< 2 Koenige 4 >

1 Eines von den Weibern der Prophetensöhne aber schrie Elisäus also an: "Dein Sklave, mein Mann, ist gestorben. Du selbst weißt, daß dein Sklave den Herrn gefürchtet hat. Nun kommt der Gläubiger und will sich meine beiden Knaben zu Sklaven nehmen."
ပ​ရော​ဖက်​တစ်​ဦး​၏​မု​ဆိုး​မ​တစ်​ယောက်​သည် ဧ​လိ​ရှဲ​ထံ​လာ​၍``အ​ရှင်၊ ကျွန်​မ​၏​ခင်​ပွန်း သေ​ဆုံး​ပါ​ပြီ။ အ​ရှင်​သိ​သည့်​အ​တိုင်း​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​သူ​ဖြစ် ပါ​၏။ သို့​ရာ​တွင်​သူ​၏​ကြွေး​ရှင်​သည်​ကျွန်​မ ၏​သား​နှစ်​ယောက်​အား ဖခင်​၏​အ​ကြွေး​အ​တွက် ကျွန်​ခံ​စေ​ရန်​လာ​၍​ခေါ်​နေ​ပါ​သည်'' ဟု​ပြော​၏။
2 Da fragte sie Elisäus: "Was soll ich für dich tun? Sag mir: Was hast du im Haus?" Sie sprach: "Deine Sklavin hat nichts im Haus als einen Krug Öl."
ဧ​လိ​ရှဲ​က``သင်​၏​အ​တွက် ငါ​အ​ဘယ်​သို့​ပြု​ရ ပါ​မည်​နည်း။ သင်​၏​အိမ်​တွင်​အ​ဘယ်​ပစ္စည်း​ဥစ္စာ ရှိ​ပါ​သ​နည်း။ ငါ့​အား​ပြော​လော့'' ဟု​ဆို​၏။ မု​ဆိုး​မ​က``သံ​လွင်​ဆီ​အိုး​က​လေး​တစ်​လုံး မှ​တစ်​ပါး အခြား​အ​ဘယ်​အ​ရာ​မျှ​မ​ရှိ​ပါ'' ဟု​ဖြေ​ကြား​၏။
3 Da sprach er: "Auf! Borge dir Gefäße draußen, von all deinen Nachbarn leere Gefäße, aber nicht zuwenig!
ဧ​လိ​ရှဲ​က``သင်​၏​အိမ်​နီး​ချင်း​များ​ထံ​သို့ သွား​၍ အိုး​လွတ်​ရ​နိုင်​သ​မျှ​ကို​ငှား​ရမ်း​လော့။-
4 Dann gehe hinein! Schließ die Tür hinter dir und deinen Söhnen und gieß in alle diese Gefäße ein! Ist eines voll, dann stelle es beiseite!"
ထို​နောက်​သင်​နှင့်​သင်​၏​သား​တို့​သည် အိမ်​ထဲ​သို့ ဝင်​၍​တံ​ခါး​ကို​ပိတ်​ပြီး​လျှင် ငှား​ရမ်း​ထား​သည့် အိုး​များ​ပြည့်​အောင်​ဆီ​ကို​လောင်း​ထည့်​ကြ​လော့။ ဆီ​ပြည့်​သည်​နှင့်​တစ်​ပြိုင်​နက် တစ်​အိုး​ပြီး​တစ် အိုး​ဖယ်​၍​ထား​ကြ​လော့'' ဟု​ဆို​၏။
5 Sie ging von ihm weg. Dann schloß sie die Tür hinter sich und ihren Söhnen. Sie reichten ihr zu, und sie goß ein.
သို့​ဖြစ်​၍​ထို​မု​ဆိုး​မ​သည် မိ​မိ​၏​သား​များ​ကို ခေါ်​၍ အိမ်​ထဲ​သို့​ဝင်​ကာ​တံ​ခါး​ကို​ပိတ်​ပြီး​လျှင် သူ​၏​သား​များ​ယူ​ဆောင်​လာ​သော​အိုး​များ ထဲ​သို့​ဆီ​လောင်း​ထည့်​လေ​သည်။-
6 Als die Gefäße voll waren, sprach sie zu ihrem Sohn: "Reiche mir noch ein Gefäß!" Da sprach er zu ihr: "Es ist kein Gefäß mehr da." Da hörte das Öl zu fließen auf.
