< Daniel 2 >

1 In the second year of the reign of Nebuchadnezzar, Nebuchadnezzar dreamed dreams; and his spirit was troubled, and his sleep went from him.
နေဗုခဒ်နေဇာ မင်းသည် နန်းစံနှစ် နှစ် တွင် ၊ အိပ်မက် ကို မြင် တော်မူ၍ ထိတ်လန့် ခြင်း စိတ် ရှိသောကြောင့် ၊ စက်တော် မခေါ်နိုင်သည်ဖြစ်၍၊
2 Then the king commanded that the magicians, the enchanters, the sorcerers, and the Chaldeans be called to tell the king his dreams. So they came in and stood before the king.
အိပ်မက် တော်ကို ပြန်ပြော စေခြင်းငှါ မာဂု ပညာရှိ၊ ဗေဒင် တတ်၊ သူပြု ဆရာ၊ ခါလဒဲ ဆရာတို့ကို ခေါ် ချေဟု အမိန့် တော်ရှိသည်အတိုင်း ၊ သူတို့သည် အထံ တော်သို့ ရောက် လာကြသည်ရှိသော် ၊
3 The king said to them, “I have dreamed a dream, and my spirit is troubled to know the dream.”
ရှင်ဘုရင် က၊ ငါသည် အိပ်မက် ကိုမြင် ပြီ။ ထိုအိပ်မက် ကိုမသိ ၊ နားမလည်သည်ဖြစ်၍စိတ် မအီမသာ ရှိသည်ဟု မိန့် တော်မူ၏။
4 Then the Chaldeans spoke to the king in the Syrian language, “O king, live forever! Tell your servants the dream, and we will show the interpretation.”
ခါလဒဲ ပညာရှိတို့ကလည်း ၊ အရှင် မင်းကြီး၊ အသက် တော်အစဉ် အမြဲရှင်ပါစေ။ အကျွန်ုပ်တို့အား အိပ်မက် တော်ကို မိန့် တော်မူပါ။ အကျွန်ုပ်တို့သည် အနက် ကို ဘော်ပြ ပါမည်ဟု၊ ရှုရိ ဘာသာဖြင့် လျှောက် ကြ၏။
5 The king answered the Chaldeans, “The thing has gone from me. If you don’t make known to me the dream and its interpretation, you will be cut in pieces, and your houses will be made a dunghill.
ရှင် ဘုရင်ကလည်း၊ ငါအမိန့် တော်ရှိပြီ။ ထိုအိပ်မက် နှင့် အနက် ကို သင်တို့မ ဘော် မပြလျှင် ၊ သင်တို့ကို အပိုင်းပိုင်း စဉ်း မည်။ သင် တို့အိမ် များကိုလည်း နောက်ချေးပုံ ဖြစ် စေမည်။
6 But if you show the dream and its interpretation, you will receive from me gifts, rewards, and great honor. Therefore show me the dream and its interpretation.”
အိပ်မက် နှင့်အနက် ကို ဘော်ပြ လျှင် ၊ ဆုလပ် သပ်ပကာ၊ ဂုဏ် အသရေများကို ငါပေးမည်။ သို့ဖြစ်၍ ၊ အိပ်မက် နှင့်အနက် ကို ငါ့အားဘော်ပြ ကြဟု၊ ခါလဒဲ ပညာရှိတို့ကို မိန့် တော်မူ၏။
7 They answered the second time and said, “Let the king tell his servants the dream, and we will show the interpretation.”
ထိုသူတို့က၊ အရှင် မင်းကြီး၊ မြင်မက် တော်မူချက် ကို အမိန့် ရှိတော်မူပါ။ အကျွန်ုပ်တို့သည် အနက် ကို ဘော်ပြ ပါမည်ဟု တဖန် လျှောက် ကြပြန်လျှင်၊
8 The king answered, “I know of a certainty that you are trying to gain time, because you see the thing has gone from me.
ရှင် ဘုရင်က၊ ငါ့အမိန့်တော်ရှိပြီးသောကြောင့် ၊ သင် တို့သည် နေ့ရက် အချိန်ကာလကြာစေခြင်းငှါ ရွှေ့ချင် သည်ကို ငါ အမှန် သိ ၏။
9 But if you don’t make known to me the dream, there is but one law for you; for you have prepared lying and corrupt words to speak before me, until the situation changes. Therefore tell me the dream, and I will know that you can show me its interpretation.”
