< Genesis 43 >

1 The famine was severe in the land.
ခါနာန်ပြည် ၌ အလွန် အစာခေါင်းပါး သည် ဖြစ်၍၊
2 When they had eaten up the grain which they had brought out of Egypt, their father said to them, “Go again, buy us a little more food.”
အဲဂုတ္တု ပြည်မှ ဆောင် ခဲ့သောစပါး ကို စား ကုန် ပြီးမှ၊ အဘ က၊ တဖန်သွား ၍ ငါ တို့စား စရာအနည်း ငယ်ကို ဝယ် ကြပါဦးဟုဆို ၏။
3 Judah spoke to him, saying, “The man solemnly warned us, saying, ‘You shall not see my face, unless your brother is with you.’
ယုဒ ကလည်း၊ ထိုသူ သည် ကျွန်ုပ် တို့ကို ကျပ်ကျပ်ခြိမ်းချောက် လျက်၊ သင် တို့ညီ မ ပါ လျှင် ငါ့ မျက်နှာ ကို မ မြင် ရဟု ပြော ထားပြီ။
4 If you’ll send our brother with us, we’ll go down and buy you food;
ကျွန်ုပ် တို့ညီ ကို ထည့် လျှင် သွား ၍ အဘ စား ဘို့ရာ ဝယ် ပါမည်။
5 but if you don’t send him, we won’t go down, for the man said to us, ‘You shall not see my face, unless your brother is with you.’”
ညီကို မ ထည့် လျှင် မသွား ပါ၊ အကြောင်း မူကား၊ ထိုသူ က သင် တို့ညီ မ ပါ လျှင် ငါ့ မျက်နှာ ကို မ မြင် ရဟု ပြော ထားပြီဟု အဘအား ပြန်ဆိုလေ၏။
6 Israel said, “Why did you treat me so badly, telling the man that you had another brother?”
ဣသရေလ ကလည်း ၊ သင် တို့၌ ညီ ရှိမှန်းကို ထိုသူ အား ပြော ၍ အဘယ်ကြောင့် ငါ့ ကို ညှဉ်းဆဲ ကြ သနည်းဟုဆိုသော်၊
7 They said, “The man asked directly concerning ourselves, and concerning our relatives, saying, ‘Is your father still alive? Have you another brother?’ We just answered his questions. Is there any way we could know that he would say, ‘Bring your brother down’?”
သူတို့က၊ ထိုသူ သည် ကျွန်ုပ် တို့၏အကြောင်း အရာ အမျိုးအနွယ် တို့ကို ကျပ်ကျပ်မေး လျက် ၊ သင် တို့အဘ အသက် ရှင်သေး သလော၊ ညီ ရှိ သေးသလောဟုမေးသောအခါ၊ ကျွန်ုပ်တို့သည် သူ ၏စကား သဘောသို့ လိုက်၍ ပြန် ပြောရပါ၏။ သင် တို့ညီ ကို ဆောင် ခဲ့ကြဟု သူပြော မည် ကို ကျွန်ုပ်တို့သည် အမှန်သိ နိုင်ပါသလောဟု ဆို ကြ၏။
8 Judah said to Israel, his father, “Send the boy with me, and we’ll get up and go, so that we may live, and not die, both we, and you, and also our little ones.
ယုဒ ကလည်း၊ သူငယ် ကို ကျွန်ုပ် နှင့်အတူ လွှတ် ပါ။ သို့ပြုလျှင်အဘမှစ၍ကျွန်ုပ် တို့နှင့် သူငယ် များတို့ သည် မ သေ ၊ အသက် ရှင်မည်အကြောင်း ၊ ကျွန်ုပ်တို့ ထ ၍ သွား ကြပါမည်။
9 I’ll be collateral for him. From my hand will you require him. If I don’t bring him to you, and set him before you, then let me bear the blame forever;
ကျွန်ုပ်သည် သူ ၏အာမခံ ဖြစ်ပါမည်။ ကျွန်ုပ် တွင် သူ့ ကို တောင်း ပါ။ သူ့ ကိုပြန်၍မ ဆောင် အဘ ရှေ့ မှာ မထား လျှင် ၊ အစဉ် မပြတ်အပြစ် ကိုခံ ပါစေ။
10 for if we hadn’t delayed, surely we would have returned a second time by now.”
