< Ezekiel 24 >

1 Again, in the ninth year, in the tenth month, in the tenth day of the month, Yahweh’s word came to me, saying,
သက္ကရာဇ် ကိုး ခု၊ ဒသမ လ ဆယ် ရက်နေ့တွင် ၊ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
2 “Son of man, write the name of the day, this same day. The king of Babylon drew close to Jerusalem this same day.
အချင်းလူသား ၊ ဤ မည်သောနေ့၊ ယခု နေ့ရက်ကိုမှတ် လော့။ ယခု နေ့၌ ဗာဗုလုန် ရှင်ဘုရင် သည် ယေရုရှလင် မြို့ကို ဝိုင်း ထားစပြု၏။
3 Utter a parable to the rebellious house, and tell them, ‘The Lord Yahweh says, “Put the cauldron on the fire. Put it on, and also pour water into it.
ပုန်ကန် တတ်သော အမျိုး အား လည်း ပုံ စကား တည်းဟူသော၊ အရှင် ထာဝရဘုရား မိန့် တော်မူသောစကားကို ဆင့်ဆို ရမည်မှာ၊ အိုးကင်း ကို မီးဖို၌ တင် ထား၍ ရေ ကိုလောင်း လော့။
4 Gather its pieces into it, even every good piece: the thigh and the shoulder. Fill it with the choice bones.
အမဲသားတစ် များ၊ ကောင်း သောအတစ် တို့ကို စုထား ၍၊ ပေါင် ၊ ပခုံး ၊ အစရှိသော အကောင်းဆုံး သော အရိုး တို့ကို အိုးကင်း၌အပြည့် ထည့်လော့။
5 Take the choice of the flock, and also a pile of wood for the bones under the cauldron. Make it boil well. Yes, let its bones be boiled within it.”
သိုး အကောင်းဆုံး တို့ကို ယူ ပြီးလျှင် ၊ အရိုး အချို့ တို့ကို အိုးကင်း အောက်မှာ ပုံ ၍၊ အိုးကင်း ထဲမှာ အရိုး တို့ကို ကျက် စေခြင်းငှါ ကျပ်ကျပ် ဆူစေလော့။
6 “‘Therefore the Lord Yahweh says: “Woe to the bloody city, to the cauldron whose rust is in it, and whose rust hasn’t gone out of it! Take out of it piece after piece without casting lots for it.
ဤအမှု၌ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ လူအသက် ကိုသတ်တတ်သောမြို့ ၊ သံချေးတက် ၍ ရှိသေး သောအိုးကင်း သည် အမင်္ဂလာ ရှိ၏။ သားတစ် တို့ကို တခုနောက်တခုထုတ် လော့။ စာရေးတံ မ ပြု နှင့်။
7 “‘“For the blood she shed is in the middle of her. She set it on the bare rock. She didn’t pour it on the ground, to cover it with dust.
အကြောင်းမူကား ၊ ထိုမြို့သတ်သောသူ ၏ အသွေး သည် မြို့ အလယ် ၌ ရှိ၏။ ထိုအသွေးကိုမြေမှုန့် နှင့် ဖုံး ခြင်းငှါ မြေ ပေါ်မှာ သွန်း သည်မ ဟုတ်၊ ရှင်းလင်း သော ကျောက် ပေါ်မှာ တင် ထားပြီ။
8 That it may cause wrath to come up to take vengeance, I have set her blood on the bare rock, that it should not be covered.”
ငါသည်လည်း အပြစ်ဒဏ် ပေးမည်အကြောင်း ၊ ဒေါသ အမျက်ထွက် စေခြင်းငှါ ၊ ထိုအသွေး ကိုမ ဖုံး ဘဲ ရှင်းလင်း သောကျောက် ပေါ်မှာ တင် ထားပြီ။
9 “‘Therefore the Lord Yahweh says: “Woe to the bloody city! I also will make the pile great.
