< Irmiya 36 >

1 A shekara ta huɗu ta Yehohiyakim ɗan Yosiya sarkin Yahuda, wannan magana ta zo wa Irmiya daga wurin Ubangiji cewa,
ယုဒရှင်ဘုရာင် ယောရှိသား ယောယကိမ်မင်း နန်းစံလေးနှစ်တွင်၊ ထာဝရဘုရား၏နှုတ်ကပတ်တော် သည် ယေရမိသို့ ရောက်လာသည်ကား၊
2 “Ka ɗauki littafi ka rubuta dukan maganganun da na yi maka game da Isra’ila, Yahuda da kuma dukan sauran al’ummai daga lokacin da na fara maka magana a mulkin Yosiya har zuwa yanzu.
သင်သည် စာလိပ်ကိုယူပြီးလျှင်၊ ယောရှိမင်း လက်ထက်၌ သင့်အား ငါပြောသော နေ့မှစ၍ ယနေ့ တိုင်အောင် ဣသရေလပြည်၊ ယုဒပြည်အစရှိသော ခပ်သိမ်းသော တိုင်းပြည်တို့ကို ငါခြိမ်းသမျှသေ၌ စကား အတိုင်း ရေးထားလော့။
3 Wataƙila sa’ad da mutanen Yahuda suka ji game da kowace masifar da na shirya in auka musu, kowa ya juya daga muguwar hanyarsa; sa’an nan in gafarta musu muguntarsu da kuma zunubinsu.”
ယုဒအမျိုးတို့၌ ပြုမည်ဟု ငါကြံစည်သမျှသော ဘေးဥပဒ်တို့ကို သူတို့သည် ကြားသောအခါ၊ သူတို့ ဒုစရိုက်အပြစ်ကို ငါလွှတ်မည်အကြောင်း၊ အသီးအသီး လိုက်ဘူးသော အဓမ္မလမ်းတို့ကို ရှောင်ကောင်း ရှောင်ကြ လိမ့်မည်ဟု မိန့်တော်မူ၏။
4 Saboda haka Irmiya ya kira Baruk ɗan Neriya, yayinda Irmiya yake fadar dukan waɗannan maganganun da Ubangiji ya faɗa masa, Baruk ya rubuta su a littafin.
ထိုအခါယေရမိသည် နေရိသား ဗာရုတ်ကို ခေါ်ပြီးလျှင် ထာဝရဘုရားမိန့်တော်မူသမျှသော စကား တော်တို့ကို ပြန်ပြောသည်အတိုင်း၊ ဗာရုတ်သည် စာလိပ် ၌ ရေးထားလေ၏။
5 Sai Irmiya ya ce wa Baruk, “An hana ni, ba zan tafi haikalin Ubangiji ba.
ယေရမိကလည်း၊ ငါသည် အချုပ်ခံလျက် နေရ သောကြောင့်၊ ဗိမာန်တော်သို့ မသွားနိုင်။
6 Saboda haka ka tafi gidan Ubangiji a ranar azumi ka karanta wa mutane daga littafin maganar Ubangiji da na shibta maka ka rubuta. Ka karanta su ga dukan mutanen Yahuda waɗanda suka zo daga garuruwansu.
သင်သွားလော့။ ငါပြန်ပြောသည်အတိုင်း၊ သင်သည် စာလိပ်၌ ရေးထားသော ထာဝရဘုရား၏ စကားတော်တို့ကို၊ အစာရှောင်သောနေ့တွင်၊ ဗိမာန် တော်၌ရှိသော သူတို့အားဘတ်လော့။ အမြို့မြို့အရွာရွာ ကလာသော ယုဒလူတို့အားလည်း ဘတ်လော့။
7 Wataƙila za su kawo kukansu a gaban Ubangiji, kowanne kuma ya juya daga muguwar hanyarsa, gama fushi da hasalar da Ubangiji ya furta a kan mutanen nan yana da girma.”