အိပ်မက် ကို ငါ့ အားမ ဘော် မပြလျှင် ၊ သင်တို့သည် အကြံတခု တည်းသာရှိသည်ဖြစ်၍၊ ကာလ ပြောင်းလဲ သည်တိုင်အောင် ၊ ငါ့ ရှေ့ ၌ လျှောက် စရာဘို့ ကောက်ကျစ် လိမ် လစ်သောစကား ကို ပြင်ဆင် နှင့်ကြပြီ။ အိပ်မက် ကို ပြန်ပြော ကြ။ ထိုသို့ပြောလျှင်၊ အိပ်မက်အနက် ကို ဘော်ပြ နိုင်သည်ကို ငါသိ မည်ဟု ပြန်၍ မိန့်တော်မူ၏။
10 The Chaldeans answered the king and said, “There is not a man on the earth who can show the king’s matter, because no king, lord, or ruler has asked such a thing of any magician, enchanter, or Chaldean.
၁၀ခါလဒဲ ဆရာတို့ကလည်း၊ အရှင် မင်းကြီး၏ အမှု အရာကို ဖြေ နိုင် မည်သူ ၊ မြေကြီး ပေါ် မှာ တယောက်မျှ မ ရှိ ပါ။ အဘယ်မည်သော ရှင် ဘုရင်သည် ဘုန်း တန်ခိုးကြီးသော်လည်း၊ မာဂု ပညာရှိ၊ ဗေဒင် တတ်၊ ခါလဒဲ ဆရာတို့ကို ဤသို့ မေးမြန်း လေ့မ ရှိပါ။
11 It is a rare thing that the king requires, and there is no other who can show it before the king except the gods, whose dwelling is not with flesh.”
၁၁အရှင် မင်းကြီးမေးမြန်း တော်မူသော အရာ သည် ခက်ခဲ သော အရာဖြစ်ပါ၏။ လူ ပကတိနှင့် မ ဆက်ဆံ သော ဘုရား မှတပါး အဘယ်သူမျှအရှင် မင်းကြီးရှေ့ တော်၌ မထုတ် မ ဘော်နိုင်ပါဟု တဖန်ပြန်ကြား လျှောက်ထားကြ၏။
12 Because of this, the king was angry and very furious, and commanded that all the wise men of Babylon be destroyed.
၁၂ထိုစကားကို ကြားတော်မူလျှင် ပြင်းစွာ အမျက် တော်ထွက်၍၊ ဗာဗုလုန် မြို့၌ ရှိသမျှ သော ပညာရှိ တို့ကို ပယ်ရှင်း စေဟုအမိန့် တော်ရှိ၏။
13 So the decree went out, and the wise men were to be slain. They sought Daniel and his companions to be slain.
၁၃ထိုအမိန့် တော်ဆင့် ၍ ဒံယေလ နှင့် သူ ၏ အပေါင်း အဘော်တို့ကို သတ် ခြင်းငှါ ရှာ ကြသော်၊
14 Then Daniel returned answer with counsel and prudence to Arioch the captain of the king’s guard, who had gone out to kill the wise men of Babylon.
၁၄ဒံယေလ က၊ ရှင် ဘုရင်၏အမိန့် တော်သည် အဘယ်ကြောင့် ဤမျှလောက်လျင်မြန် သနည်းဟု၊
15 He answered Arioch the king’s captain, “Why is the decree so urgent from the king?” Then Arioch made the thing known to Daniel.
၁၅ဗာဗုလုန် ပညာရှိ တို့ကို ပယ်ရှင်း ခြင်းငှါ ထွက်သွား သော ကိုယ်ရံတော် မှူးအာရုတ် ကို သတိ ပညာနှင့် မေးမြန်း၍၊ အာရုတ် သည် ထိုအကြောင်း ကို ကြား ပြောလျှင် ၊
16 Daniel went in, and desired of the king that he would appoint him a time, and he would show the king the interpretation.