ထို​အိုး​များ​အား​လုံး​ဆီ​ပြည့်​သော​အ​ခါ မု​ဆိုး​မ​က``အိုး​လွတ်​ကျန်​သေး​သ​လော'' ဟု သား​တို့​အား​မေး​၏။ သား​တစ်​ယောက်​က``မ​ကျန် တော့​ပါ'' ဟု​ဆို​လိုက်​သည်​နှင့်​ဆီ​ထွက်​ရပ်​လေ​၏။-
7 Sie kam und meldete es dem Gottesmann. Er sprach: "Auf! Verkaufe das Öl und bezahle deinen Gläubiger! Vom übrigen magst du mit deinen Söhnen leben."
မု​ဆိုး​မ​သည်​ပ​ရော​ဖက်​ဧ​လိ​ရှဲ​ထံ​သို့​ပြန် လာ​သော​အ​ခါ ပ​ရော​ဖက်​က``ဆီ​ကို​ရောင်း​ချ​၍ အကြွေး​ရှိ​သ​မျှ​ကို​ဆပ်​ပြီး​နောက် ကျန်​ငွေ​ဖြင့် သင်​နှင့်​သား​များ​အ​သက်​မွေး​ကြ​လော့'' ဟု ပြော​၏။
8 Eines Tages nun ging Elisäus durch Sunem. Dort war eine reiche Frau. Sie nötigte ihn zu speisen. Sooft er dann vorüberkam, kehrte er dort zum Speisen ein.
တစ်​နေ့​သ​၌​ဧ​လိ​ရှဲ​သည်​ရှု​နင်​မြို့​သို့​သွား​၏။ ထို​မြို့​တွင်​ချမ်း​သာ​ကြွယ်​ဝ​သော​အ​မျိုး​သ​မီး တစ်​ဦး​ရှိ​၏။ သူ​သည်​ဧ​လိ​ရှဲ​အား​ဖိတ်​ခေါ်​၍ ကျွေး​မွေး​ဧည့်​ခံ​၏။ ထို​ကြောင့်​ထို​အ​ချိန်​မှ အ​စ​ပြု​၍​ဧ​လိ​ရှဲ​သည် ထို​မြို့​သို့​ရောက်​သည့် အ​ခါ​တိုင်း​ထို​အ​မျိုး​သ​မီး​၏​အိမ်​တွင်​စား သောက်​လေ​သည်။-
9 Da sprach sie zu ihrem Manne: "Ich merke, daß es ein heiliger Gottesmann ist, der stets bei uns vorüberkommt.
ထို​အ​မျိုး​သ​မီး​က​မိ​မိ​၏​ခင်​ပွန်း​အား``ကျွန်​မ တို့​၏​အိမ်​သို့​မ​ကြာ​ခ​ဏ​လာ​ရောက်​တတ်​သူ​သည် သန့်​ရှင်း​မြင့်​မြတ်​သူ​ဧ​ကန်​အ​မှန်​ဖြစ်​ကြောင်း ကျွန်​မ​သိ​ပါ​၏။-
10 Wir wollen ein kleines, ummauertes Obergemach bauen und ihm dort Bett, Tisch, Stuhl und Leuchter hineinstellen, damit er hier einkehre, wenn er zu uns kommt."
၁၀ကျွန်မ​တို့​သည်​အိမ်​မိုး​ပေါ်​တွင် အ​ခန်း​ငယ်​ကို​ပြု လုပ်​၍​ကု​တင်၊ စား​ပွဲ၊ ကု​လား​ထိုင်​နှင့်​မီး​ခွက်​တို့ ကို​ထား​လျှင် ထို​သူ​သည်​ကျွန်​မ​တို့​ထံ​သို့​ရောက် ရှိ​လာ​သည့်​အ​ခါ​တိုင်း ထို​အ​ခန်း​တွင်​တည်း​ခို နိုင်​ပါ​လိမ့်​မည်'' ဟု​ပြော​၏။
11 Eines Tages kam er dorthin. Er kehrte im Obergemach ein und legte sich darin nieder.
၁၁တစ်​နေ့​သ​၌​ဧ​လိ​ရှဲ​သည် ရှု​နင်​မြို့​သို့​ပြန်​လာ ပြီး​လျှင် နား​နေ​ရန်​မိ​မိ​၏​အ​ခန်း​သို့​သွား​၏။-
12 Dann sprach er zu seinem Diener Gechazi: "Ruf diese Sunamitin!" Da rief er sie, und sie trat vor ihn.
၁၂သူ​သည်​မိ​မိ​၏​အ​စေ​ခံ​ဂေ​ဟာ​ဇိ​အား အိမ်​ရှင် အ​မျိုး​သ​မီး​ကို​အ​ခေါ်​ခိုင်း​လေ​သည်။ ထို အ​မျိုး​သ​မီး​ရောက်​ရှိ​လာ​သော​အ​ခါ၊-
13 Dann sprach er zu ihm: "Sag ihr doch: 'Du machst dir unseretwegen all diese Mühe! Was kann ich für dich tun? Brauchst du Fürsprache beim König oder beim Feldhauptmann?'" Da sprach sie: "Ich gehöre zum gewöhnlichen Volk."
