< Luca 13 >
1 In quello stesso tempo si presentarono alcuni a riferirgli circa quei Galilei, il cui sangue Pilato aveva mescolato con quello dei loro sacrifici.
၁ထိုအချိန်၌လူအချို့တို့သည်ကိုယ်တော် ၏ထံသို့လာ၍ ပိလတ်မင်းသတ်ဖြတ်လိုက် သည့်ဂါလိလဲအမျိုးသားများအကြောင်း ကိုလျှောက်ထားကြ၏။ ထိုသူတို့သည်ယဇ် ပူဇော်လျက်ရှိနေစဉ်သတ်ဖြတ်ခြင်းကို ခံခဲ့ရကြ၏။-
2 Prendendo la parola, Gesù rispose: «Credete che quei Galilei fossero più peccatori di tutti i Galilei, per aver subito tale sorte?
၂ကိုယ်တော်က ``ထိုလူစုသည်ယင်းသို့အသတ် ခံရသဖြင့်အခြားဂါလိလဲအမျိုးသား အပေါင်းတို့ထက်ပို၍ အပြစ်ကူးသူများ ဖြစ်သည်ဟုသင်တို့ထင်မှတ်ကြသလော။ သူ တို့ကားပို၍အပြစ်ကူးသူများမဟုတ် ဟုသင်တို့အားငါဆို၏။-
3 No, vi dico, ma se non vi convertite, perirete tutti allo stesso modo.
၃သို့ရာတွင်သင်တို့သည်လည်းနောင်တမရ ကြလျှင် ထိုသူတို့နည်းတူသေကျေပျက်စီး ရလိမ့်မည်။-
4 O quei diciotto, sopra i quali rovinò la torre di Sìloe e li uccise, credete che fossero più colpevoli di tutti gli abitanti di Gerusalemme?
၄ရှိလောင်မျှော်စင်ပြိုကျသဖြင့် ပိ၍သေသူ လူတစ်ဆယ့်ရှစ်ယောက်တို့သည် အခြားယေရု ရှလင်မြို့သူမြို့သားများထက်ပို၍အပြစ် ကူးသူများဖြစ်သည်ဟု သင်တို့ထင်မှတ် ကြသလော။-
5 No, vi dico, ma se non vi convertite, perirete tutti allo stesso modo».
၅သူတို့ကားပို၍အပြစ်ကူးသူများမဟုတ် ဟုသင်တို့အားငါဆို၏။ သို့ရာတွင်သင်တို့ သည်လည်းနောင်တမရကြလျှင် ထိုသူတို့ နည်းတူသေကျေပျက်စီးရလိမ့်မည်'' ဟု မိန့်တော်မူ၏။
6 Disse anche questa parabola: «Un tale aveva un fico piantato nella vigna e venne a cercarvi frutti, ma non ne trovò.
၆ကိုယ်တော်သည်လူအပေါင်းတို့အားပုံဥပမာ ဆောင်၍ ``လူတစ်ယောက်၏စပျစ်ဥယျာဉ်ထဲ တွင် စိုက်ပျိုးထားသောသင်္ဘောသဖန်းပင်တစ် ပင်ရှိ၏။ ဥယျာဉ်ရှင်သည်သဖန်းပင်ကိုလာ၍ သဖန်းသီးရှာသော်လည်းတစ်လုံးမျှမတွေ့ရ။-
7 Allora disse al vignaiolo: Ecco, son tre anni che vengo a cercare frutti su questo fico, ma non ne trovo. Taglialo. Perché deve sfruttare il terreno?
