< Mark 14 >

1 It was now two days before the Passover and the Feast of Unleavened Bread, and the chief priests and the scribes sought how they might seize him by deception and kill him.
ထိုနောက် နှစ် ရက် လွန် လျှင် ပသခါ အဇုမ ပွဲရှိ ၏။ ယဇ်ပုရောဟိတ် အကြီးတို့နှင့် ကျမ်းပြု ဆရာတို့သည် ကိုယ်တော် ကို အဘယ်သို့ ပရိယာယ် အားဖြင့် ဘမ်းဆီး ၍ သတ် ရအံ့နည်းဟု ရှာကြံ ကြ၏။
2 For they said, “Not during the feast, because there might be a riot among the people.”
သို့သော်လည်း လူ များတို့သည် ရုန်းရင်းခတ် ဖြစ် မည်ကို စိုးရိမ် ၍ ပွဲ နေ့တွင် မ ပြုနှင့်ဦးဟုပြောဆို ကြ၏။
3 While he was at Bethany, in the house of Simon the leper, as he sat at the table, a woman came having an alabaster jar of ointment of pure nard—very costly. She broke the jar and poured it over his head.
ဗေသနိ ရွာတွင် ရှိမုန် အမည်ရှိသော လူနူ ၏အိမ် ၌ ကိုယ်တော် ရှိ တော်မူသည်ဖြစ်၍ ၊ မိန်းမ တစ်ယောက်သည် အဘိုး များစွာထိုက်သောနာဒု ဆီမွှေး စစ် နှင့်ပြည့်သော ကျောက်ဖြူ ခွက်တစ်လုံးကို ယူခဲ့ ၍ကိုယ်တော် သည် စားပွဲနားမှာ လျောင်း တော်မူစဉ်၊ ကျောက်ဖြူ ခွက်ကိုခွဲ ပြီးမှခေါင်း တော်ပေါ်၌သွန်းလောင်း လေ၏။
4 But there were some who were indignant among themselves, saying, “Why has this ointment been wasted?
အချို့ တို့သည် ဒေါသ စိတ်ရှိ သည်ဖြစ်၍၊ ထို ဆီမွှေး ကို အဘယ်ကြောင့် အကျိုးမဲ့ ဆုံး စေသနည်း။
5 For this might have been sold for more than three hundred denarii and given to the poor.” So they grumbled against her.
ဒေနာရိ အပြားသုံးရာ မက သောအဘိုးနှင့်ရောင်း ၍ ဆင်းရဲ သောသူ တို့အား ပေး စရာကောင်းသည်ဟု ဆို၍ထိုမိန်းမ ကိုအပြစ်တင် ကြ၏။
6 But Jesus said, “Leave her alone. Why do you trouble her? She has done a good work for me.
ယေရှု ကလည်း ထိုမိန်းမ ကိုရှိ စေတော့။ အဘယ်ကြောင့် နှောင့်ရှက် ကြသနည်း။ သူသည် ငါ ၌ ကောင်း သောအမှု ကို ပြု ပြီ။”
7 For you always have the poor with you, and whenever you want to, you can do them good; but you will not always have me.
ဆင်းရဲ သောသူ တို့သည် သင်တို့၌ အစဉ် ရှိ ကြ၏ သင်တို့ အလိုရှိသည်အတိုင်း သူ တို့အားကျေးဇူး ပြု နိုင် ၏။ ငါ မူကား သင်တို့၌အစဉ် ရှိ သည်မ ဟုတ်။”
8 She has done what she could. She has anointed my body beforehand for the burying.
ဤမိန်းမသည်တတ်နိုင် သမျှ ပြု ပြီ။ ငါ့အလောင်းကို သင်္ဂြိုဟ် မည်ဟု ပြင်ဆင် ခြင်းငှာ ၊ ငါ့ ကိုယ် ကို ဆီမွှေးနှင့် လူး နှင့်သတည်း။”
9 Most certainly I tell you, wherever this Good News may be preached throughout the whole world, that which this woman has done will also be spoken of for a memorial of her.”
