< Judges 10 >

1 After Abimelech, Tola the son of Puah, the son of Dodo, a man of Issachar, arose to save Israel. He lived in Shamir in the hill country of Ephraim.
အဘိမလက် လက်ထက်နောက် မှ၊ ဣသရေလ အမျိုးကို ကယ်တင် သောသူ ဣသခါ အမျိုး ၊ ဒေါဒေါ သား ဖုဝါ ၏သား တောလ သည် ပေါ်ထွန်း ၍ ၊ ဧဖရိမ် တောင် ပေါ်၊ ရှမိရ မြို့မှာ နေ လေ၏။
2 He judged Israel twenty-three years, and died, and was buried in Shamir.
ထိုသူသည် ဣသရေလ အမျိုးကို အနှစ် နှစ်ဆယ် သုံး နှစ်ပတ်လုံးအုပ်စိုး ပြီးမှ သေ ၍ ၊ ရှမိရ မြို့မှာ သင်္ဂြိုဟ် လေ၏။
3 After him Jair, the Gileadite, arose. He judged Israel twenty-two years.
ထိုသူ လက်ထက်နောက် မှ၊ ဂိလဒ် ပြည်သားယာဣရ သည် ပေါ်ထွန်း ၍ ၊ ဣသရေလ အမျိုးကို အနှစ်နှစ်ဆယ် နှစ် နှစ် ပတ်လုံးအုပ်စိုး ၏။
4 He had thirty sons who rode on thirty donkey colts. They had thirty cities, which are called Havvoth Jair to this day, which are in the land of Gilead.
ထိုမင်း ၌ ကား သား သုံးဆယ် ရှိ ၍ ၊ သူ တို့သည် မြည်း သငယ်သုံးဆယ် တို့ကို စီး လျက် ဂိလဒ် ပြည် ၌ ယာဝုတ် ယာဣရ အမည်ဖြင့် ယနေ့ တိုင်အောင် ခေါ်ဝေါ် သော မြို့သုံးဆယ်တို့ကို ကံကျွေးပြုကြ၏။
5 Jair died, and was buried in Kamon.
ယာဣရ သေ ၍ ကာမုန် မြို့မှာ သင်္ဂြိုဟ် လေ၏။
6 The children of Israel again did that which was evil in Yahweh’s sight, and served the Baals, the Ashtaroth, the gods of Syria, the gods of Sidon, the gods of Moab, the gods of the children of Ammon, and the gods of the Philistines. They abandoned Yahweh, and didn’t serve him.
တဖန် ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၍ ၊ ဗာလ ဘုရား၊ အာရှတရက် ဘုရား၊ ရှုရိ ဘုရား ၊ ဇိဒုန် ဘုရား ၊ မောဘ ဘုရား ၊ အမ္မုန် ဘုရား ၊ ဖိလိတ္တိ ဘုရား တို့ကို ဝတ်ပြု ၍ ထာဝရဘုရား ကို ဝတ် မ ပြုစွန့် ထားကြ၏။
7 Yahweh’s anger burned against Israel, and he sold them into the hand of the Philistines and into the hand of the children of Ammon.
ထာဝရဘုရား သည် ဣသရေလ အမျိုးကို အမျက် ထွက် ၍ ဖိလိတ္တိ လူတို့၌ ၎င်း၊ အမ္မုန် အမျိုးသားတို့၌ ၎င်း၊ ရောင်း တော်မူသဖြင့်၊
8 They troubled and oppressed the children of Israel that year. For eighteen years they oppressed all the children of Israel that were beyond the Jordan in the land of the Amorites, which is in Gilead.
ယော်ဒန် မြစ်တစ်ဘက် အာမောရိ လူနေရာ ဂိလဒ် ပြည်၌ နေသောဣသရေလ အမျိုးသားအပေါင်း တို့ကို ထို နှစ် မှစ၍တဆယ် ရှစ် နှစ် ပတ်လုံးညှဉ်းဆဲ ကြ၏။
9 The children of Ammon passed over the Jordan to fight also against Judah, and against Benjamin, and against the house of Ephraim, so that Israel was very distressed.
အမ္မုန် အမျိုးသားတို့သည်လည်း ၊ ယော်ဒန် မြစ်ကို ကူး ၍ ယုဒ အမျိုး၊ ဗင်္ယာမိန် အမျိုး၊ ဧဖရိမ် အမျိုးသား တို့ကို တိုက် သဖြင့် ၊ ဣသရေလ အမျိုးသားတို့သည် ကြီးစွာ သော ဆင်းရဲ ခြင်းသို့ ရောက်ကြ၏။
10 The children of Israel cried to Yahweh, saying, “We have sinned against you, even because we have forsaken our God, and have served the Baals.”