ဤအမှု၌ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ လူအသက် ကိုသတ်တတ်သောမြို့ သည် အမင်္ဂလာ ရှိ၏။ ကြီးစွာ သော မီးပုံ ကို ငါ စီရင်မည်။
10 Heap on the wood. Make the fire hot. Boil the meat well. Make the broth thick, and let the bones be burned.
၁၀ထင်း များကို ပုံ ထား၍မီး ရှို့ လော့။ အမဲသား လျော့၍ မြိန်စွာသော စားဘွယ်ဖြစ် စေလော့။ အရိုး တို့ကိုလည်း ကျွမ်း စေ။
11 Then set it empty on its coals, that it may be hot, and its bronze may burn, and that its filthiness may be molten in it, that its rust may be consumed.
၁၁ထိုနောက် ၊ အဘယ်အရာ မျှမပါဘဲ မီးခဲ ပေါ်မှာ တင် ထားလော့။ ကြေးနီ ပူ ၍ မီး တောက်စေ။ အိုးကင်း ၌ ပါသောအညစ်အကြေး ကို အရည်ကျို ၍ သံချေး ကုန် စေ။
12 She is weary with toil; yet her great rust, rust by fire, doesn’t leave her.
၁၂ကြိုးစား၍ ပင်ပန်း သော်လည်း ၊ များစွာ သော သံချေး မ ထွက် တတ်။ မီး အားဖြင့် မကုန်တတ်။
13 “‘“In your filthiness is lewdness. Because I have cleansed you and you weren’t cleansed, you won’t be cleansed from your filthiness any more, until I have caused my wrath toward you to rest.
၁၃သင် ၏အညစ်အကြေး ၌ အဓမ္မ အမှုပါ၏။ ငါဆေးကြော ၍ သင်သည်ဆေးကြော ခြင်းကို မ ခံသောကြောင့် ၊ ငါ ၏အမျက် အရှိန်သည် သင့် အပေါ်သို့ မ ရောက် မချင်းတိုင်အောင်၊ သင် ၏အညစ်အကြေး ကို မ ဆေးကြော ရ။
14 “‘“I, Yahweh, have spoken it. It will happen, and I will do it. I won’t go back. I won’t spare. I won’t repent. According to your ways and according to your doings, they will judge you,” says the Lord Yahweh.’”
၁၄ငါ ထာဝရဘုရား ပြော ပြီ။ ပြောသည်အတိုင်း ငါပြု ၍ပြည့်စုံစေမည်။ နောက် သို့မ ဆုတ်၊ မ နှမြော ၊ နောင်တ မ ရ၊ သင် ကျင့်ကြံ ပြုမူ သမျှ အတိုင်း ၊ ငါစီရင် မည် ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
15 Also Yahweh’s word came to me, saying,
၁၅တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
16 “Son of man, behold, I will take away from you the desire of your eyes with one stroke; yet you shall neither mourn nor weep, neither shall your tears run down.
၁၆အချင်းလူသား ၊ သင် ကြည့်ရှု လိုဘွယ်သော သူကိုငါ သည် ဒဏ်ခတ် ၍ ပယ်ရှား မည်။ သို့ရာတွင် ၊ သင်သည် ငိုကြွေး မြည်တမ်း ခြင်းကို မ ပြုရ။ မျက်ရည် မ ကျ ရ။
17 Sigh, but not aloud. Make no mourning for the dead. Bind your headdress on you, and put your sandals on your feet. Don’t cover your lips, and don’t eat mourner’s bread.”
၁၇တိုးတိုး ညည်းတွား လော့။ သေ သောသူအတွက် မြည်တမ်း ခြင်းကို မ ပြု နှင့်။ ခေါင်းပေါင်း ပေါင်း ၍ ခြေနင်း ကိုစီး လော့။ နှုတ် ကိုမ ဖုံး နှင့်။ ဆင်းရဲ သောသူ၏ အစာ ကို မ စား နှင့်ဟု မိန့် တော်မူ၏။
18 So I spoke to the people in the morning, and at evening my wife died. So I did in the morning as I was commanded.
၁၈ထိုသို့ငါသည် နံနက် အချိန်၌ လူ များတို့အား ကြားပြော ၏။ ညဦး အချိန်၌ ငါ့ ခင်ပွန်း သည် သေ ၏။ မှာထား တော်မူသည်အတိုင်း နက်ဖြန်နံနက် မှငါပြု ၏။