သူတို့သည် အသီးအသီးလိုက်ဘူးသော အဓမ္မလမ်း ကို ရှောင်လျက်၊ ထာဝရဘုရားအားပြပ်ဝပ်၍ ဆုတောင်း ကောင်းဆုတောင်းကြလိမ့်မည်။ ဤလူမျိုး၌ ထာဝရဘုရား ခြိမ်းတော်မူသော အမျက်ဒေါသသည် အလွန်ပြင်းထန် ပေ၏ဟု ဗာရုတ်အားမှာထားလေ၏။
8 Sai Baruk ɗan Neriya ya yi dukan abin da annabi Irmiya ya ce ya yi; a haikalin Ubangiji kuwa ya karanta maganar Ubangiji daga littafin
ထိုသို့ပရောဖက်ယေရမိ မှာထားသမျှအတိုင်း၊ နေရိသားဗာရုတ်သည်ပြု၍၊ ထာဝရဘုရား၏ စကား တော်ပါသော စာကိုဗိမာန်တော်၌ ဘတ်လေ၏။
9 A watan tara na shekara ta biyar ta Yehohiyakim ɗan Yosiya sarkin Yahuda, an yi shela a yi azumi a gaban Ubangiji ga dukan mutanen Urushalima da waɗanda suka zo daga garuruwan Yahuda.
ယုဒရှင်ဘုရင်ယောရှိသားယောယကိမ်မင်း နန်းစံငါးနှစ်၊ နဝမလတွင် ယေရုရှလင်မြို့သားအပေါင်း တို့နှင့်၊ ယုဒမြို့ရွာမှ ယေရုရှလင်မြို့သို့ ရောက်လာသော သူအပေါင်းတို့သည် ထာဝရဘုရားရှေ့တော်၌ အစာ ရှောင်ရာအချိန်ကို ကြော်ငြာကြ၏။
10 Daga ɗakin Gemariya ɗan Shafan magatakarda, wanda yake a fili na bisa a mashigin Sabuwar Ƙofar haikali, Baruk ya karanta wa dukan mutane a haikalin Ubangiji maganar Irmiya daga littafin.
၁၀ထိုအခါဗာရုတ်သည် ဗိမာန်တော်တံခါးသစ်နား မှာ၊ အထက်တန်တိုင်းအတွင်း၊ စာရေးတော်ရှာဖန်သား ဂေမရိ၏အခန်း၌၊ ယေရမိစီရင်သော စာကို လူအပေါင်း တို့ ရှေ့မှာဘတ်လေ၏။
11 Sa’ad da Mikahiya ɗan Gemariya, ɗan Shafan, ya ji dukan maganar Ubangiji daga littafin,
၁၁ထိုစာ၌ပါသမျှသော ထာဝရဘုရား၏ စကား တော်တို့ကို ရှာဖန်သားဖြစ်သော ဂေမရိ၏သားမိက္ခာယ သည်ကြားလျှင်၊
12 sai ya sauka zuwa ɗakin magatakarda a fada, inda dukan fadawa suke zaune, Elishama magatakarda, Delahiya ɗan Shemahiya, Elnatan ɗan Akbor, Gemariya ɗan Shafan, Zedekiya ɗan Hananiya, da dukan sauran fadawa.
၁၂နန်းတော်အတွင်း၊ စာရေးတော်အခန်းသို့ သွား၍၊ စာရေးတော် ဧလိရှမာ၊ ရှေမာယသားဒေလာယ၊ အာခဗော်သားဧလနာသန်၊ ရှာဖန်သား ဂေမရိ၊ ဟာန နိသားဇေဒကိအစရှိသော မှူးတော်မတ်တော် အပေါင်း တို့သည် ထိုင်လျက်ရှိကြ၏။
13 Bayan Mikahiya ya faɗa musu kome da ya ji Baruk ya karanta wa mutane daga littafin,
၁၃ထိုအခါဗာရုတ်သည် လူများတို့အား ဘတ် သော စာထဲက မိက္ခာယကြားသမျှသော စကားတို့ကို ပြန်ပြောလေ၏။
14 sai dukan fadawan suka aiki Yehudi ɗan Netaniya, ɗan Shelemiya, ɗan Kushi, ya ce wa Baruk, “Ka zo tare da littafin da ka karanta wa mutane.” Saboda haka Baruk ɗan Neriya ya tafi wurinsu tare da littafin a hannunsa.