၁၆ဒံယေလ သည် နန်းတော်သို့ ဝင် ၍ အိပ်မက် တော်ကို ဖြေရသော နေ့ ရက်အချိန်ကိုပေး တော်မူမည် အကြောင်း အသနား တော်ခံပြီးမှ၊
17 Then Daniel went to his house and made the thing known to Hananiah, Mishael, and Azariah, his companions:
၁၇မိမိ အိမ် သို့ ပြန် သွား၍ ၊ ထိုအကြောင်း ကို မိမိ အပေါင်း အဘော်ဟာနနိ ၊ မိရှေလ ၊ အာဇရိ တို့အား ကြား ပြော၍၊
18 that they would desire mercies of the God of heaven concerning this secret, that Daniel and his companions would not perish with the rest of the wise men of Babylon.
၁၈ငါတို့သည် အခြား သောဗာဗုလုန် ပညာရှိ တို့နှင့်အတူ မ သေ မပျောက်စေခြင်းငှါ ၊ ဤ နက်နဲ သောအရာ၌ ကရုဏာ ကျေးဇူးတော်ကိုခံရမည်အကြောင်း၊ ကောင်းကင်ဘုံရှင် ဘုရားသခင် ကို ဆုတောင်း ကြကုန်အံ့ဟု ပြောဆို၏။
19 Then the secret was revealed to Daniel in a vision of the night. Then Daniel blessed the God of heaven.
၁၉ညဉ့် အခါ ဗျာဒိတ် တော်အားဖြင့် ထိုနက်နဲ သော အရာကို ဒံယေလ အား ဘုရားသခင်ဘော်ပြ တော်မူ၏။
20 Daniel answered, “Blessed be the name of God forever and ever; for wisdom and might are his.
၂၀ထိုအခါ ဒံယေလ သည် ကောင်းကင် ဘုံရှင် ဘုရား သခင်၏ ကျေးဇူး တော်ကို ချီးမွမ်းလျက်၊ ဘုရား သခင် ၏ နာမ တော်သည် ထာဝရ မင်္ဂလာ ရှိ ပါစေသတည်း။ ပညာ နှင့်၎င်း ၊ အစွမ်း သတ္တိနှင့်၎င်း ပြည့်စုံတော်မူ၏။
21 He changes the times and the seasons. He removes kings and sets up kings. He gives wisdom to the wise, and knowledge to those who have understanding.
၂၁ကာလ အချိန် ဥတု များကို ပြောင်းလဲ စေတော်မူ ၏။ ရှင် ဘုရင်တို့ကိုလည်း နှိမ့်ချ ချီးမြှောက် တော်မူ၏။ ပညာရှိ တို့အား ပညာ ကို ပေး တော်မူ၏။ ဉာဏ် ရှိသောသူတို့ သည် ကျေးဇူးတော်အားဖြင့်သာ၊ ထိုးထွင်း၍ နားလည် တတ်ကြ၏။
22 He reveals the deep and secret things. He knows what is in the darkness, and the light dwells with him.
၂၂နက်နဲ ခက်ခဲသော အရာတို့ကို ထင်ရှား စွာ ပြတော်မူ၏။ မှောင်မိုက် ၌ ရှိသမျှတို့ကို သိမြင် ၍ အလင်း ၏တည် ရာဖြစ်တော်မူ၏။
23 I thank you and praise you, O God of my fathers, who have given me wisdom and might, and have now made known to me what we desired of you; for you have made known to us the king’s matter.”
၂၃အကျွန်ုပ် ဘိုးဘေး တို့၏ ဘုရား သခင်၊ အကျွန်ုပ် အား ပညာ အစွမ်း သတ္တိကို ပေး သနား၍ ၊ အကျွန်ုပ်တို့ ဆုတောင်း သည်အတိုင်း၊ ရှင် ဘုရင်၏ အိပ်မက် ကို ဖွင့်ပြ တော်မူ သောကျေးဇူး တော်ကို ချီးမွမ်းထောမနာ ပြုပါ၏ဟု ဒံယေလ မြွက်ဆို ပြီးမှ၊
24 Therefore Daniel went in to Arioch, whom the king had appointed to destroy the wise men of Babylon. He went and said this to him: “Don’t destroy the wise men of Babylon. Bring me in before the king, and I will show to the king the interpretation.”
