< תְהִלִּים 94 >

אֵל־נְקָמֹ֥ות יְהוָ֑ה אֵ֖ל נְקָמֹ֣ות הֹופִֽיַע׃ 1
အပြစ်ကို ပေးပိုင်တော်မူသော ဘုရားသခင် ထာဝရဘုရား၊ အပြစ်ကို ပေးပိုင်တော်မူသော ဘုရား သခင်၊ ရောင်ခြည်တော်ကို လွှတ်တော်မူပါ။
הִ֭נָּשֵׂא שֹׁפֵ֣ט הָאָ֑רֶץ הָשֵׁ֥ב גְּ֝מ֗וּל עַל־גֵּאִֽים׃ 2
မြေကြီးသားတို့ကို တရားဆုံးဖြတ်တော်မူသော အရှင်၊ ထတော်မူပါ။ မာနကြီးသော သူတို့အား အကျိုး အပြစ်ကို ဆပ်ပေးတော်မူပါ။
עַד־מָתַ֖י רְשָׁעִ֥ים ׀ יְהוָ֑ה עַד־מָ֝תַ֗י רְשָׁעִ֥ים יַעֲלֹֽזוּ׃ 3
အိုထာဝရဘုရား၊ မတရားသော သူတို့သည် အဘယ်မျှကာလပတ်လုံး ဝမ်းမြောက်ကြပါလိမ့်မည်နည်း။
יַבִּ֣יעוּ יְדַבְּר֣וּ עָתָ֑ק יִֽ֝תְאַמְּר֗וּ כָּל־פֹּ֥עֲלֵי אָֽוֶן׃ 4
အဓမ္မအမှုကို ပြုသမျှသောသူတို့သည် စော်ကား ၍၊ ကြမ်းတမ်းသော စကားကိုပြောလျက်၊ အဘယ်မျှ ကာလပတ်လုံး ဝါကြွားကြပါလိမ့်မည်နည်း။
עַמְּךָ֣ יְהוָ֣ה יְדַכְּא֑וּ וְֽנַחֲלָתְךָ֥ יְעַנּֽוּ׃ 5
အိုထာဝရဘုရား၊ သူတို့သည် ကိုယ်တော်၏ လူတို့ကို နှိပ်စက်၍၊ အမွေတော်ကို ညှဉ်းဆဲကြပါ၏။
אַ֭לְמָנָה וְגֵ֣ר יַהֲרֹ֑גוּ וִֽיתֹומִ֣ים יְרַצֵּֽחוּ׃ 6
မုတ်ဆိုးမနှင့် ဧည့်သည်ကို၎င်း၊ မိဘမရှိသော သူငယ်ကို၎င်း သတ်ကြပါ၏။
וַ֭יֹּ֣אמְרוּ לֹ֣א יִרְאֶה־יָּ֑הּ וְלֹא־יָ֝בִ֗ין אֱלֹהֵ֥י יַעֲקֹֽב׃ 7
သို့ရာတွင်၊ ထာဝရဘုရားသခင်သည် မမှတ် တတ်ဟု ဆိုကြပါ၏။
בִּ֭ינוּ בֹּעֲרִ֣ים בָּעָ֑ם וּ֝כְסִילִ֗ים מָתַ֥י תַּשְׂכִּֽילוּ׃ 8
တိရစ္ဆာန်သဘောရှိသောသူတို့၊ နားလည် ကြလော့။ လူမိုက်တို့၊ အဘယ်ကာလမှ ပညာသတိကို ရကြလိမ့်မည်နည်း။
הֲנֹ֣טַֽע אֹ֖זֶן הֲלֹ֣א יִשְׁמָ֑ע אִֽם־יֹ֥צֵֽר עַ֝֗יִן הֲלֹ֣א יַבִּֽיט׃ 9
နားကို စိုက်ထားတော်မူသောသူသည် မကြားရ သလော။ မျက်စိကို ဖန်ဆင်းတော်မူသော သူသည် မမြင်ရသလော။
הֲיֹסֵ֣ר גֹּ֭ויִם הֲלֹ֣א יֹוכִ֑יחַ הַֽמְלַמֵּ֖ד אָדָ֣ם דָּֽעַת׃ 10
၁၀လူအမျိုးမျိုးတို့ကို ဆုံးမတော်မူသောသူသည် အပြစ်မပေးရသလော။ လူတို့အား ပညာအတတ်ကို သွန်သင်တော်မူသော သူသည် ကိုယ်တိုင်ပညာအတတ် မရှိသလော။
יְֽהוָ֗ה יֹ֭דֵעַ מַחְשְׁבֹ֣ות אָדָ֑ם כִּי־הֵ֥מָּה הָֽבֶל׃ 11
၁၁လူတို့၏အကြံအစည်သည် အချည်းနှီးဖြစ် ကြောင်းကို ထာဝရဘုရား သိတော်မူ၏။
אַשְׁרֵ֤י ׀ הַגֶּ֣בֶר אֲשֶׁר־תְּיַסְּרֶ֣נּוּ יָּ֑הּ וּֽמִתֹּורָתְךָ֥ תְלַמְּדֶֽנּוּ׃ 12
၁၂အို ထာဝရဘုရား၊ မတရားသော သူတို့အဘို့ တွင်းတူးစဉ်အခါ၊
לְהַשְׁקִ֣יט לֹ֖ו מִ֣ימֵי רָ֑ע עַ֤ד יִכָּרֶ֖ה לָרָשָׁ֣ע שָֽׁחַת׃ 13
