< Acts 15 >

1 Some men came down from Judea and taught the brothers, “Unless you are circumcised after the custom of Moses, you can’t be saved.”
ယုဒ ပြည်မှ အန္တိအုတ်မြို့သို့ ရောက်လာ သော သူအချို့ တို့က၊ သင်တို့သည် မောရှေ ၏တရား အတိုင်း အရေဖျားလှီး ခြင်းကို မ ခံလျှင် ၊ ကယ်တင် တော်မူခြင်းသို့ မ ရောက် နိုင်ဟု ညီအစ်ကို တို့အား ဆုံးမ ဩဝါဒပေးကြ၏။
2 Therefore when Paul and Barnabas had no small discord and discussion with them, they appointed Paul, Barnabas, and some others of them to go up to Jerusalem to the apostles and elders about this question.
ထိုသူ တို့နှင့် ပေါလု ၊ ဗာနဗ တို့သည် ဆွေးနွေးငြင်းခုံ ခြင်းများသောအခါ၊ ပေါလု နှင့် ဗာနဗ တို့သည် အခြား သောတပည့်တော်အချို့ တို့နှင့်တကွ ၊ ထို ပြဿနာ ၏ အကြောင်း ကြောင့်ယေရုရှလင် မြို့၌ ရှိသော တမန်တော် တို့နှင့် သင်းအုပ် တို့ထံသို့ သွား ရမည်အကြောင်းကိုစီရင် ကြ၏။
3 They, being sent on their way by the assembly, passed through both Phoenicia and Samaria, declaring the conversion of the Gentiles. They caused great joy to all the brothers.
အသင်းတော် သည်လမ်း၌ပို့ သဖြင့်၊ ပေါလုနှင့် ဗာနဗတို့သည် ဖိနိတ် ပြည်နှင့် ရှမာရိ ပြည်ကို ရှောက်သွား ၍ တစ်ပါး အမျိုးသားတို့ ပြောင်းလဲ ခြင်းအကြောင်းအရာကို ကြားပြော သဖြင့်၊ ညီအစ်ကို အပေါင်း တို့ကို အလွန် ဝမ်းမြောက် စေကြ၏။
4 When they had come to Jerusalem, they were received by the assembly and the apostles and the elders, and they reported everything that God had done with them.
ယေရုရှလင် မြို့သို့ ရောက် လျှင်၊ တမန်တော် တို့နှင့် သင်းအုပ် တို့မှစ၍ သင်းဝင် သူ များတို့တွင် လက်ခံ ခြင်း ကျေးဇူးကိုခံ၍၊ မိမိ တို့အားဖြင့် ဘုရားသခင် ပြု တော်မူသမျှ တို့ကို ပြန်ကြား ကြ၏။
5 But some of the sect of the Pharisees who believed rose up, saying, “It is necessary to circumcise them, and to command them to keep the law of Moses.”
ဖာရိရှဲ စု ထဲကယုံကြည် သောသူ အချို့ တို့သည် ထ လျက် ၊ တစ်ပါး အမျိုးသားတို့အား အရေဖျားလှီး ခြင်းကို ပေး ရမည်။ မောရှေ ၏ တရား ကို ကျင့် စေခြင်းငှာဆုံးမ ရမည်ဟု ဆိုကြ၏။
6 The apostles and the elders were gathered together to see about this matter.
ထိုအခါ တမန်တော် တို့နှင့် သင်းအုပ် တို့သည် ထို အမှု ကိုကြည့်ရှု ဆင်ခြင်ခြင်းငှာစည်းဝေး ကြ၏။
7 When there had been much discussion, Peter rose up and said to them, “Brothers, you know that a good while ago God made a choice among you that by my mouth the nations should hear the word of the Good News and believe.
များစွာ သောဆွေးနွေး ငြင်းခုံခြင်းရှိ သောအခါ ပေတရုသည် ထ လျက်၊ ညီအစ်ကို တို့၊ ဘုရားသခင် သည် ရှေ့ဦးစွာ ငါတို့တွင် ရွေးကောက် တော်မူ၍၊ ငါ ဟောပြော သောအားဖြင့် တစ်ပါး အမျိုးသားတို့သည် ဧဝံဂေလိ တရား ကိုကြားနာ ၍ ယုံကြည် ရမည်အကြောင်း စီရင် တော်မူသည်ကို သင် တို့သိ ကြ၏။
8 God, who knows the heart, testified about them, giving them the Holy Spirit, just like he did to us.
စိတ် နှလုံးကို သိတော်မူသော ဘုရားသခင် သည် သန့်ရှင်း သော ဝိညာဉ် တော်ကို ငါ တို့အားပေး သည်နည်းတူ သူ တို့အားပေးသဖြင့်၊ သူတို့ဘက်၌ သက်သေခံ တော်မူ၏။
9 He made no distinction between us and them, cleansing their hearts by faith.
ယုံကြည် ခြင်းအားဖြင့်လည်း သူ တို့၏ စိတ်နှလုံး ကိုစင်ကြယ် စေ၍ ငါ တို့ကို ခြားနား စေတော်မ မူ။
10 Now therefore why do you tempt God, that you should put a yoke on the neck of the disciples which neither our fathers nor we were able to bear?