၂၄ဗာဗုလုန် ပညာရှိ တို့ကို ပယ်ရှင်း စေခြင်းငှါ ၊ ရှင် ဘုရင်ခန့် ထားတော်မူသော အာရုတ် ထံ သို့သွား ၍ ၊ ဗာဗုလုန် ပညာရှိ တို့ကို မ လုပ်ကြံ ပါနှင့်။ အကျွန်ုပ် ကို အထံ တော်သို့ခေါ် သွင်းပါ။ အကျွန်ုပ်သည် အိပ်မက်တော်နှင့် အနက် ကိုဘော်ပြ ၍ လျှောက်ပါမည်ဟုဆို ၏။
25 Then Arioch brought in Daniel before the king in haste, and said this to him: “I have found a man of the children of the captivity of Judah who will make known to the king the interpretation.”
၂၅ထိုအခါ အာရုတ်သည် ဒံယေလကို အလျင် တဆောအထံတော်သို့ ခေါ်သွင်းပြီးလျှင်၊ အိပ်မက်တော် နှင့်အနက်ကို အရှင်မင်းကြီးအား ဘော်ပြနိုင်သော သူတယောက်ကို ယုဒအမျိုး လက်ရလူတို့တွင် အကျွန်ုပ် တွေ့ပါပြီဟု လျှောက်လေ၏။
26 The king answered Daniel, whose name was Belteshazzar, “Are you able to make known to me the dream which I have seen, and its interpretation?”
၂၆ရှင် ဘုရင်ကလည်း၊ ငါမြင် မက်သော အိပ်မက် ကို ပြန်ပြော၍ အနက် ကို ဘော်ပြ နိုင် သလောဟု၊ ဗေလတရှာဇာ အမည် ရှိသောဒံယေလ ကို မေး တော်မူလျှင်၊
27 Daniel answered before the king, and said, “The secret which the king has demanded can’t be shown to the king by wise men, enchanters, magicians, or soothsayers;
၂၇ဒံယေလ က၊ အရှင် မင်းကြီးမေးမြန်း တော်မူသော အရာကို ပညာရှိ ၊ ဗေဒင် တတ်၊ မာဂု ဆရာ၊ အနာဂတ္တိ ဆရာတို့သည် အရှင် မင်းကြီးအား ဘော် ခြင်းငှါ မ တတ်နိုင် ကြပါ။
28 but there is a God in heaven who reveals secrets, and he has made known to King Nebuchadnezzar what will be in the latter days. Your dream and the visions of your head on your bed are these:
၂၈နက်နဲ သော အရာတို့ကို ဖွင့်ပြ ၍၊ နောင် ကာလ ၌ ဖြစ် လတံ့သော အရာတို့ကို နေဗုခဒ်နေဇာ မင်းကြီး အား ကြား ပြောတော်မူသောဘုရား သခင်တဆူသည် ကောင်းကင် ဘုံမှာ ရှိ တော်မူ၏။
29 “As for you, O king, your thoughts came on your bed, what should happen hereafter; and he who reveals secrets has made known to you what will happen.
၂၉အရှင် မင်းကြီး၊ နောင်၌ ဖြစ်လတံ့သော အရာတို့ ကို ကိုယ်တော်သည် စက်တော်ခေါ်၍ မြော်လင့်တော်မူ ၏။ နက်နဲ သောအရာကိုဖွင့်ပြ တော်မူသောဘုရား သည် နောင်ကာလ၌ ဖြစ် လတံ့သော အရာတို့ကို ကိုယ်တော် အားပြ တော်မူ၏။
30 But as for me, this secret is not revealed to me for any wisdom that I have more than any living, but to the intent that the interpretation may be made known to the king, and that you may know the thoughts of your heart.
၃၀ဤ နက်နဲ သောအရာကိုကား၊ အခြားသော သတ္တဝါ အပေါင်း တို့ထက် အကျွန်ုပ် သာ၍ပညာ ရှိ သောကြောင့် ၊ အကျွန်ုပ် အား ဘုရားသခင်ဖွင့်ပြ တော်မူသည် မ ဟုတ်ပါ။ ကိုယ်တော်သည် စိတ် နှလုံးတော်၏ အထင် ကို နားလည် မည်အကြောင်း၊ ထို အနက် ကို အကျွန်ုပ်ပြန်ကြား လျှောက်ထားစိမ့်သောငှါသာ ဘုရားသခင်ဖွင့်ပြတော်မူ ၏။
31 “You, O king, saw, and behold, a great image. This image, which was mighty, and whose brightness was excellent, stood before you; and its appearance was terrifying.