၁၃ဂေ​ဟာ​ဇိ​အား``ဤ​အ​မျိုး​သ​မီး​သည် ငါ​တို့ အား​ဤ​မျှ​ဒုက္ခ​ခံ​၍​လုပ်​ကျွေး​ပြု​စု​သည့် အ​တွက် ငါ​တို့​အ​ဘယ်​သို့​ကျေး​ဇူး​တုံ့​ပြန် ရ​ပါ​မည်​နည်း။ သူ့​အား​မေး​ကြည့်​ပါ​လော့။ သူ​သည်​မိ​မိ​၏​အ​တွက်​ငါ့​အား​ဘု​ရင့်​ထံ တော်​သို့​သော်​လည်း​ကောင်း၊ တပ်​မ​တော်​ဗိုလ်​ချုပ် ထံ​သို့​သော်​လည်း​ကောင်း သွား​ရောက်​ပြော​ကြား ပေး​ရန်​အ​လို​ရှိ​ကောင်း​ရှိ​ပေ​လိမ့်​မည်'' ဟု ဆို​၏။ ထို​အ​ခါ​အ​မျိုး​သ​မီး​က``ကျွန်​မ​သည်​ဤ အ​ရပ်​တွင် ဆွေ​မျိုး​များ​နှင့်​နေ​ရ​သ​ဖြင့်​ကျွန်​မ မှာ​လို​လေ​သေး​မ​ရှိ​ပါ'' ဟု​ပြန်​ပြော​၏။
14 Da sprach er: "Aber was ist für sie zu tun?" Da sprach Gechazi: "Leider hat sie keinen Sohn, und ihr Mann ist alt."
၁၄ထို​နောက်​ဧ​လိ​ရှဲ​သည်​ဂေ​ဟာ​ဇိ​အား``ထို​အ​မျိုး သ​မီး​ကို ငါ​တို့​အ​ဘယ်​သို့​ကျေး​ဇူး​ပြု​ပါ​မည် နည်း'' ဟု​မေး​ပြန်​၏။ ဂေ​ဟာ​ဇိ​က``သူ​မှာ​သား​သ​မီး​မ​ရှိ​ပါ။ သူ​၏ ခင်​ပွန်း​သည်​လည်း​အို​မင်း​ပါ​ပြီ'' ဟု​ဆို​၏။
15 Da sprach er: "Ruf sie!" Da rief er sie, und sie trat in die Tür.
၁၅ဧ​လိ​ရှဲ​က``ထို​အ​မျိုး​သ​မီး​ကို ဤ​နေ​ရာ​သို့ ခေါ်​ခဲ့​လော့'' ဟု​အ​မိန့်​ရှိ​သည့်​အ​တိုင်း အ​မျိုး သ​မီး​သည်​လာ​၍​တံ​ခါးဝ​တွင်​ရပ်​လျက်​နေ​၏။-
16 Er sprach: "Zu dieser Frist zur entsprechenden Zeit wirst du einen Sohn herzen." Da sprach sie: "Ach nein, mein Herr! Gottesmann! Enttäusche nicht deine Sklavin!"
၁၆ထို​အ​ခါ​ဧ​လိ​ရှဲ​က``သင်​သည်​နောင်​နှစ်​ခါ ဤ​အ​ချိန်​၌​သား​ကို​ချီ​ပိုက်​ရ​လိမ့်​မည်'' ဟု​ပြော​၏။ အ​မျိုး​သ​မီး​က``အို အ​ရှင်၊ ကျွန်​မ​အား​လိမ် လည်​၍​မ​ပြော​ပါ​နှင့်။ အ​ရှင်​သည်​ဘု​ရား​သ​ခင် ၏​အ​စေ​ခံ​ဖြစ်​ပါ​၏'' ဟု​ပြန်​ပြော​၏။
17 Aber das Weib ward gesegnet und gebar einen Sohn in jener Frist zur entsprechenden Zeit, die ihr Elisäus angegeben hatte.
