< Matthieu 5 >

1 Jésus, voyant la foule, alla sur la montagne; et, quand il se fut assis, ses disciples s'approchèrent de lui.
ထိုလူ အပေါင်းတို့ကို မြင် လျှင် ၊ ကိုယ်တော်သည် တောင် ပေါ်သို့ တက် ၍ ထိုင် တော်မူသောအခါ ၊ တပည့် တော်တို့သည် ကိုယ်တော် ရင်းသို့ ချဉ်းကပ် ကြ၏။
2 Alors, ouvrant la bouche, il se mit à les enseigner, en disant:
ထိုအခါ နှုတ် တော်ကိုဖွင့် ၍ တပည့် တော်တို့အား ဆုံးမ ဩဝါဒပေးတော်မူသည်မှာ၊
3 Heureux les pauvres en esprit; car le royaume des cieux est à eux!
စိတ် နှလုံးနှိမ့်ချ သောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ကောင်းကင် နိုင်ငံ တော်သည် ထိုသူ တို့၏နိုင်ငံဖြစ် ၏။
4 Heureux ceux qui pleurent; car ils seront consolés!
စိတ်မသာ ညည်းတွားသောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ထိုသူ တို့သည် သက်သာ ခြင်းသို့ရောက်ကြလတံ့။
5 Heureux les débonnaires; car ils hériteront la terre!
စိတ် နူးညံ့သိမ်မွေ့သောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ထိုသူ တို့သည် ပြည် တော်ကို အမွေ ခံရကြလတံ့။
6 Heureux ceux qui ont faim et soif de la justice; car ils seront rassasiés!
ဖြောင့်မတ် ခြင်းပါရမီကို ဆာငတ် ခင်မွတ် သောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ထိုသူ တို့သည်ဝပြော ခြင်းသို့ရောက်ကြလတံ့။
7 Heureux les miséricordieux; car ils obtiendront miséricorde!
သနားစုံမက် တတ်သောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ထိုသူ တို့သည် သနားစုံမက် ခြင်းကို ခံရကြလတံ့။
8 Heureux ceux qui ont le coeur pur; car ils verront Dieu!
စိတ် နှလုံးဖြူစင် သောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ထိုသူ တို့သည် ဘုရားသခင် ကို မြင် ရကြလတံ့။
9 Heureux ceux qui procurent la paix; ils seront appelés fils de Dieu!
သူတစ်ပါးချင်းခိုက်ရန် ပြုခြင်းကို ငြိမ်းစေတတ်သောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ထိုသူ တို့သည် ဘုရားသခင် ၏သား တော်ဟု ခေါ်ဝေါ် ခြင်းကိုခံရကြလတံ့။
10 Heureux ceux qui sont persécutés pour la justice; car le royaume des cieux est à eux!
၁၀ဖြောင့်မတ် ခြင်းတရားကြောင့် နှောင့်ရှက် ညှဉ်းဆဲခြင်းကို ခံရသောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ကောင်းကင် နိုင်ငံ တော်သည် ထိုသူ တို့၏နိုင်ငံဖြစ် ၏။
11 Vous serez heureux, lorsqu'on vous outragera, qu'on vous persécutera, et qu'on dira faussement contre vous toute sorte de mal à cause de moi.
၁၁ငါ့ ကြောင့် သင် တို့ကို ကဲ့ရဲ့ ညှဉ်းဆဲ၍ မမှန် ဘဲလျက် အပြစ် တကာ တင်ကြသောအခါ ၊ သင်တို့သည် မင်္ဂလာ ရှိ ကြ၏။
12 Réjouissez-vous et tressaillez de joie, parce que votre récompense sera grande dans les cieux; car c'est ainsi qu'on a persécuté les prophètes qui sont venus avant vous.