၇ဥယျာဉ်ရှင်က `ငါသည်ဤသဖန်းပင်ကိုလာ၍ သဖန်းသီးရှာသည်မှာသုံးနှစ်ရှိချေပြီ။ သို့ရာ တွင်တစ်လုံးမျှမတွေ့ရ။ ဤသဖန်းပင်ကိုခုတ် ပစ်လော့။ အဘယ်ကြောင့်မြေကိုအကျိုးမဲ့ ဖြစ်စေမည်နည်း' ဟုဥယျာဉ်မှူးအားဆို၏။-
8 Ma quegli rispose: Padrone, lascialo ancora quest'anno finché io gli zappi attorno e vi metta il concime
၈ဥယျာဉ်မှူးက `ထိုအပင်ကိုဤနှစ်တစ်နှစ် ထားပါဦး။ အပင်ရင်းပတ်လည်ကိုအကျွန်ုပ် တူးဆွ၍မြေသြဇာထည့်ပါဦးမည်။-
9 e vedremo se porterà frutto per l'avvenire; se no, lo taglierai».
၉နောင်နှစ်ခါအသီးသီးကောင်းသီးပါလိမ့်မည်။ အကယ်၍အသီးမသီးခဲ့သော်ခုတ်ပစ်ပါ' ဟု ပြန်၍လျှောက်သည်'' ဟုမိန့်တော်မူ၏။
10 Una volta stava insegnando in una sinagoga il giorno di sabato.
၁၀ဥပုသ်နေ့တစ်နေ့၌ကိုယ်တော်ဟောပြောသွန် သင်လျက်နေတော်မူရာ တရားဇရပ်တွင်တစ် ဆယ့်ရှစ်နှစ်ပတ်လုံးနတ်မိစ္ဆာပူးဝင်သဖြင့် မသန်မစွမ်းဖြစ်လျက်နေသောအမျိုးသမီး တစ်ယောက်ရှိ၏။ သူသည်ကျောကုန်း၍မိမိ ၏ခါးကိုလုံးဝမဆန့်နိုင်။-
11 C'era là una donna che aveva da diciotto anni uno spirito che la teneva inferma; era curva e non poteva drizzarsi in nessun modo.
၁၁
12 Gesù la vide, la chiamò a sé e le disse: «Donna, sei libera dalla tua infermità»,
၁၂သခင်ယေရှုသည်ထိုအမျိုးသမီးကိုမြင် သောအခါ အထံတော်သို့ခေါ်တော်မူလျက် ``အချင်းအမျိုးသမီးသင့်ရောဂါပျောက် ပြီ'' ဟုမိန့်တော်မူ၏။-
13 e le impose le mani. Subito quella si raddrizzò e glorificava Dio.
၁၃သူ၏အပေါ်မှာလက်တော်ကိုတင်တော်မူ သဖြင့် သူသည်ချက်ချင်းပင်ခါးဆန့်သွား၍ ဘုရားသခင်၏ကျေးဇူးတော်ကိုချီးကူး လေ၏။
14 Ma il capo della sinagoga, sdegnato perché Gesù aveva operato quella guarigione di sabato, rivolgendosi alla folla disse: «Ci sono sei giorni in cui si deve lavorare; in quelli dunque venite a farvi curare e non in giorno di sabato».
၁၄ထိုအခါယင်းသို့ဥပုသ်နေ့၌အနာရောဂါကို သခင်ယေရှုပျောက်ကင်းစေတော်မူသဖြင့် တရား ဇရပ်မှူးသည်စိတ်ဆိုးလျက် ``အလုပ်လုပ်အပ် သောရက်ခြောက်ရက်ရှိ၏။ ထိုရက်များတွင်လာ၍ ရောဂါပျောက်အောင်အကုခံကြလော့။ ဥပုသ် နေ့၌မူကားလာ၍အကုမခံကြနှင့်'' ဟုလူ ပရိသတ်တို့အားဆို၏။
15 Il Signore replicò: «Ipocriti, non scioglie forse, di sabato, ciascuno di voi il bue o l'asino dalla mangiatoia, per condurlo ad abbeverarsi?
