< Hagaja 2 >

1 Septītā mēneša divdesmit pirmā dienā notika Tā Kunga vārds caur pravieti Hagaju sacīdams:
သတ္တမလနှစ်ဆယ်တရက်နေ့တွင်၊ ပရောဖက် ဟဂ္ဂဲအားဖြင့် ထာဝရဘုရား၏ နှုတ်ကပတ်တော် ရောက် လာ၍၊
2 Runā jel uz Zerubabeli, Šealtiēļa dēlu, Jūda valdnieku, un uz Jozua, Jocadaka dēlu, augsto priesteri, un uz tiem atlikušiem ļaudīm un saki:
သင်သည် ယုဒမြို့ဝန်၊ ရှာလသေလသား ဇေရု ဗဗေလနှင့် ယဇ်ပုရောဟိတ်မင်းယောဇဒက်သား ယောရှု မှစ၍ ကျန်ကြွင်းသောသူတို့အား ဆင့်ဆိုရမည်မှာ၊
3 Kurš ir jūsu starpā atlicis, kas šo namu redzējis viņa pirmā godībā un to tagad redz? Vai šis(nams) pret viņu nav tā kā nekas jūsu acīs?
ဤအိမ်တော်သည် ရှေးဘုန်းနှင့် ပြည့်စုံသည်ကို မြင်ဘူး၍ သင်တို့တွင် ကျန်ကြွင်းသော သူကား အဘယ် သူနည်း။ ယခုအဘယ်အရာကို မြင်သနည်း။ နှိုင်းယှဉ် လျှင် သင်တို့မျက်မှောက်၌ အဘယ်မျှမဟုတ်သကဲ့သို့ ဖြစ်သည်မဟုတ်လော။
4 Tomēr nu, Zerubabel, esi drošs! saka Tas Kungs, un Jozua, Jocadaka dēls, augstais priesteri, esi drošs, un esiet droši, visi šīs zemes ļaudis! saka Tas Kungs, un strādājiet, jo Es esmu ar jums, saka Tas Kungs Cebaot.
သို့သော်လည်း၊ အိုဇေရုဗဗေလ၊ အားယူလော့ ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။ အို ယဇ်ပုရောဟိတ်မင်း ယောဇဒက်သားယောရှု၊ အားယူလော့။ အိုပြည်သူပြည် သားအပေါင်းတို့၊ အားယူကြလော့ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
5 Tas vārds, caur ko Es ar jums derību cēlis, kad jūs izgājāt no Ēģiptes zemes, un Mans gars paliek jūsu vidū. Nebīstaties!
အဲဂုတ္တုပြည်မှ ထွက်သောအခါ သင်တို့နှင့် ငါဖွဲ့ သော ပဋိညာဉ်စကားနှင့်အညီ ငါသည် သင်တို့နှင့်အတူ ရှိ၏။ ငါ၏ဝိညာဉ်တော်သည် သင်တို့တွင် နေရာကျ၏။ မစိုးရိမ်ကြနှင့်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူ၏။
6 Jo tā saka Tas Kungs Cebaot: vēl mazs brīdis, tad Es kustināšu debesis un zemi, jūru un sausumu,
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ကာလမကြာမမြင့်မှီကောင်းကင်၊ မြေကြီး၊ ပင်လယ်၊ ကုန်းတို့ကို တဖန် ငါလှုပ်ဦးမည်။
7 Un visus pagānus Es kustināšu, un tad nāks visu tautu prieks. Un Es piepildīšu šo namu ar godību, saka Tas Kungs Cebaot.
လူမျိုးအပေါင်းတို့ကိုလည်း ငါလှုပ်ဦးမည်။ လူမျိုး အပေါင်းတို့ နှစ်သက်ဘွယ်သောအရာသည် ရောက်၍၊ ဤအိမ်ကို ဘုန်းနှင့် ငါပြည့်စုံစေမည်ဟု၊ ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
8 Man pieder sudrabs un Man pieder zelts, saka Tas Kungs Cebaot.
ရွှေနှင့်ငွေကို ငါပိုင်သည်ဟု၊ ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
9 Šā pēdīgā nama godība būs lielāka nekā tā pirmā, saka Tas Kungs Cebaot. Un šai vietai Es došu mieru, saka Tas Kungs Cebaot.