၁၀ဤမျှလောက်မ ဖင့်နွှဲ့ လျှင်၊ အကယ်၍ ဒုတိယ အကြိမ်တွင် ပြန် ရောက်ပါပြီဟု အဘ ဣသရေလ အား ဆို ၏။
11 Their father, Israel, said to them, “If it must be so, then do this: Take from the choice fruits of the land in your bags, and carry down a present for the man, a little balm, a little honey, spices and myrrh, nuts, and almonds;
၁၁အဘ ဣသရေလ ကလည်း၊ သို့ဖြစ်လျှင် ဤသို့ ပြု ကြလော့။ ထိုသူ အား ဆက် စရာဘို့ သင် တို့အိတ် ဝတို့တွင် ခါနာန်ပြည် ၏ အသီးမျိုးအကောင်းဆုံး တည်းဟူသောဗလစံစေး အနည်းငယ် ၊ ပျားရည် အနည်းငယ် ၊ နံ့သာ မျိုး၊ မုရန်စေး ၊ သစ်အယ်သီး ၊ ဗာတံသီး တို့ကို ယူ ကြလော့။
12 and take double money in your hand, and take back the money that was returned in the mouth of your sacks. Perhaps it was an oversight.
၁၂သင် တို့လက် ၌ ငွေ နှစ်ဆ ကိုလည်း ယူ ကြလော့။ အိတ် ဝ တွင် ဆောင် ခဲ့သောငွေ ကို တဖန်လက် ၌ ဆောင် သွား ကြဦးလော့။ ထို အမှုသည် သတိ လစ်သောအမှု ဖြစ် ဟန်ရှိ၏။
13 Take your brother also, get up, and return to the man.
၁၃သင် တို့ညီ ကိုလည်း ယူ ၍ တဖန် ထိုသူ ထံ သို့ ထ သွား ကြလော့။
14 May God Almighty give you mercy before the man, that he may release to you your other brother and Benjamin. If I am bereaved of my children, I am bereaved.”
၁၄ထိုသူသည် သင် တို့အစ်ကိုတယောက်နှင့် ဗင်္ယာမိန် ကို လွှတ် လိုက်မည်အကြောင်း ၊ သင်တို့သည် သူ့စိတ်နှင့်တွေ့ရသောအခွင့်ကို အနန္တ တန်ခိုးရှင်ဘုရား သခင် ပေး တော်မူပါစေသော။ သို့ရာတွင် ငါ သည် သား ဆုံးခြင်းကိုခံရလျှင် ခံရတော့မည်ဟု သားတို့အား ဆိုသည်အတိုင်း၊
15 The men took that present, and they took double money in their hand, and Benjamin; and got up, went down to Egypt, and stood before Joseph.
၁၅သူ တို့သည် ထိုလက်ဆောင် ကို၎င်း၊ မိမိ လက် ၌ ငွေ နှစ် ဆကို၎င်း ၊ ဗင်္ယာမိန် ကို၎င်း ၊ ယူ ၍ထ ပြီးလျှင် ၊ အဲဂုတ္တု ပြည်သို့သွား ၍ ယောသပ် ရှေ့မှာ ရပ် နေကြ၏။
16 When Joseph saw Benjamin with them, he said to the steward of his house, “Bring the men into the house, and butcher an animal, and prepare; for the men will dine with me at noon.”
၁၆သူ တို့နှင့်အတူ ဗင်္ယာမိန် ပါလာသည်ကို ယောသပ် မြင် လျှင် ၊ ဝန် စာရေးကိုခေါ် ၍ ၊ ဤသူ တို့ကို အိမ် သို့ ခေါ် သွားလော့။ အကောင် များကိုသတ် ၍ စားစရာကို ပြင်ဆင် လော့။ သူတို့သည် ငါ နှင့်အတူ မွန်းတည့် စာကို စား ရကြလိမ့်မည်ဟု မှာ ထားသည် အတိုင်း၊
17 The man did as Joseph commanded, and the man brought the men to Joseph’s house.
၁၇ဝန် စာရေးပြု ၍ ၊ သူ တို့ကို ယောသပ် အိမ် သို့ ခေါ် သွား၏။
18 The men were afraid, because they were brought to Joseph’s house; and they said, “Because of the money that was returned in our sacks the first time, we’re brought in; that he may seek occasion against us, attack us, and seize us as slaves, along with our donkeys.”
