< 5 Mose 19 >

1 "Rottet der Herr, dein Gott, die Völker aus, deren Land dir der Herr, dein Gott, gibt, besiegst du sie und siedelst du in ihren Städten und Häusern,
``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​အား​ပေး​သ​နား​တော်​မူ​မည့်​ပြည် တွင်​နေ​ထိုင်​သော​လူ​မျိုး​တို့​ကို သုတ်​သင်​ပယ် ရှင်း​ပြီး​နောက်​သင်​တို့​သည်​သူ​တို့​၏​မြို့​များ နှင့်​အိမ်​များ​ကို​သိမ်း​ယူ​နေ​ထိုင်​ကြ​သော အ​ခါ၊-
2 dann sollst du dir drei Städte aussondern in deinem Land, das dir der Herr, dein Gott, zu eigen gibt!
ထို​ပြည်​ကို​သုံး​ပိုင်း​ပိုင်း​၍​တစ်​ပိုင်း​စီ​တွင် လွယ် ကူ​စွာ​သွား​ရောက်​နိုင်​သော​မြို့​တစ်​မြို့​ကို​ရွေး ချယ်​လော့။ လူ​တစ်​စုံ​တစ်​ယောက်​ကို​သတ်​မိ သော​သူ​သည် ထို​မြို့​များ​အ​နက်​တစ်​မြို့ မြို့​သို့​ပြေး​၍​ခို​လှုံ​နိုင်​သည်။-
3 Du sollst dir den Weg herrichten; dann teile in drei Kreise das Gebiet deines Landes, das dir der Herr, dein Gott, zu eigen gibt, daß dorthin jeder Totschläger fliehe!
4 So sei es mit dem Totschläger, der dorthin flieht und leben bleibt: Wer seinen Nächsten unabsichtlich tötet, und er hat ihn früher nicht gehaßt,
လူ​တစ်​ယောက်​သည်​မိ​မိ​၏​ရန်​သူ​မ​ဟုတ်​သူ အား မ​တော်​တ​ဆ​သတ်​မိ​ခဲ့​သည်​ရှိ​သော်​သူ သည် ထို​မြို့​များ​အနက်​တစ်​မြို့​မြို့​သို့​ထွက် ပြေး​လျှင်​အ​သက်​ချမ်း​သာ​ခွင့်​ရ​ရှိ​နိုင်​သည်။-
5 geht er etwa mit seinem Nächsten in den Wald, Holz zu fällen, und seine Hand holt mit der Axt aus, den Baum zu fällen, und das Eisen fährt vom Stiele und trifft seinen Nächsten tödlich, der soll in eine dieser Städte fliehen und leben bleiben!
ပ​မာ​အား​ဖြင့်​လူ​နှစ်​ယောက်​တို့​သည်​တော ထဲ​သို့​သစ်​ခုတ်​ရန်​အ​တူ​သွား​ကြ​ရာ​၌ တစ် ယောက်​က​သစ်​ပင်​ကို​ခုတ်​လှဲ​နေ​စဉ်​ပု​ဆိန် သွား​သည်​အ​ရိုး​မှ​ကျွတ်​ထွက်​၍ အ​ခြား တစ်​ယောက်​ကို​ထိ​မှန်​သ​ဖြင့် ထို​သူ​သေ​လျှင် သတ်​မိ​သူ​သည်​ထို​သုံး​မြို့​အ​နက် တစ်​မြို့ မြို့​သို့​ထွက်​ပြေး​လျှင်​အ​သက်​ချမ်း​သာ ခွင့်​ရ​ရှိ​နိုင်​သည်။-
6 Damit nicht der Bluträcher erhitzten Gemütes dem Totschläger nachsetzen ihn einhole, weil der Weg zu weit ist, und ihn totschlage! Und doch ist er nicht des Todes schuldig, weil er ihn früher nicht gehaßt hat.
အ​ကယ်​၍​ခို​လှုံ​ရာ​မြို့​တစ်​မြို့​တည်း​သာ​ရှိ လျှင် ခ​ရီး​ကွာ​ဝေး​လှ​သော​ကြောင့်​သေ​သူ အ​တွက်​လက်​စား​ချေ​လို​သူ​က သတ်​သူ​နောက် သို့​လိုက်​၍​မီ​သော်​ဒေါ​သ​အ​လျောက်​အ​ပြစ် မဲ့​သူ​တစ်​ယောက်​ကို​သတ်​မိ​နိုင်​သည်။ စင်​စစ် အား​ဖြင့်​ထို​သူ​သည်​မိ​မိ​၏​ရန်​သူ​မ​ဟုတ် သူ​ကို​မ​တော်​တ​ဆ​သတ်​မိ​ခြင်း​သာ​ဖြစ်​၏။-