“ငါအမှန် ဆို သည်ကား၊ ဧဝံဂေလိ တရားကို မြေ တပြင်လုံး တွင် ဟော သောအရပ်ရပ် တို့၌ ဤ မိန်းမကို အောက်မေ့ စရာဘို့ သူပြု သောဤအမှု ကို ကြားပြော ရကြလတံ့” ဟုမိန့်တော်မူ၏။
10 Judas Iscariot, who was one of the twelve, went away to the chief priests, that he might deliver him to them.
၁၀ထိုအခါ တပည့်တော်တစ်ကျိပ် နှစ်ပါးအဝင် ဖြစ်သော ယုဒ ရှကာရုတ် သည် ကိုယ်တော် ကိုအပ် ခြင်းငှာ ယဇ်ပုရောဟိတ် အကြီးတို့ထံသို့ သွား လေ၏။
11 They, when they heard it, were glad, and promised to give him money. He sought how he might conveniently deliver him.
၁၁ထိုသူ တို့သည် ကြား လျင်ဝမ်းမြောက်သောစိတ် ရှိ၍ ငွေ ပေး မည်ဟု ဝန်ခံ ကြ၏။ ထိုနောက် အဆင်သင့် သောအချိန်ကာလ၌ ကိုယ်တော် ကို အဘယ်သို့ အပ် ရမည်နည်းဟု ရှာကြံ လျက်နေ၏။
12 On the first day of unleavened bread, when they sacrificed the Passover, his disciples asked him, “Where do you want us to go and prepare that you may eat the Passover?”
၁၂ပသခါ သိုးငယ်ကို သတ် သောနေ့တည်းဟူသောအဇုမ ပွဲပဌမ နေ့ ၌ တပည့် တော်တို့သည် အထံ တော် သို့ ချဉ်းကပ်၍၊ ကိုယ်တော်သည် ပသခါ ပွဲကို စား တော်မူဘို့ရာအဘယ် အရပ်၌ အကျွန်ုပ်တို့သည် သွား ၍ ပြင်ဆင် စေခြင်းငှာအလိုရှိ တော်မူသနည်းဟု မေးလျှောက် ကြသော်၊
13 He sent two of his disciples and said to them, “Go into the city, and there a man carrying a pitcher of water will meet you. Follow him,
၁၃ကိုယ်တော် သည် တပည့် တော်နှစ် ယောက်တို့ကိုစေလွှတ် ၍ ၊ သင် တို့သည် မြို့ ထဲသို့ သွား ကြ။ ရေ အိုး ဆောင် သောသူ ကို တွေ့ လိမ့်မည်။ ထိုသူ နောက် သို့ လိုက်၍ ၊”
14 and wherever he enters in, tell the master of the house, ‘The Teacher says, “Where is the guest room, where I may eat the Passover with my disciples?”’
၁၄သူဝင် သော အိမ်သို့ဝင်ပြီးမှ ၊ ငါသည် ငါ့ တပည့် တို့နှင့်တကွ ပသခါ ပွဲကို စား ရသောဧည့်သည်အခန်း ကား၊ အဘယ်မှာ ရှိ သနည်း။ ဆရာ က မေး သည်ဟု အိမ်ရှင် ကို ပြော ကြလော့။”
15 He will himself show you a large upper room furnished and ready. Get ready for us there.”
၁၅ထိုသူ သည် အသင့် ပြင်ဆင် လျက်ရှိသောအထက်အခန်း ကြီး ကိုပြ လိမ့်မည်။ ထို အခန်း၌ ငါ တို့ဘို့ ပြင်ဆင် ကြလော့ ဟု မိန့် တော်မူ၏။
16 His disciples went out, and came into the city, and found things as he had said to them, and they prepared the Passover.