၁၄ထိုမင်းအပေါင်းတို့သည်လည်း၊ ကုရှိ၊ ရှေလမိ၊ နာသနိတို့မှ ဆင်းသက်သောယေဟုဒိကို ဗာရုတ်ထံသို့ စေလွှတ်လျက်၊ သင်သည် လူများတို့အား ဘတ်သော စာလိပ်ကို သင့်လက်နှင့်ကိုင်၍ လာခဲ့ဟုခေါ်ကြ၏။ နေရိသားဗာရုတ်သည်လည်း၊ စာလိပ်ကိုကိုင်၍လာ၏။
15 Suka ce masa, “Zauna, ka karanta mana littafin.” Sai Baruk ya karanta musu littafin.
၁၅သူတို့ကလည်း ထိုင်လော့။ငါတို့အား ဘတ်လော့ ဟုဆိုသည်အတိုင်း၊ ဗာရုတ်သည် သူတို့ရှေ့မှာ ဘတ်လေ ၏။
16 Da suka ji dukan maganar, sai suka dubi juna a firgice suka ce wa Baruk, “Dole mu sanar da dukan maganan nan ga sarki.”
၁၆ထိုစကားအလုံးစုံတို့ကို မင်းများတို့သည် ကြား လျှင်၊ အချင်းချင်း ကြောက်ရွံ့သော စိတ်ရှိ၍၊ ငါတို့သည် ဤစကားအလုံးစုံတို့ကို ရှင်ဘုရင်အား ဆက်ဆက်ကြားလျှောက်ရမည်ဟု ဗာရုတ်ကို ဆိုကြ၏။
17 Sa’an nan suka ce wa Baruk, “Faɗa mana yadda ka yi ka rubuta dukan wannan. Irmiya ne ya yi maka shibtar ta?”
၁၇တဖန်သင်သည် ဤစကားအလုံးစုံတို့ကို သူ့နှုတ်မြွက်သည်အတိုင်း အဘယ်သို့ရေးထားသနည်းဟု မေးမြန်းလျှင်၊
18 Baruk ya amsa ya ce, “I, shi ne ya faɗa mini dukan wannan magana, na kuwa rubuta su a takarda.”
၁၈ဗာရုတ်က၊ သူသည်ဤစကားအလုံးစုံတို့ကို နှုတ်မြွက်၍၊ အကျွန်ုပ်သည် မှင်နှင့်ရေးထားပါ၏ဟု ပြန်ပြောသော်၊
19 Sa’an nan fadawan suka ce wa Baruk, “Kai da Irmiya ku je ku ɓuya. Kada ku bari wani ya san inda kuke.”
၁၉မင်းများတို့က၊ သင်သွားလော့။ ယေရမိနှင့် အတူ ပုန်းရှောင်၍နေလော့။ အဘယ်မှာနေသည်ကို တစုံတယောက်မျှ မသိစေနှင့်ဟုဗာရုတ် အားမှာခဲ့၍၊
20 Bayan da suka ajiye littafin a ɗakin Elishama magatakarda, sai suka tafi wurin sarki a fili suka sanar da shi kome.
၂၀စာလိပ်ကိုစာရေးတော်ဧလိရှမာ၏ အခန်း၌ ထားပြီးမှနန်းတော်အတွင်း၊ ရှင်ဘုရင်ထံသို့ဝင်၍၊ ထိုအမှု ကို အကုန်အစင်လျှောက်ကြ၍။
21 Sai sarki ya aiki Yehudi ya kawo littafin daga ɗakin Elishama magatakarda ya kuma karanta wa sarki da kuma dukan fadawan da suke tsaye kusa da shi.
