< Mark 6 >

1 He went out from there. He came into his own country, and his disciples followed him.
ထို အရပ်မှကြွ ၍ တပည့် တော်တို့သည် လိုက် ကြသဖြင့် မိမိ မြို့ သို့ ရောက် တော်မူ၏။
2 When the Sabbath had come, he began to teach in the synagogue, and many hearing him were astonished, saying, “Where did this man get these things?” and, “What is the wisdom that is given to this man, that such mighty works come about by his hands?
ဥပုသ်နေ့ ရောက် လျှင် တရားစရပ် ၌ ဆုံးမ ဩဝါဒပေးတော်မူ၏။ လူများ တို့သည် ကြားနာ ရလျှင် မိန်းမော တွေဝေခြင်းသို့ ရောက်၍၊ ဤ သူသည် ဤ အရာတို့ကို အဘယ်မှာ ရသနည်း။ သူရသော ပညာကားအဘယ် ပညာ နည်း။ ဤမျှလောက် သော တန်ခိုး များကို အဘယ်သို့ပြနိုင်သနည်း။
3 Isn’t this the carpenter, the son of Mary and brother of James, Joses, Judah, and Simon? Aren’t his sisters here with us?” So they were offended at him.
သူ သည် လက်သမား မ ဟုတ်လော။ မာရိ ၏သား မဟုတ်လော။ ယာကုပ် ၊ ယောသေ ၊ ယုဒ ၊ ရှိမုန် တို့၏ အစ်ကို မဟုတ်လော။ သူ့ နှမ များသည်လည်း ငါ တို့နှင့် အနီးအပါး နေ ကြသည်မ ဟုတ်လောဟု ပြောဆိုလျက် စေတနာ စိတ်ပျက်ကြ၏။
4 Jesus said to them, “A prophet is not without honor, except in his own country, and among his own relatives, and in his own house.”
ယေရှု ကလည်း ၊ ပရောဖက် သည် မိမိ မြို့ ၊ မိမိ အဆွေ နေရာ၊ မိမိ အိမ် မှတစ်ပါး အခြားသောအရပ်၌ အသရေ ရှိသည်” ဟု ထိုသူ တို့အားမိန့် တော်မူ၏။
5 He could do no mighty work there, except that he laid his hands on a few sick people and healed them.
မကျန်းမမာ သောသူအချို့ပေါ်မှာလက် တော်ကိုတင် ၍ အနာကိုငြိမ်း စေခြင်းမှတစ်ပါး အဘယ် တန်ခိုး တော်ကိုမျှ ထို အရပ်၌ ပြ တော်မ မူနိုင် ။
6 He marveled because of their unbelief. He went around the villages teaching.
ထိုသူ တို့သည် မယုံကြည် ကြသည်ကို အံ့ဩ ခြင်းရှိတော်မူ၏။ ပတ်လည် ၌ရှိသော မြို့ ရွာများသို့ ဒေသစာရီ လှည့်လည် ၍ ဆုံးမ ဩဝါဒပေးတော်မူ၏။
7 He called to himself the twelve, and began to send them out two by two; and he gave them authority over the unclean spirits.
တစ်ကျိပ် နှစ်ပါးသောတပည့်တော်တို့ကို ခေါ် တော်မူပြီးမှ ၊ ညစ်ညူး သောနတ် တို့ကို နိုင်စေခြင်းငှာအခွင့် ပေး လျက် ၊ နှစ် ယောက်စီနှစ် ယောက်စီစေလွှတ် တော်မူ၍ ၊
8 He commanded them that they should take nothing for their journey, except a staff only: no bread, no wallet, no money in their purse,
“သင်တို့သည် တောင်ဝေး တစ်ခုမှတစ်ပါး လမ်း ခရီးတို့ အဘယ် အရာကိုမျှ မယူ ကြနှင့်။ လွယ်အိတ် နှင့်မုန့် မှစ၍ ခါးပန်း ၌ ကြေး ငွေကို မ ယူကြနှင့်။”
9 but to wear sandals, and not put on two tunics.