၁၆တပည့် တော်တို့သည်သွား ၍ မြို့ ထဲသို့ ဝင် လျှင် ၊ စကား တော်အတိုင်း တွေ့ ၍ ပသခါ ပွဲကို ပြင်ဆင် ကြ၏။
17 When it was evening he came with the twelve.
၁၇ညဦးယံ အချိန်ရောက် မှ တပည့်တော်တစ်ကျိပ် နှစ်ပါးတို့နှင့်အတူ ကြွလာ တော်မူ၏။
18 As they sat and were eating, Jesus said, “Most certainly I tell you, one of you will betray me—he who eats with me.”
၁၈စားပွဲ၌လျောင်း ၍ စား နေကြစဉ်တွင်၊ ယေရှု က၊ ငါအမှန် ဆို သည်ကား၊ သင် တို့အဝင် ဖြစ်၍ ငါ နှင့်အတူ စား သောသူ တစ်စုံတစ်ယောက် သည် ငါ့ ကို အပ်နှံ လိမ့်မည်” ဟု မိန့် တော်မူလျှင်၊
19 They began to be sorrowful, and to ask him one by one, “Surely not I?” And another said, “Surely not I?”
၁၉တပည့်တော်တို့သည် ဝမ်းနည်း ၍ ၊ အကျွန်ုပ်လော၊ အကျွန်ုပ် လောဟု တစ် ယောက်နောက် တစ် ယောက် အသီးအသီးမေးလျှောက် ကြ၏။
20 He answered them, “It is one of the twelve, he who dips with me in the dish.
၂၀ကိုယ်တော်ကလည်း ၊ တစ်ကျိပ် နှစ်ပါးအဝင်ဖြစ်၍ငါ နှင့်အတူ ပုကန် တွင် နှိုက် သောသူ သည် ငါ့ကို အပ်နှံလိမ့်မည်။”
21 For the Son of Man goes as it is written about him, but woe to that man by whom the Son of Man is betrayed! It would be better for that man if he had not been born.”
၂၁ကျမ်းစာ လာသည်အတိုင်း လူ သား သည် သွား ရမည်။ သို့သော်လည်း လူ သား ကို အပ်နှံ သောသူ သည် အမင်္ဂလာ ရှိ၏။ ထို သူ သည် ဘွားမြင် ခြင်းကို မ ခံရလျှင် အနေသာ၍ကောင်း သည် ဟု မိန့် တော်မူ၏။
22 As they were eating, Jesus took bread, and when he had blessed it, he broke it and gave to them, and said, “Take, eat. This is my body.”
၂၂ထိုအခါ စား လျက်နေကြစဉ်တွင်ယေရှုသည်မုန့် ကိုယူ ၍၊ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှမုန့်ကိုဖဲ့ ၍ ၊ ဤ မုန့် ကားငါ ၏ကိုယ် ဖြစ် ၏။ ယူ ၍စားကြလော့” ဟု မိန့် တော်မူလျက် တပည့် တော်တို့အား ပေး တော်မူ၏။
23 He took the cup, and when he had given thanks, he gave to them. They all drank of it.
၂၃ခွက် ကိုလည်း ယူ ၍ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှသူ တို့အား ပေး တော်မူလျှင် ၊ ထိုသူရှိသမျှ တို့သည် သောက် ကြ၏။
24 He said to them, “This is my blood of the new covenant, which is poured out for many.
၂၄ကိုယ်တော်ကလည်း ၊ ဤ ခွက်ကား၊ ပဋိညာဉ် တရားသစ်နှင့်ဆိုင်၍၊ လူများ အဘို့ အလိုငှာ သွန်း သော ငါ ၏ အသွေး ဖြစ် ၏။”
25 Most certainly I tell you, I will no more drink of the fruit of the vine until that day when I drink it anew in God’s Kingdom.”
၂၅ငါအမှန် ဆို သည်ကား၊ ဤ စပျစ်ရည် မျိုးအသစ် ကို ဘုရားသခင် ၏နိုင်ငံ တော်၌ ငါမ သောက် မှီ နေ့ တိုင်အောင် ယခုမှစ၍တစ်ဖန်ငါမ သောက်ရ “ဟု မိန့် တော်မူ၏။
26 When they had sung a hymn, they went out to the Mount of Olives.
၂၆ထိုနောက် သီချင်းဆို ပြီးမှသံလွင် တောင် သို့ ထွက်သွား ကြ၏။
27 Jesus said to them, “All of you will be made to stumble because of me tonight, for it is written, ‘I will strike the shepherd, and the sheep will be scattered.’
