< 詩篇 89 >

1 エズラびとエタンのマスキールの歌 主よ、わたしはとこしえにあなたのいつくしみを歌い、わたしの口をもってあなたのまことをよろずよに告げ知らせます。
အကျွန်ုပ်သည် ထာဝရဘုရား၏ ကရုဏာတော် ကို အစဉ်အမြဲ သီချင်းဆိုပါမည်။ ကိုယ်တော်၏သစ္စာကို လူမျိုးအဆက်ဆက်တို့အား ဟောပြောမြွက်ဆိုပါမည်။
2 あなたのいつくしみはとこしえに堅く立ち、あなたのまことは天のようにゆるぐことはありません。
ကရုဏာတော်သည် အစဉ်အမြဲတည်ရပါ၏။ သစ္စာတော်ကို ကောင်းကင်၌ခိုင်ခံ့မြဲမြံစေတော်မူသည် ဟု အကျွန်ုပ်သဘောကျပါ၏။
3 あなたは言われました、「わたしはわたしの選んだ者と契約を結び、わたしのしもべダビデに誓った、
ကိုယ်တော်မိန့်တော်မူသည်ကား၊ သင်၏အမျိုး အနွယ်ကို အစဉ်မပြတ် ငါမြဲမြံစေမည်။
4 『わたしはあなたの子孫をとこしえに堅くし、あなたの王座を建てて、よろずよに至らせる』」。 (セラ)
သင်၏ပလ္လင်ကိုလည်း လူမျိုးအဆက်ဆက် တည်စေမည်ဟု ငါရွေးကောက်သောသူနှင့် ငါသည် ပဋိညာဉ်ဖွဲ့၍၊ ငါ၏ ကျွန်ဒါဝိဒ်အား ကျိန်ဆိုခြင်းကိုပြုပြီ။
5 主よ、もろもろの天にあなたのくすしきみわざをほめたたえさせ、聖なる者のつどいで、あなたのまことをほめたたえさせてください。
အို ထာဝရဘုရား၊ ကောင်းကင်သည် အံ့ဘွယ် သော အမှုတော်တို့ကို၎င်း၊ သန့်ရှင်းသောသူတို့သည် စည်းဝေးလျက် သစ္စာတော်ကို၎င်း ချီးမွမ်းကြပါစေသော။
6 大空のうちに、だれか主と並ぶものがあるでしょうか。神の子らのうちに、だれか主のような者があるでしょうか。
အကြောင်းမူကား၊ ကောင်းကင်တွင် ထာဝရ ဘုရားနှင့် အဘယ်သူပြိုင်နိုင်သနည်း။ ဘုရားသခင်၏ သားတို့တွင် ထာဝရဘုရားနှင့် အဘယ်သူတူသနည်း။
7 主は聖なる者の会議において恐るべき神、そのまわりにあるすべての者にまさって大いなる恐るべき者です。
ဘုရားသခင်သည် သန့်ရှင်းသူတို့၏ ပရိသတ် တွင် အလွန်ကြောက်ရွံ့ဘွယ်ဖြစ်တော်မူ၏။ အထံတော်၌ ပတ်လည်နေသောသူအပေါင်းတို့ထက် ရိုသေဘွယ် ဖြစ်တော်မူ၏။
8 万軍の神、主よ、主よ、だれかあなたのように大能のある者があるでしょうか。あなたのまことは、あなたをめぐっています。
ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရ ဘုရား၊ ကိုယ်တော်နှင့် အဘယ်သူ တူပါသနည်း။ ထာဝရ ဘုရားသည် ခွန်အားကြီးတော်မူ၏။ သစ္စာတော်လည်း ကိုယ်တော်ကို ပတ်ဝန်းလျက်ရှိပါ၏။
9 あなたは海の荒れるのを治め、その波の起るとき、これを静められます。
သမုဒ္ဒရာ ဟုန်းခြင်းကို အစိုးရတော်မူ၏။ လှိုင်း တံပိုးထသောအခါ ငြိမ်းစေတော်မူ၏။
