< Acts 8 >

1 Saul was consenting to his death. A great persecution arose against the assembly which was in Jerusalem in that day. They were all scattered abroad throughout the regions of Judea and Samaria, except for the apostles.
ထိုအခါယေရုရှလင်မြို့၌ ရှိသော အသင်းတော် သည် ပြင်းစွာ သောညှဉ်းဆဲခြင်းကိုခံရသဖြင့် တမန်တော် တို့မှတပါး သင်းဝင်သူ အပေါင်းတို့သည် ယုဒပြည်၊ ရှမာရိပြည်အရပ်ရပ်တို့၌ အနှံ့အပြားကွဲပြား ကြ၏။
2 Devout men buried Stephen and lamented greatly over him.
တရားကိုရိုသေသောသူတို့သည် သတေဖန်ကို သင်္ဂြိုဟ်၍ ပြင်းစွာသောငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။
3 But Saul ravaged the assembly, entering into every house and dragged both men and women off to prison.
ရှောလုသည် အသင်းတော်ကိုဖျက်ဆီးလေ၏။ အိမ်များသို့ ဝင်ပြီးလျှင် ယောက်ျားမိန်းမတို့ကို ဆွဲငင်၍ ထောင်ထဲ၌လှောင်ထား တတ်၏။
4 Therefore those who were scattered abroad went around preaching the word.
ထိုကြောင့် အရပ်ရပ်သို့ကွဲပြားသော သူတို့သည် လှည့်လည်၍ နှုတ်ကပတ်တော်တည်းဟူသော ဧဝံဂေလိ တရားကို ဟောပြောကြ၏။
5 Philip went down to the city of Samaria and proclaimed to them the Christ.
ဖိလိပ္ပုသည်လည်း၊ ရှာမာရိမြို့သို့သွား၍ ခရစ်တော်၏ အကြောင်းကိုဟောလေ၏။
6 The multitudes listened with one accord to the things that were spoken by Philip when they heard and saw the signs which he did.
လူအစုအဝေးတို့သည်ကြား၍ ဖိလိပ္ပုပြုသော နိမိတ်လက္ခဏာတို့ကို မြင်သောအခါ၊ သူ၏စကားကို တညီတညွတ်တည်း နားထောင်ကြ ၏။
7 For unclean spirits came out of many of those who had them. They came out, crying with a loud voice. Many who had been paralyzed and lame were healed.
အကြောင်းမူကား၊ နတ်ဆိုးစွဲသော သူများတို့၏ အထဲမှ နတ်ဆိုး တို့သည် ပြင်းစွာသော အသံနှင့် အော်ဟစ်လျက်ထွက်သွားကြ၏။ ကိုယ်မ လှုပ်နိုင်သောသူ၊ ခြေမစွမ်းသောသူအများတို့သည်လည်း ပကတိအဖြစ် သို့ရောက်ကြ၏။
8 There was great joy in that city.
ထိုမြို့သူမြို့သားတို့သည် အလွန်ဝမ်းမြောက် ခြင်းရှိကြ၏။
9 But there was a certain man, Simon by name, who used to practice sorcery in the city and amazed the people of Samaria, making himself out to be some great one,
ရှိမုန်အမည်ရှိသော သူတယောက်သည်၊ ထိုမြို့၌ နတ်ဝိဇ္ဇာ အတတ်နှင့်ပြုပြင်၍၊ ငါသည်ထူးဆန်းသော သူဖြစ်သည်ဟုဆိုလျက်၊ ရှမာရိအမျိုးသားတို့ကို မိန်းမောတွေဝေစေခြင်းငှါပြု၏။
10 to whom they all listened, from the least to the greatest, saying, “This man is that great power of God.”
၁၀လူကြီးလူငယ်ရှိသမျှတို့ကလည်း၊ ဤသူသည် ဘုရားသခင်၏ မဟာတန်ခိုးတော်ဖြစ်သည်ဟု ဆိုလျက် ထိုသူ၌ဆည်းကပ်ကြ၏။
11 They listened to him because for a long time he had amazed them with his sorceries.
၁၁ဆည်းကပ်သည်အကြောင်းကား၊ သူတို့ကို မိန်းမောတွေဝေစေ ခြင်းငှါ ထိုသူသည် နတ်ဝိဇ္ဇာအတတ် အားဖြင့် ကြာမြင့်စွာပြုလျက်နေ၏။
12 But when they believed Philip preaching good news concerning God’s Kingdom and the name of Jesus Christ, they were baptized, both men and women.