၂၇ထိုအခါ ယေရှု ကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်း ကို ငါရိုက်သတ် ၍ သိုး တို့သည် ကွဲလွင့် ရကြ လိမ့်မည်ဟု ရေး ထားသည်နှင့်အညီ ၊ ယနေ့ညဉ့်တွင် သင်တို့ရှိသမျှ သည် ငါ့ကြောင့် စိတ်ပျက် ကြလိမ့်မည်။”
28 However, after I am raised up, I will go before you into Galilee.”
၂၈သို့သော်လည်း ငါ သည်ထမြောက် ပြီးမှ သင် တို့ရှေ့ ၊ ဂါလိလဲ ပြည်သို့ သွားမည် ဟု မိန့် တော်မူသော်၊2”
29 But Peter said to him, “Although all will be offended, yet I will not.”
၂၉ပေတရု က၊ ဤသူရှိသမျှ တို့သည် စိတ်ပျက် ကြသော်လည်း အကျွန်ုပ် သည် စိတ်မ ပျက်ပါဟု လျှောက် လေ၏။
30 Jesus said to him, “Most certainly I tell you that you today, even this night, before the rooster crows twice, you will deny me three times.”
၃၀ယေရှု ကလည်း ၊ ငါအမှန် ဆို သည်ကား၊ ယနေ့ ညဉ့် တွင်ပင် ကြက် သည်နှစ်ကြိမ် မ တွန် မှီ သင်သည် သုံး ကြိမ်မြောက်အောင် ငါ့ ကိုငြင်းပယ် လိမ့်မည်” ဟု မိန့် တော်မူလျှင်၊
31 But he spoke all the more, “If I must die with you, I will not deny you.” They all said the same thing.
၃၁ပေတရုက၊ ကိုယ်တော် နှင့်တကွသေ ရ သော်လည်း အကျွန်ုပ်သည် ကိုယ်တော် ကိုမ ငြင်း မပယ်ပါဟု သာ၍ခိုင်ခံ့ သောစကားနှင့် လျှောက် ပြန်၏။ ထိုသူအပေါင်း တို့သည်လည်း ထိုနည်းတူ လျှောက် ကြ၏။
32 They came to a place which was named Gethsemane. He said to his disciples, “Sit here while I pray.”
၃၂ထိုအခါ ဂေသရှေမန် အရပ် သို့ ရောက် ကြလျှင် ကိုယ်တော်က၊ ငါဆုတောင်း စဉ် တွင်သင်တို့သည်ဤ အရပ်၌ ထိုင် နေကြလော့” ဟု တပည့် တော်တို့အား မိန့်တော်မူ ပြီးမှ ၊
33 He took with him Peter, James, and John, and began to be greatly troubled and distressed.
၃၃ပေတရု ၊ ယာကုပ် ၊ ယောဟန် တို့ကိုခေါ်သွား ၍ မိန်းမော တွေဝေခြင်း၊ စိတ်ပူပန် ခြင်းသို့ ရောက်တော်မူ၏။
34 He said to them, “My soul is exceedingly sorrowful, even to death. Stay here and watch.”
၃၄ထိုအခါ ငါ သည်သေ လောက် အောင်စိတ် နှလုံးအလွန်ညှိုးငယ် ခြင်းရှိ ၏။ ဤ အရပ်၌ စောင့် နေ ကြလော့ ဟု တပည့် တော်သုံးယောက်တို့အား မိန့် တော်မူ၍၊
35 He went forward a little, and fell on the ground, and prayed that if it were possible, the hour might pass away from him.
၃၅ထိုမှအနည်းငယ် လွန် ပြန်လျှင် ၊ မြေ ပေါ်မှာ ပြပ်ဝပ် ၍ အိုအဘ ခမည်းတော် ၊”
36 He said, “Abba, Father, all things are possible to you. Please remove this cup from me. However, not what I desire, but what you desire.”