10 あなたはラハブを、殺された者のように打ち砕き、あなたの敵を力ある腕をもって散らされました。
၁၀ကိုယ်တော်သည် သူရဲကဲ့သို့ ရာခပ်ကိုချိုးဖျက်၍၊ အားကြီးသော လက်ရုံးတော်ဖြင့် ရန်သူတို့ကို အရပ်ရပ်သို့ ကွဲပြားစေတော်မူ၏။
11 もろもろの天はあなたのもの、地もまたあなたのもの、世界とその中にあるものとはあなたがその基をおかれたものです。
၁၁ကောင်းကင်နှင့်မြေကြီးသည် ကိုယ်တော်၏ ဥစ္စာဖြစ်ပါ၏။ လောကဓာတ်နှင့် လောကဓာတ်တန်ဆာ များကို တည်တော်မူပြီ။
12 北と南はあなたがこれを造られました。タボルとヘルモンは、み名を喜び歌います。
၁၂မြောက် မျက်နှာနှင့်တောင်မျက်နှာ ကိုလည်းဖန်ဆင်းတော်မူပြီ။ တာဗော်တောင်နှင့် ဟေရမုန် တောင်သည် နာမတော်ကို အမှီပြု၍ ရွှင်လန်းစွာ သီချင်း ဆိုကြပါ၏။
13 あなたは大能の腕をもたれます。あなたの手は強く、あなたの右の手は高く、
၁၃တန်ခိုးရှိသော လက်ရုံးနှင့် ပြည့်စုံတော်မူ၏။ လက်တော်သည် အားကြီး၍၊ လက်ျာလက်တော်သည် မြင့်ပါ၏။
14 義と公平はあなたのみくらの基、いつくしみと、まことはあなたの前に行きます。
၁၄တရားသဖြင့် စီရင်ခြင်း၊ ဖြောင့်မတ်စွာ ဆုံးဖြတ် ခြင်းသည် ပလ္လင်တော်၏ တည်ရာဖြစ်ပါ၏။ ကရုဏာနှင့် သစ္စာသည် မျက်နှာတော်ရှေ့၌ သွားကြပါ၏။
15 祭の日の喜びの声を知る民はさいわいです。主よ、彼らはみ顔の光のなかを歩み、
၁၅အို ထာဝရဘုရား၊ နှိုးဆော်တော် မူခြင်းအသံကို နားလည်သော လူမျိုးသည် မင်္ဂလာရှိပါ၏။
16 ひねもす、み名によって喜び、あなたの義をほめたたえます。
၁၆သူတို့သည် မျက်နှာတော်အလင်း၌ သွားလာ ရကြပါ၏။ နာမတော်၌အစဉ် ဝမ်းမြောက်၍ ဖြောင့်မတ် တော်မူခြင်းတရားအားဖြင့် ချီးမြှောက်ခြင်းသို့ ရောက်ရ ကြပါ၏။
17 あなたは彼らの力の栄光だからです。われらの角はあなたの恵みによって高くあげられるでしょう。
၁၇ကိုယ်တော်သည် သူတို့အစွမ်းသတ္တိ၏ ဘုန်းဖြစ် တော်မူ၏။ ကျေးဇူးတော်အားဖြင့်လည်း အကျွန်ုပ်တို့၏ ဦးချိုသည် ချီးမြှောက်လျက် ရှိပါ၏။
18 われらの盾は主に属し、われらの王はイスラエルの聖者に属します。
၁၈ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ကွယ်ကာ တော်မူ၏။ ဣသရေလအမျိုး၏သန့်ရှင်းသော ဘုရား သည် အကျွန်ုပ်တို့၏ ရှင်ဘုရင်ဖြစ်တော်မူ၏။
19 昔あなたは幻をもってあなたの聖徒に告げて言われました、「わたしは勇士に栄冠を授け、民の中から選ばれた者を高くあげた。