၁၂ဝမ်းမြောက် ရွှင်မြူး ခြင်းရှိကြလော့။ အကြောင်းမူကား ၊ ကောင်းကင် ဘုံ၌ သင် တို့၏အကျိုး သည် ကြီးလှ ပေ၏။ သင် တို့ရှေ့ ကပေါ်ထွန်းသော ပရောဖက် တို့ကို ထိုနည်းတူ ညှဉ်းဆဲ ကြပြီ။
13 Vous êtes le sel de la terre; mais, si le sel perd sa saveur, avec quoi la lui rendra-t-on? Il n'est plus bon qu'à être jeté dehors et foulé aux pieds par les hommes.
၁၃သင် တို့သည် ဤလောက ၏ဆား ဖြစ် ကြ၏။ ဆား မူကား ၊ အငန် ကင်းပျောက်လျှင် ငန် သောအရသာကို အဘယ်သို့ ရပြန်မည်နည်း။ ပြင် သို့ပစ် လိုက်၍ ကျော်နင်း ခြင်းမှတစ်ပါး အဘယ် အသုံး မျှမ ဝင်။
14 Vous êtes la lumière du monde: une ville située sur une montagne ne peut être cachée,
၁၄သင် တို့သည် ဤလောက ၏ အလင်း ဖြစ် ကြ၏။ တောင် ထိပ်၌တည် သောမြို့ ကို မ ကွယ် နိုင် ။
15 et on n'allume pas une lampe pour la mettre sous le boisseau; mais on la met sur un support, et elle éclaire tous ceux qui sont dans la maison.
၁၅ဆီမီး ထွန်း ၍ တောင်း ဇလားအောက် ၌ ဖုံးထားလေ့မ ရှိ။ အိမ်သူ အိမ်သားအပေါင်း တို့သည် အလင်း ကို ရစေခြင်းငှာ ဆီမီးခုံ ပေါ်မှာ တင်ထားလေ့ရှိ၏။
16 Que votre lumière luise ainsi devant les hommes, afin qu'ils voient vos bonnes oeuvres, et qu'ils glorifient votre Père qui est dans les cieux.
၁၆ထိုနည်းတူ ၊ သူတစ်ပါးတို့သည် သင် တို့၏ကောင်း သောအကျင့် ကိုမြင် ၍၊ ကောင်းကင် ဘုံ၌ ရှိတော်မူသောသင် တို့အဘ ၏ဂုဏ် တော်ကို ချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါး ရှေ့ ၌ သင် တို့အလင်း ကို လင်း စေကြလော့။
17 Ne pensez pas que je sois venu abolir la loi ou les prophètes: je suis venu, non pour abolir, mais pour accomplir.
၁၇ပညတ္တိ ကျမ်း၊ အနာဂတ္တိ ကျမ်းများကို ဖျက်ပယ် ခြင်းငှာငါလာ သည်ဟု မ ထင် ကြနှင့်။ ဖျက်ပယ် ခြင်းငှာငါလာ သည်မ ဟုတ်။ ပြည့်စုံ စေခြင်းငှာငါလာသတည်း။
18 En effet, je vous le dis en vérité, avant que le ciel et la terre aient passé, il ne passera de la loi ni un iota ni un trait de lettre, jusqu'à ce que tout soit accompli.
၁၈ငါအမှန် ဆို သည်ကား၊ ကောင်းကင် နှင့် မြေကြီး မ ပျက်စီး မှီတိုင်အောင်၊ ပညတ္တိ ကျမ်း၌ အငယ်ဆုံး သော စာလုံး ဗိန္ဓု တစ်လုံးမျှ ပြည့်စုံ ခြင်းသို့ မ ရောက်မှီ မ ပျက်စီး ရ။
19 Celui donc qui violera l'un de ces plus petits commandements, et qui enseignera aux hommes à les violer, sera appelé le plus petit dans le royaume des cieux; mais celui qui les observera et qui les enseignera, celui-là sera appelé grand dans le royaume des cieux!