၁၈ယောသပ် အိမ် သို့ ခေါ်သွား သောအခါ ၊ သူတို့ သည် ငါ တို့အိတ် ၌ ယမန် ပြန်ပေး သောငွေ ကြောင့် ခေါ်သွင်းပြီ။ သူသည်အမှုရှာလိမ့်မည်။ ငါတို့ကို အပြစ်ပြု သဖြင့် ကျွန်ခံ စေ၍ ၊ မြည်း တို့ကို သိမ်း လိမ့်မည်ဟု ဆို ကြပြီးလျှင်၊
19 They came near to the steward of Joseph’s house, and they spoke to him at the door of the house,
၁၉ယောသပ် ၏ ဝန်စာရေး အနီးသို့ ချဉ်းကပ် ၍ အိမ် တံခါး နားမှာ နှုတ်ဆက် လျက်၊
20 and said, “Oh, my lord, we indeed came down the first time to buy food.
၂၀သခင် ၊ ယမန် က အကျွန်ုပ် တို့သည် အစာ ကို ဝယ် ခြင်းငှါ အမှန်လာ ပါ၏။
21 When we came to the lodging place, we opened our sacks, and behold, each man’s money was in the mouth of his sack, our money in full weight. We have brought it back in our hand.
၂၁စားခန်း သို့ ရောက် ၍ အိတ် များကိုဖွင့် သောအခါ ၊ လူ တိုင်းဆိုင်သောငွေ သည် အလျှင်းမလျော့ဘဲ အိတ် ဝ တွင် ရှိပါ၏။ ထို ငွေ ကို တဖန် ဆောင် ခဲ့ကြပါပြီ။
22 We have brought down other money in our hand to buy food. We don’t know who put our money in our sacks.”
၂၂ယခုလည်းအစာ ကို ဝယ် ခြင်းငှါ အခြား သော ငွေ ကို ကိုယ် ၌ ဆောင် ခဲ့ကြပါ၏။ ထိုငွေ ကို အကျွန်ုပ် တို့ အိတ် များ၌ အဘယ်သူ ထား သည်ကို မ သိ နိုင်ပါဟု ဆို ကြသော်၊
23 He said, “Peace be to you. Don’t be afraid. Your God, and the God of your father, has given you treasure in your sacks. I received your money.” He brought Simeon out to them.
၂၃ဝန်စာရေးက၊ ချမ်းသာ ပါစေ၊ မ စိုးရိမ် ကြနှင့်။ သင် တို့ဘုရားသခင် ၊ သင် တို့၏အဘ ဘုရားသခင် သည် သင် တို့အိတ် များ၌ ဘဏ္ဍာ ကိုသနား တော်မူပြီ။ သင် တို့ငွေ ကို ငါ ခံရ ပြီဟုဆို သဖြင့် ၊ ရှိမောင် ကိုထုတ် ၍ အပ်လိုက် လေ၏။
24 The man brought the men into Joseph’s house, and gave them water, and they washed their feet. He gave their donkeys fodder.
၂၄ယောသပ် အိမ် သို့ သွင်းပြီးမှ ၊ ဝန်စာရေးသည် ရေ ကို ပေး ၍ ခြေ ဆေး စေ၏။ မြည်း တို့ကိုလည်း ကျွေး လေ၏။
25 They prepared the present for Joseph’s coming at noon, for they heard that they should eat bread there.
၂၅မွန်းတည့် ချိန်၌ ယောသပ် လာ လိမ့်မည်ဟု သူတို့သည် မြော်လင့်၍ လက်ဆောင် ကို ပြင် နှင့်ကြ၏။ ထိုအိမ်၌ သူတို့သည် အစာ ကိုစား ရလိမ့်မည်ဟု သူတို့ သည် ကြား လေသတည်း။
26 When Joseph came home, they brought him the present which was in their hand into the house, and bowed themselves down to the earth before him.