နောက်တည်သော ဤအိမ်တော်သည် အရင် အိမ်တော်ထက် ဘုန်းသာ၍ကြီးလိမ့်မည်ဟု၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ ဤအရပ်၌ လည်း ငြိမ်သက်ခြင်းကို ငါပေးမည်ဟု၊ ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
10 Divdesmit ceturtā dienā, devītā mēnesī, Dārija otrā gadā, Tā Kunga vārds notika caur pravieti Hagaju sacīdams:
၁၀ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ နဝမလနှစ်ဆယ် လေးရက်နေ့တွင်၊ ထာဝရဘုရား၏နှုတ်ကပတ်တော် သည် ပရောဖက်ဟဂ္ဂဲအားဖြင့် ရောက်လာလျက်၊
11 Tā saka Tas Kungs Cebaot: vaicā jel priesteriem par bauslību un saki:
၁၁ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားက၊ သင်သည် တရားအမှုကို ယဇ်ပုရောဟိတ်၌ မေးမြန်းရ မည်မှာ၊
12 Redzi, kad kas svētu gaļu nestu savas drēbes stūrī, un ar savu stūri aizskartu maizi vai pavalgu vai vīnu vai eļļu vai kādu citu barību, vai tā būtu svētīta? Tad tie priesteri atbildēja un sacīja: Nebūtu.
၁၂လူသည် သန့်ရှင်းသော အမဲသားကို မိမိအဝတ် နှင့် ထုတ်၍ ဆောင်ခဲ့လျက်၊ မုန့်၊ ဟင်း၊ စပျစ်ရည်၊ ဆီ အစရှိသော စားစရာတစုံတခုကို ထိုအဝတ်နှင့်ထိလျှင်၊ ထိုစားစရာသည် သန့်ရှင်းလိမ့်မည်လောဟု မေးမြန်း သော်၊ ယဇ်ပုရောဟိတ်တို့က၊ ထိုစားစရာသည် မသန့်ရှင်း ဟု ပြန်ပြောကြ၏။
13 Tad Hagaja sacīja: ja kāds, nešķīsts būdams no miroņa, visu šo aizskar, vai tas paliktu nešķīsts? Un priesteri atbildēja un sacīja: tas paliktu nešķīsts.
၁၃ဟဂ္ဂဲကလည်း၊ အသေကောင်အားဖြင့် မစင် ကြယ်သောသူသည် ထိုအရာတစုံတခုကိုထိလျှင် ညစ်ညူး ခြင်းရှိလိမ့်မည်လောဟု မေးမြန်းသော်၊ ယဇ်ပုရောဟိတ် တို့က၊ ညစ်ညူးခြင်းရှိလိမ့်မည်ဟု ပြန်ပြောကြ၏။
14 Tad Hagaja atbildēja un sacīja: tādi ir šie ļaudis, un tāda ir šī tauta Manā priekšā, saka Tas Kungs, un tāds viss viņu roku darbs, un ko tie tur upurē, tas ir nešķīsts.
၁၄ဟဂ္ဂဲကလည်း၊ ဤလူမျိုး၊ ဤပြည်သားတို့သည် ငါ့မျက်မှောက်၌ ထိုအတူဖြစ်ကြ၏။ သူတို့လုပ်ဆောင် သမျှသည်လည်း ထိုအတူဖြစ်၏။ ငါ့ထံမှာ ပူဇော်သော အရာသည်လည်း ညစ်ညူး၏ဟု၊ ထာဝရဘုရား မိန့်တော် မူ၏။
15 Un nu ņemiet vērā savā sirdī, kas bijis no šās dienas atpakaļ un vēl senāki, pirms akmens tapa likts uz akmeni pie Tā Kunga nama,
၁၅ထာဝရဘုရား၏ဗိမာန်တော်၌ ကျောက်တခု ပေါ်မှာ တခုကို မတင်မှီ၊ ယခုနေ့မှစ၍ အထက်အမှုကို ပြန်ကြည့်ဆင်ခြင်ကြပါလော့။
16 Pirms tas notika, kad kāds gāja pie labības kopas no divdesmit pūriem, tad tur bija tikai desmit, kad viņš gāja pie vīna spaida un gribēja smelt piecdesmit mērus, tad bija tikai divdesmit.