ခြေနင်း ကို စီး ကြလော့။ အင်္ကျီ နှစ် ထပ်မ ဝတ် ကြနှင့် ဟု မှာထား တော်မူ၏။
10 He said to them, “Wherever you enter into a house, stay there until you depart from there.
၁၀ထိုမှတပါး သင်တို့သည် မည်သည် အိမ် သို့ ဝင် လျှင် ၊ ထို အိမ်တွင် ထို အရပ်မှ မ ထွက် မသွားမှီတိုင်အောင်နေ ကြလော့။”
11 Whoever will not receive you nor hear you, as you depart from there, shake off the dust that is under your feet for a testimony against them. Assuredly, I tell you, it will be more tolerable for Sodom and Gomorrah in the day of judgment than for that city!”
၁၁အကြင်သူ တို့သည် သင် တို့ကို လက် မ ခံ၊ သင် တို့ စကားကိုနား မ ထောင်ဘဲနေ၏။ ထို သူတို့နေရာ အရပ်မှ ထွက်သွား စဉ်၊ သူ တို့တစ်ဘက်၌သက်သေ ဖြစ်စေခြင်းငှာ သင် တို့၏ခြေဘဝါး မှ မြေမှုန့် ကို ခါ လိုက်ကြ လော့။ ငါအမှန်ဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ ထိုမြို့သည် သောဒုံမြို့နှင့် ဂေါမောရမြို့ထက်သာ ခံရလတံ့” ဟု မိန့်တော်မူ၏။
12 They went out and preached that people should repent.
၁၂တပည့်တော်တို့သည် ထွက်သွား ၍ နောင်တ တရားကိုဟော ကြ၏။
13 They cast out many demons, and anointed many with oil who were sick and healed them.
၁၃နတ်ဆိုး များ ကို နှင်ထုတ် ကြ၏။ မကျန်းမမာ သောသူများ တို့ကို ဆီ နှင့်လူး ၍ အနာကို ငြိမ်း စေကြ၏။
14 King Herod heard this, for his name had become known, and he said, “John the Baptizer has risen from the dead, and therefore these powers are at work in him.”
၁၄ထိုအခါ သိတင်း တော်ကျော်စော သည်ဖြစ် ၍၊ ဟေရုဒ် မင်းကြီး သည် ကြား လျှင် ၊ ဗတ္တိဇံ ဆရာယောဟန် သည် သေ ခြင်းမှ ထမြောက် လေပြီ။ ထိုကြောင့် တန်ခိုး များကို ပြ နိုင်သည်ဟု ဆို ၏။
15 But others said, “He is Elijah.” Others said, “He is a prophet, or like one of the prophets.”
၁၅လူအချို့ က၊ ဤသူသည် ဧလိယ ဖြစ် သည်ဟု ဆို ကြ၏။ အချို့ က၊ ရှေးပရောဖက် ကဲ့သို့ ပရောဖက် ဖြစ်သည်ဟု ဆို ကြ၏။
16 But Herod, when he heard this, said, “This is John, whom I beheaded. He has risen from the dead.”
၁၆ဟေရုဒ် သည် ကြား လျှင် ၊ ဤ သူကား ငါ ၏အမိန့်နှင့် လည်ပင်းကိုဖြတ် သော ယောဟန် ဖြစ်၏။ သေခြင်းမှ ထမြောက် လေပြီဟုဆို လေ၏။
17 For Herod himself had sent out and arrested John and bound him in prison for the sake of Herodias, his brother Philip’s wife, for he had married her.
၁၇အထက်က ဟေရုဒ် သည် မိမိ ညီ ဖိလိပ္ပု ၏ ခင်ပွန်း ဟေရောဒိ ကို သိမ်းယူ သဖြင့် ၊ ထိုမိန်းမအကြောင်း ကြောင့် စေလွှတ် ၍ ယောဟန် ကို ဘမ်းဆီး ပြီးလျှင် ထောင် ထဲမှာ ချုပ်နှောင် လေ၏။
18 For John had said to Herod, “It is not lawful for you to have your brother’s wife.”
၁၈အကြောင်းမူကား ၊ ယောဟန် က အရှင် မင်းကြီးသည် ညီ တော်၏ခင်ပွန်း ကို မ သိမ်း အပ် ဟု ဟေရုဒ် အား ဆို လေပြီ။
19 Herodias set herself against him and desired to kill him, but she couldn’t,
၁၉ထိုကြောင့် ၊ ဟေရောဒိ သည် ယောဟန် ကို ရန်ငြိုး ဖွဲ့သဖြင့် သတ် ခြင်းငှာအလိုရှိ ၏။
20 for Herod feared John, knowing that he was a righteous and holy man, and kept him safe. When he heard him, he did many things, and he heard him gladly.
