< Philippians 3 >

1 Finally, my brothers, rejoice in the Lord! To write the same things to you, to me indeed is not tiresome, but for you it is safe.
ညီ​အစ်​ကို​တို့၊ နိ​ဂုံး​ချုပ်​ရ​သော်​သ​ခင်​ဘု​ရား နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်​ဝမ်း​မြောက် ကြ​လော့။ ယ​ခင်​က​ငါ​ရေး​သား​ဖော်​ပြ​ပြီး သော​အ​ကြောင်း​အ​ရာ​များ​ကို​ယ​ခု​ထပ်​မံ​၍ ဖော်​ပြ​ရ​သည်​မှာ​ဝန်​မ​လေး​ပါ။ သင်​တို့​ပို​၍ လုံ​ခြုံ​စေ​ရန်​ဖြစ်​၏။-
2 Beware of the dogs; beware of the evil workers; beware of the false circumcision.
ခွေး​ဖြစ်​သူ၊ အ​ကျင့်​ဆိုး​ကို​ကျင့်​သော​သူ၊ ကိုယ် ခန္ဓာ​ကို​လှီး​ဖြတ်​ရ​မည်​ဟု​ဆို​သော​သူ​များ ကို​သ​တိ​နှင့်​ရှောင်​ကြ​လော့။-
3 For we are the circumcision, who worship God in the Spirit, and rejoice in Christ Jesus, and have no confidence in the flesh;
အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​အ​စစ်​အ​မှန်​ကို ခံ​ရ​သော​သူ​တို့​ကား​ထို​သူ​တို့​မ​ဟုတ်​ဘဲ​ငါ တို့​သာ​လျှင်​ဖြစ်​ပေ​သည်။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​တို့​သည်​ကိုယ်​တော်​၏​ဝိ​ညာဉ်​တော် အား​ဖြင့်​ဘု​ရား​သ​ခင်​အား​ကိုး​ကွယ်​ဝတ်​ပြု​၍ ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ရ​၍​ရွှင်​လန်း​ဝမ်း​မြောက်​သူ​များ​ဖြစ် သော​ကြောင့်​တည်း။ ငါ​တို့​သည်​ပြင်​ပ​လက္ခ​ဏာ များ​ကို​မ​ကိုး​စား။-
4 though I myself might have confidence even in the flesh. If any other man thinks that he has confidence in the flesh, I yet more:
ပြင်​ပ​လက္ခ​ဏာ​များ​ကို​ကိုး​စား​မှု​လို​အပ်​သည်​ဟု ဆို​လျှင်​ငါ့​မှာ​ရှိ​၏။ ထို​ပြင်​ပ​လက္ခ​ဏာ​များ​ကို ကိုး​စား​နိုင်​သူ​တစ်​ဦး​တစ်​ယောက်​ရှိ​သည်​ဟု​ဆို ပါ​က ငါ့​မှာ​ထို​သူ​ထက်​ပို​၍​ကိုး​စား​နိုင်​စ​ရာ အ​ကြောင်း​ရှိ​၏။-
5 circumcised the eighth day, of the stock of Israel, of the tribe of Benjamin, a Hebrew of Hebrews; concerning the law, a Pharisee;
ငါ​သည်​ရှစ်​ရက်​မြောက်​သော​နေ့​၌​အ​ရေ​ဖျား လှီး​မင်္ဂလာ​ကို​ခံ​ယူ​လျက်​ဣ​သ​ရေ​လ​လူ​မျိုး ဗင်္ယာ​မိန်​အ​နွယ်​ဝင်၊ ဟေ​ဗြဲ​အ​မျိုး​သား​မိ​ဘ​များ​မှ ပေါက်​ဖွား​သူ​ဖြစ်​၏။ ပ​ညတ်​တ​ရား​စောင့်​ထိန်း​မှု​နှင့် ပတ်​သက်​၍​ဆို​သော်​ငါ​သည်​ဖာ​ရိ​ရှဲ​ဂိုဏ်း​ဝင်​ဖြစ်​၏။-
6 concerning zeal, persecuting the assembly; concerning the righteousness which is in the law, found blameless.