19 The people asked me, “Won’t you tell us what these things mean to us, that you act like this?”
၁၉လူ များတို့ကလည်း ဤသို့ သင် ပြု သောအမှုသည် ငါ တို့နှင့်အဘယ်သို့ ဆိုင်သနည်း။ ငါ တို့အား မ ပြော သလော ဟုငါ့ အား မေး ကြသော် ၊
20 Then I said to them, “Yahweh’s word came to me, saying,
၂၀ငါက၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
21 ‘Speak to the house of Israel, “The Lord Yahweh says: ‘Behold, I will profane my sanctuary, the pride of your power, the desire of your eyes, and that which your soul pities; and your sons and your daughters whom you have left behind will fall by the sword.
၂၁အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဣသရေလ အမျိုး အား ဆင့်ဆို ရမည်မှာ၊ ငါ ၏သန့်ရှင်း ရာ ဌာန၊ သင် တို့အစွမ်းသတ္တိ အထွဋ်အမြတ် ၊ သင် တို့ကြည့်ရှု လိုဘွယ်သောအရာ၊ အလွန်နှမြော သော အရာကို ငါ ရှုတ်ချ မည်။ သင် တို့ဘွားမြင်သောသား သမီး တို့သည် ထား ဖြင့် ဆုံး ကြလိမ့်မည်။
22 You will do as I have done. You won’t cover your lips or eat mourner’s bread.
၂၂ထိုအခါ သင်တို့သည် ငါပြု သကဲ့သို့ ပြု ကြ ရလိမ့်မည်။ နှုတ် ကိုမ ဖုံး ၊ ဆင်းရဲ သောသူတို့၏ အစာ ကို မ စား ရကြ။
23 Your turbans will be on your heads, and your sandals on your feet. You won’t mourn or weep; but you will pine away in your iniquities, and moan one toward another.
၂၃ခေါင်းပေါင်း ပေါင်း၍ ခြေနင်း ကို စီးရကြ လိမ့်မည်။ ငိုကြွေး မြည်တမ်း ခြင်းကိုမ ပြုရကြ။ ကိုယ် အပြစ် ကြောင့် ပိန်ကြုံ ၍ တယောက် ကိုတယောက်ညည်းတွား ရကြလိမ့်မည်။
24 Thus Ezekiel will be a sign to you; according to all that he has done, you will do. When this comes, then you will know that I am the Lord Yahweh.’”’”
၂၄ထိုသို့ယေဇကျေလ သည် သင် တို့အား ပုပ္ပနိမိတ် ဖြစ် ရ၏။ သူပြု သမျှ အတိုင်း သင်တို့သည်၊ အမှုရောက် သောအခါ ပြု ၍ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း သိ ရကြလိမ့်မည်။
25 “You, son of man, shouldn’t it be in the day when I take from them their strength, the joy of their glory, the desire of their eyes, and that whereupon they set their heart—their sons and their daughters—
၂၅အချင်းလူသား ၊ သင်၏အမှုမူကား၊ သူ တို့ အစွမ်းသတ္တိ ၊ ဝါကြွား စရာဘုန်း ၊ ကြည့်ရှု လိုဘွယ်သော အရာ၊ စိတ် စွဲလမ်း သောအရာကို၎င်း ၊ သား သမီး တို့ကို၎င်းငါ ပယ်ရှား သောအခါ ၊
26 that in that day he who escapes will come to you, to cause you to hear it with your ears?
၂၆လွတ် သောသူ တစုံတယောက်သည် သင် ရှိရာသို့ ရောက်လာ ၍ ကြားပြော လိမ့်မည်။
27 In that day your mouth will be opened to him who has escaped, and you will speak and be no more mute. So you will be a sign to them. Then they will know that I am Yahweh.”
၂၇ထိုအခါ လွတ် သောသူနှင့် တွေ့သဖြင့် သင် ၏နှုတ် ပွင့် လိမ့်မည် ။ စကား မပြောဘဲနေချိန်လွန် ၍ ဟောပြော ရလိမ့်မည်။ ထိုသို့သင်သည် သူ တို့အား ပုပ္ပနိမိတ် ဖြစ် ၍ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။

< Ezekiel 24 >