၃၆ကိုယ်တော် သည် အလုံးစုံ တို့ကိုတတ်နိုင် တော်မူ၏။ ဤ ခွက် ကို အကျွန်ုပ် မှ လွှဲ တော်မူပါ။ သို့သော်လည်း အကျွန်ုပ် အလိုရှိ သည်အတိုင်းမ ဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်းဖြစ်ပါစေသော ဟူ၍ထို အချိန် နာရီ သည် မိမိ နှင့် လွန်သွားနိုင် လျှင် လွန်သွား ပါမည်အကြောင်း ဆုတောင်း တော်မူပြီးမှ ၊
37 He came and found them sleeping, and said to Peter, “Simon, are you sleeping? Couldn’t you watch one hour?
၃၇ပြန်လာ ၍ တပည့် တော်တို့သည် အိပ်ပျော် လျက် နေကြသည်ကိုတွေ့ တော်မူလျှင် ၊ ရှိမုန် ၊ သင်သည် အိပ်ပျော် သလော။ တစ် နာရီ ခန့်မျှစောင့် နေခြင်းငှာမ စွမ်းနိုင် သလော။”
38 Watch and pray, that you may not enter into temptation. The spirit indeed is willing, but the flesh is weak.”
၃၈စုံစမ်း နှောင့်ရှက်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ဆုတောင်း လျက် စောင့် နေကြလော့။ စိတ် ဝိညာဉ် ကား စေတနာ ရှိငြားသော်လည်း၊ ကိုယ် မူကား အားနည်း သည် ဟု ပေတရု အားမိန့် တော်မူပြီးမှ ၊
39 Again he went away and prayed, saying the same words.
၃၉တစ်ဖန် သွား ၍ ရှေ့မြွက်ဆို သည်နည်းတူ ဆုတောင်း တော်မူ၏။
40 Again he returned and found them sleeping, for their eyes were very heavy; and they didn’t know what to answer him.
၄၀ထိုနောက် တပည့်တော်တို့ရှိရာသို့ပြန် ၍၊ သူ တို့သည်မျက်စိ လေးလံ သဖြင့် တစ်ဖန် အိပ်ပျော် လျက်နေကြ သည်ကို တွေ့ တော်မူ၏။ သူတို့သည် အဘယ်သို့ လျှောက် ရမည်ကို မ သိ ကြ။
41 He came the third time and said to them, “Sleep on now, and take your rest. It is enough. The hour has come. Behold, the Son of Man is betrayed into the hands of sinners.
၄၁သုံး ကြိမ်မြောက်အောင် သူ တို့ရှိရာသို့ ပြန်လာ လျှင် ၊ ယခု အိပ်ပျော် ၍ ငြိမ်ဝပ် စွာနေကြလော့။ အမှုလွန် ပြီ။ လူ သား ကို ဆိုး သောသူ တို့လက် သို့ အပ်နှံ ရသောအချိန် ရောက်လာ ပြီ။”
42 Arise! Let’s get going. Behold, he who betrays me is at hand.”
၄၂ထ ကြ။ ငါတို့သည်သွား ကြကုန်အံ့။ ငါ့ ကို အပ်နှံ သောသူ သည် ရောက်လာ ပြီ ဟု မိန့် တော်မူ၏။
43 Immediately, while he was still speaking, Judas, one of the twelve, came—and with him a multitude with swords and clubs, from the chief priests, the scribes, and the elders.
၄၃ထိုသို့ မိန့် တော်မူစဉ် တွင်ပင်တပည့်တော် တစ်ကျိပ် နှစ်ပါးအဝင် ဖြစ်သော ယုဒ ရှကာရုတ်နှင့်အတူ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာလူ အကြီးအကဲများစေလွှတ်သောလူ အစုအဝေးအပေါင်းတို့သည် ဓား နှင့် ဒုတ် များကိုကိုင်လျက် ချက်ခြင်း လာ ကြ၏။
44 Now he who betrayed him had given them a sign, saying, “Whomever I will kiss, that is he. Seize him, and lead him away safely.”
