< Sog̒u 4 >

1 Un Israēla bērni joprojām darīja, kas Tam Kungam nepatika, kad Eūds bija nomiris.
ဧဟုဒသေသောနောက်၊ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား ရှေ့တော်၌ တဖန် ဒုစရိုက်ကို ပြုသောကြောင့်၊
2 Tad Tas Kungs tos nodeva Jabina, Kanaāniešu ķēniņa, rokā, kas Hacorā valdīja, un viņa karaspēka virsnieks bija Siserus, un tas dzīvoja pagānu Arozetā.
ထာဝရဘုရားသည် ဟာဇော်မြို့၌ မင်းပြုသော ခါနာန်ရှင်ဘုရင်ရာဘိန်၌ ရောင်းတော်မူ၏။ သူခန့်ထားသော ဗိုလ်ချုပ်မင်းကား၊ ဂေါအိမ်ပြည်ဟာရောရှက်မြို့၌ နေသော သိသရတည်း။
3 Tad Israēla bērni brēca uz To Kungu, jo tam bija deviņsimt dzelzs rati, un tas Israēla bērnus ar varu bija spaidījis divdesmit gadus.
ထိုမင်း၌ သံရထားကိုးရာရှိ၏။ ဣသရေလအမျိုးသားတို့ကို အနှစ်နှစ်ဆယ်ပတ်လုံး အလွန်ညှဉ်းဆဲ သောကြောင့်၊ သူတို့သည် ထာဝရဘုရားကို အော်ဟစ်ကြ၏။
4 Un Debora, praviete, Lapidota sieva, tanī laikā Israēli tiesāja.
ထိုကာလအခါ လပိဒုတ်မြို့သား ပရောဖက်မ ဒေဗောရသည် ဣသရေလအမျိုးကို အုပ်စိုး၏။
5 Un viņa dzīvoja apakš Deboras palmas koka starp Ramu un Bēteli Efraīma kalnos, un Israēla bērni gāja pie viņas uz tiesu.
သူသည် ဧဖရိမ်တောင်ပေါ်၊ ရာမမြို့နှင့် ဗေသလမြို့စပ်ကြား၊ ဒေဗောရစွန်ပလွံပင်အောက်မှာနေ၍၊ ဣသရေလအမျိုးသားတို့သည် ထိုပရောဖက်မ၏ စီရင်ခြင်းကို ခံအံ့သောငှါ ရောက်လာတတ်ကြ၏။
6 Un viņa nosūtīja un aicināja Baraku, Abinoama dēlu, no Naftalus Ķedesas, un uz to sacīja: tiešām, Tas Kungs, Israēla Dievs, tev ir pavēlējis: ej un dodies uz Tābora kalnu, un ņem līdz desmit tūkstoš vīrus no Naftalus bērniem un no Zebulona bērniem.
တဖန် ဒေဗောရသည် လူကို စေလွှတ်၍၊ နဿလိခရိုင်ကေဒေရှမြို့မှာနေသော အဘိနောင်၏ သား ဗာရက်ကို ခေါ်ပြီးလျှင်၊ သင်သည် နဿလိအမျိုး၊ ဇာဗုလုန်အမျိုးထဲက လူတသောင်းကို သွေးဆောင်၍ တာဗော်တောင်သို့ သွားလော့။
7 Tad Es tev pievedīšu pie Kisonas upes Siseru, Jabina karaspēka virsnieku, un viņa ratus un viņa pulku un viņu nodošu tavā rokā.
ငါသည်လည်း ယာဘိန်မင်း၏ ဗိုလ်ချုပ်သိသရနှင့် ရထားဗိုလ်ပါများကို သင်ရှိရာ ကိရှုန်မြစ်သို့ သွေးဆောင်၍ သင့်လက်၌ အပ်မည်ဟု ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်ဟု ဆင့်ဆိုလေ၏။
8 Tad Baraks uz viņu sacīja: ja tu man gribi iet līdz, tad es iešu, bet ja tu negribi iet līdz, tad es neiešu.
ဗာရက်ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ကြွလျှင် အကျွန်ုပ်သွားပါမည်။ ကြွတော်မမူလျှင် မူကား မသွားပါဟု လျှောက်သော်၊
9 Un viņa sacīja: iet es iešu tev līdz, tomēr tas gods uz šī ceļa, ko tu tagad staigā, nepiederēs tev, bet Tas Kungs Siseru nodos kādas sievas rokā. Un Debora cēlās un gāja ar Baraku uz Ķedesu.