၁၂ဖိလိပ္ပုသည် ဘုရားသခင်၏နိုင်ငံတော်၌၎င်း၊ ယေရှုခရစ်၏ နာမတော်နှင့်၎င်း စပ်ဆိုင်သော ဧဝံဂေလိ တရားကို ဟောပြော၍ ထိုသူတို့သည် ယုံကြည်သော အခါ၊ ယောက်ျားမိန်းမတို့သည် ဗတ္တိဇံကို ခံကြ၏။
13 Simon himself also believed. Being baptized, he continued with Philip. Seeing signs and great miracles occurring, he was amazed.
၁၃ရှိမုန်သည်လည်း ကိုယ်တိုင်ယုံကြည်သည်ဖြစ်၍ ဗတ္တိဇံကို ခံပြီးမှ ဖိလိပ္ပုထံ၌မှီဝဲဆည်းကပ်သဖြင့်၊ ထူးဆန်း သော တန်ခိုးကြီးသော နိမိတ်လက္ခဏာများကို မြင်၍ မိန်းမောတွေဝေလျက်ရှိလေ၏။
14 Now when the apostles who were at Jerusalem heard that Samaria had received the word of God, they sent Peter and John to them,
၁၄ရှမာရိမြို့သားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ခံယူကြပြီဟု ယေရုရှလင်မြို့၌ ရှိသော တမန်တော်တို့သည် သိတင်း ကြားလျှင်၊ ပေတရုနှင့်ယောဟန်တို့ကို စေလွှတ်ကြ၏။
15 who, when they had come down, prayed for them, that they might receive the Holy Spirit;
၁၅ထိုမြို့သူမြို့သား တို့သည် သခင်ယေရှု၏နာမ၌ ဗတ္တိဇံကို ခံရုံ မျှသာရှိသဖြင့်၊
16 for as yet he had fallen on none of them. They had only been baptized in the name of Christ Jesus.
၁၆တစုံတယောက်သောသူအပေါ်၌ သန့်ရှင်းသော ဝိညာဉ်တော်သည် သက်ရောက်တော် မမူသေးသည် ဖြစ်၍၊ တမန်တော်တို့သည် ရောက်ကြလျှင်၊ ဝိညာဉ်တော် ကိုခံရမည်အကြောင်း ထိုမြို့သူမြို့သားတို့ အဘို့ ဆုတောင်း၍၊
17 Then they laid their hands on them, and they received the Holy Spirit.
၁၇ထိုသူတို့အပေါ်၌ လက်ကိုတင်သောအားဖြင့် သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကိုခံရကြ၏။
18 Now when Simon saw that the Holy Spirit was given through the laying on of the apostles’ hands, he offered them money,
၁၈တမန်တော်တို့လက်ကိုတင်သောအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သက်ရောက်သည်ကို ရှိမုန်မြင်လျှင်၊ ငွေကိုယူဆောင်ခဲ့၍၊
19 saying, “Give me also this power, that whomever I lay my hands on may receive the Holy Spirit.”
၁၉အကျွန်ုပ်၏ လက်တင်ခြင်းကိုခံရသောသူသည် သန့်ရှင်းသော ဝိညာဉ်တော်ကိုခံစေမည်အကြောင်း အကျွန်ုပ်အား အခွင့်ပေးပါဟု တောင်းသော်၊
20 But Peter said to him, “May your silver perish with you, because you thought you could obtain the gift of God with money!
၂၀ပေတရုက၊ ဘုရားသခင်၏ကျေးဇူးတော်ကို ငွေနှင့်ဝယ်ယူမည် ဟု အကြံရှိသောကြောင့်၊ သင်နှင့် တကွသင်၏ ငွေသည်ပျက်စီးခြင်းသို့ ရောက်ပါစေ။
21 You have neither part nor lot in this matter, for your heart isn’t right before God.
၂၁သင်သည်ဤအမှုအရာနှင့် မဆက်ဆံသော သူဖြစ်၏။ အကြောင်းမူကား၊ သင်၏စိတ်နှလုံးသည် ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်ခြင်းမရှိ။