၃၁အရှင် မင်းကြီး၊ စက်တော်ခေါ်၍ မြင်မက်တော်မူ သောရူပါရုံဟူမူကား၊ ကိုယ်တော်သည် ကြည့်ရှု ၍ ရုပ်တု ကြီးကို မြင် တော်မူ၏။ ထူးမြတ် သော အရောင် အဝါ နှင့် ပြည်စုံ၍ ၊ ကြီး မြင့်သော ထို ရုပ်တု သည် ကြောက်မက် ဘွယ်သော ပုံသဏ္ဌာန် ကိုဆောင်လျက် ကိုယ်တော် ရှေ့ ၌ တည်ရှိ ၏။
32 As for this image, its head was of fine gold, its chest and its arms of silver, its belly and its thighs of bronze,
၃၂သူ ၏ ဦးခေါင်း သည် ရွှေ စင် ဖြစ်၏။ ရင်ပတ် နှင့် လက် နှစ်ဘက်သည် ငွေ ဖြစ်၏။
33 its legs of iron, its feet part of iron and part of clay.
၃၃ဝမ်း နှင့် ပေါင် နှစ်ဘက်သည် ကြေးဝါ ဖြစ်၏။ ခြေသလုံး နှစ်ဘက်သည် သံ ဖြစ်၏။ ခြေဘဝါး နှင့် ဖမိုး သည် သံ တပိုင်းသရွတ်တပိုင်းဖြစ်၏။
34 You saw until a stone was cut out without hands, which struck the image on its feet that were of iron and clay, and broke them in pieces.
၃၄ကိုယ်တော်သည် ကြည့်ရှု တော်မူစဉ် ၊ လက် ဖြင့် မ ထု မလုပ်ဘဲ အလိုလိုဖြစ်သော ကျောက် တလုံးသည် သံ နှင့် သရွတ် ဖြစ်သော ရုပ်တု ၏ခြေ ကို ထိခိုက်၍ ချိုးဖဲ့ သည်ရှိသော်၊
35 Then the iron, the clay, the bronze, the silver, and the gold were broken in pieces together, and became like the chaff of the summer threshing floors. The wind carried them away, so that no place was found for them. The stone that struck the image became a great mountain and filled the whole earth.
၃၅သံ ၊ သရွတ် ၊ ကြေးဝါ ၊ ငွေ ၊ ရွှေ တို့သည် ကျိုးပဲ့ ကြေမွလျက်၊ နွေ ကာလ၌ ကောက်နယ် တလင်း အမုန့် ကဲ့သို့ ဖြစ် သဖြင့်၊ လေ တိုက် လွှင့်၍ သူ တို့နေရာ မ ရှိ ၊ ပျောက်လေ၏။ ရုပ်တု ကို ထိခိုက် သော ကျောက် မူကား၊ တိုးပွားသဖြင့် တောင် ကြီး ဖြစ်၍၊ မြေကြီး တပြင်လုံး ကို ဖုံးလွှမ်း သည်ဟု မြင်မက်တော်မူ၏။
36 “This is the dream; and we will tell its interpretation before the king.
၃၆ယခုတွင် အိပ်မက် တော်၏အနက် ကို ဘော်ပြ၍ နားတော်လျှောက် ပါမည်။
37 You, O king, are king of kings, to whom the God of heaven has given the kingdom, the power, the strength, and the glory.
၃၇အရှင် မင်းကြီး၊ ကိုယ်တော် သည် ဘုရင် တို့၏ ဘုရင် ဖြစ်တော်မူ၏။ ကောင်းကင် ဘုံရှင် ဘုရား သခင်သည် နိုင်ငံ နှင့်တကွတန်ခိုး အာနုဘော်အစွမ်း သတ္တိ ဘုန်း အသရေကို ကိုယ်တော် အား ပေး တော်မူပြီ။
38 Wherever the children of men dwell, he has given the animals of the field and the birds of the sky into your hand, and has made you rule over them all. You are the head of gold.
