< Esdras 8 >

1 Et voici leurs Chefs de maisons patriarcales, et leur généalogie, de ceux qui partirent avec moi, sous le règne du roi Arthaehsastha, de Babel:
အာတဇေရဇ်မင်းကြီးလက်ထက်၌၊ ငါနှင့်အတူ ဗာဗုလုန်မြို့မှ ထွက်သွားသောသူ အဆွေအမျိုးသူကြီးတို့ ၏ သားစဉ်မြေးဆက်စာရင်းဟူမူကား။
2 Des fils de Phinées, Gersom; des fils d'Ithamar, Daniel; des fils de David, Hattus; des fils de Sechania
ဖိနဟတ်မျိုး ဂေရရှုံ၊ ဣသမာအမျိုး ဒံယေလ၊ ဒါဝိဒ်အမျိုး ဟတ္တုတ်၊
3 (des fils de Paréos) Zacharie, et avec lui furent enregistrés cent cinquante mâles;
ရှေခနိအမျိုး ဖာရုတ်အနွှယ်ထဲက ဇာခရိနှင့် စာရင်းဝင်သူ ယောက်ျားပေါင်းတရာငါးကျိပ်။
4 des fils de Pachath-Moab Elioénaï, fils de Zeraïa, et avec lui deux cents mâles;
ပါဟတ်မောဘအမျိုး၊ ဇေရာယသားဧလျောနဲ နှင့် ယောက်ျားပေါင်းနှစ်ရာ၊
5 des fils de Sechania, le fils de Jahaziel, et avec lui trois cents mâles;
ရှေခနိအမျိုး ယဟာဇေလသားနှင့် ယောက်ျား ပေါင်းသုံးရာ၊
6 et des fils de Adin, Ebed, fils de Jonathan, et avec lui cinquante mâles;
အာဒိန်အမျိုး ယောနသန်သား ဧဗက်နှင့် ယောက်ျားပေါင်းငါးကျိပ်၊
7 et des fils de Eilam, Ésaïe, fils d'Athalia, et avec lui soixante-dix mâles;
ဧလံအမျိုး၊ အာသလိသား ယေရှာယနှင့် ယောက်ျားပေါင်းခုနစ်ကျိပ်
8 et des fils de Sephatia, Zebadia, fils de Michaël, et avec lui quatre-vingts mâles;
ရှေဖတိအမျိုး မိက္ခေလသား ဇေဗဒိနှင့် ယောက်ျားပေါင်းရှစ်ကျိပ်၊
9 des fils de Joab, Obadia, fils de Jehiel, et avec lui deux cent dix-huit mâles;
ယွာဘအမျိုး ယေဟေလသား ဩဗဒိနှင့် ယောက်ျားပေါင်းနှစ်ရာတကျိပ်ရှစ်ယောက်၊
10 et des fils de Selomith, le fils de Josiphia, et avec lui cent soixante mâles;
၁၀ရှေလောမိတ်အမျိုး၊ ယောသိဖိသားနှင့် ယောက်ျားပေါင်းတရာခြောက်ကျိပ်၊
11 et des fils de Bébaï, Zacharie, fils de Bébaï, et avec lui vingt-huit mâles;
၁၁ဗေဗဲအမျိုး၊ ဗေဗဲသားဇာခရိနှင့် ယောက်ျား ပေါင်းနှစ်ကျိပ် ရှစ်ယောက်၊
12 et des fils de Azgad, Jochanan, fils de Haccatan, et avec lui cent dix mâles;
၁၂အာဇဂဒ်အမျိုး၊ ဟက္ကတန်သား ယောဟနန်နှင့် ယောက်ျားပေါင်းတရာတကျိပ်၊
13 et des fils d'Adonicam, les derniers, dont voici les noms: Eliphélet, Jehiel et Semaïa, et avec eux soixante mâles;
၁၃အဒေါနိကံအမျိုးသားတို့တွင်၊ နောက်ကျသော သူ၊ ဧလိဖလက်၊ ယေယေလ၊ ရှေမာယနှင့် ယောက်ျား ပေါင်းခြောက်ကျိပ်၊
14 et des fils de Bigvaï, Uthaï et Zabbud, et avec eux soixante-dix mâles.
၁၄ဗိဂဝဲအမျိုးသားဥသဲ၊ ဇဗ္ဗုဒ်နှင့် ယောက်ျား ပေါင်းခုနစ်ကျိပ်တည်း။
15 Et je les rassemblai sur le fleuve qui coule à Ahava, et nous campâmes là trois jours; et considérant avec attention le peuple et les Prêtres, je ne trouvai là aucun des fils de Lévi.