၁၉ထိုကြောင့် အကြင်သူ သည်၊ အငယ်ဆုံး သောပညတ် တစ်ခု ကို ကိုယ်တိုင်လွန်ကျူး ၍ သူတစ်ပါး တို့အားလည်း ထိုအတူ သွန်သင် ၏။ ထိုသူသည် ကောင်းကင် နိုင်ငံ တော်၌ အငယ်ဆုံး သောသူဖြစ် လိမ့်မည်။ အကြင်သူ သည် ကိုယ်တိုင်ကျင့် ၍ သူတစ်ပါး တို့အားလည်း သွန်သင် ၏။
20 Car je vous dis que si votre justice ne surpasse pas celle des scribes et des pharisiens, vous n'entrerez point dans le royaume des cieux.
၂၀ထိုသူ သည် ကောင်းကင် နိုင်ငံ တော်၌ ကြီး သောသူဖြစ် လိမ့်မည်။ သင် တို့ကျင့်သောအကျင့်သည် ဖာရိရှဲ တို့နှင့် ကျမ်းပြု ဆရာတို့ကျင့်သောအကျင့်ထက် မ လွန်မသာလျှင်၊ သင်တို့သည် ကောင်းကင် နိုင်ငံ တော်သို့ မ ဝင် ရကြဟုငါအမှန်ဆို ၏။
21 Vous avez entendu qu'il a été dit aux anciens: «Tu ne tueras point»; et: «Celui qui aura tué sera jugé par le tribunal»
၂၁လူ အသက်ကို မ သတ်ရ။ သတ် သောသူ သည် ရုံး၌အပြစ် စီရင်ခြင်းကို ခံထိုက် ပေ၏ဟူသော ရှေး ပညတ် စကားကို သင်တို့ကြား ရပြီ။
22 Mais moi, je vous dis: Quiconque se met en colère contre son frère, sera jugé par le tribunal. Celui qui dira à son frère: Raca, sera jugé par le Sanhédrin; et celui qui lui dira: Fou, sera passible de la géhenne du feu. (Geenna g1067)
၂၂ငါ ပညတ် သည်ကား ၊ ညီအစ်ကို ကို အထောက်မတန်အမျက်ထွက် သောသူ သည် ရုံး၌အပြစ် စီရင်ခြင်းကို ခံထိုက် ပေ၏။ ညီအစ်ကို ကိုကဲ့ရဲ့ သောသူ သည် လွှတ်တော် ၌ အပြစ်စီရင်ခြင်းကို ခံထိုက် ပေ၏။ ညီအစ်ကိုကိုကျိန်ဆဲ သောသူ သည် ဂေဟင်္နာ အရပ်၌ မီးရှို့ ခြင်းကို ခံထိုက် ပေ၏။ (Geenna g1067)
23 — Si donc tu apportes ton offrande à l'autel, et que là tu te souviennes que ton frère a quelque chose contre toi,
၂၃ထိုကြောင့် သင် သည်ပူဇော် သက္ကာကို ယဇ်ပလ္လင် သို့ ဆောင်ယူ ခဲ့လျက် သင် ၏ညီအစ်ကို သည် သင် ၌ အပြစ်တင် ခွင့်တစ်စုံတစ်ခု ရှိ သည်ဟု အောက်မေ့ သတိရလျှင် ၊ ယဇ်ပလ္လင် ရှေ့ မှာ ပူဇော် သက္ကာကိုထား၍သွား လော့။
24 laisse là ton offrande devant l'autel, et va premièrement te réconcilier avec ton frère; après cela, viens et présente ton offrande.
၂၄ညီအစ်ကို နှင့် သင့်တင့် ပြီးမှ ပြန် ၍ ပူဇော် သက္ကာကို တင် လော့။
25 Accorde-toi au plus tôt avec, ton adversaire, pendant que tu es en chemin avec lui, de peur qu'il ne te livre au juge, que le juge ne te livre au sergent, et que tu ne sois mis en prison.