၃၈လူ နေရာ ရှိသမျှ တို့နှင့် မြေကြီး သား တိရစ္ဆာန် ၊ မိုဃ်း ကောင်းကင်ငှက် များတို့ကို ကိုယ်တော် လက် ၌ အပ် ပေး ၍၊ ကိုယ်တော် သည် အလုံးစုံ တို့ကို အုပ်စိုး ရသောအခွင့်ရှိတော်မူ၏။ ကိုယ်တော် သည် ရုပ်တု၏ ရွှေ ဦးခေါင်း ဖြစ်တော်မူ၏။
39 “After you, another kingdom will arise that is inferior to you; and another third kingdom of bronze, which will rule over all the earth.
၃၉ကိုယ်တော် နောက် ၌ ကိုယ်တော်၏ နိုင်ငံ လောက်မမြတ်သော နိုင်ငံ တခုသည် တည်ထောင် လိမ့်မည် ။ ထိုနောက်၊ မြေကြီး တပြင်လုံး ကို အုပ်စိုး သော ကြေးဝါ နိုင်ငံတည်းဟူသောတတိယ နိုင်ငံတည်ထောင်လိမ့်မည်။
40 The fourth kingdom will be strong as iron, because iron breaks in pieces and subdues all things; and as iron that crushes all these, it will break in pieces and crush.
၄၀စတုတ္ထ နိုင်ငံ သည် သံ ကဲ့သို့ ခိုင်မာ သော နိုင်ငံဖြစ် လိမ့်မည်။ သံ သည် အခြားသောအရာရှိသမျှ တို့ကို ချိုးဖဲ့ ၍ နိုင် သကဲ့သို့ ၊ စတုတ္ထနိုင်ငံသည် ချိုးဖဲ့ နှိပ်စက် ခြင်း ကို ပြုလိမ့်မည်။
41 Whereas you saw the feet and toes, part of potters’ clay and part of iron, it will be a divided kingdom; but there will be in it of the strength of the iron, because you saw the iron mixed with miry clay.
၄၁ရုပ်တု၏ခြေ နှင့် ခြေချောင်း တို့သည် သရွတ် တပိုင်း သံ တပိုင်းရှိသည်ကို မြင် တော်မူသည်အတိုင်း ၊ အချင်းချင်းကွဲပြား သော နိုင်ငံ ဖြစ် လိမ့်မည်။ သို့သော်လည်းဖုတ်သောသရွတ် နှင့် သံ ရောနှော သည်ကို မြင် တော်မူသည်ဖြစ်၍ ၊ သံ သည်ခိုင်မာ ခြင်း သတ္တိရှိ လိမ့်မည်။
42 As the toes of the feet were part of iron, and part of clay, so the kingdom will be partly strong and partly brittle.
၄၂ခြေချောင်း တို့သည် သံ တပိုင်းသရွတ် တပိုင်း ဖြစ်သည်နှင့်အညီ၊ ထိုနိုင်ငံ သည် ခိုင်မာ ခြင်းနှင့်၎င်း ၊ ကျိုးပဲ့ ခြင်းနှင့်၎င်း ဆက်ဆံ လိမ့်မည်။
43 Whereas you saw the iron mixed with miry clay, they will mingle themselves with the seed of men; but they won’t cling to one another, even as iron does not mix with clay.
၄၃ဖုတ်သောသရွတ် နှင့် သံ ရောနှော သည်ကို မြင် တော်မူသည်နှင့် လျော်စွာ၊ နိုင်ငံသားတို့သည် အခြား သော လူမျိုး သား တို့နှင့် ပေါင်းဘော် ကြလိမ့်မည်။ သို့သော်လည်း၊ သရွတ် နှင့် သံ မ ရောနှော နိုင်သကဲ့သို့ ၊ သူတို့သည် အချင်းချင်းပေါင်းဘော် ၍ မ သင့်နိုင်ကြ။
44 “In the days of those kings the God of heaven will set up a kingdom which will never be destroyed, nor will its sovereignty be left to another people; but it will break in pieces and consume all these kingdoms, and it will stand forever.