၁၆ထိုကာလတွင် ဆန်အတင်းနှစ်ဆယ်ထွက်ရ သော စပါးပုံသို့ လူလာသောအခါ တဆယ်ကိုသာ ရ၏။ စပျစ်ရည်အိုးငါးဆယ်ကို ယူခြင်းငှါ စပျစ်သီးနယ်ရာကျင်း သို့ လာသောအခါ နှစ်ဆယ်ကိုသာ ရ၏။
17 Es jūs situ ar bulu, rūsu un krusu, visu jūsu roku darbu, un jūs neatgriežaties pie manis, saka Tas Kungs.
၁၇သင်တို့ လုပ်ဆောင်သမျှတို့တွင် လေထိ၍ အပင်သေဘေး၊ အရည်ယို၍ သေဘေးဖြင့် ငါသည် ဒဏ် ခတ်ခဲ့ပြီ။ သို့သော်လည်း၊ သင်တို့သည် ငါ့ထံသို့ ပြန်၍ မလာကြဟု ထာဝရဘုရားမိန့်တော်မူ၏။
18 Ņemiet jel vērā savā sirdi, kas būs no šās dienas un uz priekšu, no devītā mēneša divdesmit ceturtās dienas, no tās dienas, kad pamats ir likts pie Tā Kunga nama, ņemiet to vērā savā sirdī.
၁၈ထာဝရဘုရား၏ဗိမာန်တော်တိုက်မြစ်ကျ၍၊ နဝမလနှစ်ဆယ်လေးရက်နေ့၊ ယနေ့မှစ၍ ရှေ့သို့ မျှော် ကြည့်ဆင်ခြင်ကြပါလော့။ ဆင်ခြင်ရမည်အကြောင်း အရာဟူမူကား၊
19 Vai vēl ir sēkla klētī? Un vīna koks un vīģes koks un granātkoks un eļļas koks, tie nav nesuši(augļus). No šās dienas es svētīšu.
၁၉စပါးကျီ၌ စပါးရှိသလော။ မရှိ။ စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်၊ သံလွင်ပင်တို့သည် အသီး ကို မသီးကြသေး။ သို့သော်လည်း၊ ယနေ့မှစ၍ သင်တို့ကို ငါကောင်းကြီးပေးမည်ဟု မိန့်တော်မူ၏။
20 Un Tā Kunga vārds otrreiz notika uz Hagaju divdesmit ceturtā mēneša dienā sacīdams:
၂၀ထိုလနှစ်ဆယ်လေးရက်နေ့တွင်၊ ထာဝရဘုရား ၏နှုတ်ကပတ်တော်သည် ဟဂ္ဂဲသို့ တဖန်ရောက်လာ၍၊
21 Runā uz Zerubabeli, Jūda valdnieku, un saki: Es kustināšu debesis un zemi.
၂၁သင်သည် ယုဒမြို့ဝန်၊ ဇေရုဗဗေလကို ဆင့်ဆို ရမည်မှာ၊ ငါသည် ကောင်းကင်နှင့်မြေကြီးကို လှုပ်မည်။
22 Un Es apgāzīšu ķēniņu goda krēslus un izdeldēšu stiprās pagānu valstis un apgāzīšu ratus un braucējus, un kritīs zirgi un jātnieki, cits caur cita zobenu.
၂၂တိုင်းနိုင်ငံတို့၏ ရာဇပလ္လင်များကို မှောက်လှန် ၍၊ အမျိုးမျိုးသော တိုင်းနိုင်ငံတန်ခိုးကို ဖျက်ဆီးမည်။ ရထားနှင့် ရထားစီးသူရဲတို့ ကိုလည်း မှောက်လှန်မည်။ မြင်းနှင့် မြင်းစီးသူရဲ တို့သည် တယောက်ကို တယောက်ခုတ်၍ လဲကြလိမ့်မည်။
23 Tai dienā, saka Tas Kungs Cebaot, Es tevi ņemšu, Zerubabel, Šealtiēļa dēls, Mans kalps, saka Tas Kungs, un tevi turēšu kā spiežamu gredzenu, jo tevi Es esmu izredzējis, saka Tas Kungs Cebaot.
၂၃ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အို ရှာလသေလသား၊ ငါ့ကျွန်ဇေရုဗ ဗေလ၊ ထိုအခါ သင့်ကိုငါယူ၍ တံဆိပ်လက်စွပ်ကဲ့သို့ ခန့် ထားမည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။ သင့်ကို ငါရွေး ချယ်ပြီဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူ၏။

< Hagaja 2 >