၂၅တရားတွေ့ဘက် နှင့်အတူ လမ်း ၌ သွားစဉ် တွင်ပင်၊ သူ ၏စိတ် ကို ပြေစေခြင်းငှာ အလျင်အမြန် ပြုလော့။ သို့မဟုတ် တရားတွေ့ဘက် သည် တရားသူကြီး ၌ အပ် မည်။ တရားသူကြီး သည်လည်း လုလင် ခေါင်း၌ အပ်၍ ထောင် ထဲ၌ လှောင် ထားမည်။
26 En vérité, je te le dis, tu ne sortiras pas de là, que tu n'aies payé jusqu'à la dernière obole.
၂၆လျော်ပြစ်ငွေ ရှိသမျှ ကို မ လျော် မှီတိုင်အောင် ထောင်ထဲကမ ထွက် ရဟု ငါအမှန် ဆို ၏။
27 Vous avez entendu qu'il a été dit: «Tu ne commettras point d'adultère.»
၂၇သူ့ မယားကို မ ပြစ်မှားရဟူသော ရှေး ပညတ်စကားကို သင်တို့ကြား ရပြီ။
28 Mais moi, je vous dis: Quiconque jette sur une femme un regard de convoitise, a déjà commis l'adultère avec elle dans son coeur.
၂၈ငါ ပညတ် သည်ကား ကိလေသာ စိတ်နှင့် သူ့မယား ကိုကြည့်ရှု သောသူ သည် စိတ် နှလုံးထဲ၌ ထိုမိန်းမ နှင့်ပြစ်မှား ပြီ ။
29 Si donc ton oeil droit te fait tomber dans le péché, arrache-le et jette-le loin de toi; car il vaut mieux pour toi qu'un de tes membres périsse, que si tout ton corps était jeté dans la géhenne. (Geenna g1067)
၂၉ထိုကြောင့် လက်ျာ မျက်စိ ဖြစ်သော်လည်း သင့် ကိုမှားယွင်း စေလျှင် ထိုမျက်စိ ကိုထုတ်ပစ် လော့။ တစ်ကိုယ်လုံး ငရဲ သို့ ချ ခြင်းကိုခံရသည်ထက် အင်္ဂါ တစ်ခုပျက် သော် သာ၍ကောင်း ၏။ (Geenna g1067)
30 Si ta main droite te fait tomber dans le péché, coupe-la et jette-la loin de toi; car il vaut mieux pour toi qu'un de tes membres périsse, que si tout ton corps allait dans la géhenne. (Geenna g1067)
၃၀ထိုနည်းတူ လက်ျာ လက် ဖြစ်သော်လည်း သင့် ကိုမှားယွင်း စေလျှင် ထိုလက် ကိုဖြတ်ပစ် လော့။ တစ်ကိုယ်လုံး ငရဲ သို့ ချ ခြင်းကို ခံရသည်ထက် အင်္ဂါ တစ်ခု သာပျက် သော်သာ၍ကောင်း ၏။ (Geenna g1067)
31 Il a été dit: «Si quelqu'un répudie sa femme, qu'il lui donne une lettre de divorce.»
၃၁တစ်ဖန်တုံ ၊ မယား နှင့်ကွာ လိုလျှင် ဖြတ်စာ ကို အပ်ပေး စေဟူသော ပညတ် စကားရှိပြီ။
32 Mais moi, je vous dis: Quiconque répudie sa femme, si ce n'est pour cause d'inconduite, l'expose à devenir adultère; et quiconque aura épousé une femme répudiée, commet un adultère.
