< Esetera 6 >

1 I A po, aole i hiki i ke alii ke hiamoe, a kauoha ae la ia e laweia mai ka buke mooolelo o na oihana; a heluheluia ia imua o ke alii.
ထိုနေ့ညမှာ ရှင်ဘုရင်သည် စက်တော်ခေါ်၍ မပျော်နိုင်သောကြောင့်၊ နန်းတော်မှတ်စာကို ယူခဲ့ဟု မိန့်တော်မူ၍ ရှေ့တော်၌ ဘတ်ရကြ၏။
2 A loaa iho la ka palapala o ko Moredekai hai ana no Bigetana, a me Teresa, na luna elua o ke alii i kiai ai i ka puka, a imi i wahi e hiki ai, ke kau i ka lima maluna o ke alii o Ahasuero.
ရှင်ဘုရင် အာရွှေရုကို လုပ်ကြံမည်ဟု ရှာကြံ သော နန်းတော်မိန်းမစိုး၊ တံခါးစောင့်နှစ်ယောက်၊ ဗိဂသန်နှင့် တေရက်အကြံကို မော်ဒကဲ ဘော်ပြကြောင်း ကိုတွေ့လျှင်၊
3 Ninau ae ke alii, Heaha ka mea maikai, a me ka mea nui i hanaia'i ia Moredekai, no keia mea? I aku la na kauwa a ke alii i ka poe i lawelawe nana, Aohe mea i hanaia nona.
ရှင်ဘုရင်က၊ ထိုအကြံကို ဘော်ပြသောကြောင့်၊ မော်ဒကဲအား အဘယ်ဆုအဘယ်အရာကို ပေးပြီနည်းဟု မေးတော်မူသော်၊ အထံတော်၌ ခစားသော ကျွန်တော်တို့ က၊ အဘယ်ဆုကို၏မျှ ပေးတော်မမူပါသေးဟု ပြန် လျှောက်ကြ၏။
4 Ninau ae la ke alii, Owai la ma ka pahale? Ua hiki mai o Hamana ma ka pahale mawaho o ka hale o ke alii e olelo i ke alii, e liia o Moredekai ma ke olokea ana i hoomakaukau ai nona.
ရှင်ဘုရင်ကလည်း၊ တန်တိုင်းတွင်း၌ အဘယ်သူ ရှိသနည်းဟု မေးတော်မူလျှင်၊ ဟာမန်သည် မိမိလုပ်နှင့် သော လည်ဆွဲချတိုင်၌ မော်ဒကဲကို လည်ဆွဲချရမည် အကြောင်း၊ နန်းတော်ပြင် တန်တိုင်းတွင်းသို့ ဝင်မိသည် ဖြစ်၍၊
5 I aku la na kauwa a ke alii ia ia, Aia, ke ku mai la o Hamana ma ka pahale. I mai la ke alii, E hele mai la iloko.
ရှင်ဘုရင်၏ ကျွန်တို့က၊ ဟာမန်သည် တန်တိုင်း တော်တွင်း၌ရှိပါ၏ဟု လျှောက်ကြသော်၊ အထဲသို့ ဝင်စေ ဟု မိန့်တော်မူ၏။
6 Alaila, komo aku la o Hamana. Ninau mai la ke alii ia ia, Heaha ka mea e hanaia'i no ke kanaka a ke alii e manao nei e hoohanohano? Nalu iho la o Hamana maloko o kona naau, Owai ka mea a ke alii e makemake nei e hoohanohano, aoleanei owau?
ဟာမန်သည်ဝင်လျှင် ရှင်ဘုရင်က၊ ရှင်ဘုရင် ချီးမြှောက်လိုသော သူ၌ အဘယ်သို့ပြုသင့်သနည်းဟု မေးတော်မူလျှင်၊ ဟာမန်က ငါမှတပါး၊ ရှင်ဘုရင်သာ၍ ချီးမြှောက်လိုသောသူ တစုံတယောက်ရှိနိုင်သလောဟု စိတ်ထဲမှာ အောက်မေ့လျက်၊
7 I aku la o Hamana i ka alii, No ke kanaka a ke alii e makemake nei e hoohanohano,
ရှင်ဘုရင်ချီးမြှောက်ခြင်းငှါ အလိုတော်ရှိသော သူအဘို့၊
8 E laweia mai ka lole alii a ke alii i komo ai, a me ka lio a ke alii i holoholo ai, a me ka leialii i hooleiia'i kona poo;
ရှင်ဘုရင် ဝတ်ဆင်တော်မူသော မင်းမြောက် တန်ဆာ၊ ရှင်ဘုရင်စီးတော်မူသော မြင်းတော်၊ ဆောင်း တော်မူသော ရာဇသရဖူကို ယူခဲ့၍၊
9 A e haawiia ua lole la, a me ka lio i ka lima o kekahi o na'lii koikoi o ke alii, i hoaahu ai lakou i ke kanaka a ke alii i makemake ai e hoohano, a e hooholo lakou ia ia maluna o ka lio ma ke alanui o ke kulanakauhale, a e kala aku mamua ona, Pela e hanaia'i ke kanaka a ke alii e makemake ai e hoolanilani.