၂၀သို့သော်လည်း ယောဟန် သည် ဖြောင့်မတ် သန့်ရှင်း သောသူ ဖြစ်ကြောင်းကို ဟေရုဒ် သည် သိ ၍ သူ့ ကို ကြောက်ရွံ့ ရိုသေ၏။ သူ့ ကိုလည်း စောင့်မ ၏။ အမူအရာများတို့၌ သူ ၏စကားကို နားထောင် ၍ ဝမ်းမြောက်သောစိတ် နှင့်လည်း နားထောင် တတ်သည် ဖြစ်သောကြောင့် ထိုမိန်းမသည်အခွင့်မရနိုင်။
21 Then a convenient day came when Herod on his birthday made a supper for his nobles, the high officers, and the chief men of Galilee.
၂၁ထိုနောက်မှ အဆင်သင့် သောအခါ ဟေရုဒ် ကို ဘွား သောနေ့ရက်၌ နှစ်စဉ်ပွဲ ကိုခံ၍ မှူးမတ် ၊ စစ်သူကြီး ၊ ဂါလိလဲ ပြည်၌ အကြီးအကဲ ဖြစ်သောသူ တို့ကို ကျွေး တော်မူစဉ်တွင်၊
22 When the daughter of Herodias herself came in and danced, she pleased Herod and those sitting with him. The king said to the young lady, “Ask me whatever you want, and I will give it to you.”
၂၂ဟေရောဒိ ၏သမီး သည် ဝင် ၍ က သဖြင့် ၊ ဟေရုဒ် မှစ၍ အပေါင်းအဘော် တို့အား နူးညွတ် သော စိတ် ကိုဖြစ်စေ၏။ ထိုအခါမင်းကြီး က၊ သင်သည် အလိုရှိ သမျှ ကို တောင်း လော့၊ ငါပေး မည်ဟု ထိုမိန်းမငယ် အား ဆို လေ၏။
23 He swore to her, “Whatever you ask of me, I will give you, up to half of my kingdom.”
၂၃တစ်ဖန် လည်း၊ သင်တောင်း သမျှ ကို ငါ့ နိုင်ငံ တစ်ဝက် တိုင်အောင် ငါပေး မည်ဟု ကျိန်ဆို လေ၏။
24 She went out and said to her mother, “What shall I ask?” She said, “The head of John the Baptizer.”
၂၄ထိုမိန်းမငယ်သည် ထွက် ၍ အဘယ် အရာကို တောင်း ရမည်နည်းဟု သူ၏ အမိ ကိုမေး လျှင် အမိက၊ ဗတ္တိဇံ ဆရာယောဟန် ၏ ဦးခေါင်း ကို တောင်းလော့ဟု ပြန်ဆို သော်၊
25 She came in immediately with haste to the king and requested, “I want you to give me right now the head of John the Baptizer on a platter.”
၂၅ချက်ခြင်း မိန်းမငယ်သည် မင်းကြီး ထံသို့ အလျင်တဆော ဝင် ၍ ၊ ဗတ္တိဇံ ဆရာယောဟန် ၏ ဦးခေါင်း ကို ဤလင်ပန်း ၌ အလျင်အမြန် ပေး တော်မူစေခြင်းငှာ ကျွန်မအလိုရှိ ပါသည်ဟု တောင်းလျှောက် ၏။
26 The king was exceedingly sorry, but for the sake of his oaths and of his dinner guests, he didn’t wish to refuse her.
၂၆မင်းကြီး သည် အလွန်ဝမ်းနည်း ခြင်းရှိ သော်လည်း ၊ ကျိန်ဆို ခြင်းကို၎င်း ၊ အပေါင်းအဖေါ် တို့၏ မျက်နှာကို၎င်း၊ ထောက် သောကြောင့်၊ ထိုမိန်းမငယ် ကို မ ငြင်း မပယ်လို ၍၊
27 Immediately the king sent out a soldier of his guard and commanded to bring John’s head; and he went and beheaded him in the prison,
၂၇ဦးခေါင်း ကို ယူခဲ့ ဟု အမိန့်တော်ရှိ လျက် လူစောင့် တစ်ယောက်ကို ချက်ခြင်း စေလွှတ် လျှင် ၊ လူစောင့်သည် သွား ၍ ယောဟန် ၏လည်ပင်းကို ထောင် ထဲမှာ ဖြတ် လေ၏။
28 and brought his head on a platter, and gave it to the young lady; and the young lady gave it to her mother.