၃၂ငါ ပညတ် သည်ကား၊ မှားယွင်း ခြင်းအကြောင်း မှတပါး အခြားသောအကြောင်းဖြင့် မိမိ မယား နှင့်ကွာ သောသူ သည် မိမိမယား ကိုမှားယွင်း စေ၏။ ကွာ သောမိန်းမနှင့်စုံဘက် ခြင်းကိုပြုသောသူ သည်လည်း သူ့ မယားကိုပြစ်မှား၏။
33 Vous avez encore entendu qu'il a été dit aux anciens: «Tu ne te parjureras point; mais tu t'acquitteras envers le Seigneur de tes serments.»
၃၃တစ်ဖန်တုံ ၊ မဟုတ်မမှန်ဘဲလျက် ကျိန်ဆို ခြင်းကိုမ ပြုရ။ ကျိန်ဆို ခြင်းကို ပြုသည်အတိုင်းထာဝရ ဘုရား ရှေ့တော်၌ တည်စေလော့ဟူသော ရှေး ပညတ် စကားကို သင်တို့ကြား ရပြီ။
34 Mais moi, je vous dis de ne point jurer du tout: ni par le ciel, car c'est le trône de Dieu;
၃၄ငါ ပညတ် သည်ကား ၊ ကျိန်ဆို ခြင်းကို အလျင်း မ ပြုရ။ ကောင်းကင် ဘုံကို တိုင်တည်၍မ ကျိန်ရ။ ကောင်းကင်ဘုံကား ဘုရားသခင် ၏ ပလ္လင် တော်ဖြစ် သတည်း။
35 ni par la terre, car c'est son marchepied; ni par Jérusalem, car c'est la ville du grand Roi.
၃၅မြေကြီး ကို တိုင်တည်၍မ ကျိန်ရ။ မြေကြီးကား ဘုရားသခင် ၏ခြေ တော်တင် ရာခုံဖြစ် သတည်း။ ယေရုရှလင် မြို့ကို တိုင်တည်၍မ ကျိန်ရ။ မဟာ မင်းကြီး ၏မြို့ တော် ဖြစ် သတည်း။
36 Ne jure pas non plus par ta tête, car tu ne peux rendre un seul de tes cheveux blanc ou noir.
၃၆ဆံခြည် တစ် ပင်ကိုမျှ ဖြူ စေခြင်း၊ မည်း စေခြင်းငှာ မ တတ်နိုင် သော်၊ ကိုယ် ဦးခေါင်း ကိုတိုင်တည်၍ မ ကျိန် ရ။
37 Mais que votre parole soit: oui, oui; non, non. Ce qu'on dit de plus vient du Malin.
၃၇သင် ၏စကား မှာ ဟုတ် သည်ကိုအဟုတ် ၊ မ ဟုတ်သည်ကို မ ဟုတ်ဖြစ် စေလော့။ ဤ ထက်လွန် သော စကားသည် မကောင်း သောအရာနှင့်စပ်ဆိုင်ပေ ၏။
38 Vous avez entendu qu'il a été dit; «Oeil pour oeil, et dent pour dent.»
၃၈သူ့မျက်စိ ကိုဖျက်လျှင် ကိုယ်မျက်စိ ဖျက်ခြင်းကိုခံစေ။ သူ့သွား ကိုချိုးလျှင် ကိုယ်သွား ချိုးခြင်းကို ခံစေ ဟူသော ပညတ် စကားကို သင်တို့ကြား ရပြီ။
39 Mais moi, je vous dis de ne pas résister au méchant. Au contraire, si quelqu'un te frappe à la joue droite, présente-lui aussi l'autre.
၃၉ငါ ပညတ် သည်ကား ၊ နှောင့်ရှက် သောသူ ကို မ ဆီး မတားနှင့်။ သင် ၏ပါး တစ်ဘက်ကို သူတစ်ပါး ပုတ် လျှင် ပါးတစ်ဘက် ကို လှည့် ၍ပေးဦးလော့။
40 Si quelqu'un veut plaider contre toi pour t'enlever ta tunique, laisse-lui encore le manteau;
၄၀သင့် အင်္ကျီ ကိုယူလို ၍ တရား တွေ့သောသူ အား သင့် ဝတ်လုံ ကိုလည်း ယူ စေခြင်းငှာအခွင့် ပေးဦးလော့။
41 et si quelqu'un veut te contraindre de faire un mille avec lui, fais-en deux.