၁၅သခင်ဘုရားက ``ကြောင်သူတော်တို့၊ သင်တို့ရှိ သမျှသည်ဥပုသ်နေ့၌သင်တို့၏မြည်းများ၊ နွားများအားတင်းကုတ်မှကြိုးကိုဖြေ၍ ရေ တိုက်ရန်ခေါ်ဆောင်သွားတတ်ကြသည်မဟုတ် လော။-
16 E questa figlia di Abramo, che satana ha tenuto legata diciott'anni, non doveva essere sciolta da questo legame in giorno di sabato?».
၁၆အာဗြဟံ၏သမီးဖြစ်သူဤအမျိုးသမီး သည် တစ်ဆယ့်ရှစ်နှစ်ပတ်လုံးစာတန်၏အနှောင် အဖွဲ့ကိုခံခဲ့ရ၏။ သူ့အားဥပုသ်နေ့၌ထို အနှောင်အဖွဲ့မှမလွှတ်အပ်သလော'' ဟုမိန့် တော်မူ၏။-
17 Quando egli diceva queste cose, tutti i suoi avversari si vergognavano, mentre la folla intera esultava per tutte le meraviglie da lui compiute.
၁၇ဤသို့မိန့်တော်မူလိုက်သောအခါကိုယ်တော် ကိုရန်ဘက်ပြုသူများသည်အရှက်ရသွား ကြ၏။ လူပရိသတ်အပေါင်းတို့သည်ကား ကိုယ်တော်ပြုတော်မူသောအံ့သြဖွယ်ရာ များကြောင့်ရွှင်လန်းဝမ်းမြောက်ကြ၏။
18 Diceva dunque: «A che cosa è simile il regno di Dio, e a che cosa lo rassomiglierò?
၁၈သခင်ယေရှုက ``ဘုရားသခင်၏နိုင်ငံတော် သည်အဘယ်အရာနှင့်တူသနည်း။ အဘယ် အရာနှင့်နှိုင်းယှဉ်ရမည်နည်း။-
19 E' simile a un granellino di senapa, che un uomo ha preso e gettato nell'orto; poi è cresciuto e diventato un arbusto, e gli uccelli del cielo si sono posati tra i suoi rami».
၁၉နိုင်ငံတော်သည်ဤဖြစ်ပျက်ပုံနှင့်တူ၏။ မုန် ညင်းစေ့ကိုလူတစ်ယောက်သည်ယူ၍မိမိ၏ ဥယျာဉ်တွင်စိုက်၏။ ထိုအစေ့မှအပင်ပေါက် ၍ကြီးမားလာသဖြင့် ထိုအပင်၏အကိုင်း အခက်များတွင်ငှက်များနားနေရကြ၏'' ဟုမိန့်တော်မူ၏။
20 E ancora: «A che cosa rassomiglierò il regno di Dio?
၂၀တစ်ဖန်ကိုယ်တော်က ``ဘုရားသခင်၏နိုင်ငံ တော်ကိုအဘယ်အရာနှင့်နှိုင်းယှဉ်ရမည်နည်း။-
21 E' simile al lievito che una donna ha preso e nascosto in tre staia di farina, finché sia tutta fermentata».
၂၁နိုင်ငံတော်သည်ဤဖြစ်ပျက်ပုံနှင့်တူ၏။ တဆေး ကိုအမျိုးသမီးတစ်ယောက်သည်ယူပြီးလျှင် မုန့်ညက်သုံးစိတ်တွင်ထည့်၍မုန့်ညက်အားလုံး ကိုဖောင်းကြွလာစေသည်'' ဟုမိန့်တော်မူ၏။
22 Passava per città e villaggi, insegnando, mentre camminava verso Gerusalemme.
၂၂ကိုယ်တော်သည်ယေရုရှလင်မြို့သို့ခရီးပြု တော်မူရာလမ်းတွင်ဟောပြောသွန်သင်လျက် တစ်မြို့မှတစ်မြို့၊ တစ်ရွာမှတစ်ရွာကိုဖြတ် ၍ကြွတော်မူ၏။-
23 Un tale gli chiese: «Signore, sono pochi quelli che si salvano?». Rispose:
၂၃လူတစ်ယောက်က ``အရှင်၊ ကယ်တင်ခြင်းခံရ သူများသည်အရေအတွက်အားဖြင့်နည်းပါ သလော'' ဟုမေးလျှောက်၏။
24 «Sforzatevi di entrare per la porta stretta, perché molti, vi dico, cercheranno di entrarvi, ma non ci riusciranno.