၂၈ဦးခေါင်း ကို လင်ပန်း ၌ ဆောင်ခဲ့ ၍ ထို မိန်းမငယ် အားပေး ပြီးမှ မိန်းမငယ် သည်လည်း သူ့ အမိ ကို ပေး လေ၏။
29 When his disciples heard this, they came and took up his corpse and laid it in a tomb.
၂၉ယောဟန် ၏တပည့် တို့သည်လည်း ကြား သောအခါ လာ ၍ အလောင်း ကို ဆောင်သွား ပြီးလျှင် သင်္ချိုင်း တွင်း၌ ထား ကြ၏။
30 The apostles gathered themselves together to Jesus, and they told him all things, whatever they had done, and whatever they had taught.
၃၀တမန်တော် တို့သည် ယေရှု ထံ တော်၌ စုဝေး ၍ ၊ မိမိတို့ပြု သမျှ သွန်သင် သမျှ တို့ကို ကြားလျှောက် ကြ၏။
31 He said to them, “Come away into a deserted place, and rest awhile.” For there were many coming and going, and they had no leisure so much as to eat.
၃၁ကိုယ်တော်ကလည်း ၊ တော ၌ဆိတ်ကွယ် ရာအရပ် သို့ လာ ကြ။ ခဏ အားဖြည့်၍ ငြိမ်သက် စွာ နေကြဟု မိန့် တော်မူ၏။ အကြောင်းမူကား ၊ လူများ သွား လာ ကြသည်ဖြစ် ၍ တမန်တော်တို့သည် အစာစား ခြင်းငှာမျှ မ အား နိုင်ကြ။
32 They went away in the boat to a deserted place by themselves.
၃၂ထိုကြောင့် ၊ လှေ စီး၍ တော ၌ ဆိတ်ကွယ် ရာအရပ် သို့ သွား ကြ၏။
33 They saw them going, and many recognized him and ran there on foot from all the cities. They arrived before them and came together to him.
၃၃သွား ကြသည်ကို လူများ တို့သည်မြင် ၍ ကိုယ်တော်ဖြစ်သည်ကို သိ လျှင် ၊ အမြို့မြို့ အရွာရွာတို့မှ ထွက်၍ ထို အရပ်သို့ ကုန်းကြောင်း ပြေးသွား သဖြင့် ၊ တမန်တော် တို့ အရင် ရောက်၍ အထံတော်၌စုဝေးကြ၏။
34 Jesus came out, saw a great multitude, and he had compassion on them because they were like sheep without a shepherd; and he began to teach them many things.
၃၄ယေရှုသည် ထွက်ကြွ ၍ လူ များ အပေါင်းတို့ကို တွေ့မြင် တော်မူလျှင်၊ ထိုသူတို့သည် ထိန်း သူမ ရှိ ၊ ပစ်ထားသော သိုး ကဲ့သို့ ဖြစ် ကြသည်ကိုသနား ခြင်းစိတ်တော်ရှိ၍ များစွာ သော ဆုံးမ ဩဝါဒကို ပေးတော်မူ၏။
35 When it was late in the day, his disciples came to him and said, “This place is deserted, and it is late in the day.
၃၅မိုဃ်းချုပ် သောအခါတပည့် တော်တို့သည် ချဉ်းကပ် ၍ ၊ ဤအရပ်သည် တော အရပ် ဖြစ် ပါ၏။ မိုဃ်း လည်း ချုပ်ပါပြီ။
36 Send them away, that they may go into the surrounding country and villages and buy themselves bread, for they have nothing to eat.”
၃၆လူများတို့သည် ပတ်ဝန်းကျင် ရွာ ဇနပုဒ် သို့ သွား ၍ စားစရာ ကိုဝယ် စေခြင်းငှာအခွင့် ပေးတော်မူပါ။ သူ တို့၌ စားစရာမရှိပါဟု လျှောက်ကြလျှင်၊
37 But he answered them, “You give them something to eat.” They asked him, “Shall we go and buy two hundred denarii worth of bread and give them something to eat?”
