< Exodus 39 >

1 Of the blue, purple, and scarlet, they made finely worked garments for ministering in the holy place, and made the holy garments for Aaron, as Yahweh commanded Moses.
သန့်ရှင်း ရာဌာန၌ အမှုတော်ကို ဆောင် သောအခါ ၊ ဝတ် ရသောအဝတ် ကို၎င်း၊ အာရုန် ဝတ်ဘို့ သန့်ရှင်း သော အဝတ် ကို၎င်း၊ ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည်အတိုင်း ၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်နှင့် လုပ် လေ၏။
2 He made the ephod of gold, blue, purple, scarlet, and fine twined linen.
ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော နှင့် ယဇ်ပုရောဟိတ်သင်တိုင်း ကို လုပ်ရာတွင်၊
3 They beat the gold into thin plates, and cut it into wires, to work it in with the blue, the purple, the scarlet, and the fine linen, the work of the skillful workman.
ရွှေ ကို အပြား ခတ် ၍ ရွှေ ကြိုးကို လှီး ပြီးမှ၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော တို့ကို ထူးဆန်း စွာ အပြောက်ထိုးလေ၏။
4 They made shoulder straps for it, joined together. It was joined together at the two ends.
သိုင်းကြိုး နှစ်ပင်ကို လုပ် ၍ သင်တိုင်းအပေါ်နားချင်းတွဲမိ စေခြင်းငှာ ၊ တဘက် တချက်ကို ဆွဲချုပ် လေ၏။
5 The skillfully woven band that was on it, with which to fasten it on, was of the same piece, like its work: of gold, of blue, purple, scarlet, and fine twined linen, as Yahweh commanded Moses.
ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည်အတိုင်း ၊ သင်တိုင်း အပေါ် နား၌ ထူးဆန်းသော ရင်စည်း ကိုလည်း သင်တိုင်း ကိုယ်ကဲ့သို့ ရွှေ နှင့်၎င်း၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော တို့နှင့်၎င်း လုပ် လေ၏။
6 They worked the onyx stones, enclosed in settings of gold, engraved with the engravings of a signet, according to the names of the children of Israel.
ရှဟံ ကျောက် နှစ်လုံးကို သွေး ၍ တံဆိပ် ပေါ်မှာ အက္ခရာတင် သကဲ့သို့ဣသရေလ အမျိုး ၏ နာမ တို့ကို အက္ခရာတင် ပြီးမှ၊ ရွှေ ကျောက်အိုး ၌ ထည့် လေ၏။
7 He put them on the shoulder straps of the ephod, to be stones of memorial for the children of Israel, as Yahweh commanded Moses.
ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့ကို အောက်မေ့ ဘို့ရာ ၊ ထိုကျောက် နှစ်လုံးကို သင်တိုင်း သိုင်းကြိုး အပေါ် မှာ တပ် လေ၏။
8 He made the breastplate, the work of a skillful workman, like the work of the ephod: of gold, of blue, purple, scarlet, and fine twined linen.
ရွှေနှင့်၎င်း၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော နှင့်၎င်း၊ သင်တိုင်း ကို လုပ် သည်နည်းတူ ၊ ရင်ဖုံး ကို ထူးဆန်း စွာ လုပ် လေ၏။
9 It was square. They made the breastplate double. Its length was a span, and its width a span, being double.
ရင်ဖုံး နှစ်ထပ်ခေါက် လျက်၊ အလျား တထွာ ၊ အနံ တထွာ ၊ စတုရန်း လေးထောင့်ဖြစ်၏။
10 They set in it four rows of stones. A row of ruby, topaz, and beryl was the first row;
၁၀ထိုရင်ဖုံး ၌ ကျောက် မြတ်ကို လေး တန်း စီ လေ၏။ ပဌမ အတန်း ကား ကျောက်နီ ၊ ဥဿဖရား ၊ ပတ္တမြား။
11 and the second row, a turquoise, a sapphire, and an emerald;
၁၁ဒုတိယ အတန်း ကား မြ ၊ နီလာ ၊ စိန်။
12 and the third row, a jacinth, an agate, and an amethyst;
၁၂တတိယ အတန်း ကား ဝှါကိန္တု ၊ မဟူရာ ၊ ဂေါမိတ်။
13 and the fourth row, a chrysolite, an onyx, and a jasper. They were enclosed in gold settings.