၄၄လက် နှင့် မ ထုမလုပ်ဘဲ ကျောက် တလုံးသည် တောင် ပေါ်က အလိုလိုပဲ့ကွာ ၍၊ သံ ၊ ကြေးဝါ ၊ သရွတ် ၊ ငွေ ၊ ရွှေ တို့ကိုချိုးဖဲ့ သည် ကိုမြင် တော်မူသည်အကြောင်းအရာမှာ ၊ ပျက်စီး ခြင်းသို့မ ရောက်နိုင်သော နိုင်ငံ တခုကို ထို မင်းကြီး များလက်ထက် ၌ ကောင်းကင်ဘုံ ရှင်ဘုရားသခင် သည်တည်ထောင် စေတော်မူမည်။
45 Because you saw that a stone was cut out of the mountain without hands, and that it broke in pieces the iron, the bronze, the clay, the silver, and the gold, the great God has made known to the king what will happen hereafter. The dream is certain, and its interpretation sure.”
၄၅ထို နိုင်ငံ သည်အခြား သောလူမျိုး လက်သို့မ ရောက် ရဘဲ၊ အထက် ဆိုခဲ့ပြီးသောနိုင်ငံ ရှိသမျှ တို့ကိုချိုးဖဲ့ ဖျက်ဆီး ၍ အစဉ်အမြဲ တည် လိမ့်မည်။ ထိုသို့ နောင် ၌ဖြစ်လတံ့ သော အရာ တို့ကိုကြီးမြတ် တော်မူသောဘုရားသခင် သည် အရှင် မင်းကြီးအား ကြားပြော တော်မူ၏။ အိပ်မက် တော်ရွေ့လျော့ ခြင်းမရှိ။ အနက် သည်လည်း မှန် ပါ၏ဟု ဒံယေလသည် အထံတော်၌လျှောက်ထား၏။
46 Then King Nebuchadnezzar fell on his face, worshiped Daniel, and commanded that they should offer an offering and sweet odors to him.
၄၆ထိုအခါ နေဗုခဒ်နေဇာ မင်းကြီး သည် ပြပ်ဝပ် ၍ ဒံယေလ ကို ရှိခိုး ကိုးကွယ်ပြီးလျှင်၊ ပူဇော် သက္ကာပြုခြင်းငှါ၎င်း ၊ နံ့သာမျိုး ကို မီးရှို့၍ ဆပ်ကပ် ခြင်းငှါ ၎င်း စီရင် တော်မူလျက်၊
47 The king answered to Daniel, and said, “Of a truth your God is the God of gods, and the Lord of kings, and a revealer of secrets, since you have been able to reveal this secret.”
၄၇ကိုယ်တော်သည် ဤနက်နဲ သောအရာကို ဖွင့်ပြ နိုင်သည်ဖြစ်၍၊ အကယ် စင်စစ်ကိုယ်တော် ၏ ဘုရား သခင်သည် ဘုရား တို့၏ဘုရား ၊ ဘုရင် တို့၏ အရှင် ၊ နက်နဲ သော အရာကိုဖွင့်ပြ တော်မူသောသခင်ဖြစ် တော်မူ၏ဟု မိန့် တော်မူ၍၊
48 Then the king made Daniel great and gave him many great gifts, and made him rule over the whole province of Babylon and to be chief governor over all the wise men of Babylon.
၄၈ဒံယေလ ကို ချီးမြှောက် လျက်၊ များစွာ သော ဆုလပ် သပ်ပကာတို့ကိုပေး ၍၊ ဗာဗုလုန် နိုင်ငံ တွင် ဝန်ကြီး အရာ၌၎င်း ၊ ဗာဗုလုန် ပညာရှိ တို့ကို အုပ်စိုး သော ဝန် အရာ၌၎င်း ခန့်ထားတော်မူ၏။
49 Daniel requested of the king, and he appointed Shadrach, Meshach, and Abednego over the affairs of the province of Babylon, but Daniel was in the king’s gate.
၄၉ထိုအခါ ဒံယေလ သည် သံတော်ဦး တင်သောကြောင့် ၊ မင်းကြီး သည် ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကို ဗာဗုလုန် နိုင်ငံ တွင် ဝန်အရာ၌ ခန့် ထားတော်မူ ၏။ ဒံယေလ သည် နန်း တော်ဦး၌ နေရလေ၏။

< Daniel 2 >