၁၉တရံရောအခါ ကိုယ်တော်၏ သန့်ရှင်းသူတို့ကို ဗျာဒိတ်တော်အားဖြင့် မိန့်မြွက်တော်မူသည်ကား၊ အားကြီးသော သူသည် ကူမမည် အကြောင်းငါခန့် ထားပြီ။ လူစုထဲက ရွေးကောက်သောသူတယောက်ကို ငါချီးမြှောက်ပြီ။
20 わたしはわがしもべダビデを得て、これにわが聖なる油をそそいだ。
၂၀ငါ၏ ကျွန် ဒါဝိဒ်ကို ငါတွေ့၍၊ သန့်ရှင်းသော ဆီနှင့်ဘိသိက်ပေးပြီ။
21 わが手は常に彼と共にあり、わが腕はまた彼を強くする。
၂၁သူ့ဘက်မှာ ငါ့လက်သည် တည်လိမ့်မည်။ ငါ့လက်ရုံးသည် သူ့ကို မြဲမြံခိုင်ခံ့စေမည်။
22 敵は彼をだますことなく、悪しき者は彼を卑しめることはない。
၂၂ရန်သူသည် သူ၏ဥစ္စာကို အနိုင်အထက်မယူရ။ မတရားသော သူသည် မညှဉ်းဆဲရ။
23 わたしは彼の前にもろもろのあだを打ち滅ぼし、彼を憎む者どもを打ち倒す。
၂၃သူ၏ ရန်သူတို့ကို သူ့ရှေ့မှာ ငါနှိပ်စက်၍၊ သူ့ကိုမုန်းသော သူတို့ကို ဒဏ်ခတ်မည်။
24 わがまことと、わがいつくしみは彼と共にあり、わが名によって彼の角は高くあげられる。
၂၄ငါ၏သစ္စာနှင့် ကရုဏာသည် သူ့ဘက်မှာနေ၍၊ ငါ၏နာမအားဖြင့် သူ၏ ဦးချိုသည် ချီးမြှောက်လျက် ရှိလိမ့်မည်။
25 わたしは彼の手を海の上におき、彼の右の手を川の上におく。
၂၅သူ၏လက်ကိုလည်း၊ ပင်လယ်ပေါ်မှာ၎င်း၊သူ၏လက်ျာလက်ကို မြစ်များပေါ်မှာ၎င်း ငါတင်၍ ထားမည်။
26 彼はわたしにむかい『あなたはわが父、わが神、わが救の岩』と呼ぶであろう。
၂၆သူကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်၏အဘ၊ အကျွန်ုပ်၏ ဘုရားသခင်၊ အကျွန်ုပ်ကို ကယ်တင်ရာ ကျောက်ဖြစ်တော်မူ၏ဟု၊ ငါ့ကို ကြွေးကြော်လိမ့်မည်။
27 わたしはまた彼をわがういごとし、地の王たちのうちの最も高い者とする。
၂၇အကယ်စင်စစ်သူ့ကို သားဦးအရာ၌ ခန့်ထား၍၊ လောကီရှင် ဘုရင်တို့အပေါ်မှာ ချီးမြှောက်မည်။
28 わたしはとこしえに、わがいつくしみを彼のために保ち、わが契約は彼のために堅く立つ。
၂၈ငါ၏ ကရုဏာကို သူ့အဘို့ငါသည် အစဉ်စောင့်၍၊ ငါ၏ ပဋိညာဉ်တရားသည် သူ၌ မြဲမြံလိမ့်မည်။
29 わたしは彼の家系をとこしえに堅く定め、その位を天の日数のようにながらえさせる。
၂၉သူ၏ အမျိုးအနွယ်ကို အစဉ်အမြဲ တည်စေ မည်။ သူ၏ပလ္လင်သည် ကောင်းကင်ကလာကဲ့သို့ နိစ္စ ထာဝရဖြစ်လိမ့်မည်။
30 もしその子孫がわがおきてを捨て、わがさばきに従って歩まないならば、
၃၀သူ၏သားမြေးတို့သည် ငါ့တရားကို စွန့်ပယ်၍၊ ငါ၏စီရင်ချက်တို့ကို မကျင့်၊