ဘာ​သာ​ရေး​စိတ်​အား​ထက်​သန်​မှု​ဘက်​၌​ဆို​သော် အ​သင်း​တော်​ကို​ညှဉ်း​ပန်း​နှိပ်​စက်​ခဲ့​သူ​ဖြစ်​၏။ ပ​ညတ်​တ​ရား​ကို​လိုက်​နာ​ကျင့်​သုံး​မှု​အ​ရ ဆို​သော်​ငါ​သည်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သူ​ဖြစ်​သည်။-
7 However, I consider those things that were gain to me as a loss for Christ.
သို့​ရာ​တွင်​ထို​အ​ရာ​များ​သည်​ငါ့​အ​တွက်​အ​မြတ်​ဟု မှတ်​ယူ​နိုင်​သော်​လည်း ယ​ခု​အ​ခါ​ခ​ရစ်​တော်​၏​အ​တွက် ကြောင့်​အ​ရှုံး​ဟု​မှတ်​ယူ​၏။-
8 Yes most certainly, and I count all things to be a loss for the excellency of the knowledge of Christ Jesus, my Lord, for whom I suffered the loss of all things, and count them nothing but refuse, that I may gain Christ
ထို​မျှ​မ​က​ငါ​၏​အ​ရှင်​ခ​ရစ်​တော်​ယေ​ရှု​ကို​သိ​ကျွမ်း ရ​ခြင်း​သည်​ထို​အ​ရာ​များ​နှင့်​အ​ရာ​ခပ်​သိမ်း​တို့​ထက် တန်​ခိုး​ရှိ​သည်​ဖြစ်​၍ ယင်း​တို့​ကို​ငါ့​အား​ရှုံး​စေ​သည့် အ​ရာ​များ​ဟူ​၍​မှတ်​ယူ​၏။ ငါ​သည်​ကိုယ်​တော်​အ​တွက် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​စွန့်​ပယ်​ခဲ့​၏။ ခ​ရစ်​တော်​ကို အ​မြတ်​ရ​နိုင်​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​နိုင်​ရန်​လည်း​ကောင်း​ထို​အ​ရာ များ​ကို​အ​မှိုက်​သ​ရိုက်​ကဲ့​သို့​ငါ​ထင်​မှတ်​၏။ ငါ​သည် ပညတ်​တ​ရား​ကို​စောင့်​ထိန်း​ခြင်း​အား​ဖြင့်​ဖြောင့်​မတ် ခြင်း​မ​ရ​ရှိ​ပေ။ ခ​ရစ်​တော်​ကို​ယုံ​ကြည်​ခြင်း​အား ဖြင့်​သာ​လျှင်​ဖြောင့်​မတ်​ခြင်း​ကို​ရ​ရှိ​၏။ ထို​ကဲ့​သို့ သော​ဖြောင့်​မတ်​ခြင်း​သည်​ဘု​ရား​သ​ခင်​ပေး​သ​နား တော်​မူ​သော​ဖြောင့်​မတ်​ခြင်း​ဖြစ်​၍​ယုံ​ကြည်​ခြင်း အ​ပေါ်​တွင်​အ​ခြေ​ခံ​ပေ​သည်။-
9 and be found in him, not having a righteousness of my own, that which is of the law, but that which is through faith in Christ, the righteousness which is from God by faith,
10 that I may know him and the power of his resurrection, and the fellowship of his sufferings, becoming conformed to his death,
၁၀ငါ​သည်​ခ​ရစ်​တော်​ကို​သိ​ကျွမ်း​ခြင်း၊ ထ​မြောက် ရှင်​ပြန်​တော်​မူ​ခြင်း​၏​တန်​ခိုး​တော်​ကို​ခံ​စား​ခြင်း၊ ခ​ရစ်​တော်​နှင့်​အ​တူ​ဆင်း​ရဲ​ဒုက္ခ​ခံ​ခြင်း၊ ကိုယ်​တော် အ​သေ​ခံ​တော်​မူ​ခြင်း​၌​ပါ​ဝင်​ခြင်း​တို့​ကို​သာ လို​ချင်​တောင့်​တ​၏။-
11 if by any means I may attain to the resurrection from the dead.