၁၅ထိုလူများတို့ကို အဟာဝမြို့သို့စီးသော မြစ်နား မှာ ငါစုဝေးစေ၍၊ သုံးရက်ပတ်လုံးတဲ၌ နေကြ၏။ လူများ နှင့် ယဇ်ပုရောဟိတ်များတို့ကို ငါစစ်ဆေး၍၊ လေဝိသား တယောက်ကိုမျှ မတွေ့သောအခါ၊
16 Alors j'envoyai chercher Eliézer, Ariel, Semaïa et Elnathan et Jarib et Elnathan et Nathan et Zacharie et Mesullam, les chefs, et Jojarib et Elnathan, les experts,
၁၆လူကြီးဧလျေဇာ၊ အရေလ၊ ရှေမာယ၊ နာသန်၊ ဇာခရိ၊ မေရှုလံ၊ ပညာရှိယာရိပ်၊ ဧလနာသန်တို့ကို ခေါ်၍၊
17 et je les dépêchai à Iddo, chef dans la localité de Casphia, et je leur mis dans la bouche ce qu'ils devaient dire à Iddo [et] à son frère, aux asservis, dans la localité de Casphia pour nous amener des servants pour la Maison de notre Dieu.
၁၇ကသိဖိမြို့သူကြီး ဣဒေါထံသို့ မှာစာနှင့် စေ လွှတ်လျက်၊ ဣဒေါနှင့် ကသိဖိမြို့မှာ နေသောသူ၏ ညီအစ်ကိုဘုရားကျွန်တို့သည်၊ ငါတို့ဘုရား သခင့် အိမ်တော်အမှုစောင့်များကို ပေးစေခြင်းငှါ၊ သူတို့အား အဘယ်သို့ ပြောဆိုရမည်ကို ငါမှာလိုက်၏။
18 Et par l'effet de la bénigne main de notre Dieu qui nous protégeait, ils nous amenèrent un homme entendu d'entre les fils de Maheli, fils de Lévi, fils d'Israël, et Serabia et ses fils et frères, dix-huit;
၁၈ထိုသူတို့သည် ငါတို့၏ဘုရားသခင့်တန်ခိုး ကျေးဇူးတော်ကြောင့်၊ ဣသရေလသားလေဝိ၏သား မဟာလိအမျိုးသား၊ ပညာရှိတယောက်၊ ရှေရဘိနှင့် သူ၏ပေါက်ဘော်တကျိပ်ရှစ်ယောက်၊
19 et Hasabia et avec lui Ésaïe, des fils de Merari ses frères et fils, vingt;
၁၉ဟာရှဘိနှင့် မေရာရိအမျိုး ယေရှာယနှင့်သူ၏ ပေါက်ဘော်နှစ်ကျိပ်၊
20 et des asservis que David et ses princes avaient, affectés comme assujettis au service des Lévites, deux cent vingt, tous désignés par leurs noms.
၂၀လေဝိသားအမှုကိုဆောင်ရွက်စေခြင်းငှါ၊ ဒါဝိဒ် နှင့်မှူးတော်မတ် တော်ခန့်ထားသော ဘုရားကျွန်များ၊ စာရင်းဝင်သည်အတိုင်း၊ နှစ်ရာနှစ်ကျိပ်တို့ကို ခေါ်ခဲ့ ကြ၏။
21 Et là sur le fleuve Ahava je publiai un jeûne pour nous humilier devant notre Dieu, à l'effet de lui demander heureux voyage pour nous et nos enfants et tout notre avoir.
၂၁ထိုအခါ ဥစ္စာများမှစ၍ သူငယ်များနှင့်တကွ၊ ငါတို့သွားစရာ မှန်သောလမ်းကို ဘုရားသခင်၌ရှာ၍၊ ရှေ့တော်မှာခြိုးခြံစွာ ကျင့်ခြင်းငှါ၊ အဟာဝမြစ်နားတွင်၊ အစာရှောင်ရာအချိန်ကို ငါကြော်ငြာ၏။
22 Car j'avais honte de demander au roi de la troupe et de la cavalerie pour nous protéger contre nos ennemis pendant le trajet. En effet nous avions dit au roi: La main de notre Dieu est étendue sur tous ceux qui Le cherchent, pour leur faire du bien; mais sa puissance et sa colère sont contre tous ceux qui L'abandonnent.