၁၃စတုတ္ထ အတန်း ကား မျက်ရွဲ ၊ ကြောင် ၊ နဂါးသွဲ့ ဖြစ်၍၊ အသီးအသီး တို့ကို ရွှေ အိုး ၌ စီ လေ၏။
14 The stones were according to the names of the children of Israel, twelve, according to their names; like the engravings of a signet, everyone according to his name, for the twelve tribes.
၁၄ဣသရေလ အမျိုး တဆယ် နှစ် မျိုးရှိသည်အတိုင်း တံဆိပ် ပေါ်မှာ အက္ခရာတင် သကဲ့သို့၊ ထိုကျောက် တို့၌ ထိုတဆယ် နှစ်ပါး သော နာမည် အသီးအသီးတို့ကို တင်လျက် ကျောက်တလုံးလျှင် နာမည် တပါးစီ ပါ၏။
15 They made on the breastplate chains like cords, of braided work of pure gold.
၁၅ရင်ဖုံး အပေါ်ထောင့် နှစ် ခု၌ ၊ ရွှေနှစ် ကွင်း ကို၎င်း၊ ရွှေကျောက်အိုး နှစ်လုံးကို၎င်းကျစ် သော ရွှေ ကြိုး နှစ် ပင်ကို၎င်းလုပ် ပြီးမှ ၊ ထိုရွှေ ကွင်း ၌ တပ် ၍ သင်တိုင်း သိုင်းကြိုး အပေါ်မှာရှိသော ကျောက်အိုးတို့၌ တွဲ လေ၏။
16 They made two settings of gold, and two gold rings, and put the two rings on the two ends of the breastplate.
၁၆
17 They put the two braided chains of gold in the two rings at the ends of the breastplate.
၁၇
18 The other two ends of the two braided chains they put on the two settings, and put them on the shoulder straps of the ephod, in its front.
၁၈
19 They made two rings of gold, and put them on the two ends of the breastplate, on its edge, which was toward the side of the ephod inward.
၁၉တဖန် ရွှေ နှစ် ကွင်း ကို လုပ် ၍ သင်တိုင်း အောက်နား မှာ ရှိသော ရင်ဖုံး အောက်ထောင့် နှစ် ခု၌ တပ် လေ၏။
20 They made two more rings of gold, and put them on the two shoulder straps of the ephod underneath, in its front, close by its coupling, above the skillfully woven band of the ephod.
၂၀အခြားသောရွှေ နှစ် ကွင်း ကိုလည်း လုပ် ၍ သင်တိုင်း အရှေ့ ဘက်အောက် နား နှင့် ထူးဆန်းသော ရင်စည်း အပေါ် နားဆက်မှီ ရာတွင် သင်တိုင်းကို တဘက်တချက်၌ တပ် လေ၏။
21 They bound the breastplate by its rings to the rings of the ephod with a lace of blue, that it might be on the skillfully woven band of the ephod, and that the breastplate might not come loose from the ephod, as Yahweh commanded Moses.
၂၁ရင်ဖုံး ရွှေနှစ်ကွင်း ကို၊ သင်တိုင်း ရွှေနှစ်ကွင်း နှင့် တွဲ၍၊ ပြာ သောကြိုး ဖြင့် ပြီးစေ၏။ ထိုသို့ ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည်အတိုင်း ၊ ရင်ဖုံး သည် ထူးဆန်းသော ရင်စည်း အပေါ်မှာ ဆွဲ ၍ သင်တိုင်း နှင့် မ ကွာ ဘဲ
22 He made the robe of the ephod of woven work, all of blue.
၂၂ထိုမှတပါး ၊ ပြာ သောအထည်ကို ရက် ပြီးမှ၊ သင်တိုင်း နှင့်ဆိုင်သော ဝတ်လုံ ကို ထိုအထည်နှင့်သာ လုပ် လေ၏။
23 The opening of the robe in the middle of it was like the opening of a coat of mail, with a binding around its opening, that it should not be torn.
