām!“Vai tad tas, kas sirdis pārmana, to nemana, un kas tavu dvēseli pasargā, to nezin un cilvēkiem neatmaksās pēc viņu darba?
၁၂ငါ့တို့မသိဟုဆိုသော်လည်း၊ နှလုံးသဘောကို ဆင်ခြင်သောသူသည် မမှတ်၊ သင်၏စိတ်ဝိညာဉ်ကို စောင့်သောသူသည် မသိဘဲ၊ လူအသီးအသီးတို့အား သူတို့အကျင့်နှင့်အလျောက်၊ အကျိုးအပြစ်ကို မဆပ် မပေးဘဲ နေတော်မူမည်လော။
13 Ēd, mans dēls, medu, jo tas ir labs, un tīrs medus ir salds tavā mutē;
၁၃ငါ့သား၊ ပျားရည်ကောင်းသောကြောင့် စား လော့။ ချိုမြိန်သော ပျားလပို့ကိုလည်း စားလော့။
14 Tāpat tavai dvēselei būs gudrības atzīšana, ja tu to atrodi; jo ir pastara diena, un tava gaidīšana nebūs veltīga.
၁၄ထိုအတူ၊ သင်တွေ့ရသောပညာတရားသည် စိတ်ဝိညာဉ်၌ အရသာနှင့်ပြည့်စုံ၍၊ သင်သည် မြော်လင့် ခြင်းအကြောင်းမပျက်၊ ကောင်းသောအကျိုးကို ခံရလိမ့် မည်။
15 Neglūn, tu bezdievīgais, uz taisnā dzīvokli, neposti viņa vietu;
၁၅အိုမတရားသောသူ၊ ဖြောင့်မတ်သောသူ၏ အိမ် ကို ချောင်း၍ မကြည့်နှင့်။ သူ၏ ငြိမ်ဝပ်ရာအရပ်ကို မဖျက်နှင့်။
16 Jo taisnais krīt septiņ reiz un ceļas augšām; bet bezdievīgie nogrimst nelaimē.
၁၆ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲသော် လည်း ထပြန်လိမ့်မည်။ မတရားသောသူမူကား၊ လဲသောအခါ ဆုံးရှုံးလိမ့်မည်။
17 Nepriecājies, kad tavs ienaidnieks krīt, un lai tava sirds nelīksmojās, kad viņš klūp,
၁၇သင်၏ရန်သူလဲသောအခါ ဝမ်းမမြောက်နှင့်။ ခြေထိခိုက်သောအခါ ရွှင်လန်းသောစိတ်မရှိနှင့်။
18 Ka Tas Kungs to neredz, un tas viņa acīm neriebj, un viņš savu dusmību no tā nenovērš.
၁၈ရှိလျှင် ထာဝရဘုရားသိမြင်သဖြင့်၊ မနှစ်သက် ဘဲ သူမှ အမျက်တော်ကို လွှဲတော်မူမည်။
19 Neapskaities par ļauniem un neiekarsies par bezdievīgiem!
၁၉မတရားသောသူတို့ကြောင့် စိတ်မပူနှင့်။ အဓမ္မ လူတို့ကို မငြူစူနှင့်။
20 Jo ļaunam nenāk cerētais gals; bezdievīgo spīdeklis izdzisīs.
၂၀အကြောင်းမူကား၊ မတရားသောသူသည် အကျိုးကိုမရ။ အဓမ္မလူ၏ မီးခွက်သည် သေလိမ့်မည်။
21 Mans dēls, bīsties To Kungu un ķēniņu, un nejaucies ar dumpiniekiem.
၂၁ငါ့သား၊ ထာဝရဘုရားကို၎င်း၊ ရှင်ဘုရင်ကို၎င်း၊ ကြောက်ရွံ့လော့။ မတည်ကြည်သောသူတို့နှင့် ရောနှော မပေါင်းဘော်နှင့်။