၄၄ကိုယ်တော် ကိုအပ်နှံ သောသူ က၊ ငါနမ်း သောသူ သည်ယေရှု ပင်ဖြစ် ၏။ သူ့ ကိုဘမ်း ၍ လုံခြုံ စွာ ဆောင်သွား ကြဟု ထိုသူ တို့အား အမှတ် ပေး ခဲ့သည်အတိုင်း ၊
45 When he had come, immediately he came to him and said, “Rabbi! Rabbi!” and kissed him.
၄၅သူသည် ရောက် လျှင် ကိုယ်တော်ရင်းသို့ချက်ခြင်း ချဉ်းကပ် ၍ အရှင် ဘုရား၊ အရှင်ဘုရားဟုဆို လျက် နမ်း လေ၏။
46 They laid their hands on him and seized him.
၄၆ထိုသူတို့သည် လာ၍ ကိုယ်တော် ကိုဆွဲကိုင် ဘမ်းဆီး ကြ၏။
47 But a certain one of those who stood by drew his sword and struck the servant of the high priest, and cut off his ear.
၄၇အနား၌ ရပ် နေသောသူ တစ် ယောက်သည် ဓား ကို ဆွဲထုတ် ပြီးလျှင်၊ ယဇ်ပုရောဟိတ် မင်း၏ ကျွန် တစ်ယောက်ကို ခုတ် သဖြင့် နားရွက် ပြတ် လေ၏။
48 Jesus answered them, “Have you come out, as against a robber, with swords and clubs to seize me?
၄၈ယေရှု ကလည်း သင်တို့သည် ဓားပြ ကို ဘမ်းသကဲ့သို့ ငါ့ ကိုဘမ်း အံ့သောငှာဓား နှင့် ဒုတ် များကို လက်စွဲလျက်လာ ကြသည်တကား၊”
49 I was daily with you in the temple teaching, and you didn’t arrest me. But this is so that the Scriptures might be fulfilled.”
၄၉ငါသည် ဗိမာန် တော်၌ နေ့ တိုင်း ဆုံးမ ဩဝါဒပေးလျက် ၊ သင် တို့အလယ်၌ ရှိ နေစဉ်အခါသင်တို့သည် ငါ့ ကို မ ဖမ်း မဆီးကြ။ ဤအကြောင်းအရာကား၊”
50 They all left him, and fled.
၅၀ကျမ်းစာ ပြည်စုံ မည်အကြောင်း တည်း ဟု ထိုလူ များကို မိန့် တော်မူ၏။
51 A certain young man followed him, having a linen cloth thrown around himself over his naked body. The young men grabbed him,
၅၁ထိုအခါ တပည့်တော်အပေါင်း တို့သည် ကိုယ်တော် ကိုစွန့်ပစ် ၍ ပြေး ကြ၏။ လုလင် တစ် ယောက်သည် စောင် တစ်ထည်ကိုသာဝတ် လျက် နောက်တော်သို့လိုက် သည်ဖြစ်၍ ၊ မင်းလုလင်တို့သည် ထိုလုလင် ကို ဘမ်းဆီး ကြ၏။
52 but he left the linen cloth and fled from them naked.
၅၂သူ သည်လည်း စောင် ကိုစွန့်ပစ် ၍ အဝတ် မရှိဘဲ လုလင်တို့လက်မှ ထွက်ပြေး လေ၏။
53 They led Jesus away to the high priest. All the chief priests, the elders, and the scribes came together with him.
၅၃ထိုသူတို့သည် ယေရှု ကို ယဇ်ပုရောဟိတ် မင်းထံသို့ ဆောင်သွား ကြ၏။ ထိုမင်းထံ၌ယဇ်ပုရောဟိတ် အကြီး၊ လူ အကြီးအကဲ၊ ကျမ်းပြု ဆရာအပေါင်း တို့သည် စည်းဝေး ကြ၏။
54 Peter had followed him from a distance, until he came into the court of the high priest. He was sitting with the officers, and warming himself in the light of the fire.