၂၂အကြောင်းမူကား၊ ကျွန်တော်တို့ ဘုရားသခင် ကို ရှာသောသူအပေါင်းတို့သည်၊ တန်ခိုးကျေးဇူတော်ကို ခံရကြလိမ့်မည်။ ကိုယ်တော်ကို စွန့်သောသူအပေါင်း တို့ကို၊ တန်ခိုးတော်ဆီးတား၍ အမျက်တော်သက်ရောက် လိမ့်မည်ဟု ငါတို့သည်ရှင်ဘုရင်အား လျှောက်ထားသော ကြောင့်၊ လမ်းတွင် ရန်သူလက်နှင့်လွတ်စေခြင်းငှါ၊ လိုက်ပို့ ရသောစစ်သူရဲ၊ မြင်းစီးသူရဲ၊ တတပ်ကိုရှင်ဘုရင်၌ မတောင်းဝံ့၊ ရှက်ကြ၏။
23 C'est ainsi que nous jeûnâmes et adressâmes sur ce point notre requête à notre Dieu, et Il nous exauça.
၂၃ထိုအမှုကြောင့်၊ ငါတို့သည်အစာရှောင်၍၊ ငါတို့ ဘုရားသခင်ကို ဆုတောင်းလျက်နေကြ၏။ ဘုရားသခင် လည်း နားထောင်တော်မူ၏။
24 Et parmi les chefs des Prêtres j'en choisis douze, Sérébia, Hasabia et avec eux dix de leurs frères,
၂၄ထိုအခါ ယဇ်ပုရောဟိတ်အကြီး တကျိပ်နှစ်ပါး၊ ရှေရဘိ၊ ဟာရှဘိနှင့် သူတို့ညီအစ်ကို တကျိပ်ကို ငါရွေး ထားပြီးလျှင်၊
25 et je leur pesai l'argent et l'or et la vaisselle, don pour la Maison de notre Dieu, qu'avaient dédié le roi et ses conseillers et ses princes et tous les Israélites présents.
၂၅ရှင်ဘုရင်မှစ၍ အတွင်းဝန်၊ မှူးတော်မတ်တော်၊ စည်းဝေးသော ဣသရေလအမျိုးသားအပေါင်းတို့သည်၊ ငါတို့၏ဘုရားသခင့် အိမ်တော်အဘို့ လှူသောပူဇော် သက္ကာ၊ ရွှေ၊ ငွေ၊ တန်ဆာတည်းဟူသော၊
26 Et je délivrai entre leurs mains un poids de six cent cinquante talents d'argent, et en vaisselle d'argent cent talents, en or cent talents
၂၆ငွေအခွက်ခြောက်ထောင်ငါးပိဿာ၊ ငွေတန်ဆာအခွက်တတေထောင်၊ ရွှေအခွက်တထောင်။
27 et vingt coupes d'or valant mille dariques, et deux vases d'airain fin ayant l'éclat de l'or, estimé à l'égal de l'or.
၂၇ရွှေဒင်္ဂါးတထောင်အချိန်ရှိသော ရွှေအင်တုံ နှစ်ဆယ်၊ ရွှေနှင့်အမျှမြတ်သော ရွှေကြေးဝါစစ် ဖလား နှစ်လုံးတို့ကို ငါချိန်၍အပ်လျက်၊
28 Et je leur dis: Vous êtes consacrés à l'Éternel, et la vaisselle est chose sainte, et l'argent et l'or est un don spontané fait à l'Éternel, Dieu de vos pères.
၂၈သင်တို့သည် ထာဝရဘုရားအဘို့ သန့်ရှင်း ကြ၏။ ဤတန်ဆာတို့သည်လည်း သန့်ရှင်းသောတန်ဆာ ဖြစ်ကြ၏။ ဤငွေနှင့် ဤရွှေသည်လည်း၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားအား ကြည်ညိုသော စိတ်နှင့် လှူသောရွှေငွေဖြစ်၏။
29 Soyez vigilants et le gardez jusqu'à ce que vous le pesiez en présence des chefs des Prêtres et des Lévites et des Patriarches d'Israël à Jérusalem dans les cellules de la Maison de l'Éternel.