၁၁သို့​မှ​သာ​ငါ​ကိုယ်​တိုင်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် ခွင့်​ကို​ရ​မည်​ဟု​မျှော်​လင့်​နိုင်​ပေ​သည်။
12 Not that I have already obtained, or am already made perfect; but I press on, that I may take hold of that for which also I was taken hold of by Christ Jesus.
၁၂ငါ​သည်​အောင်​မြင်​မှု​ကို​ရ​ရှိ​ပြီ၊ အြုပစ်​ဆို​ဖွယ်​မ​ရှိ​သူ ဖြစ်​ပြီ​ဟု​မ​ဆို​လို။ သို့​ရာ​တွင်​ထို​ဆု​ကို​ငါ့​အား​ပေး ရန်​အ​တွက်​ခ​ရစ်​တော်​ယေ​ရှု​သည်​ငါ့​ကို​ဆွဲ​ဆောင် ရ​ရှိ​တော်​မူ​ပြီ​ဖြစ်​ရာ​ငါ​သည်​ထို​ဆု​ကို​ရ​ရှိ​နိုင်​ရန် ကြိုး​စား​လျက်​နေ​၏။-
13 Brothers, I don’t regard myself as yet having taken hold, but one thing I do: forgetting the things which are behind and stretching forward to the things which are before,
၁၃ညီ​အစ်​ကို​တို့၊ ငါ​သည်​ထို​ဆု​ကို​ရ​ရှိ​ပြီ​ဟု​မ​ထင်​မှတ်။ ငါ​ပြု​သော​တစ်ခု​တည်း​သော​အ​ရာ​ကား​ငါ​သည်​နောက်​၌ ရှိ​သော​အ​ရာ​တို့​ကို​မေ့​ပစ်​ပြီး​လျှင်​ရှေ့​၌​ရှိ​သော​အ​ရာ တို့​သို့​ရောက်​ခြင်း​ငှာ​အ​စွမ်း​ကုန်​ကြိုး​စား​၏။-
14 I press on toward the goal for the prize of the high calling of God in Christ Jesus.
၁၄သို့​ဖြစ်​၍​ငါ​သည်​ဆု​ကို​ရ​ရန်​ပန်း​တိုင်​သို့​ရှေး​ရှု လျက်​ပြေး​၏။ ထို​ဆု​ကား​အ​ထက်​အ​ရပ်​၌​အ​သက် ရှင်​ရေး​အ​တွက်​ခရစ်​တော်​ယေ​ရှု​အား​ဖြင့်​ဘု​ရား သ​ခင်​ဖိတ်​ခေါ်​တော်​မူ​ခြင်း​ပင်​ဖြစ်​သ​တည်း။
15 Let us therefore, as many as are perfect, think this way. If in anything you think otherwise, God will also reveal that to you.
၁၅ငါ​တို့​တွင်​ဝိညာဉ်​ရေး​ရင့်​ကျက်​သူ​တို့​သည် ဤ​စိတ် သ​ဘော​မျိုး​ထား​ရှိ​သင့်​ကြ​သည်။ အ​ကယ်​၍​အ​ချို့ တို့​သည်​ကွဲ​လွဲ​သော​စိတ်​သ​ဘော​ရှိ​ပါ​လျှင် ဘု​ရား သ​ခင်​သည်​ယင်း​တို့​ကို​ရှင်း​လင်း​ဖော်​ပြ​တော်​မူ လိမ့်​မည်။-