၂၆ယောသပ် သည် အိမ် သို့ ရောက် သောအခါ ၊ သူတို့သည် ကိုယ် ၌ ပါ သောလက်ဆောင် ကို အိမ် ထဲ ယောသပ် ထံ သို့သွင်း ၍ သူ့ရှေ့ မှာဦးညွှတ် ချလျက် နေကြ၏။
27 He asked them of their welfare, and said, “Is your father well, the old man of whom you spoke? Is he yet alive?”
၂၇ယောသပ်သည် နှုတ်ဆက်ပြီးလျှင်၊ သင် တို့အဘ တည်းဟူသောသင်တို့အရင်ပြော သော အသက်ကြီး သူ သည် ကျန်းမာ ပါ၏လော။ အသက် ရှင်သေး၏လောဟု မေး လျှင်၊
28 They said, “Your servant, our father, is well. He is still alive.” They bowed down humbly.
၂၈သူတို့က၊ ကိုယ်တော် ကျွန် ၊ ကျွန်တော် တို့အဘ သည် ကျန်းမာ ပါ၏၊ အသက် ရှင်ပါသေး၏ဟု လျှောက် လျက်၊ ဦးညွှတ် ချ၍ ရှိခိုးလျက် နေကြ ၏။
29 He lifted up his eyes, and saw Benjamin, his brother, his mother’s son, and said, “Is this your youngest brother, of whom you spoke to me?” He said, “God be gracious to you, my son.”
၂၉ထိုအခါ ယောသပ် သည် မြော် ကြည့် ၍ မိမိ အမိ ၏သား ၊ မိမိ ညီ ရင်းဗင်္ယာမိန် ကိုမြင် လျှင် ၊ ဤ သူကား သင်တို့အရင်ပြော သော သင် တို့ညီ ဖြစ်သလောဟုမေး လျက်၊ သင့် ကို ဘုရားသခင် ကယ် မသနားတော်မူပါစေသော ငါ့ သား ဟု ဆို ပြီးမှ၊
30 Joseph hurried, for his heart yearned over his brother; and he sought a place to weep. He entered into his room, and wept there.
၃၀ညီ ရင်းကိုမြင်ရ၍ ကြင်နာ သောစိတ် ရှိသောကြောင့် အလျင်အမြန် ထသွား လေ၏။ ငို ရာအရပ်ကို ရှာ သဖြင့် ၊ အိပ် ခန်းထဲ သို့ဝင် ၍ ငို လေ၏။
31 He washed his face, and came out. He controlled himself, and said, “Serve the meal.”
၃၁တဖန် မျက်နှာ ကိုသစ် ၍ ဣန္ဒြေချုပ်တည်း လျက် ပြင်သို့ထွက် ပြီးလျှင် ၊ စားပွဲ ကို ပြင် ကြဟု အမိန့် ရှိ၏။
32 They served him by himself, and them by themselves, and the Egyptians who ate with him by themselves, because the Egyptians don’t eat with the Hebrews, for that is an abomination to the Egyptians.
၃၂ယောသပ်ဘို့တပွဲ၊ အစ်ကိုတို့ဘို့တပွဲ၊ ယောသပ် နှင့် စား သော အဲဂုတ္တု လူတို့ ဘို့တပွဲ အသီးအသီးတို့ကို ပြင် ကြ၏။ အဲဂုတ္တု လူတို့သည် ဟေဗြဲ လူတို့နှင့်အတူ မ စား ရ၊ ထို အမှုကို အဲဂုတ္တု လူတို့သည် ရွံ့ တတ်ကြ၏။
33 They sat before him, the firstborn according to his birthright, and the youngest according to his youth, and the men marveled with one another.
၃၃ညီအစ်ကိုတို့သည် အကြီး မှစ၍ အငယ် တိုင်အောင်အရွယ် အလိုက် ယောသပ် ရှေ့ မှာ ထိုင် နေကြ၏။ သူတို့သည် အချင်းချင်း ကြည့်ရှု၍ အံ့ဩ ခြင်းရှိကြ၏။
34 He sent portions to them from before him, but Benjamin’s portion was five times as much as any of theirs. They drank, and were merry with him.
၃၄ယောသပ်သည်လည်း သူ တို့စားရန်အဘို့ အသီးအသီး တို့ကို မိမိ ထံ မှပေး လိုက်၏။ ဗင်္ယာမိန် ရသောအဘို့ သည် အစ်ကို တို့ရသောအဘို့ ထက် ငါး ဆ များ သတည်း။ သူတို့သည်သောက် ၍ ပျော်မွေ့ ခြင်းသို့ ရောက်ကြ၏။

< Genesis 43 >