၂၁ရှင်ဘုရင်သည် ထိုစာလိပ်ကိုယူချေဟု၊ ယေဟုဒိ ကိုစေလွှတ်သဖြင့်၊ ယေဟုဒိသည် စာရေးတော်ဧလိရှမာ ၏ အခန်းထဲကယူ၍၊ ရှင်ဘုရင်အစရှိသော အထံတော်၌ ရပ်နေသော မှူးမတ်အပေါင်းတို့ရှေ့မှာ ဘတ်လေ၏။
22 A watan tara ne sarki kuwa yana zaune a gidansa na rani, wuta kuwa tana ci a kasko a gabansa.
၂၂ထိုအခါနဝမလဖြစ်၍၊ ရှင်ဘုရင်သည် ဆောင်း ကာလ၌ စံပျော်ရာနန်းအခန်းတွင်ထိုင်၍၊ ရှေ့တော်၌ မီးမယ်ဖျူးပေါ်မှာ မီးခဲပုံရှိ၏။
23 Duk sa’ad da Yehudi ya karanta sashi uku ko huɗu na littafin, sai sarkin ya sa wuƙa ya yanke su, ya zuba a wutar da take ci a kasko, da haka ya ƙone dukan littafin.
၂၃ယေဟုဒိသည် သုံးလေးခဏ်းလောက် ဘတ်မိ လျှင်၊ ရှင်ဘုရင်သည် စာရေး၏ထားနှင့်လှီး၍ မီးမယ်ဖျူး ပေါ်မှာရှိသော မီးထဲသို့ စာလိပ်ကို ချပစ်လျှင်၊ အကုန် အစင်ကျွမ်းလောင်လေ၏။
24 Sai sarki da dukan masu yin masa hidima waɗanda suke jin maganan nan ba su firgita ba, balle su keta rigunansu.
၂၄ရှင်ဘုရင်မှစ၍၊ ထိုစကားအလုံးစုံတို့ကို ကြား သော ရှင်ဘုရင်၏ ကျွန်တယောက်မျှမကြောက်၊ မိမိ အဝတ်ကိုလည်း မဆုတ်ကြ။
25 Ko da yake Elnatan, Delahiya da Gemariya sun roƙi sarki kada yă ƙone littafin, bai saurare su ba.
၂၅ရှင်ဘုရင်သည် စာလိပ်ကိုမီးမရှို့စေခြင်းငှါ၊ ဧလနာသန်၊ ဒေလာယ၊ ဂေမရိတို့သည် တောင်းပန်သော် လည်း၊ ရှင်ဘုရင်သည် သူတို့စကားကို နားမထောင်။
26 A maimakon haka, sai sarki ya umarci Yerameyel ɗan sarki, Serahiya ɗan Azriyel da Shelemiya ɗan Abdeyel su kama Baruk marubuci da Irmiya annabi. Amma Ubangiji ya ɓoye su.
၂၆တဖန်ရှင်ဘုရင်သည် စာရေးဗာရုတ်နှင့် ပရော ဖက်ယေရမိကို ဘမ်းဆီးစေခြင်းငှါ၊ သားတော်ယေရ မေလ၊ အာဇရေလသားစရာယ၊ အာဗဒေလသားရှေလမိ တို့ကို စေလွှတ်လေ၏။ သို့ရာတွင်၊ ထာဝရဘုရားသည် ထိုသူနှစ်ယောက်တို့ကို ဝှက်ထားတော်မူ၏။
27 Bayan sarki ya ƙone littafin da ya ƙunshi maganar da Baruk ya rubuta daga shibtar Irmiya, sai maganar Ubangiji ta zo wa Irmiya cewa,
၂၇ယေရမိနှုတ်မြွတ်သည်အတိုင်း ဗာရုတ်ရေးထား သော ထိုစာလိပ်ကို ရှင်ဘုရင်မီးရှို့သောနောက်၊ ထာဝရ ဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာ သည်ကား၊
28 “Ka ɗauki wani littafi ka rubuta a kansa dukan maganar da littafi na farin ya ƙunsa, wanda Yehohiyakim sarkin Yahuda ya ƙone.