၄၁အကြင်သူ သည် သင့် ကိုအနိုင်ပြု ၍ ခရီးတစ် တိုင် သွားစေ၏။ ထိုသူ နှင့်တကွ နှစ် တိုင်သွား ဦးလော့။
42 Donne à celui qui te demande, et ne te détourne pas de celui qui veut emprunter de toi.
၄၂တောင်း သောသူ အားပေး လော့။ ချေးငှား လို သောသူ ကိုလည်း မ ငြင်း မပယ်နှင့်။
43 Vous avez entendu qu'il a été dit: «Tu aimeras ton prochain», et tu haïras ton ennemi.
၄၃ကိုယ် နှင့်စပ်ဆိုင် သောသူ ကို ချစ် လော့။ ရန်သူ ကိုမုန်း လော့ဟူသောပညတ် စကားကို သင်တို့ ကြား ရပြီ။
44 Mais moi, je vous dis: Aimez vos ennemis, et priez pour ceux qui vous persécutent,
၄၄ငါ ပညတ် သည်ကား ၊ သင်တို့သည် ကောင်းကင် ဘုံ၌ ရှိတော်မူသော သင် တို့အဘ ၏ သား ဖြစ် လိုသောငှာ ။ သင် တို့၏ရန်သူ တို့ကို ချစ် ကြလော့။ သင် တို့ကိုကျိန်ဆဲ သောသူ တို့အား မေတ္တာပို့ ကြလော့။ သင်တို့ကို မုန်း သော သူ တို့အား ကျေးဇူးပြု ကြလော့။ သင်တို့ကို နှောင့်ရှက် ညှဉ်းဆဲ သောသူ တို့ အဘို့ ဘုရားသခင် ကို ဆုတောင်း ကြလော့။
45 afin que vous soyez les fils de votre Père qui est dans les cieux; car il fait lever son soleil sur les méchants et sur les bons, et il fait pleuvoir sur les justes et sur les injustes.
၄၅အကြောင်းမူကား ၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည်၊ ကောင်း သောသူမကောင်း သောသူတို့အပေါ် ၌ ကိုယ်တော် ၏နေ ကို ထွက် စေတော်မူ၏။ ဖြောင့်မတ် သောသူ မ ဖြောင့်မတ်သောသူတို့ အပေါ် ၌မိုဃ်း ကို ရွာစေတော်မူ၏။
46 Si vous n'aimez que ceux qui vous aiment, quelle récompense en aurez-vous? Les péagers n'en font-ils pas autant?
၄၆သင် တို့ကို ချစ် သောသူ တို့အားသာချစ်တုံ့ပြု လျှင် အဘယ် ကျေးဇူး တင် သနည်း။ အခွန်ခံ သူတို့ပင် ဤမျှလောက်ပြု ကြသည် မ ဟုတ်လော။
47 Et si vous ne faites accueil qu'à vos frères, que faites-vous d'extraordinaire? Les Païens même n'en font-ils pas autant?
၄၇အဆွေအမျိုး တို့အားသာ လောကဝတ် ပြုလျှင် အဘယ်သို့ ထူးမြတ် သနည်း။ သာသနာပ လူတို့ပင် ထိုအတူ ပြု ကြသည်မ ဟုတ်လော။
48 Soyez donc parfaits, comme votre Père céleste est parfait.
၄၈ထို့ကြောင့် ကောင်းကင် ဘုံ၌ ရှိတော်မူသော သင် တို့အဘ သည် စုံလင် တော်မူသည်နည်းတူ သင် တို့သည်လည်း စုံလင် ခြင်းရှိ ကြလော့။

< Matthieu 5 >