31 もし彼らがわが定めを犯し、わが戒めを守らないならば、
၃၁ငါ၏အထုံးအဖွဲ့တို့ကို ရှုတ်ချ၍၊ ငါ၏ပညတ် တို့ကို မစောင့်ဘဲနေလျှင်၊
32 わたしはつえをもって彼らのとがを罰し、むちをもって彼らの不義を罰する。
၃၂ငါသည် သူတို့ပြစ်မှားသောကြောင့်၊ ကြိမ်လုံးနှင့် ဆုံးမ၍ ဒဏ်ချက်တို့နှင့် ဒုစရိုက်အတိုင်း အပြစ်ပေးမည်။
33 しかし、わたしはわがいつくしみを彼から取り去ることなく、わがまことにそむくことはない。
၃၃သို့သော်လည်း၊ ငါ၏ကရုဏာကိုသူမှ ငါမနှုတ် မပယ်။ ငါ၏သစ္စာကိုလည်း မဖျက်။
34 わたしはわが契約を破ることなく、わがくちびるから出た言葉を変えることはない。
၃၄ငါ၏ပဋိညာဉ် တရားကိုလည်း မရှုတ်ချ။ ငါမိန့် မြွက်သော စကားလည်း ဖေါက်ပြန်ခြင်းမရှိရ။
35 わたしはひとたびわが聖によって誓った。わたしはダビデに偽りを言わない。
၃၅ငါသည် ဒါဝိဒ်ကို မလှည့်စားဟု ငါ၏သန့်ရှင်း ခြင်း ပါရမီကို တိုင်တည်၍ တခါကျိန်ဆိုပြီ။
36 彼の家系はとこしえに続き、彼の位は太陽のように常にわたしの前にある。
၃၆သူ၏အမျိုးအနွယ်သည် အစဉ်အမြဲ တည်ရ မည်။ သူ၏ပလ္လင်သည်လည်း၊ ငါ့ရှေ့၌ နေကဲ့သို့ ဖြစ်ရ မည်။
37 また月のようにとこしえに堅く定められ、大空の続くかぎり堅く立つ」。 (セラ)
၃၇လကဲ့သို့၎င်း၊ မိုဃ်းကောင်းကင်၌ သစ္စာစောင့် သော သက်သေကဲ့သို့၎င်း၊ အစဉ်မြဲမြံရမည်ဟု ကိုယ် တော်သည် မိန့်တော်မူပါပြီ။
38 しかしあなたは、あなたの油そそがれた者を捨ててしりぞけ、彼に対して激しく怒られました。
၃၈သို့သော်လည်း၊ ကိုယ်တော်သည် ယခုစွန့်ပယ်၍ ရွံရှာတော်မူပြီ။ အထံတော်၌ ဘိသိက်ခံသော သူကို အမျက်ထွက်တော်မူပြီ။
39 あなたはそのしもべとの契約を廃棄し、彼の冠を地になげうって、けがされました。
၃၉ကိုယ်တော်၏ ကျွန်နှင့်ဖွဲ့သော ပဋိညာဉ်ကို ဖျက်၍၊ သူ၏သရဖူကို မြေတိုင်အောင် ရှုတ်ချတော်မူပြီ။
40 あなたはその城壁をことごとくこわし、そのとりでを荒れすたれさせられました。
၄၀သူ၏ခြံရှိသမျှတို့ကိုချိုး၍၊ သူ၏တိုက်များကို ဖြိုဖျက်တော်မူပြီ။
41 そこを通り過ぎる者は皆彼をかすめ、彼はその隣り人のあざけりとなりました。
၄၁လမ်း၌ရှောက်သွားသော သူအပေါင်းတို့သည် သူ့ကိုလုယူကြ၏။ အိမ်နီးချင်းတို့တွင် ကဲ့ရဲ့ဘွယ်ဖြစ်ပါ၏။
42 あなたは彼のあだの右の手を高くあげ、そのもろもろの敵を喜ばせられました。
၄၂သူ၏ရန်သူတို့ လက်ျာလက်ကို ချီးမြှင့်၍၊ ရန်ဘက်ပြုသောသူ အပေါင်းတို့ကို ဝမ်းမြောက်စေ တော်မူ၏။