၂၃ဝတ်လုံ ၌ လည်စွပ်ပါ၍ လည်စွပ် ကို မ စုတ် စေခြင်းငှာ၊ သံချပ်လည်စွပ် ကွပ်သကဲ့သို့ ကွပ်လေ၏။
24 They made on the skirts of the robe pomegranates of blue, purple, scarlet, and twined linen.
၂၄ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချောနှင့်လုပ် သော သလဲ သီးများကို၎င်း၊
25 They made bells of pure gold, and put the bells between the pomegranates around the skirts of the robe, between the pomegranates;
၂၅ရွှေ စင် ဆည်းလည်း များကို၎င်း၊ ဝတ်လုံ အောက်စွန်းနားပတ်လည် ၌ ၊
26 a bell and a pomegranate, a bell and a pomegranate, around the skirts of the robe, to minister in, as Yahweh commanded Moses.
၂၆သလဲ သီးတလုံး၊ ဆည်းလည်း တလုံးစီခြားလျက် အစဉ်အတိုင်းဆွဲထားသဖြင့်၊ ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည်အတိုင်း ၊ အမှုတော်ကို ဆောင် ရသောဝတ်လုံ ကို လုပ် ၍ပြီးလေ၏။
27 They made the tunics of fine linen of woven work for Aaron and for his sons,
၂၇တဖန် ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ အာရုန် နှင့် သူ ၏သား တို့အဘို့ ရက် သော ပိတ်ချော အင်္ကျီ များကို၎င်း၊
28 the turban of fine linen, the linen headbands of fine linen, the linen trousers of fine twined linen,
၂၈ပိတ်ချော ဗေါင်း ကို၎င်း၊ တင့်တယ်သောပိတ်ချော ဦးထုပ် များကို၎င်း ၊ ပိတ်ချော ပေါင်းဘီ များကို၎င်း ၊
29 the sash of fine twined linen, blue, purple, and scarlet, the work of the embroiderer, as Yahweh commanded Moses.
၂၉ချယ်လှယ် သော ပိတ်ချော၊ အထည်ပြာ ၊ အထည်မောင်း ၊ အထည်နီ ဖြင့်ပြီး သော ခါးပန်း ကို၎င်းလုပ် လေ၏။
30 They made the plate of the holy crown of pure gold, and wrote on it an inscription, like the engravings of a signet: “HOLY TO YAHWEH”.
၃၀မောရှေ အား ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ သန့်ရှင်း သော သင်းကျစ် ပြားကိုလည်း ရွှေ စင် နှင့်လုပ်၍ တံဆိပ် ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ထာဝရဘုရား အား သန့်ရှင်း ခြင်းဟု အက္ခရာတင် ၍၊
31 They tied to it a lace of blue, to fasten it on the turban above, as Yahweh commanded Moses.
၃၁ပြာ သောကြိုး နှင့် ဗေါင်း အပေါ် နား၌ ချည် ထားလေ၏။
32 Thus all the work of the tabernacle of the Tent of Meeting was finished. The children of Israel did according to all that Yahweh commanded Moses; so they did.
