< Hosea 14 >

1 Turn back, O Israel, unto Jehovah thy God, For thou hast stumbled by thine iniquity.
အိုဣသရေလ ၊ သင် သည် ကိုယ်ပြုသောဒုစရိုက်အပြစ် အားဖြင့် အကျိုးနည်း ရှိသောကြောင့် သင် ၏ ဘုရား သခင်ထာဝရဘုရား ထံ တော်သို့ ပြန် လော့။
2 Take with you words, and turn to Jehovah, Say ye unto Him: 'Take away all iniquity, and give good, And we do render the fruit of our lips.
ပဌနာစကား ကို ပြင်ဆင် ၍ ထာဝရဘုရား ထံ တော်သို့ ပြန် လျက် ၊ အကျွန်ုပ်တို့၌ ရှိသမျှ သောအပြစ် တို့ ကို ပယ်ရှင်းတော်မူပါ။ ကျေးဇူး ပြု၍ လက်ခံ တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ် နှုတ်ခမ်း တည်းဟူသော နွား သငယ် တို့ကို ပူဇော် ပါမည်။
3 Asshur doth not save us, on a horse we ride not, Nor do we say any more, Our God, to the work of our hands, For in Thee find mercy doth the fatherless.'
အာရှုရိ မင်းသည် အကျွန်ုပ် တို့ကို မ ကယ်တင် ရ။ အကျွန်ုပ်တို့သည် မြင်းစီး သူရဲမ လုပ်ပါ။ ကိုယ် လက် ဖြင့် လုပ် သောအရာတို့အား ၊ ကိုယ်တော်တို့သည် အကျွန်ုပ် တို့၏ ဘုရား သခင်ဖြစ်ပါ၏ဟု နောက် တဖန် မ ဆို ပါ။ အကြောင်း မူကား၊ မိဘ မရှိသောသူတို့သည် ကိုယ်တော် ထံ၌ ကရုဏာ ကျေးဇူးကိုခံ တတ်ကြပါ၏ဟု လျှောက်ကြလော့။
4 I heal their backsliding, I love them freely, For turned back hath Mine anger from him.
ငါ သည် အမျက် ပြေ သောကြောင့် သူ တို့ဖောက်ပြန် ခြင်းကို ပြုပြင် မည်။ ကိုယ် အလို အလျောက်စုံမက် မည်။
5 I am as dew to Israel, he flourisheth as a lily, And he striketh forth his roots as Lebanon.
ငါသည် နှင်း ကဲ့သို့ ဣသရေလ အပေါ် မှာ နေ မည်။ သူသည် နှင်းပွင့် ကဲ့သို့ ပွင့် လိမ့်မည်။ လေဗနုန် တောကဲ့သို့ အမြစ် စွဲ လိမ့်မည်။
6 Go on do his sucklings, And his beauty is as an olive, And he hath fragrance as Lebanon.
အညွှန့် တို့သည် ပြန့်ပွါး ၍ ၊ သံလွင် ပင်ကဲ့သို့ အသရေ တင့်တယ် လိမ့်မည်။ လေဗနုန် တောကဲ့သို့ မွှေးကြိုင် လိမ့်မည်။
7 Return do the dwellers under his shadow, They revive [as] corn, and flourish as a vine, His memorial [is] as wine of Lebanon.
ထိုအပင် ၏ အရိပ် အောက်၌ နေ သောသူတို့သည် အသစ် ပြုပြင်ခြင်းရှိ၍ စပါး ကိုပြုစု ကြလိမ့်မည်။ စပျစ်နွယ် ပင်ကဲ့သို့ တိုးပွါး ၍ လေဗနုန် စပျစ်ရည် ကဲ့သို့ ကျော်စော ကြလိမ့်မည်။
8 O Ephraim, what to Me any more with idols? I — I afflicted, and I cause him to sing: 'I [am] as a green fir-tree,' From Me is thy fruit found.
ငါ သည် နောက် တဖန် ရုပ်တု ဆင်းတုတို့နှင့် အဘယ်သို့ ဆိုင်ရသနည်းဟု ဧဖရိမ် သည် ပြောလိမ့်မည်။ သူ၏စကားကိုလည်း ငါနားထောင် ၍ သူ့ ကိုကြည့်ရှု မည်။ စိမ်း သောထင်းရှုး ပင်ကဲ့သို့ ဖြစ်၍၊ သင် သည် ငါ့ ကျေးဇူးကြောင့် အသီး နှင့်ပြည့်စုံ လိမ့်မည်။
9 Who [is] wise, and doth understand these? Prudent, and knoweth them? For upright are the ways of Jehovah, And the righteous go on in them, And the transgressors stumble therein!
အဘယ်သူ သည်ပညာရှိ သနည်း။ ထိုသူသည် ဤ အရာတို့ကို နားလည် လိမ့်မည်။ အဘယ်သူသည် ဉာဏ် ကောင်းသနည်း။ ထိုသူသည် ဤ အရာတို့ကို သိ ရလိမ့်မည်။ ထာဝရဘုရား ၏လမ်း တော်တို့သည် ဖြောင့် ကြ၏။ ဖြောင့်မတ် သောသူတို့ သည် လိုက် ကြလိမ့်မည်။ အဓမ္မ လူတို့မူကား ၊ ထို လမ်းတို့၌ ထိမိ၍ လဲ ကြလိမ့်မည်။

< Hosea 14 >