၁၀ထိုအခါ ဣသရေလ အမျိုးသားတို့က၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကို ပြစ်မှား ပါပြီ။ အကျွန်ုပ် တို့၏ ဘုရား သခင်ကို စွန့် ၍ ၊ ဗာလ ဘုရားတို့ကို ဝတ်ပြု မိပါပြီဟု ထာဝရဘုရား အား ဟစ်ကြော် ကြ၏။
11 Yahweh said to the children of Israel, “Didn’t I save you from the Egyptians, and from the Amorites, from the children of Ammon, and from the Philistines?
၁၁ထာဝရဘုရား ကလည်း ၊ ငါသည် သင်တို့ကို အဲဂုတ္တု လူ၊ အာမောရိ လူ၊ အမ္မုန် လူ ၊ ဖိလိတ္တိ လူတို့လက်မှ ကယ်နှုတ်သည် မဟုတ် လော။
12 The Sidonians also, and the Amalekites, and the Maonites, oppressed you; and you cried to me, and I saved you out of their hand.
၁၂ဇိဒုန် လူ၊ အာမလက် လူ၊ မောနိ လူတို့ ညှဉ်းဆဲ သောအခါ၌လည်း ၊ သင်တို့သည် ငါ့ ကို ဟစ်ကြော် ၍ ၊ သူ တို့လက် မှ ငါကယ်နှုတ် ၏။
13 Yet you have forsaken me and served other gods. Therefore I will save you no more.
၁၃သို့သော်လည်း သင် တို့သည် ငါ့ ကို စွန့် ၍ အခြား တပါးသောဘုရား တို့ကို ဝတ်ပြု သောကြောင့် ၊ နောက်တဖန် ငါမ ကယ်နှုတ်။
14 Go and cry to the gods which you have chosen. Let them save you in the time of your distress!”
၁၄သင်တို့ ရွေးယူသော ဘုရား တို့ကို သွား ၍ ဟစ်ကြော် ကြလော့။ အမှု ရောက်သော ယခု ကာလ ၌ သူ တို့သည် ကယ်နှုတ် ကြစေဟု ဣသရေလ အမျိုးသားတို့အား မိန့် တော်မူ၏။
15 The children of Israel said to Yahweh, “We have sinned! Do to us whatever seems good to you; only deliver us, please, today.”
၁၅ဣသရေလ အမျိုးသားတို့ကလည်း ၊ အကျွန်ုပ်တို့သည် ပြစ်မှား ပါပြီ။ စိတ်တော်ရှိသည်အတိုင်း အကျွန်ုပ် တို့၌ ပြု တော်မူပါ။ ယခု တကြိမ်သာ ကယ်နှုတ် တော်မူမည်အကြောင်းအကျွန်ုပ်တို့ တောင်းပန်ပါ၏ဟု ထာဝရဘုရား အား တောင်း လျှောက်လျက်၊
16 They put away the foreign gods from among them and served Yahweh; and his soul was grieved for the misery of Israel.
၁၆တပါး အမျိုးသားကိုးကွယ်သော ဘုရား တို့ကို ပယ် ၍ ထာဝရဘုရား ကို ဝတ်ပြု ကြ၏။ ထိုအခါ ထာဝရဘုရားသည် ဣသရေလ အမျိုး ခံရသောဒုက္ခ ဆင်းရဲကြောင့် ကြင်နာသော စိတ်နှလုံး ရှိတော်မူ၏။
17 Then the children of Ammon were gathered together and encamped in Gilead. The children of Israel assembled themselves together and encamped in Mizpah.
၁၇အမ္မုန် အမျိုးသားတို့သည် စည်းဝေး ၍ ဂိလဒ် ပြည်၌ တပ်ချ ကြ၏။ ဣသရေလ အမျိုးသားတို့သည် စည်းဝေး ၍ မိဇပါ မြို့မှာ တပ်ချ ကြ၏။
18 The people, the princes of Gilead, said to one another, “Who is the man who will begin to fight against the children of Ammon? He shall be head over all the inhabitants of Gilead.”
၁၈ဂိလဒ် ပြည်သားမင်း များတို့က၊ အကြင်သူ သည် အမ္မုန် အမျိုးသားတို့ကို အဦး တိုက် ၏၊ ထိုသူသည် ဂိလဒ် ပြည်သား အပေါင်း တို့၏ အထွဋ် ဖြစ် စေဟု တိုင်ပင် စီရင်ကြ၏။

< Judges 10 >