၃၇ကိုယ်တော်က၊ သူ တို့စားစရာ ဘို့ သင် တို့ပေး ကြလော့ ဟု ပြန်ပြော တော်မူ၏။ တပည့်တော်တို့ကလည်း ၊ အကျွန်ုပ်တို့သည် သွား ၍ ဒေနာရိ အပြားနှစ်ရာ နှင့်မုန့် ကိုဝယ် ပြီးလျှင် သူ တို့အား စားစရာ ဘို့ ပေး ရပါအံ့လောဟု လျှောက် ကြ၏။
38 He said to them, “How many loaves do you have? Go see.” When they knew, they said, “Five, and two fish.”
၃၈ကိုယ်တော်ကလည်း၊ သင်တို့၌ မုန့် ဘယ်နှစ် လုံးရှိ သနည်း။ သွား ၍ ကြည့်ရှု ကြ ဟု မိန့် တော်မူသည် အတိုင်း သူတို့သည် သိ ပြီးမှ ၊ မုန့်ငါး လုံးနှင့် ငါး နှစ် ကောင် ရှိပါသည်ဟု လျှောက် ပြန်၏။
39 He commanded them that everyone should sit down in groups on the green grass.
၃၉ထိုအခါ လူအပေါင်း တို့ကို မြက် စိမ်း ပေါ်မှာ အစုစု လျောင်း ကြစေ ဟု အမိန့် တော်ရှိ၏။
40 They sat down in ranks, by hundreds and by fifties.
၄၀သူတို့သည် တရာ တစ်စု၊ ငါးဆယ် တစ်စု၊ အစုစု လျောင်း ကြလျှင် ၊
41 He took the five loaves and the two fish; and looking up to heaven, he blessed and broke the loaves, and he gave to his disciples to set before them, and he divided the two fish among them all.
၄၁ကိုယ်တော်သည် မုန့် ငါး လုံးနှင့် ငါး နှစ် ကောင်ကိုယူ ၍ ၊ ကောင်းကင် သို့ မျှော်ကြည့် လျက် ကျေးဇူး တော်ကို ချီးမွမ်းပြီးမှ မုန့် ကိုဖဲ့ ၍ လူ များတို့ရှေ့ ၌ထည့်စေခြင်းငှာ တပည့် တော်တို့အား ပေး တော်မူ၏။ ငါး နှစ် ကောင်ကို လည်း လူအပေါင်း တို့အား ဝေငှ တော်မူ၏။
42 They all ate and were filled.
၄၂လူအပေါင်း တို့သည် စား ၍ ဝ ကြပြီးမှ ၊
43 They took up twelve baskets full of broken pieces and also of the fish.
၄၃မုန့်နှင့်ငါး အကျိုးအပဲ့ ကို ကောက်သိမ်း ၍ တစ်ဆယ့်နှစ် တောင်း ၊ အပြည့် ရကြ၏။
44 Those who ate the loaves were five thousand men.
၄၄မုန့် ကိုစား သောသူ ယောက်ျား အရေအတွက်ကား၊ လူငါးထောင် မျှလောက်ရှိ သတည်း။
45 Immediately he made his disciples get into the boat and go ahead to the other side, to Bethsaida, while he himself sent the multitude away.
၄၅စည်းဝေး သောသူတို့ကို လွှတ် တော်မူစဉ် တွင်တပည့် တော်တို့ လှေ စီး စေ၍ ကမ်းတစ်ဘက် ဗက်ဇဲဒ မြို့သို့ အရင် ကူးစေတော်မူ၏။
46 After he had taken leave of them, he went up the mountain to pray.
၄၆စည်းဝေးသောသူ တို့ကို လွှတ် ပြီးမှ ဆုတောင်း ပဌနာပြုအံ့သောငှာတောင် ပေါ်သို့ ကြွ တော်မူ၏။