၁၇သို့​ရာ​တွင်​နောင်​တစ်​နှစ်​ဤ​အ​ချိန်​လောက်​၌ အ​မျိုး သ​မီး​သည်​သား​ယောကျာ်း​ကို​ဖွား​မြင်​လေ​သည်။
18 Der Knabe wuchs heran. Eines Tages ging er zu seinem Vater bei den Schnittern hinaus.
၁၈နှစ်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ကောက်​ရိတ်​ချိန် တစ်​ခု​သော​နံ​နက်​ခင်း​၌ သူ​ငယ်​သည်​လယ်​ထဲ တွင်​ကောက်​ရိတ်​သ​မား​များ​နှင့်​အ​တူ​ရှိ​သည့် ဖ​ခင်​ထံ​သို့​သွား​ရောက်​ပြီး​နောက်၊-
19 Da sagte er zu seiner Vater: "Mein Kopf! Mein Kopf!" Da sprach jener zum Diener: "Trag ihn zu seiner Mutter!"
၁၉ရုတ်​တ​ရက်``ခေါင်း​ကိုက်​သည်၊ ခေါင်း​ကိုက်​သည်၊'' ဟု ဆို​၏။ သို့​ဖြစ်​၍​ဖ​ခင်​သည် အ​စေ​ခံ​တစ်​ယောက်​အား``ဤ သူ​ငယ်​ကို​ချီ​၍​သူ​၏​မိ​ခင်​ထံ​သို့​ပို့​လော့'' ဟု အ​မိန့်​ပေး​၏။-
20 Da hob er ihn auf und brachte ihn seiner Mutter. Er saß auf ihrem Schoß bis zum Mittag. Dann starb er.
၂၀အ​စေ​ခံ​သည်​လည်း​သူ​ငယ်​ကို​ချီ​၍ သူ​၏​မိ​ခင် ထံ​သို့​ပို့​၏။ မိ​ခင်​သည်​သား​ငယ်​ကို​မွန်း​တည့်​ချိန် တိုင်​အောင် မိ​မိ​၏​ပေါင်​ပေါ်​တွင်​တင်​ထား​၏။ ထို အ​ချိန်​၌​သူ​ငယ်​သေ​ဆုံး​သွား​လေ​သည်။-
21 Sie ging hinauf und legte ihn auf das Bett des Gottesmannes, schloß hinter ihm zu und ging hinaus.
၂၁ထို့​ကြောင့်​မိ​ခင်​သည်​သူ့​ကို​ဧ​လိ​ရှဲ​၏​အ​ခန်း သို့​ပွေ့​ချီ​ကာ ကု​တင်​ပေါ်​မှာ​တင်​ပြီး​နောက် တံ​ခါး​ကို​ပိတ်​ထား​၏။-
22 Dann rief sie ihren Mann und sprach: "Schick mir doch einen der Diener mit einer Eselin! Ich will schnell zum Gottesmann und wieder zurück."
၂၂ထို​နောက်​မိ​မိ​၏​ခင်​ပွန်း​ကို​ခေါ်​၍``ပ​ရော​ဖက် ဧ​လိ​ရှဲ​ထံ​သို့​ကျွန်​မ​သွား​ရ​ပါ​မည်။ အ​စေ​ခံ တစ်​ယောက်​နှင့်​မြည်း​တစ်​ကောင်​ကို​ကျွန်​မ​ထံ သို့​စေ​လွှတ်​ပေး​ပါ'' ဟု​ပြော​၏။
23 Er sprach: "Weshalb willst du zu ihm? Heute ist doch weder Neumond noch Sabbat." Sie sagte: "Es hat nichts auf sich."
၂၃ခင်​ပွန်း​ဖြစ်​သူ​က``အ​ဘယ်​ကြောင့်​ယ​နေ့​သွား လို​ပါ​သ​နည်း။ ယ​နေ့​သည်​ဥ​ပုသ်​နေ့​မ​ဟုတ်။ လဆန်း​ပွဲ​နေ့​လည်း​မ​ဟုတ်'' ဟု​ဆို​၏။ ဇ​နီး​ဖြစ်​သူ​က``ယင်း​သို့​ပင်​မ​ဟုတ်​သော်​လည်း ကိစ္စ​မ​ရှိ​ပါ'' ဟု​ပြန်​ပြော​၏။-
24 So ließ sie die Eselin satteln und sprach zu ihrem Diener: "Treib immerfort an! Halt mich nicht im Reiten auf, bis ich es dir sage!"