22 Jo piepeši nāks viņiem nediena, - un abēju sodu, kas to zin!
၂၂သူတို့ဘေးသည် ချက်ခြင်းရောက်တတ်၏။ ထိုနှစ်ပါးတို့၏ အဆုံးကို အဘယ်သူသိသနည်း။
23 Arī šie ir gudro vārdi: Tiesā cilvēka vaigu uzlūkot nav labi.
၂၃ထိုမှတပါး၊ ပညာရှိတို့နှင့်ဆိုင်သော အရာဟူမူ ကား၊ တရားတွေ့မှု စီရင်ရာတွင် လူမျက်နှာကို မထောက် ကောင်း။
24 Kas uz vainīgo saka: „Tev taisnība!“to cilvēki lād un ļaudis ienīst.
၂၄သင်သည် ဖြောင့်မတ်၏ဟု မတရားသောသူ အား ဆိုသောသူကို လူအမျိုးတို့သည် ကျိန်ဆဲကြလိမ့်မည်။ လူအနွှယ်တို့သည် စက်ဆုပ်ရွံရှာကြလိမ့်မည်။
25 Bet tie (viņiem) mīļi, kas (tādu) pārmāca, un pār tiem nāks visu labākā svētība.
၂၅ဆုံးမပြစ်တင်သောသူတို့မူကား၊ စိတ်သာယာလျက်၊ ကောင်းကြီးမင်္ဂလာကို ခံလျက်ရှိကြ လိမ့်မည်။
26 Kas pareizi atbildējis, ir kā saldu muti devis.
၂၆မှန်သောစကားကို ပြန်ပြောတတ်သောသူ၏ နှုတ်ကို လူတိုင်းနမ်းလိမ့်မည်။
27 Padari savu darbu laukā un apkopies tīrumā, un tad vēl uztaisi savu namu.
၂၇ပြင်အရပ်မှာ သင်၏အလုပ်ကိုပြင်လော့။ လယ်တော၌ ကိုယ်အဘို့ ပြင်ဆင်လော့။ နောက်မှ သင်၏ နေရာအိမ်ကို ဆောက်လော့။
28 Nedod velti liecību pret savu tuvāko! Vai tu mānīsi ar savām lūpām?
၂၈သင်၏အိမ်နီးချင်းတဘက်၌ အကြောင်းမရှိဘဲ သက်သေမခံနှင့်။ ကိုယ်နှုတ်နှင့် သူတပါးကို မလှည့်စား နှင့်။
29 Nesaki: „Kā viņš man darījis, tā es viņam darīšu; es tam atmaksāšu pēc viņa darba!“
၂၉သူသည် ငါ၌ပြုသည်အတိုင်း သူ၌ငါပြုမည်။ သူ့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ငါဆပ်ပေး မည်ဟု မဆိုနှင့်။
30 Es gāju gar sliņķa tīrumu un gar ģeķa vīna kalnu.
၃၀ပျင်းရိသောသူ၏ လယ်ယာအနားနှင့်၊ ဥာဏ်မရှိ သောသူ၏ စပျစ်ဥယျာဉ်အနားမှာ ငါရှောက်သွားစဉ်၊
31 Un redzi, tur auga tik nātres vien, un dadži pārņēma visu, un viņa akmeņu mūris bija sagruvis.
၃၁ဆူးပင်များပြား၍၊ မြေတပြင်လုံး၌ ဆူးလေပင် အနှံ့အပြား လွှမ်းမိုးလျက်၊ ကျောက်ရိုးပြိုလျက်ရှိသည်ကို၊
32 Un es to ieraudzīju, to liku vērā: es to redzēju, ņēmos mācību:
၃၂ငါမြင်၍ စေ့စေ့ဆင်ခြင်၏။ ကြည့်ရှု၍ သွန်သင် ခြင်းကို ခံရ၏။
33 Guli maķenīt, snaud maķenīt, saliec maķenīt rokas miegā;
၃၃ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော်ခြင်း ငှါ၊ ခဏ လက်ချင်းပိုက်လျက်နေစဉ်တွင်၊
34 Tad tava nabadzība tev pienāks nākdama, un tavs trūkums kā apbruņots vīrs.
၃၄ဆင်းရဲခြင်းသည် ခရီးသွားသောသူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း ရောက်လာလိမ့် မည်။

< Salamana Pamācības 24 >