၃၂ထိုသို့ မောရှေ အား ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့သည် ပြု ၍ ပရိသတ်စည်းဝေး ရာ တဲ တော်အလုပ် ရှိသမျှ ကို ပြီးစီး ကြ၏။
33 They brought the tabernacle to Moses: the tent, with all its furniture, its clasps, its boards, its bars, its pillars, its sockets,
၃၃ထိုအခါ ဣသရေလအမျိုးသားတို့သည်၊ တဲ တော်နှင့် အပေါ်တဲ မှစ၍ ၊ ရွှေချောင်း ၊ ပျဉ်ပြား ၊ ကန့်လန့်ကျင် ၊ တိုင် ၊ ခြေစွပ် တည်းဟူသောတဲ တော်တန်ဆာ ရှိသမျှ ကို၎င်း၊
34 the covering of rams’ skins dyed red, the covering of sea cow hides, the veil of the screen,
၃၄အနီ ဆိုးသော သိုး ရေ အမိုး ၊ တဟာရှ သားရေ အမိုး ၊ ကွယ်ကာ ရာအတွင်းကုလားကာ ကို၎င်း၊
35 the ark of the covenant with its poles, the mercy seat,
၃၅သက်သေခံ ချက်သေတ္တာ နှင့် သူ ၏ထမ်းဘိုး ၊ သူ၏အဖုံး ကို၎င်း၊
36 the table, all its vessels, the show bread,
၃၆စားပွဲ မှစ၍စားပွဲတန်ဆာ နှင့် ရှေ့ တော်မုန့် ကို၎င်း၊
37 the pure lamp stand, its lamps, even the lamps to be set in order, all its vessels, the oil for the light,
၃၇စင်ကြယ် သော မီးခုံ မှစ၍၊ ပြင်ဆင်ရသောမီးခွက် များ၊ မီးခုံ တန်ဆာ ရှိသမျှ နှင့် မီးထွန်း စရာ ဆီ ကို၎င်း၊
38 the golden altar, the anointing oil, the sweet incense, the screen for the door of the Tent,
၃၈ရွှေ ယဇ်ပလ္လင် ၊ လိမ်း ရန်ဆီ ၊ မီးရှို့ရာနံ့သာ ပေါင်းမွှေး ၊ တဲ တော်တံခါး ဝ ကာစရာ ကုလားကာ ကို၎င်း၊
39 the bronze altar, its grating of bronze, its poles, all of its vessels, the basin and its base,
၃၉ကြေးဝါ ယဇ် ပလ္လင်၊ ကြေးဝါ ဆန်ခါ ၊ ပလ္လင် ထမ်းဘိုး အစရှိ သော တန်ဆာ ရှိသမျှ ကို၎င်း၊ အင်တုံ နှင့် သူ ၏ခြေထောက် ကို၎င်း၊
40 the hangings of the court, its pillars, its sockets, the screen for the gate of the court, its cords, its pins, and all the instruments of the service of the tabernacle, for the Tent of Meeting,
၄၀ဝင်း ကုလားကာ ၊ ဝင်း တိုင် ၊ ခြေစွပ် ၊ ဝင်း တံခါး ဝကာစရာ ကုလားကာ ကြိုး များ၊ တံသင် များကို၎င်း၊ တဲ တော်အတွင်း၌ အမှုတော်ကို ဆောင် စရာတန်ဆာ၊ ပရိသတ်စည်းဝေး ရာ တဲ တော်တန်ဆာ ရှိသမျှ ကို၎င်း၊
41 the finely worked garments for ministering in the holy place, the holy garments for Aaron the priest, and the garments of his sons, to minister in the priest’s office.
၄၁သန့်ရှင်း ရာဌာန၌ အမှုတော်ကို ဆောင် သောအခါ ဝတ် ရသောအဝတ် ၊ ယဇ် ပုရောဟိတ်အမှုကို ဆောင်သောအခါ၊ ယဇ်ပုရောဟိတ် အာရုန် ဝတ်ဘို့ သန့်ရှင်း သော အဝတ် ၊ သူ ၏သား ဝတ်ရသောအဝတ် ကို၎င်း၊
42 According to all that Yahweh commanded Moses, so the children of Israel did all the work.
၄၂ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည်အတိုင်း ပြီးစီးအောင် လုပ် ပြီးမှမောရှေထံသို့ ဆောင်ခဲ့ကြ၏။
43 Moses saw all the work, and behold, they had done it as Yahweh had commanded. They had done so; and Moses blessed them.
၄၃ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ အလုပ် ရှိသမျှ ကို ပြီးစီးစေခြင်းငှါ၊ လုပ် ကြောင်းကို မောရှေ သိမြင် သောအခါ ၊ သူ တို့ကို ကောင်းကြီး ပေးလေ၏။

< Exodus 39 >