၂၄ထို​နောက်​သူ​သည်​မြည်း​ကို​ကုန်း​နှီး​တင်​စေ​ပြီး လျှင် အ​စေ​ခံ​အား``မြည်း​ကို​အ​မြန်​ဆုံး​မောင်း နှင်​ပေး​ပါ။ ငါ​အ​မိန့်​မ​ပေး​ဘဲ​အ​သွား​မ​နှေး စေ​နှင့်'' ဟု​မှာ​ကြား​ထား​၏။-
25 So zog sie hin und kam zum Gottesmann auf den Berg Karmel. Als der Gottesmann sie von ferne sah, sprach er zu seinem Diener Gechazi. "Da ist ja die Sunamitin.
၂၅သို့​ဖြစ်​၍​အ​မျိုး​သ​မီး​သည်​ဧ​လိ​ရှဲ​ရှိ​ရာ ကာ​ရ မေ​လ​တောင်​ထိပ်​သို့​ထွက်​ခွာ​သွား​လေ​သည်။ သူ့​ကို​အ​ဝေး​မှ​လာ​နေ​သည်​ကို​ဧ​လိ​ရှဲ​မြင်​နေ သ​ဖြင့် မိ​မိ​၏​အ​စေ​ခံ​ဂေ​ဟာ​ဇိ​အား``ရှု​နင်​မြို့ သူ​လာ​နေ​ပါ​သည်​တ​ကား။-
26 Lauf ihr sogleich entgegen und frage sie: 'Geht es dir gut? Geht es deinem Manne gut? Geht es deinem Knaben gut?'" Sie sagte: "Alles wohl!"
၂၆သူ့​ထံ​သို့​အ​လျင်​အ​မြန်​သွား​၍`ကိုယ်​တိုင်​မာ ၏​လော၊ ခင်​ပွန်း​မာ​၏​လော၊ သား​ငယ်​မာ​၏​လော၊' ဟု​မေး​မြန်း​လော့'' ဟု​ဆို​၏။ အ​မျိုး​သ​မီး​သည်​ဂေ​ဟာ​ဇိ​အား``ကျန်း​မာ​ပါ သည်'' ဟု​ပြန်​ပြော​၏။-
27 Als sie aber zu dem Gottesmann auf den Berg kam, umfaßte sie seine Füße. Da trat Gechazi hinzu, sie wegzureißen. Da sprach der Gottesmann: "Laß sie! Ihr Gemüt ist bekümmert. Der Herr hat es mir verborgen und es mir nicht kundgetan."
၂၇သို့​ရာ​တွင်​ဧ​လိ​ရှဲ​ထံ​သို့​ရောက်​သော​အ​ခါ​ဦး ညွှတ်​ပျပ်​ဝပ်​ပြီး​လျှင် ဧ​လိ​ရှဲ​၏​ခြေ​ကို​ဖက်​၏။ ဂေ​ဟာ​ဇိ​သည်​အ​မျိုး​သ​မီး​အား​တွန်း​ဖယ်​မည် ပြု​သော​အ​ခါ ဧ​လိ​ရှဲ​က``သူ့​အား​ရှိ​စေ​တော့။ သူ​သည်​အ​လွန်​စိတ်​ဆင်း​ရဲ​လျက်​နေ​သည်​ကို မ​မြင်​သ​လော။ ဤ​အ​မှု​နှင့်​ပတ်​သက်​၍ ထာ​ဝရ ဘု​ရား​သည်​ငါ့​အား​ဖော်​ပြ​တော်​မ​မူ​ခဲ့'' ဟု ဆို​၏။
28 Sie fragte: "Habe ich meinen Herrn um einen Sohn gebeten? Habe ich nicht gesagt: 'Mach mir keine falschen Hoffnungen?'"
၂၈အ​မျိုး​သ​မီး​က``အ​ရှင်၊ ကျွန်​မ​သည်​အ​ရှင့်​ထံ တွင်​သား​ဆု​ကို​တောင်း​ပါ​သ​လော။`အ​ချည်း​နှီး ကျွန်​မ​မျှော်​လင့်​၍​မ​နေ​ပါ​ရ​စေ​နှင့်' ဟု​အ​ရှင့် အား​ပြော​ကြား​ခဲ့​သည်​မ​ဟုတ်​ပါ​လော'' ဟု ဆို​၏။
29 Da sprach er zu Gechazi: "Gürte deine Lenden! Nimm meinen Stab in deine Hand und gehe! Begegnest du jemand, dann grüß ihn nicht, und grüßt dich jemand, dank ihm nicht! Dann lege meinen Stab auf des Knaben Angesicht!"