43 まことに、あなたは彼のつるぎの刃をかえして、彼を戦いに立たせられなかったのです。
၄၃သူ၏ထားသွားကိုလိပ်စေ၍၊ သူစစ်တိုက်ရာတွင် ထောက်မတော်မမူပါ။
44 あなたは彼の手から王のつえを取り去り、その王座を地に投げすてられました。
၄၄သူ၏ဘုန်းကိုကွယ်စေ၍၊ သူ၏ရာဇပလ္လင်ကို မြေသို့နှိမ့်ချတော် မူပြီ။
45 あなたは彼の若き日をちぢめ、恥をもって彼をおおわれました。 (セラ)
၄၅သူ၏ပျိုသောအရွယ်ကို တိုစေ၍ အရှက်ခွဲတော် မူပြီ။
46 主よ、いつまでなのですか。とこしえにお隠れになるのですか。あなたの怒りはいつまで火のように燃えるのですか。
၄၆အို ထာဝရဘုရား၊ ကိုယ်တော်သည် အလျှင်း မထင်ရှားဘဲ၊ အဘယ်မျှကာလပတ်လုံးပုန်း၍ နေတော် မူမည်နည်း။ အမျက်တော်သည် အဘယ်မျှကာလပတ်လုံး မီးကဲ့သို့ လောင်ရပါမည်နည်း။
47 主よ、人のいのちの、いかに短く、すべての人の子を、いかにはかなく造られたかを、みこころにとめてください。
၄၇အကျွန်ုပ်၏ အသက်တာသည် အဘယ်မျှ လောက် တိုသည်ကို၎င်း၊ အဘယ်မျှလောက်ပျက်တတ် စေခြင်းငှါ၊ လူသားအပေါင်းတို့ကို ဖန်ဆင်းတော်မူသည် ကို၎င်း၊ အောက်မေ့တော်မူပါ။
48 だれか生きて死を見ず、その魂を陰府の力から救いうるものがあるでしょうか。 (セラ) (Sheol h7585)
၄၈သေခြင်းသို့မရောက်၊ အသက်ရှင်၍ မိမိဝိညာဉ် ကို မရဏနိုင်ငံတန်ခိုးမှ ကယ်နှုတ်နိုင်သော သူကား အဘယ်သူနည်း။ (Sheol h7585)
49 主よ、あなたがまことをもってダビデに誓われた昔のいつくしみはどこにありますか。
၄၉အို ထာဝရဘုရား၊ သစ္စာတော်နှင့်တကွ ကိုယ် တော်၏ ကျွန်ဒါဝိဒ်အား ကျိန်ဆိုတော်မူသော ရှေး ကရုဏာတော်သည် အဘယ်မှာ ရှိပါသနည်း။
၅၀အိုထာဝရဘုရား၊ ကိုယ်တော်၏ ကျွန်တို့သည် ခံရသောကဲ့ရဲ့ခြင်းကို အောက်မေ့တော်မူပါ။ များစွာ သော လူတို့၏ အမှုအလုံးစုံကို အကျွန်ုပ်သည် ကိုယ် ရင်ခွင်၌ ဆောင်ရပါ၏။
51 主よ、あなたのしもべがうけるはずかしめをみこころにとめてください。主よ、あなたのもろもろの敵はわたしをそしり、あなたの油そそがれた者の足跡をそしります。わたしはもろもろの民のそしりをわたしのふところにいだいているのです。
၅၁အကြောင်းမူကား၊ အိုထာဝရဘုရား၊ ကိုယ် တော်၏ ရန်သူတို့သည် ကဲ့ရဲ့တတ်ကြပါ၏။ အထံတော်၌ ဘိသိက်ခံသောသူ၏ ခြေတော်ရာတို့ကို ကဲ့ရဲ့တတ်ကြ ပါ၏။
52 主はとこしえにほむべきかな。アァメン、アァメン。
၅၂ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်း။ အာမင်နှင့်အာမင်။

< 詩篇 89 >