7 Deshalb gebiete ich dir: Aussondern sollst du dir drei Städte!
ထို​ကြောင့်​ငါ​သည်​သင်​တို့​အား​မြို့​သုံး​မြို့ ကို သီး​သန့်​သတ်​မှတ်​ထား​ရှိ​စေ​ခြင်း​ဖြစ် သည်။''
8 Erweitert der Herr, dein Gott, dein Gebiet, wie er deinen Vätern zugeschworen, und gibt er dir das ganze Land, das er deinen Vätern verheißen,
``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​၏​ဘိုး​ဘေး​တို့​အား​ကတိ​ထား​တော်​မူ သည့်​အ​တိုင်း သင်​တို့​၏​နယ်​ကျယ်​ပြန့်​လာ​ပြီး လျှင် ကတိ​ထား​တော်​မူ​သော​မြေ​အား​လုံး ကို​အ​ပိုင်​ရ​ရှိ​သော​အ​ခါ၊-
9 dann füge dir zu diesen dreien noch drei Städte, sofern du dies ganze Gesetz beachtest und tust, was ich dir heute gebiete, den Herrn, deinen Gott, allzeit zu lieben und in seinen Wegen zu wandeln!
ခို​လှုံ​ရာ​မြို့​သုံး​မြို့​ကို​ထပ်​မံ​၍​ရွေး​ချယ်​ရ မည်။ သင်​တို့​သည်​ငါ​ယ​ခု​မိန့်​မှာ​သ​မျှ​ကို သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ချစ် မြတ်​နိုး​လျက် ကိုယ်​တော်​၏​သွန်​သင်​ချက်​များ အ​တိုင်း​လိုက်​လျှောက်​လျှင် ထာ​ဝ​ရ​ဘု​ရား သည်​ထို​ပြည်​ကို​သင်​တို့​အား​ပေး​သ​နား တော်​မူ​လိမ့်​မည်။-
10 Daß in deinem Lande, das dir der Herr, dein Gott, zu eigen gibt, kein unschuldig Blut vergossen werde, und daß keine Blutschuld auf dir laste!
၁၀ဤ​နည်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား တော်​မူ​မည့်​ပြည်​တွင် အ​ပြစ်​မဲ့​သူ​များ​အသက် မ​ဆုံး​ရ။ သင်​တို့​သည်​လည်း​အ​ပြစ်​မဲ့​သူ​များ ကို သေ​စေ​သည့်​အ​ပြစ်​ကူး​လွန်​မိ​မည်​မ​ဟုတ်။''
11 Haßt aber jemand seinen Nächsten, lauert er ihm auf, überfällt ihn und schlägt ihn, daß er stirbt, und flieht er in eine dieser Städte,
၁၁``သို့​ရာ​တွင်​လူ​တစ်​ယောက်​သည် ရန်​သူ​ကို​အငြိုး ထား​၍​ချောင်း​မြောင်း​သတ်​ဖြတ်​ပြီး​လျှင် ထို​မြို့ တစ်​မြို့​သို့​ထွက်​ပြေး​ခို​လှုံ​သည့်​အ​ခါ​၌​မူ ကား၊-
12 dann sollen die Ältesten seiner Stadt ihn von dort abholen und dem Bluträcher ausliefern, damit er sterbe!
၁၂သူ​နေ​ရင်း​မြို့​မှ​အ​ကြီး​အ​ကဲ​တို့​သည်​သူ့ အား​ခေါ်​ဆောင်​စေ​ပြီး​လျှင် သေ​ဒဏ်​ခတ်​ရန် သေ​သူ​အ​တွက်​လက်​စား​ချေ​မည့်​သူ​လက် သို့​အပ်​ရ​မည်။-
13 Dein Auge soll kein Mitleid mit ihm kennen: Schaffe des Unschuldigen Blut aus Israel, damit es dir wohlergehe!
၁၃သူ့​အား​မ​သ​နား​မ​ညှာ​တာ​ရ။ သင်​တို့​သည် အေး​ချမ်း​စွာ​နေ​ထိုင်​နိုင်​ရန် ဣ​သ​ရေ​လ​လူ မျိုး​ထဲ​မှ​ထို​လူ​သတ်​သ​မား​ကို​ဖယ်​ရှား​ပစ် ရ​မည်။''
14 Verrücken sollst du nicht deines Nächsten Grenzen, die die Vorfahren gezogen, auf deinem Besitze, den du bekommst in dem Lande, das dir der Herr, dein Gott, zu eigen gibt!