ထိုတန်ဆာတော်နှင့် မြင်းတော်ကို ဘုန်းကြီး သောမှူးတော်မတ်တော်တပါး၌ အပ်ပြီးမှ၊ ရှင်ဘုရင် ချီးမြှောက်ခြင်းငှါ၊ အလိုတော်ရှိသော သူကို ထိုအဝတ် တန်ဆာတော်နှင့် ဝတ်ဆင်စေ၍၊ မြင်းတော်ကို စီးစေပြီး လျှင်၊ မြို့တော်လမ်းမ၌ ဆောင်သွားလျက်၊ ရှင်ဘုရင် ချီးမြှောက်ခြင်းငှါ အလိုတော်ရှိသောသူ၌ ဤသို့ပြုရသည် ဟု သူ့ရှေ့မှာ ကြွေးကြော်ပါစေဟု ရှင်ဘုရင်အား ပြန် လျှောက်လေ၏။
10 Alaila, olelo mai la ke alii ia Hamana, E wikiwiki oe, e lawe i ka lole, a me ka lio, me au i olelo ai, a e hana aku oe pela ia Moredekai, i ka Iudaio, ka mea e noho la ma ka pukapa o ke alii. Mai hoohaule i kekahi o na mea a pau au i olelo mai nei.
၁၀ထိုအခါ ရှင်ဘုရင်က၊ သင်ပြောသည်အတိုင်း အလျင်အမြန်သွား၍၊ အဝတ်တန်ဆာနှင့် မြင်းတော်ကို ယူပြီးလျှင်၊ ယုဒအမျိုးသား၊ နန်းတော်တံခါးမှူး မော်ဒကဲ၌ ပြုလော့။ သင်ပြောသမျှတွင်၊ တစုံတခုမျှမလပ်စေနှင့်ဟု ဟာမန်အား မိန့်တော်မူ၏။
11 Alaila, lawe o Hamana i ka lole a me ka lio, a hoaahu iho la ia Moredekai, a hooholo ae la ia ia maluna o ka lio, ma ke alanui o ke kulanakauhale, a kala aku la imua ona, Pela no e hanaia mai ai i ke kanaka a ke alii e makemake ai e hoohanohano.
၁၁ထိုအခါ ဟာမန်သည် အဝတ်တန်ဆာတော်နှင့် မြင်းတော်ကို ယူ၍၊ မော်ဒကဲကို ဝတ်ဆင်စေပြီးလျှင်၊ မြင်းတော်ကိုစီးစေသဖြင့်၊ မြို့တော်လမ်းမ၌ ဆောင်သွား လျက် ရှင်ဘုရင်ချီးမြှောက်ခြင်းငှါ အလိုတော်ရှိသော သူ၌ ဤသို့ပြုရသည်ဟု သူ့ရှေ့မှာ ကြွေးကြော်၏။
12 Hele hou aku la o Moredekai i ka pukapa o ke alii; aka, o Hamana, wikiwiki ae la ia i kona hale, me ke kaniuhu, a ua pulouia kona poo.
၁၂သို့ပြီးမှ၊ မော်ဒကဲသည် နန်းတော်တံခါးသို့ ပြန်လာ၏။ ဟာမန်မူကား ညည်းတွားလျက် ခေါင်းကို ခြုံလျက်၊ မိမိအိမ်သို့ အလျင်အမြန်သွား ပြီးလျှင်၊
13 Hai aku la o Hamana i kana wahine ia Zeresa, a i kona poe makamaka a pau i na mea a pau i loaa ai ia ia. Alaila, olelo mai la ia ia kona poe kanaka akamai, a me kana wahine o Zeresa, Ina no ka hanauna Iudaio o ua Moredekai la, a ua haule oe imua ona i keia wa, aole no oe e lanakihi maluna one, aka, e oiaio no, e haule no oe imua ona.
၁၃မိမိ၌ဖြစ်လေသမျှကို မယားဇရက်နှင့် အဆွေ ခင်ပွန်းရှိသမျှတို့အား ကြားပြောလေ၏။ မယားဇေရက် နှင့် ဟာမန်၏ အဆွေပညာရှိတို့ကလည်း၊ ကိုယ်တော် ရှုံးစရှိသော မော်ဒကဲသည်၊ ယုဒအမျိုးမှန်လျှင်၊ ကိုယ် တော်သည် သူ့ကိုမနိုင်။ သူ့ရှေ့မှာ ဧကန်အမှန်ရှုံးရမည် ဟု ပြန်ပြောကြ၏။
14 A ia lakou e kamailio pu ana me ia, hiki ae la na luna o ke alii, a wikiwiki lakou e lawe aku ia Hamana i ka ahainu a Esetera i hoomakaukau ai.
၁၄ထိုသို့ပြောဆိုစဉ်တွင်၊ နန်းတော်မိန်းမစိုးတို့သည် လာ၍ ဧသတာပြင်ဆင်သောပွဲသို့ ဟာမန်ကို အလျင် အမြန် ခေါ်သွားကြ၏။

< Esetera 6 >