၂၄ကိုယ်တော်က ``သင်တို့သည်ကျဉ်းမြောင်းသော တံခါးပေါက်ကိုဝင်ရန်ကြိုးစားအားထုတ်ကြ လော့။ လူအများပင်ထိုတံခါးပေါက်ကိုဝင်ရန် ကြိုးစားကြလိမ့်မည်။ သို့သော်ဝင်နိုင်စွမ်းရှိကြ လိမ့်မည်မဟုတ်ဟုသင်တို့အားငါဆို၏။-
25 Quando il padrone di casa si alzerà e chiuderà la porta, rimasti fuori, comincerete a bussare alla porta, dicendo: Signore, aprici. Ma egli vi risponderà: Non vi conosco, non so di dove siete.
၂၅အိမ်ရှင်သည်ထလျက်တံခါးကိုပိတ်လိုက်၍ သင် တို့သည်အိမ်ပြင်မှာရောက်ရှိနေရသောအဖြစ် နှင့်တွေ့ကြုံလိမ့်မည်။ ထိုအခါသင်တို့က `အရှင်၊ အရှင်၊ အကျွန်ုပ်တို့အားတံခါးကိုဖွင့်ပေးတော် မူပါ' ဟုဆို၍တံခါးကိုခေါက်သော်လည်း အိမ်ရှင်က `သင်တို့အဘယ်မှလာသည်ကိုငါ မသိ' ဟုဆိုလိမ့်မည်။-
26 Allora comincerete a dire: Abbiamo mangiato e bevuto in tua presenza e tu hai insegnato nelle nostre piazze.
၂၆ထိုအခါသင်တို့က `အကျွန်ုပ်တို့သည်အရှင် နှင့်အတူစားသောက်ခဲ့သူများဖြစ်ပါ၏။ အရှင် သည်အကျွန်ုပ်တို့၏မြို့ရွာတွင်ဟောပြောသွန်သင် ခဲ့ပါ၏' ဟုလျှောက်ကြလိမ့်မည်။-
27 Ma egli dichiarerà: Vi dico che non so di dove siete. Allontanatevi da me voi tutti operatori d'iniquità!
၂၇သို့သော်လည်းအိမ်ရှင်က `သင်တို့အဘယ်မှလာ သည်ကိုငါမသိ။ ဆိုးညစ်သောသူတို့၊ ငါ့ထံမှ ထွက်သွားကြလော့' ဟူ၍ပြန်ပြောပေအံ့။-
28 Là ci sarà pianto e stridore di denti quando vedrete Abramo, Isacco e Giacobbe e tutti i profeti nel regno di Dio e voi cacciati fuori.
၂၈သင်တို့သည်ဘုရားသခင်၏နိုင်ငံတော်ထဲတွင် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့်ပရောဖက်အပေါင်း တို့ရောက်ရှိကြသည်ကိုမြင်လျက် မိမိတို့ကိုယ် တိုင်ကမူနိုင်ငံတော်၏ပြင်ပသို့နှင်ထုတ်ခြင်း ခံရကြသောအခါအဘယ်မျှငိုကြွေးမြည် တမ်းခြင်း၊ အံသွားကြိတ်ခြင်းရှိကြလိမ့်မည်နည်း။-