47 When evening had come, the boat was in the middle of the sea, and he was alone on the land.
၄၇ည အချိန်ရောက် သောအခါ လှေ သည် အိုင် အလယ် ၌ ရှိ ၏။ ကိုယ်တော် သည် ကုန်း ပေါ်မှ တစ်ယောက်တည်း ရှိနေတော်မူ၏။
48 Seeing them distressed in rowing, for the wind was contrary to them, about the fourth watch of the night he came to them, walking on the sea; and he would have passed by them,
၄၈လေ မ သင့်သောကြောင့် တပည့် တော်တို့သည် တက်ခတ် ၍ပင်ပန်း ကြသည်ကို မြင် တော်မူ၏။ ည သုံးချက်တီး ကျော် အချိန်၌ အိုင် ပေါ်မှ စက်တော်ဖြန့် လျက် ၊ သူ တို့ရှိရာ သို့ကြွ ၍ အနားမှာ ရှောက်သွား မည် ပြု တော်မူ၏။
49 but they, when they saw him walking on the sea, supposed that it was a ghost, and cried out;
၄၉ထိုသို့အိုင် ပေါ်မှာ စက်တော်ဖြန့်၍ ကြွ တော်မူသည်ကို သူတို့သည်မြင် လျှင်၊ ဖုတ် တစ္ဆေဖြစ် သည်ဟု စိတ်ထင် နှင့် အော်ဟစ် ကြ၏။
50 for they all saw him and were troubled. But he immediately spoke with them and said to them, “Cheer up! It is I! Don’t be afraid.”
၅၀ထိုသူအပေါင်း တို့သည် ကိုယ်တော် ကိုမြင် ၍ ထိတ်လန့် ခြင်းသို့ရောက်ကြ၏။ ကိုယ်တော်သည် ချက်ခြင်း နှုတ်ဆက် ၍ “တည်ကြည်သောစိတ် ရှိကြလော့။ ငါ ပင်ဖြစ် သည်၊ မ ကြောက်လန့် ကြနှင့် ဟု မိန့် တော်မူ၏။
51 He got into the boat with them; and the wind ceased, and they were very amazed among themselves, and marveled;
၅၁လှေ ပေါ်၌ သူ တို့ရှိရာ သို့ တက် တော်မူလျှင် လေ သည်ငြိမ် လေ၏။ ထိုသူ တို့သည် အတိုင်း ထက်အလွန်မိန်းမော တွေဝေအံ့ဩခြင်းသို့ ရောက်ကြ၏။
52 for they hadn’t understood about the loaves, but their hearts were hardened.
၅၂အကြောင်းမူကား ၊ သူ တို့စိတ် နှလုံး မိုက် သည်ဖြစ် ၍ မုန့် ၌ပြသောတန်ခိုးတော်ကို ပမာဏ မ ပြုကြ။
53 When they had crossed over, they came to land at Gennesaret and moored to the shore.
၅၃ကမ်း တစ်ဘက်သို့ ကူး လျှင် ဂင်္နေသရက် နယ်သို့ ရောက် ၍ လှေကို ဆိုက် ကြ၏။
54 When they had come out of the boat, immediately the people recognized him,
၅၄လှေ မှ ဆင်း သောအခါ လူ များတို့သည် မျက်နှာ တော်ကို ချက်ခြင်း မှတ်မိ လျှင်၊
55 and ran around that whole region, and began to bring those who were sick on their mats to where they heard he was.
၅၅ပတ်ဝန်းကျင်အရပ် ၌ ရှိသမျှ သို့ ပြေးသွား ၍ မည်သည့်အရပ်၌ ရှိ တော်မူသည်ဟုကြား လျှင်၊ ထိုအရပ် သို့ လူနာ များကို အိပ်ရာ နှင့် ဆောင်ခဲ့ ကြ၏။
56 Wherever he entered—into villages, or into cities, or into the country—they laid the sick in the marketplaces and begged him that they might just touch the fringe of his garment; and as many as touched him were made well.
၅၆မြို့ ရွာ ဇနပုဒ် သို့ ရောက် တော်မူရာ၌ မကျန်းမမာ သောသူ တို့ကို လမ်း နားမှာထား ၍ အဝတ် တော်၏ ပန်းပွား ကိုမျှ တို့ ရပါမည်အကြောင်း အခွင့်တောင်း ကြ၏။ တို့ သမျှ သော သူတို့သည်လည်း ချမ်းသာ ရကြ၏။

< Mark 6 >