16 Nevertheless, to the extent that we have already attained, let’s walk by the same rule. Let’s be of the same mind.
၁၆မည်​သို့​ပင်​ဖြစ်​စေ၊ ငါ​တို့​သည်​မိမိ​တို့​ယ​နေ့​တိုင် အောင်​လိုက်​လျှောက်​ခဲ့​သည့်​ထုံး​စံ​အ​တိုင်း​ပြု​ကျင့် ကြ​ကုန်​စို့။
17 Brothers, be imitators together of me, and note those who walk this way, even as you have us for an example.
၁၇ညီ​အစ်​ကို​တို့၊ သင်​တို့​အ​ပေါင်း​သည် ငါ့​ထံ​မှ​အ​တု ယူ​ကြ​လော့။ ငါ​တို့​ပြ​သော​စံ​န​မူ​နာ​ကောင်း​ကို လိုက်​ကြ​သူ​တို့​အား​ရှု​မှတ်​ကြ​လော့။-
18 For many walk, of whom I told you often, and now tell you even weeping, as the enemies of the cross of Christ,
၁၈ဤ​အ​ချက်​ကို​ကြိမ်​ဖန်​များ​စွာ​ငါ​ဖော်​ပြ​ဖူး​လေ​ပြီ။ ယ​ခု​လည်း​မျက်​ရည်​ဖြင့်​ထပ်​မံ​၍​ဖော်​ပြ​၏။ ခ​ရစ်​တော် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌ အ​သေ​ခံ​တော်​မူ​ခြင်း​တ​ရား တော်​နှင့်​ဆန့်​ကျင်​၍​ပြု​ကျင့်​သူ​လူ​အ​များ​ပင် ရှိ​ပေ​သည်။-
19 whose end is destruction, whose god is the belly, and whose glory is in their shame, who think about earthly things.
၁၉ထို​သူ​တို့​သည်​င​ရဲ​တွင်​လမ်း​ဆုံး​ကြ​လိမ့်​မည်။ သူ တို့​၏​ဘု​ရား​ကား မိ​မိ​တို့​ဝမ်း​ပေ​တည်း။ သူ​တို့​သည် ရှက်​ကြောက်​သင့်​သော​အ​ရာ​တို့​တွင် ဂုဏ်​ယူ​ဝါ​ကြွား ကြ​၏။ လော​က​အ​ရာ​တို့​ကို​သာ​စိတ်​စွဲ​လမ်း​ကြ​၏။-
20 For our citizenship is in heaven, from where we also wait for a Savior, the Lord Jesus Christ,
၂၀ငါ​တို့​မူ​ကား​ကောင်း​ကင်​ဘုံ​နိုင်​ငံ​သား​များ​ဖြစ် သ​ဖြင့် ကောင်း​ကင်​ဘုံ​မှ​ငါ​တို့​၏​ကယ်​တင်​ရှင် သ​ခင်​ယေ​ရှု​ခ​ရစ်​ကြွ​လာ​တော်​မူ​မည်​ကို စောင့်​မျှော်​လျက်​ရှိ​ကြ​၏။-
21 who will change the body of our humiliation to be conformed to the body of his glory, according to the working by which he is able even to subject all things to himself.
၂၁ကိုယ်​တော်​သည်​အ​ရာ​ခပ်​သိမ်း​ကို​မိ​မိ​၏​အာ​ဏာ စက်​အောက်​တွင်​ရောက်​စေ​တော်​မူ​သော​တန်​ခိုး​တော် အား​ဖြင့် ငါ​တို့​၏​သေ​ကြေ​ပျက်​စီး​တတ်​သော​ကိုယ် ခန္ဓာ​ကို​ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော​ကိုယ်​ခန္ဓာ တော်​နှင့်​တူ​အောင် ပြောင်း​လဲ​စေ​တော်​မူ​လိမ့်​မည်။

< Philippians 3 >