၁၃ဒုက္ခနေ့ရက်ကာလနှင့် လွတ်ခြင်းချမ်းသာကို ပေးအံ့သောငှါ၊ ကိုယ်တော်ဆုံးမ၍၊ တရားတော်ကို သွန်သင်တော်မူသောသူသည် မင်္ဂလာရှိပါ၏။
כִּ֤י ׀ לֹא־יִטֹּ֣שׁ יְהוָ֣ה עַמֹּ֑ו וְ֝נַחֲלָתֹ֗ו לֹ֣א יַעֲזֹֽב׃ 14
၁၄ထာဝရဘုရားသည် မိမိလူတို့ကိုမပယ်၊ အမွေ တော်ကို စွန့်ပစ်တော်မမူ။
כִּֽי־עַד־צֶ֭דֶק יָשׁ֣וּב מִשְׁפָּ֑ט וְ֝אַחֲרָ֗יו כָּל־יִשְׁרֵי־לֵֽב׃ 15
၁၅တဖန်ဖြောင့်မတ်ခြင်းတရားဘက်၌ စီရင် ဆုံးဖြတ်တော်မူ၍၊ သေဘာဖြောင့်သောသူအပေါင်းတို့ သည် နောက်တော်သို့လိုက်ကြပါလိမ့်မည်။
מִֽי־יָק֣וּם לִ֭י עִם־מְרֵעִ֑ים מִֽי־יִתְיַצֵּ֥ב לִ֝י עִם־פֹּ֥עֲלֵי אָֽוֶן׃ 16
၁၆လူဆိုးတို့ကို ဆီးတား၍ ငါ့ဘက်မှာ အဘယ်သူ ထမည်နည်း။ မတရားသော သူတို့ကို ဆီးတား၍၊ ငါ့ဘက် မှာ အဘယ်သူနေမည်နည်း။
לוּלֵ֣י יְ֭הוָה עֶזְרָ֣תָה לִּ֑י כִּמְעַ֓ט ׀ שָֽׁכְנָ֖ה דוּמָ֣ה נַפְשִֽׁי׃ 17
၁၇ထာဝရဘုရားသည် ငါ့ကိုမစတော်မမူလျှင်၊ ငါ့ဝိညာဉ်သည် ဆိတ်ညံရာအရပ်၌ မကြာမမြင့်မှီ နေရာ ကျရလိမ့်မည်။
אִם־אָ֭מַרְתִּי מָ֣טָה רַגְלִ֑י חַסְדְּךָ֥ יְ֝הוָ֗ה יִסְעָדֵֽנִי׃ 18
၁၈ငါ့ခြေချော်လျက်ရှိသည်ဟု အကျွန်ုပ်ဆိုသော အခါ၊ အိုထာဝရဘုရား၊ ကိုယ်တော်၏ကရုဏာသည် အကျွန်ုပ်ကို ထောက်မပါ၏။
בְּרֹ֣ב שַׂרְעַפַּ֣י בְּקִרְבִּ֑י תַּ֝נְחוּמֶ֗יךָ יְֽשַׁעַשְׁע֥וּ נַפְשִֽׁי׃ 19
၁၉အကျွန်ုပ်၏ နှလုံးထဲမှာ စိတ်များပြားသောအခါ၊ ကိုယ်တော်သည် သက်သာစေတော်မူသဖြင့်၊ အကျွန်ုပ်၏ ဝိညာဉ်သည် ရွှင်လန်းပါ၏။
הַֽ֭יְחָבְרְךָ כִּסֵּ֣א הַוֹּ֑ות יֹצֵ֖ר עָמָ֣ל עֲלֵי־חֹֽק׃ 20
၂၀မတရားသောအကြံကို မင်း၏အခွင့်နှင့် ပြုစု တတ်သော အဓမ္မရာဇပလ္လင်သည် ကိုယ်တော်နှင့် မိဿဟာယဖွဲ့ရပါမည်လော။
יָ֭גֹודּוּ עַל־נֶ֣פֶשׁ צַדִּ֑יק וְדָ֖ם נָקִ֣י יַרְשִֽׁיעוּ׃ 21
၂၁ဖြောင့်မတ်သောသူ၏အသက်ကို သတ်ခြင်းငှါ စုဝေးကြပါ၏။ အပြစ်မရှိသောသူကို သေစေခြင်းငှါ စီရင်ကြပါ၏။
וַיְהִ֬י יְהוָ֣ה לִ֣י לְמִשְׂגָּ֑ב וֵ֝אלֹהַ֗י לְצ֣וּר מַחְסִֽי׃ 22
၂၂သို့သော်လည်း၊ ထာဝရဘုရားသည် ငါ၏ရဲတိုက် ဖြစ်တော်မူ၏။ ငါ၏ဘုရားသခင်သည် ငါခိုလှုံရာ ကျောက်ဖြစ်တော်မူ၏။
וַיָּ֤שֶׁב עֲלֵיהֶ֨ם ׀ אֶת־אֹונָ֗ם וּבְרָעָתָ֥ם יַצְמִיתֵ֑ם יַ֝צְמִיתֵ֗ם יְהוָ֥ה אֱלֹהֵֽינוּ׃ 23
၂၃သူတို့၏အပြစ်ကို သူတို့အပေါ်သို့ရောက်စေ တော်မူမည်။ အဓမ္မအမှုကို ပြုစဉ်တွင်ပင် ပယ်ဖြတ်တော် မူမည်။ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို ပယ်ဖြတ်တော်မူမည်။

< תְהִלִּים 94 >