ဒေဗောရက၊ ငါသည် သင်နှင့်အတူ အမှန်သွားမည်။ သို့သော်လည်း သင်သွားရာလမ်း၌ ဂုဏ်အသရေကို မရရာ။ ထာဝရဘုရားသည် သိသရကို မိန်းမ၌ ရောင်းတော်မူမည်ဟု ဆိုပြီးမှ ထ၍ ဗာရက်နှင့်အတူ ကေဒေရှမြို့သို့ သွားလေ၏။
10 Tad Baraks sasauca Ķedesā Zebulonu un Naftalu, un tur desmit tūkstoš vīri gāja viņam pakaļ, un Debora gāja līdz.
၁၀ဗာရက်သည် နဿလိအမျိုးသား၊ ဇာဗုလုန်အမျိုးသားတို့ကို ကေဒေရှမြို့သို့ ခေါ်၍ လိုက်သောသူ တသောင်းနှင့်တကွ ဒေဗောရပါလျက် တက်လေ၏။
11 (Bet Hebers, tas kenietis, bija atšķīries no Keniešiem, no Hobaba, Mozus tēvoča, bērniem, un bija uzcēlis savu dzīvokli pie tā ozola iekš Caānaīm, kas ir pie Ķedesas.)
၁၁မောရှေ၏ယောက္ခမဟောဗတ်၏သားမြေးအဝင်၊ ကေနိအမျိုးသားဟေဗာသည်၊ ကေနိလူတို့နှင့် ခွာ၍ ကေဒေရှမြို့အနား၊ ဇာနိမ်သပိတ်ပင် ခြေရင်း၌ တဲကို ဆောက်လျက် နေနှင့်သတည်း။
12 Un Siserum tapa teikts, ka Baraks, Abinoama dēls, bija gājis uz Tābora kalnu.
၁၂အဘိနောင်၏သားဗာရက်သည် တာဗော်တောင်ပေါ်သို့ တက်ကြောင်းကို သိသရအား ကြားပြောလျှင်၊
13 Tad Siserus sasauca pie Ķizonas upes visus savus ratus, deviņsimt dzelzs ratus, un visus ļaudis, kas pie viņa bija no pagānu Arozetas.
၁၃သိသရသည် မိမိရထားရှိသမျှတည်းဟူသော သံရထားကိုးရာနှင့် ဂေါအိမ်ပြည်ဟာရောရှက်မြို့မှစ၍ ကိရှုန်မြစ်တိုင်အောင် မိမိလူအပေါင်းတို့ကို စုဝေးစေ၏။
14 Un Debora sacīja uz Baraku: celies, jo šī ir tā diena, kur Tas Kungs Siseru devis tavā rokā: vai Tas Kungs nav izgājis tavā priekšā? Tad Baraks cēlās no Tābora kalna, un desmit tūkstoš vīri viņam pakaļ.
၁၄ဒေဗောရကလည်း ထလော့။ ယနေ့ကား ထာဝရဘုရားသည် သိသရကို သင့်လက်၌ အပ်တော်မူသော နေ့ဖြစ်၏။ ထာဝရဘုရားသည် သင့်ရှေ့မှာ ကြွတော်မူပြီ မဟုတ်လောဟု ဆိုလေသော်၊ ဗာရက်သည် လူတသောင်းနှင့်တကွ တာဗော်တောင်ပေါ်က ဆင်းလေ၏။
15 Un Tas Kungs izbiedēja Siseru ar visiem ratiem un visu karaspēku priekš Baraka zobena asmens, un Siserus nolēca no saviem ratiem un bēga kājām.
၁၅ထာဝရဘုရားသည် သိသရမှစ၍ သူ၏ရထားများနှင့် ဗိုလ်ပါစစ်သည်များအပေါင်းတို့ကို ဗာရက်ရှေ့မှာ ထားဖြင့် ရှုံးစေတော်မူသောကြောင့်၊ သိသရသည် မိမိရထားမှဆင်း၍ ခြေဖြင့် ပြေးလေ၏။
16 Un Baraks dzinās pakaļ tiem ratiem un tam karaspēkam līdz pagānu Arozetai, un viss Siserus karapulks krita caur zobena asmeni, ka neviens neatlika.
၁၆ဗာရက်သည် ရထားများ၊ ဗိုလ်ပါစစ်သည်များကို ဂေါအိမ်ပြည် ဟာရောရှက်မြို့တိုင်အောင် လိုက်၍၊ သိသရစစ်သူရဲအပေါင်းတို့သည် တယောက်မျှ မကျန်ကြွင်း ထားနှင့် သေကြကုန်၏။
17 Un Siserus bēga kājām uz Jaēles, Hebera, tā Kenieša, sievas, dzīvokli, jo starp Jabinu, Hacoras ķēniņu, un Hebera, tā Kenieša, namu bija miers.