၂၈သင်သည်အခြားသော စာလိပ်ကိုယူ၍၊ ယုဒ ရှင်ဘုရင်ယောယကိမ်မီးရှို့သော အရင်စာလိပ်၌ ပါသမျှ သော စကားရင်းအတိုင်း ရေးထားလော့။
29 Ka kuma faɗa wa Yehohiyakim sarkin Yahuda cewa, ‘Ga abin da Ubangiji yana cewa, ka ƙone wancan littafin ka kuma ce, “Don me ka rubuta a cikinsa, cewa lalle sarkin Babilon zai zo ya hallaka wannan ƙasa, zai kashe mutum duk da dabba?”
၂၉သင်သည် ယုဒရှင်ဘုရင် ယောယကိမ်အား ပြောဆိုရမည်မှာ၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန် ရှင်ဘုရင်သည် ဆက်ဆက်လာ၍ ဤပြည်ကို ဖျက်ဆီးလိမ့်မည်။ လူနှင့်တိရစ္ဆာန်အပေါင်းတို့ကို သုတ် သင်ပယ်ရှင်းလိမ့်မည်ဟူသော စကားကို အဘယ်ကြောင့် ရေးထားသနည်းဟု သင်သည်ဆို၍ စာလိပ်ကိုမီးရှို့ပြီ။
30 Saboda haka, ga abin da Ubangiji yana cewa game da Yehohiyakim sarkin Yahuda. Ba zai kasance da wani wanda zai zauna a kan gadon sarautar Dawuda ba; za a jefar da gawarsa ta sha zafi da rana da dare kuma ta sha matsanancin sanyi.
၃၀ထိုကြောင့်၊ ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောယကိမ်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ သူ၏အမျိုးအနွယ်သည် ဒါဝိဒ်၏ရာဇပလ္လင်ပေါ်မှာ မထိုင်ရ။ သူ၏အသေကောင်ကို နေ့အချိန်၌နေပူထဲသို့ ၎င်း၊ ညဉ့်အချိန်၌နှင်းခဲထဲသို့၎င်း ပစ်လိုက်ကြလိမ့်မည်။
31 Zan hukunta shi da kuma’ya’yansa da masu hidimarsa saboda muguntarsu; zan kawo kowace masifar da na furta a kansu da kuma waɗanda suke zama a Urushalima da na Yahuda, domin sun ƙi su saurara.’”
၃၁သူမှစ၍ သူ၏သားမြေးတို့ကို၎င်း၊ သူ၏ ကျွန်တို့ကို၎င်း၊ အပြစ်နှင့်အလျောက် ငါစီရင်မည်။ သူတို့နှင့်ယေရှုရှလင်မြို့သူ ယုဒပြည်သားတို့သည် နား မထောင်၊ သူတို့အပေါ်သို့ ငါခြိမ်းသမျှသော ဘေးဥပဒ် တို့ကို ရောက်စေမည်ဟုမိန့်တော်မူ၏။
32 Sai Irmiya ta ɗauko wani littafi ya ba wa Baruk ɗan Neriya marubuci, kuma yayinda Irmiya yake shibtawa, Baruk ya rubuta a littafin dukan maganar da take a littafin da Yehohiyakim sarkin Yahuda ya ƙone. Ya kuma ƙara ire-iren maganganun nan a kansu.
၃၂ထိုအခါယေရမိသည်အခြားသော စာလိပ်ကို ယူ၍၊ နေရိသားစာ ရေးဗာရုတ်အားပေးသဖြင့်၊ ယုဒ ရှင်ဘုရင်ယောယကိမ်မီးရှို့သောစာ၌ ပါသမျှသော စကားတို့ကို ယေရမိသည်နှုတ်မြွတ်၍၊ ဗာရုတ်သည်ရေး ထား၏။ အလားတူသော စကားအများကိုလည်းထပ်၍ သွင်းရ၏။

< Irmiya 36 >