29 Verranno da oriente e da occidente, da settentrione e da mezzogiorno e siederanno a mensa nel regno di Dio.
၂၉လူတို့သည်အရှေ့အနောက်တောင်မြောက်အရပ် လေးမျက်နှာမှလာကြပြီးလျှင် ဘုရားသခင် ၏နိုင်ငံတော်ပွဲတွင်ဝင်ကြလိမ့်မည်။-
30 Ed ecco, ci sono alcuni tra gli ultimi che saranno primi e alcuni tra i primi che saranno ultimi».
၃၀ထိုအခါ၌ယခုနောက်ဆုံးသို့ရောက်နေသော သူတို့သည် ရှေ့ဆုံးသို့ရောက်ကြလိမ့်မည်။ ယခု ရှေ့ဆုံးသို့ရောက်နေသူတို့သည် နောက်ဆုံးသို့ရောက် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
31 In quel momento si avvicinarono alcuni farisei a dirgli: «Parti e vattene via di qui, perché Erode ti vuole uccidere».
၃၁ထိုအချိန်၌ဖာရိရှဲအချို့တို့သည်ကိုယ်တော် ၏ထံကိုလာပြီးလျှင် ``ဤအရပ်မှထွက်ခွာ၍ အခြားအရပ်သို့ကြွတော်မူပါ။ ဟေရုဒ်မင်း သည်အရှင့်အားသတ်ရန်အကြံရှိပါ၏'' ဟု လျှောက်ကြ၏။
32 Egli rispose: «Andate a dire a quella volpe: Ecco, io scaccio i demòni e compio guarigioni oggi e domani; e il terzo giorno avrò finito.
၃၂ကိုယ်တော်က ``ငါသည်ယနေ့နှင့်နက်ဖြန်နေ့တို့၌ နတ်မိစ္ဆာများကိုနှင်ထုတ်၍ အနာရောဂါများကို ပျောက်ကင်းစေမည်။ တတိယနေ့တွင်မူငါ၏ အလုပ်ကိုအဆုံးသတ်မည်ဖြစ်ကြောင်းကိုထို မြေခွေးကိုပြောကြလော့။-
33 Però è necessario che oggi, domani e il giorno seguente io vada per la mia strada, perché non è possibile che un profeta muoia fuori di Gerusalemme.
၃၃သို့ရာတွင်ယနေ့၊ နက်ဖြန်နေ့၊ နောက်တစ်နေ့၌ ငါခရီးပြုရဦးမည်။ ပရောဖက်ဟူသည်ယေရု ရှလင်မြို့မှအပအခြားအရပ်တွင်အသတ် ခံရန်မသင့်။
34 Gerusalemme, Gerusalemme, che uccidi i profeti e lapidi coloro che sono mandati a te, quante volte ho voluto raccogliere i tuoi figli come una gallina la sua covata sotto le ali e voi non avete voluto!
၃၄``အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ ပရောဖက် များကိုသတ်သည့်မြို့၊ ဘုရားသခင်စေလွှတ်သော တမန်များကိုခဲနှင့်ပေါက်သည့်မြို့၊ ကြက်မသည် ကြက်ကလေးများကိုမိမိ၏အတောင်အောက် တွင်စုသိမ်းထားသကဲ့သို့ ငါသည်သင်၏သား သမီးများကိုစုသိမ်းထားလိုသည်မှာကြိမ်ဖန် များလှလေပြီ။ သို့ရာတွင်သင်မူကားငါ့ကို ဤသို့မပြုစေလို။-
35 Ecco, la vostra casa vi viene lasciata deserta! Vi dico infatti che non mi vedrete più fino al tempo in cui direte: Benedetto colui che viene nel nome del Signore! ».
၃၅သို့ဖြစ်၍သင်၏ဗိမာန်တော်ကိုဘုရားသခင် စွန့်တော်မူလိမ့်မည်။ သင့်အားငါဆိုသည်ကား `ဘုရားသခင်၏နာမတော်နှင့်ကြွလာတော် မူသောအရှင်သည်မင်္ဂလာရှိစေသတည်း' ဟု သင်မြွက်ဆိုရာနေ့မတိုင်မီသင်သည်ငါ့ကို မြင်ရလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။