22 Repent therefore of this, your wickedness, and ask God if perhaps the thought of your heart may be forgiven you.
၂၂ထိုကြောင့်သင်၌ ယခုဆိုးညစ်သောအမှုကို နောင်တရလော့။ သင်၏စိတ်နှလုံး၌ကြံစည်ခြင်းအပြစ်ကို လွှတ်ကောင်းလွှတ်လိမ့်မည် ဖြစ်၍၊ ဘုရားသခင်ကို တောင်းပန်လော့။
23 For I see that you are in the poison of bitterness and in the bondage of iniquity.”
၂၃သင်သည်ခါးစွာသောသည်းခြေစွဲသည်ဖြစ်၍၊ ဒုစရိုက်အနှောင် အဖွဲ့နှင့်မလွတ်ကြောင်းကို ငါသိမြင် သည်ဟုဆို၏။
24 Simon answered, “Pray for me to the Lord, that none of the things which you have spoken happen to me.”
၂၄ရှိမုန်ကလည်း၊ မိန့်တော်မူသောအရာ တစုံ တခုမျှ အကျွန်ုပ် အပေါ်သို့ မရောက်ပါမည် အကြောင်း၊ ထာဝရဘုရားကို ကျွန်ုပ်အဘို့ အလိုငှါ ဆုတောင်းတော်မူ ကြပါဟု ပြန်ပြော၏။
25 They therefore, when they had testified and spoken the word of the Lord, returned to Jerusalem, and preached the Good News to many villages of the Samaritans.
၂၅တမန်တော်တို့သည် သက်သေခံ၍ သခင်ဘုရား ၏နှုတ်ကပတ် တရားတော်ကိုဟောပြီးမှ၊ ယေရုရှလင်မြို့ သို့ ပြန်သွားရာ၊ ရှာမာရိရွာများတို့၌လည်း ဧဝံဂေလိ တရားကို ဟောပြောကြ၏။
26 Then an angel of the Lord spoke to Philip, saying, “Arise, and go toward the south to the way that goes down from Jerusalem to Gaza. This is a desert.”
၂၆တဖန် ထာဝရဘုရား၏ ကောင်းကင်တမန် သည် ဖိလိပ္ပုအား၊ သင်ထ၍ ယေရုရှလင်မြို့မှ ဂါဇမြို့ သို့သွားရာ တောလမ်းတွင် တောင်မျက်နှာသို့ သွားလော့ ဟု ဆိုသည်အတိုင်း၊ ဖိလိပ္ပုသည်ထ၍ သွားလေ၏။
27 He arose and went; and behold, there was a man of Ethiopia, a eunuch of great authority under Candace, queen of the Ethiopians, who was over all her treasure, who had come to Jerusalem to worship.
၂၇ထိုအခါ အဲသယောပိပြည်ကိုအစိုးရသော မိဖုရားကန္ဒက်ထံ၌ ဘုန်းကြီးသောအမတ်ဖြစ်၍၊ ဘဏ္ဍတော်ရှိသမျှကို အုပ်စိုးရသော အဲသယောပိ ပြည်သား တယောက်သည် ကိုးကွယ်ခြင်းငှါ ယေရုရှလင် မြို့ သို့သွား၍၊
28 He was returning and sitting in his chariot, and was reading the prophet Isaiah.
၂၈ပြန်စဉ်တွင် မိမိရထားပေါ်၌ထိုင်လျက် ပရောဖက်ဟေရှာယ၏ ကျမ်းစာကို ဘတ်လေ၏။
29 The Spirit said to Philip, “Go near, and join yourself to this chariot.”
၂၉ဝိညာဉ်တော်ကလည်း၊ ထိုရထားသို့ ချဉ်းကပ်၍ မှီဝဲလော့ဟု ဖိလိပ္ပုအား ဗျာဒိတ်ပေးတော်မူသဖြင့်၊
30 Philip ran to him, and heard him reading Isaiah the prophet, and said, “Do you understand what you are reading?”
၃၀ဖိလိပ္ပုသည် ရထားသို့ပြေး၍ ပရောဖက် ဟေရှာယ၏ ကျမ်းစာ၌ ဘတ်သည်ကိုကြားလျှင်၊ ဘတ်သောအရာကို နားလည်ပါ၏ လောဟု မေးမြန်း၏။
31 He said, “How can I, unless someone explains it to me?” He begged Philip to come up and sit with him.
၃၁ထိုအမတ်ကလည်း၊ သွန်သင်ပဲ့ပြင်သော သူမရှိလျှင် အဘယ်သို့ နားလည်နိုင်မည်နည်းဟု ဆိုပြီးမှ မိမိနှင့်အတူ ဖိလိပ္ပုတက်၍ထိုင်နေ ပါမည်အကြောင်း တောင်းပန်၏။
32 Now the passage of the Scripture which he was reading was this, “He was led as a sheep to the slaughter. As a lamb before his shearer is silent, so he doesn’t open his mouth.