၂၉ယေရုရှလင်မြို့၊ ထာဝရဘုရား၏အိမ်တော် အခန်းတို့တွင် ယဇ်ပုရောဟိတ်အကြီး၊ လေဝိသား၊ ဣသ ရေလအဆွေအမျိုး သူကြီးတို့ရှေ့မှာ မချိန်မှီတိုင်အောင် ကြည့်ရှုစောင့်ရှောက်ကြလော့ဟု မှာထား၏။
30 Et les Prêtres et les Lévites reçurent l'argent et l'or pesé et la vaisselle pour les porter à Jérusalem dans la Maison de notre Dieu.
၃၀ထိုအချိန်သော ရွှေ၊ ငွေတန်ဆာတို့ကို ယေရု ရှလင်မြို့။ ငါတို့
31 Ensuite nous partîmes du fleuve Ahava le douzième jour du premier mois pour gagner Jérusalem. Et la main de notre Dieu nous couvrit et nous sauva de la main de l'ennemi et de l'insidiateur sur la route.
၃၁ပဌမလတဆယ်နှစ်ရက်နေ့တွင်၊ ငါတို့သည် အဟာငမြစ်မှ ထွက်၍၊ ယေရုရှလင်မြို့သို့ ခရီးသွားကြ၏။ လမ်းနား၌ ချောင်း၍နေသော ရန်သူလက်မှ၊ ငါတို့၏ ဘုရားသခင့် တန်ခိုးတော်ကြောင့် လွတ်လျက်၊
32 Et arrivés à Jérusalem nous y primes trois jours de repos.
၃၂ယေရုရှလင်မြို့သို့ ရောက်၍ သုံးရက်နေကြ၏။
33 Et le quatrième jour nous pesâmes l'argent et l'or et la vaisselle dans le Temple de notre Dieu, entre les mains de Merémoth, fils du Prêtre Urie, et avec lui était Eléazar, fils de Phinées, et avec eux Jozabad, fils de Jésuah, et Noadia, fils de Binnuï, Lévites,
၃၃စတုတ္ထနေ့တွင် ငါတို့ ဘုရားသခင်၏ အိမ်တော်၌၊ ဖိနဟတ်သားဧလာဇာနှင့် လေဝိအမျိုးယောရှုသား ယောဇ ဗဒ်၊ ဗိနွိသားနောဒိတို့သည် ဝိုင်း၍ကြည့်ရှုလျက်၊
34 d'après le nombre et le poids de tous les objets; et le poids total fut consigné à cette occasion.
၃၄ဥရိသား ယဇ်ပုရောဟိတ် မေရမုတ်သည် ထိုရွှေငွေတန်ဆာရှိသမျှတို့ကို ရေတွက်ချိန်တွယ်၍ တနေ့ခြင်း တွင် အချိန်ပေါင်းကို မှတ်သားလေ၏။
35 Et revenus de l'exil les fils de la captivité offrirent des holocaustes au Dieu d'Israël: douze taureaux pour tout Israël, quatre-vingt-seize béliers, soixante-dix-sept brebis, et douze boucs comme victimes expiatoires, le tout en holocauste à l'Éternel.
၃၅သိမ်းသွားခြင်းကိုခံရသော လူစုထဲက ထွက်လာ သော သူတို့သည်လည်း၊ ဣသရေလအမျိုးများတို့အဘို့ နွားတဆယ်နှစ်ကောင်၊ သိုးထီးကိုးဆယ်ခြောက်ကောင်၊ သိုးသငယ်ခုနစ်ဆယ်ခုနစ်ကောင်၊ အပြစ်ဖြေရာယဇ်ဘို့ ဆိတ် တဆယ်နှစ်ကောင်တို့ကို၊ ဣသရေလအမျိုး၏ ဘုရား သခင်ထာဝရဘုရားအား မီးရှို့ရာယဇ်ကို ပူဇော်ကြ၏။
36 Et ils transmirent les ordres du roi aux satrapes du roi, et aux gouverneurs de ce côté du Fleuve, et ceux-ci donnèrent leur appui au peuple et à la Maison de Dieu.
၃၆ရှင်ဘုရင် အမိန့်တော်အမှာတော်တို့ကို ကိုယ်စား တော်မင်း၊ မြစ်အနောက်ဘက် မြို့ဝန်တို့၌အပ်၍၊ သူတို့ သည် ဣသရေလအမျိုးနှင့် ဘုရားသခင့် အိမ်တော်ကို ပြုစုကြ၏။ ဘုရားသခင်အိမ်တော်သို့ ပို့တောင်ခြင်းငှါ ယဇ်ပုရော ဟိတ်နှင့်လေဝိသားတို့သည် ခံယူကြ၏။

< Esdras 8 >