၂၉ဧ​လိ​ရှဲ​သည်​ဂေ​ဟာ​ဇိ​၏​ဘက်​သို့​လှည့်​၍``ငါ ၏​တောင်​ဝှေး​ကို​ယူ​၍​အ​လျင်​အ​မြန်​သွား​လော့။ လမ်း​တွင်​မည်​သူ့​ကို​မျှ​နှုတ်​မ​ဆက်​နှင့်။ သင့်​အား နှုတ်​ဆက်​သူ​ရှိ​လျှင်​လည်း​ပြန်​၍​ဖြေ​မ​နေ​နှင့်။ အိမ်​သို့​အ​ရောက်​သွား​၍​သူ​ငယ်​၏​အ​ပေါ်​တွင် ငါ​၏​တောင်​ဝှေး​ကို​တင်​ထား​လော့'' ဟု​စေ​ခိုင်း လေ​သည်။
30 Da sprach die Mutter des Knaben: "So wahr der Herr lebt und du lebst! Ich lasse dich nicht." Da machte er sich auf und folgte ihr.
၃၀အ​မျိုး​သ​မီး​က​ဧ​လိ​ရှဲ​အား``အ​သက်​ရှင် တော်​မူ​သော​ထာ​ဝရ​ဘု​ရား​နှင့်​အ​ရှင်​၏​အ​ပေါ် တွင်​ကျွန်​မ​ထား​ရှိ​သော​ကျေး​ဇူး​သစ္စာ​ကို​တိုင် တည်​၍ အ​ရှင်​မ​ပါ​က​ကျွန်​မ​သွား​မည်​မ​ဟုတ် ပါ'' ဟု​ပြော​၏။ သို့​ဖြစ်​၍​ဧ​လိ​ရှဲ​သည်​ထ​၍ သူ​နှင့်​အ​တူ​လိုက်​သွား​လေ​သည်။-
31 Gechazi aber ging voraus und legte den Stab auf des Knaben Antlitz. Aber kein Laut kam, und nichts war zu bemerken. Da kehrte er um, ging ihm entgegen und meldete ihm: "Der Knabe ist nicht erwacht."
၃၁ဂေ​ဟာ​ဇိ​သည်​ရှေ့​မှ​သွား​နှင့်​ပြီး​လျှင်​ဧ​လိ​ရှဲ ၏​တောင်​ဝှေး​ကို​က​လေး​၏​အ​ပေါ်​တွင်​တင်​ထား​၏။ သို့​ရာ​တွင်​သူ​ငယ်​ထံ​မှ​အ​သံ​ကို​မ​ကြား​ရ။ အ​သက်​ရှင်​သည့်​လက္ခ​ဏာ​ကို​လည်း​မ​တွေ့​ရ သ​ဖြင့်​ဂေ​ဟာ​ဇိ​သည်​ဧ​လိ​ရှဲ​ကို​ပြန်​၍ ကြို​ဆို​ကာ``သူ​ငယ်​မ​နိုး​ပါ'' ဟု​ပြော​၏။
32 Elisäus kam nun in das Haus; da lag der Knabe tot auf seinem Bett.
၃၂ဧ​လိ​ရှဲ​သည်​အိမ်​သို့​ရောက်​သော​အ​ခါ​တစ်​ကိုယ် တည်း​အ​ခန်း​ထဲ​သို့​ဝင်​၍ ကု​တင်​ပေါ်​တွင်​သေ​နေ သော​သူ​ငယ်​ကို​တွေ့​လေ​၏။-
33 Er ging hinein, schloß die Tür hinter ihnen beiden und betete zum Herrn.
၃၃သူ​သည်​တံ​ခါး​ကို​ပိတ်​ပြီး​လျှင်​ထာ​ဝ​ရ​ဘု​ရား အား​ဆု​တောင်း​လေ​၏။-
34 Dann erhob er sich und legte sich auf das Kind, Mund auf Mund, Augen auf Augen und Hände auf Hände und streckte sich wieder über ihn. Da ward der Körper des Kindes warm.