၅၄ပေတရု သည်လည်း ယဇ်ပုရောဟိတ် မင်း၏ အိမ်ဦး အတွင်း သို့ တိုင်အောင် ကိုယ်တော် နှင့် ဝေး စွာ လိုက် ပြီးလျှင် ၊ မင်း လုလင်တို့နှင့်အတူ ထိုင် ၍ မီး လှုံ လေ၏။
55 Now the chief priests and the whole council sought witnesses against Jesus to put him to death, and found none.
၅၅ယဇ်ပုရောဟိတ် အကြီးတို့နှင့် လွှတ် အရာရှိအပေါင်း တို့သည် ယေရှု ကို သတ် ရမည်အကြောင်း သက်သေ ကို ရှာ သော်လည်း မ တွေ့ ကြ။
56 For many gave false testimony against him, and their testimony didn’t agree with each other.
၅၆လူများ တို့သည် မမှန် သောသက်သေကို ခံကြသော်လည်း သူတို့၏ သက်သေခံ ချက်သည်မ ညီ ။
57 Some stood up and gave false testimony against him, saying,
၅၇အချို့ တို့သည်ထ ၍၊ ဤသူက၊ လူတို့လက် ဖြင့် လုပ်သော၊
58 “We heard him say, ‘I will destroy this temple that is made with hands, and in three days I will build another made without hands.’”
၅၈ဤ ဗိမာန် တော်ကို ငါ ဖြိုဖျက် ၍ လူတို့ လက်ဖြင့် မလုပ်သောဗိမာန်တော်တဆူကို တည်ဆောက် မည်ဟု ပြောဆို သည်ကို အကျွန်ုပ် တို့ကြား ရပါပြီဟု သက်သေခံ ကြ၏။
59 Even so, their testimony didn’t agree.
၅၉သို့သော်လည်း သူ တို့၏ သက်သေခံ ချက်သည် မ ညီ ။
60 The high priest stood up in the middle, and asked Jesus, “Have you no answer? What is it which these testify against you?”
၆၀ယဇ်ပုရောဟိတ် မင်းသည် အလယ် ၌ မတ်တပ်ထ ၍၊ သင်သည် တခွန်းမျှ ပြန် ၍မ ပြောသလော။ ဤ သူတို့သည် အဘယ်သို့ သက်သေခံ သနည်းဟု ယေရှု ကိုမေး လျှင်၊
61 But he stayed quiet, and answered nothing. Again the high priest asked him, “Are you the Christ, the Son of the Blessed?”
၆၁ကိုယ်တော်သည် တခွန်းမျှ ပြန်ပြော တော်မ မူဘဲတိတ်ဆိတ်စွာ နေ၏။ တစ်ဖန် ယဇ်ပုရောဟိတ် မင်းက၊ သင် သည် ခရစ်တော် တည်းဟူသောမင်္ဂလာ ရှိသောဘုရားသခင်၏သား တော် မှန် သလောဟု မေး ပြန်လျှင် ၊
62 Jesus said, “I am. You will see the Son of Man sitting at the right hand of Power, and coming with the clouds of the sky.”
၆၂ယေရှု က၊ မှန် ၏။ နောင်ကာလ၌ လူ သား သည် တန်ခိုး တော်၏လက်ျာ ဘက်၌ ထိုင် လျက်၊ မိုဃ်း တိမ် ကို စီး၍ ကြွလာ သည်ကို သင်တို့မြင် ရကြလတံ့ ဟု မိန့် တော်မူ၏။
63 The high priest tore his clothes and said, “What further need have we of witnesses?
၆၃ထိုအခါ ယဇ်ပုရောဟိတ် မင်းသည် မိမိ အဝတ် ကို ဆုတ် လျက်အဘယ် သက်သေ ကို လို သေး သနည်း။
64 You have heard the blasphemy! What do you think?” They all condemned him to be worthy of death.
၆၄ဘုရားကို လွန်ကျူး၍ပြောသောစကားကို သင်တို့ကြား ရပြီ။ အဘယ်သို့ ထင်မှတ် ကြသနည်းဟု မေးမြန်း လျှင် ၊ ကိုယ်တော် သည် အသေခံ ထိုက် ကြောင်းကို ထိုသူ အပေါင်း တို့သည် စီရင် ကြ၏။
65 Some began to spit on him, and to cover his face, and to beat him with fists, and to tell him, “Prophesy!” The officers struck him with the palms of their hands.