၁၇သိသရသည် ကေနိအမျိုးသား ဟေဗာ၏ မယားယေလ၏တဲသို့ ခြေဖြင့် ပြေး၏။ ထိုကာလ၌ ဟာဇော်ရှင်ဘုရင် ယာဘိန်သည် ဟေဗာအမျိုးသားချင်း ကေနိလူတို့နှင့် မိဿဟာယဖွဲ့လျက် ရှိသတည်း။
18 Tad Jaēle Siserum izgāja pretī un sacīja: nāc iekšā, kungs, nāc iekšā pie manis, nebīsties; un viņš iegāja pie viņas dzīvoklī, un viņa to apsedza ar apsegu.
၁၈ယေလသည် သိသရကို ခရီးဦးကြိုပြုခြင်းငှါ ထွက်၍၊ သခင်ဝင်ပါ၊ ကျွန်မဆီသို့ ဝင်ပါ။ စိုးရိမ်တော် မမူပါနှင့်ဟု ခေါ်သည်အတိုင်း၊ သူသည် ယေလနေရာတဲထဲသို့ ဝင်၍ ယေလသည် သူ့ကို စောင်နှင့် ခြုံလေ၏။
19 Un viņš uz to sacīja: dod man jel maķenīt ūdens, jo man slāpst; tad viņa attaisīja piena trauku un to dzirdīja un to apsedza.
၁၉သူကလည်း၊ ငါရေငတ်သည်၊ ရေအနည်းငယ်ကို ပေးပါဟု တောင်းလျှင်၊ မိန်းမသည် နွားနို့ဘူးကို ဖွင့်၍ သောက်စေပြီးမှ တဖန် ခြုံလေ၏။
20 Un viņš uz to sacīja: stāvi dzīvokļa durvīs; ja kāds nāk un tev vaicā un saka: vai še nav kāds; tad saki: nav neviena.
၂၀သူကလည်း၊ တဲတံခါးဝ၌ နေပါ။ လူတစုံတယောက်က ယောက်ျားရှိသလောဟု လာ၍ မေးလျှင် မရှိကြောင်းကို ပြောလော့ဟု မှာထားလေ၏။
21 Tad Jaēle, Hebera sieva, ņēma telts naglu un ņēma veseri savā rokā, un lēnam pie tā piegājusi, tā iedzina to naglu caur viņa deniņiem, tā ka tā iegāja zemē; bet viņš bija aizmidzis un noguris, un tā viņš nomira.
၂၁ထိုအခါ ဟေဗာမယား ယေလသည် သိသရမောလျက် အိပ်ပျော်စဉ်တွင်၊ တဲတံသင်တချောင်းနှင့် လက်ရိုက်ကို ကိုင်လျက် သူ့ထံသို့ တိတ်ဆိတ်စွာ သွား၍ တံသင်ကို မြေ၌ စွဲစေသည်တိုင်အောင် သူ၏ နားပန်းထဲသို့ ရိုက်သွင်းသဖြင့် သိသရသည် သေ၏။
22 Un redzi Baraks Siserum dzinās pakaļ Tad Jaēle izgāja viņam pretī un sacīja uz viņu: nāc, tad es tev rādīšu to vīru, ko tu meklē. Tad viņš pie tās iegāja, un redzi, Siserus gulēja nomiris, un tā nagla bija viņa deniņos.
၂၂ဗာရက်သည် သိသရကို လိုက်ရှာသောအခါ၊ ယေလထွက်၍ ကျွန်မဆီသို့ ဝင်ပါ။ ရှာသောသူကို ပြပါမည်ဟု ကြိုဆိုလျှင်၊ ဗာရက်သည် တဲထဲသို့ ဝင်၍ သိသရသေလျက်၊ နားပန်း၌ တံသင် စူးလျက်ရှိသည်ကို မြင်လေ၏။
23 Tā Dievs tai dienā pazemoja Jabinu, Kanaāniešu ķēniņu, priekš Israēla bērniem.
၂၃ထိုနေ့၌ ထာဝရဘုရားသည် ခါနာန်ရှင်ဘုရင်ယာဘိန်ကို၊ ဣသရေလအမျိုးသားတို့ရှေ့မှာ နှိမ့်ချတော်မူ သဖြင့်၊
24 Un Israēla bērnu roka palika jo dienas grūtāka pār Jabinu, Kanaāniešu ķēniņu, kamēr tie izdeldēja Jabinu, Kanaāniešu ķēniņu.
၂၄သူတို့သည် ထိုရှင်ဘုရင်ကို မဖျက်ဆီးမှီ တိုင်အောင် အစဉ်အောင်လျက် နေကြ၏။

< Sog̒u 4 >