၃၄ထို​နောက်​သူ​ငယ်​၏​အ​ပေါ်​တွင်​မှောက်​လျက်​နှုတ်​ချင်း၊ မျက်​စိ​ချင်း၊ လက်​ချင်း​ထပ်​၍​ထား​၏။ ယင်း​သို့ သူ​ငယ်​၏​အ​ပေါ်​တွင်​မှောက်​၍​နေ​သော​အ​ခါ သူ​ငယ်​၏​ကိုယ်​ခန္ဓာ​သည်​နွေး​စ​ပြု​လာ​၏။-
35 Dann ging er im Hause hin und her, stieg hinauf und streckte sich über ihn. Da nieste der Knabe siebenmal. Danach schlug der Knabe die Augen auf.
၃၅ဧ​လိ​ရှဲ​သည်​ထ​၍​အ​ခန်း​ထဲ​တွင်​စင်္ကြံ​လျှောက် ပြီး​နောက် သူ​ငယ်​၏​အ​ပေါ်​တွင်​တစ်​ဖန်​မှောက်​၍ နေ​ပြန်​၏။ သူ​ငယ်​သည်​ခု​နစ်​ကြိမ်​ချေ​ဆတ်​ပြီး နောက်​မျက်​စိ​ဖွင့်​၏။-
36 Da rief er Gechazi und sprach: "Rufe die Sunamitin herbei!" Er rief sie, und sie kam zu ihm. Da sprach er: "Nimm deinen Sohn!"
၃၆ဧ​လိ​ရှဲ​သည်​ဂေ​ဟာ​ဇိ​အား​သူ​ငယ်​၏​မိ​ခင်​ကို အ​ခေါ်​ခိုင်း​၏။ အ​မျိုး​သ​မီး​ရောက်​လာ​သော​အ​ခါ ဧ​လိ​ရှဲ​က​သူ့​အား``ဤ​မှာ​သင်​၏​သား'' ဟု​ဆို​၏။-
37 Da trat sie heran, fiel ihm zu Füßen und neigte sich bis zum Boden. Hierauf nahm sie ihren Sohn und ging hinaus.
၃၇အမျိုး​သ​မီး​သည်​ဧ​လိ​ရှဲ​၏​ခြေ​ရင်း​တွင်​ပျပ်​ဝပ် ပြီး​လျှင် မိ​မိ​၏​သား​ကို​ချီ​၍​ထွက်​ခွာ​သွား​လေ သည်။
38 Elisäus aber kehrte nach dem Gilgal zurück. Da ward im Lande eine Hungersnot. Die Prophetensöhne aber saßen vor ihm. Da sprach er zu seinem Diener: "Setze den größten Topf bei und koche für die Prophetensöhne Gemüse!"
၃၈အ​ခါ​တစ်​ပါး​၌​နိုင်​ငံ​တစ်​ဝှမ်း​လုံး​တွင် အ​စာ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ရောက်​နေ​ချိန် ၌ ဧ​လိ​ရှဲ​သည်​ဂိ​လ​ဂါ​လ​မြို့​သို့​ပြန်​လေ​သည်။ သူ​သည်​ပ​ရော​ဖက်​တစ်​စု​ကို​သွန်​သင်​လျက်​နေ စဉ် ထို​သူ​တို့​အ​တွက်​အိုး​ကြီး​တစ်​လုံး​ဖြင့် ဟင်း​ချက်​ရန် မိ​မိ​၏​အ​စေ​ခံ​အား​ပြော ကြား​၏။-
39 Da ging einer aufs Feld, Kräuter zu pflücken. Er fand einen Feldweinstock und pflückte Gurken, seinen Mantel voll. Er kam und schnitt sie in den Kochtopf. Er kannte sie aber nicht.
၃၉ပ​ရော​ဖက်​တစ်​ပါး​သည်​ဟင်း​သီး​ဟင်း​ရွက်​များ ခူး​ရန် လယ်​တော​သို့​သွား​ရာ​ဘူး​ပင်​ရိုင်း​တစ်​ပင် ကို​တွေ့​သ​ဖြင့် သယ်​နိုင်​သ​မျှ​သော​ဘူး​သီး​တို့ ကို​ခူး​ဆွတ်​ပြီး​သော် ဘူး​ရိုင်း​မှန်း​မ​သိ​ဘဲ​ခွဲ စိတ်​၍​ဟင်း​အိုး​တွင်​ခတ်​လေ​သည်။-
40 Dann schütteten sie es für die Männer zum Essen aus. Aber sobald sie von dem Gekochten aßen, schrien sie und riefen: "Im Topf ist der Tod, Gottesmann." Sie konnten es nicht essen.