၃၂ကျမ်းစာ၌ ဘတ်သောအချက်ဟူမူကား၊ အသေ သတ်ခြင်းငှါ ဆောင်သွားသော သိုးကဲ့သို့ သူ့ကို ဆောင်သွား၍၊ သိုးသငယ်သည် အမွေးညှပ်သောသူ ရှေ့မှာ မမြည်ဘဲ နေသကဲ့သို့ သူသည်နှုတ်ကိုမဖွင့် ဘဲနေ၏။
33 In his humiliation, his judgment was taken away. Who will declare His generation? For his life is taken from the earth.”
၃၃နှိမ့်ချခြင်းကိုခံစဉ်တွင် သူတပါးတို့သည် ထိုသူကို မတရားသ ဖြင့် စီရင်ကြ၏။ ထိုသူ၏အသက်ကို မြေကြီးကသိမ်းရုပ်သည်ဖြစ်၍၊ သူ၏အမျိုးအနွယ်ကို အဘယ်သူပြညွှန်မည်နည်းဟု ကျမ်းစာ လာသ တည်း။
34 The eunuch answered Philip, “Who is the prophet talking about? About himself, or about someone else?”
၃၄ထိုအမတ်ကလည်း၊ ပရောဖက်သည် အဘယ် သူကို ရည်မှတ်၍ ဤသို့ဆိုပါသနည်း။ ကိုယ်ကိုတည်း ဆိုလိုသလော။ သူတပါးကိုတည်း ဆိုလိုသလောဟု တောင်းပန်လျက်၊
35 Philip opened his mouth, and beginning from this Scripture, preached to him about Jesus.
၃၅ဖိလိပ္ပုအား မေးမြန်းလျှင်၊ ဖိလိပ္ပုသည် မိမိနှုတ်ကိုဖွင့်၍ ထိုကျမ်းစာချက်ကို အစွဲပြုလျက်၊ ယေရှု၏အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟောလေ၏။
36 As they went on the way, they came to some water; and the eunuch said, “Behold, here is water. What is keeping me from being baptized?”
၃၆ထိုသို့လမ်း၌သွားကြစဉ် ရေရှိရာသို့ရောက်၍၊ အမတ်ကလည်း ဤအရပ်တွင်ရေရှိပါ၏။ အကျွန်ုပ်ကို ဗတ္တိဇံမခံစေခြင်းငှါ မည်သည့် အကြောင်းဆီးတား ပါသနည်းဟု ပြောဆိုလျှင်၊
၃၇ဖိလိပ္ပုက၊ သင်သည် စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်လျှင် ခံရသည် ဟုဆိုလေ၏။ အမတ်ကလည်း၊ ယေရှုခရစ်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူ ကြောင်းကို အကျွန်ုပ်ယုံကြည်ပါသည်ဟု ဝန်ခံ၍၊
38 He commanded the chariot to stand still, and they both went down into the water, both Philip and the eunuch, and he baptized him.
၃၈ရထားကိုရပ်စေခြင်းငှါစီရင်ပြီးမှ၊ ဖိလိပ္ပုသည် ထိုအမတ်နှင့် တကွရေထဲသို့ဆင်း၍ ဗတ္တိဇံကိုပေး၏။
39 When they came up out of the water, the Spirit of the Lord caught Philip away, and the eunuch didn’t see him any more, for he went on his way rejoicing.
၃၉ရေထဲကတက်ကြလျှင်၊ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဖိလိပ္ပုကိုဆောင်ယူတော်မူ၍၊ အမတ်သည် ဖိလိပ္ပုကို နောက်တဖန်မတွေ့မမြင်ရ။ ဝမ်းမြောက်ဝမ်းသာခြင်းနှင့် မိမိ သွားရသောလမ်းကို သွားလေ၏။
40 But Philip was found at Azotus. Passing through, he preached the Good News to all the cities until he came to Caesarea.
၄၀ဖိလိပ္ပုသည်လည်း အာဇုတ်မြို့၌ ပေါ်လာ၍၊ ထိုမြို့မှကဲသရိ မြို့တိုင်အောင် မြို့ရွာအစဉ်အတိုင်း ရှောက်သွား၍ ဧဝံဂေလိတရားကို ဟောလေ၏။

< Acts 8 >