၆၅ထိုအခါ အချို့ တို့သည် ကိုယ်တော် ကို တံတွေး နှင့်ထွေးကြ၏။ မျက်နှာ တော်ကိုဖုံး ပြီးလျှင် လက်သီးနှင့် ထိုး လျက် ၊ ပရောဖက် ပြု၍ ဟောတော်မူပါဟုဆို ကြ၏။ မင်း လုလင်တို့သည်လည်း ပါး တော်ကို လက်နှင့်ပုတ် ကြ ၏။
66 As Peter was in the courtyard below, one of the maids of the high priest came,
၆၆ပေတရု သည်အောက် မှာ အိမ်ဦး ၌ ရှိ စဉ်၊ ယဇ်ပုရောဟိတ် မင်း၏ အစေအပါး မိန်းမတစ် ယောက်သည် လာ ၍ ၊
67 and seeing Peter warming himself, she looked at him and said, “You were also with the Nazarene, Jesus!”
၆၇ပေတရု သည် မီးလှုံ လျက်နေသည်ကို မြင် သောအခါသူ့ ကိုစေ့စေ့ကြည့် ၍၊ သင် သည်လည်း နာဇရက် မြို့သားယေရှု နှင့် ပေါင်းဖေါ်သောသူဖြစ် သည်ဟု ဆို လျှင် ၊
68 But he denied it, saying, “I neither know nor understand what you are saying.” He went out on the porch, and the rooster crowed.
၆၈ပေတရုက၊ သင် ပြော သောအရာ ကိုငါမ သိ ၊ နား မ လည်ဟု ငြင်းခုံ ပြီးမှ အိမ်ဦး ရှေ့သို့ ထွက် သော် ကြက် တွန် လေ၏။
69 The maid saw him and began again to tell those who stood by, “This is one of them.”
၆၉နောက်တစ်ဖန် အစေအပါး မိန်းမသည် ပေတရု ကိုမြင် လျှင် ၊ အနား၌ ရပ် နေသောသူ တို့အား၊ ဤသူ သည် ထိုသူ တို့ အဝင် ဖြစ် သည်ဟုဆို သော်။
70 But he again denied it. After a little while again those who stood by said to Peter, “You truly are one of them, for you are a Galilean, and your speech shows it.”
၇၀ပေတရု သည် တစ်ဖန် ငြင်းခုံ ပြန်၏၊ ထိုနောက်များမကြာ အနား၌ ရပ် နေသောသူ တို့က၊ အကယ်စင်စစ် သင်သည် ထိုသူ တို့အဝင် ဖြစ် ၏။ သင်သည် ဂါလိလဲ လူဖြစ် ၏။ သင်စကားလည်းတူ၏ဟု ပေတရုကိုဆို ကြလျှင် ၊
71 But he began to curse and to swear, “I don’t know this man of whom you speak!”
၇၁ပေတရုက၊ သင်တို့ပြော သောသူ ကို ငါမ သိ ဟု ဓိဋ္ဌာန် ပြု၍ ကျိန်ဆို သည်နောက် ၊
72 The rooster crowed the second time. Peter remembered the words that Jesus said to him, “Before the rooster crows twice, you will deny me three times.” When he thought about that, he wept.
၇၂တစ်ဖန် ကြက် တွန် လေ၏။ ယေရှု က၊ ကြက် သည် နှစ်ကြိမ် မ တွန် မှီ သင်သည်သုံး ကြိမ်မြောက်အောင် ငါ့ ကို ငြင်းပယ် လိမ့်မည် ဟု မိန့် တော်မူသောစကား ကို၊ ပေတရု သည် သတိရ သဖြင့် ခေါင်း ကိုခြုံ၍ငိုကြွေး လေ၏။

< Mark 14 >