၄၀ထို​ဟင်း​ကို​လူ​တို့​စား​သောက်​ရန်​လောင်း​ထည့် လိုက်​သော​အ​ခါ သူ​တို့​သည်​မြည်း​စမ်း​မိ​သည် နှင့်​တစ်​ပြိုင်​နက်​ဧ​လိ​ရှဲ​အား``ဤ​ဟင်း​တွင် အ​ဆိပ်​ခတ်​ထား​ပါ​သည်​တ​ကား'' ဟု​ဟစ် အော်​ကာ​မ​စား​ဘဲ​နေ​ကြ​၏။-
41 Er sprach:"Holt Mehl!" Dann warf er es in den Topf und sprach: "Schütte es den Leuten zum Essen hin!" Da war nichts Schlimmes mehr im Topf.
၄၁ဧ​လိ​ရှဲ​သည်​မုန့်​ညက်​အ​နည်း​ငယ်​ကို​တောင်း​ယူ ကာ​အိုး​ထဲ​သို့​ပစ်​ထည့်​လိုက်​၏။ ထို​နောက်``ဤ​သူ တို့​စား​သောက်​ရန်​လောင်း​ထည့်​လော့'' ဟု​ဆို​သည့် အ​တိုင်း​လောင်း​ထည့်​သော​အ​ခါ​အ​ဆိပ်​မ​ရှိ တော့​ချေ။
42 Nun kam ein Mann von Baal Salisa und brachte dem Gottesmann zwanzig Gerstenbrote als Erstlingsbrot und neues Getreide in der Tasche. Er sagte: "Gib es den Leuten zu essen!"
၄၂အ​ခြား​အ​ခါ​တစ်​ပါး​၌​လည်း​လူ​တစ်​ယောက်​သည် ထို​နှစ်​ပေါ်​မု​ယော​ကောက်​ဦး​နှင့်​လုပ်​သော​မုန့်​အ​လုံး နှစ်​ဆယ်​ကို​ဧ​လိ​ရှဲ​အ​တွက် ဗာ​လ​ရှ​လိ​ရှ​မြို့​မှ ယူ​ဆောင်​လာ​၏။ ဧ​လိ​ရှဲ​သည်​ပ​ရော​ဖက်​တို့​ကို ထို​အ​စား​အ​စာ​ဖြင့်​ဧည့်​ခံ​ရန်​မိ​မိ​၏​အ​စေ​ခံ အား​ပြော​၏။-
43 Da fragte sein Diener: "Wie kann ich dies hundert Mann vorlegen?" Er sprach: "Gib es den Leuten zu essen! Denn also spricht der Herr: 'Sie essen und lassen davon übrig.'"
၄၃သို့​ရာ​တွင်​အ​စေ​ခံ​က``လူ​တစ်​ရာ​ကို​ဤ​မျှ​လောက် နှင့်​ကျွေး​နိုင်​ပါ​မည်​လော'' ဟု​ဆို​၏။ ဧ​လိ​ရှဲ​က``ထို အ​စား​အ​စာ​ကို ဤ​သူ​တို့​ကို​ကျွေး​လော့။ ထာ​ဝရ ဘု​ရား​က`သူ​တို့​သည်​ဝ​စွာ​စား​ရ​ကြ​သည့်​အ​ပြင် စား​စ​ရာ​အ​ချို့​ပင်​ကျန်​ကြွင်း​လိမ့်​မည်' ဟု​မိန့် တော်​မူ​၏'' ဟု​ပြန်​ပြော​လေ​သည်။-
44 Da legte er es ihnen vor. Und sie aßen und ließen nach des Herrn Wort davon übrig.
၄၄သို့​ဖြစ်​၍​အ​စေ​ခံ​သည်​ပ​ရော​ဖက်​တို့​အား ထို အ​စား​အ​စာ​ကို​တည်​ခင်း​ကျွေး​မွေး​ရာ​ထာ​ဝ​ရ ဘု​ရား​ဗျာ​ဒိတ်​တော်​နှင့်​အ​ညီ ထို​သူ​တို့​အား လုံး​ဝ​စွာ​စား​ရ​ကြ​ပြီး​နောက်​စား​စ​ရာ အ​ချို့​ပင်​ကျန်​ကြွင်း​သေး​သည်။

< 2 Koenige 4 >