၁၄``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​တွင် ရှေး​အ​ခါ က​စိုက်​ထား​သည့်​သင်​၏​အိမ်​နီး​ချင်း​ပိုင် မြေ​မှတ်​တိုင်​ကို​မ​ရွှေ့​ရ။''
15 Ein Zeuge allein darf nicht gegen jemanden auftreten bei einem Verbrechen oder einem Vergehen oder bei einer Verfehlung, die er tut! Erst auf die Aussage zweier oder dreier Zeugen wird eine Sache bestätigt.
၁၅``သက်​သေ​တစ်​ဦး​တည်း​၏​ထွက်​ဆို​ချက်​ဖြင့် လူ​တစ်​ယောက်​အား ပြစ်​မှု​ကူး​လွန်​သည်​ဟု မ​စီ​ရင်​ရ။ အ​နည်း​ဆုံး​သက်​သေ​နှစ်​ဦး​ရှိ မှ​လူ​တစ်​ယောက်​အား အ​ပြစ်​ရှိ​သည်​ဟု ဆုံး​ဖြတ်​ရ​မည်။-
16 Tritt ein frevelhafter Kläger gegen jemanden auf, ihn fälschlich anzuklagen,
၁၆တစ်​စုံ​တစ်​ယောက်​သော​သူ​သည် အ​ခြား​သူ တစ်​ယောက်​အား​ပြစ်​မှု​ကူး​လွန်​သည်​ဟူ ၍​မ​တ​ရား​စွပ်​စွဲ​လျှင်၊-
17 dann sollen die beiden streitenden Männer hintreten vor den Herrn, die Priester und die Richter, die in jenen Tagen da sind!
၁၇ထို​သူ​နှစ်​ဦး​တို့​သည် တစ်​ခု​တည်း​သော​ကိုး ကွယ်​ရာ​ဌာ​န​၌​တာ​ဝန်​ကျ​ယဇ်​ပု​ရော​ဟိတ် များ​နှင့် တ​ရား​သူ​ကြီး​များ​ထံ​တွင်​အ​စစ် ခံ​ရ​မည်။-
18 Die Richter sollen genau nachforschen! Ist der Kläger ein lügnerischer Kläger, der Lügen gegen seinen Bruder aussagt,
၁၈တ​ရား​သူ​ကြီး​တို့​သည်​အ​မှု​ကို​စေ့​စပ်​စွာ စစ်​ဆေး​၍ ထို​သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ချင်း​အား မ​တ​ရား​စွပ်​စွဲ​ကြောင်း​စစ် ဆေး​တွေ့​ရှိ​ရ​လျှင်၊-
19 dann tut ihm, was er seinem Bruder zu tun gedacht! So tilge das Böse aus deiner Mitte!
၁၉အ​စွပ်​စွဲ​ခံ​ရ​သူ​ခံ​ရ​မည့်​အ​ပြစ်​ဒဏ်​ကို​သူ့ အား​ခံ​စေ​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သင်​တို့​သည် ထို​သို့​သော​ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင်​ကြ​မည်။-
20 Dann hören es die übrigen, fürchten sich und tun fortan nicht mehr so Schlimmes in deiner Mitte.
၂၀လူ​အ​ပေါင်း​တို့​သည်​ထို​သတင်း​ကို​ကြား​ရ သ​ဖြင့် ကြောက်​ရွံ့​၍​နောင်​အ​ခါ​ထို​သို့​သော ဒု​စ​ရိုက်​ကို​ပြု​လုပ်​ဝံ့​ကြ​မည်​မ​ဟုတ်။-
21 Dein Auge soll kein Erbarmen kennen! Person um Person! Aug' um Aug'! Zahn um Zahn! Hand um Hand! Fuß um Fuß!"
၂၁ယင်း​သို့​သော​အ​မှု​များ​ကို​စီ​ရင်​ရာ​၌​သ​နား ညှာ​တာ​မှု​မ​ရှိ​စေ​ရ။ သူ​တစ်​ပါး​အ​သက်​ကို သတ်​လျှင် သေ​စား​သေ​စေ။ မျက်​စိ​ကို​ဖျက်​လျှင် မျက်​စိ​ဖျက်​ခံ​စေ။ သွား​ကို​ချိုး​လျှင်​သွား​ချိုး ခံ​စေ။ လက်​ကို​ချိုး​လျှင်​လက်​ချိုး​ခံ​စေ။ ခြေ ကို​ချိုး​လျှင်​ခြေ​ချိုး​ခံ​စေ။''

< 5 Mose 19 >