၁၀သို့ဖြစ်လျှင် ၊ ငါ တို့နှင့်ငါ တို့ဘိုးဘေး များ မ ထမ်း နိုင် သော ထမ်းပိုး ကို တပည့် တော်တို့၏ လည်ပင်း ပေါ်၌ တင် စေခြင်းငှာအဘယ်ကြောင့် ဘုရားသခင် ကို စုံစမ်း ကြသနည်း။
11 But we believe that we are saved through the grace of the Lord Jesus, just as they are.”
၁၁သခင် ယေရှု ၏ ကျေးဇူး တော်အားဖြင့် သာ ထိုသူ တို့သည် ကယ်တင် တော်မူခြင်းသို့ ရောက်သည် နည်းတူ ၊ ငါတို့သည်လည်း ရောက်ရမည်ကို ငါတို့သည် ယုံကြည် ၏ဟု ပေတရု ပြောဆို ၏။
12 All the multitude kept silence, and they listened to Barnabas and Paul reporting what signs and wonders God had done among the nations through them.
၁၂ထိုအခါ ဗာနဗ နှင့် ပေါလု တို့သည် မိမိ တို့အားဖြင့် တစ်ပါး အမျိုးသားတို့တွင် ဘုရားသခင် ပြု တော်မူသမျှ သော နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ကြားပြော သည်ကို စုဝေး သောသူအပေါင်း တို့သည် တိတ်ဆိတ် စွာ နေ၍ နားထောင် ကြ၏။
13 After they were silent, James answered, “Brothers, listen to me.
၁၃ထိုသူ တို့သည် အကုန်အစင်ပြောဆို ပြီးမှ ၊ ယာကုပ် က၊ ညီအစ်ကို တို့၊ ငါ့ စကားကို နားထောင် ကြ လော့။
14 Simeon has reported how God first visited the nations to take out of them a people for his name.
၁၄ဘုရားသခင် သည် မိမိ နာမ အဘို့ ၊ တစ်ပါး အမျိုးသားတို့ အထဲ ကအချို့သောသူတို့ကိုနှုတ်ယူ ခြင်းငှာ၊ ရှေးဦးစွာ တစ်ပါးအမျိုးသားတို့ကို အကြည့်အရှု ကြွလာ တော်မူသည် အကြောင်းအရာကို ရှိမုန် သည် ဟောပြော ခဲ့ပြီ။
15 This agrees with the words of the prophets. As it is written,
၁၅ထိုအကြောင်း အရာသည်လည်း ပရောဖက် တို့၏ စကား နှင့် ညီ ၏။
16 ‘After these things I will return. I will again build the tabernacle of David, which has fallen. I will again build its ruins. I will set it up
၁၆ကျမ်းစာလာ သည်ကား၊ ငါ ၏နာမ ဖြင့် သမုတ် သော တစ်ပါး အမျိုးသားအပေါင်း တည်းဟူသောကျန်ကြွင်း ရစ်သော သူ တို့သည် ထာဝရ ဘုရားကိုရှာ စေခြင်းငှာ နောက်မှ ငါပြန်လာ မည်။
17 that the rest of men may seek after the Lord: all the Gentiles who are called by my name, says the Lord, who does all these things.’
၁၇လဲ လျက်ရှိသော ဒါဝိဒ် ၏တဲ ကို ဆောက်တည် ပြန်မည်။ ပြိုပျက် ရာများကိုလည်း ပြုပြင် ပြီးလျှင် ၊ ထိုတဲ ကို မတ် စေပြန်မည်ဟု။
18 “All of God’s works are known to him from eternity. (aiōn g165)
၁၈ဤအမှုအရာတို့ကို စီရင်တော်မူသော ထာဝရ ဘုရားသခင်၏ ဗျာဒိတ်တော်ရှိ၏ ဟုလာသတည်း။ ဘုရားသခင် သည် ကမ္ဘာ ဦးမှစ၍ မိမိစီရင် တော်မူသမျှသော အမှုအရာတို့ကိုသိ တော်မူသည်။ (aiōn g165)
19 Therefore my judgment is that we don’t trouble those from among the Gentiles who turn to God,
၁၉ထိုကြောင့် ၊ တစ်ပါး အမျိုးသားတို့အထဲ မှ ဘုရားသခင့် ထံတော် သို့ ပြောင်းလဲ သော သူ တို့ကို မ နှောင့်ရှက် ဘဲလျက်၊
20 but that we write to them that they abstain from the pollution of idols, from sexual immorality, from what is strangled, and from blood.
၂၀ရုပ်တု တို့၏ ညစ်ညူး ရာကို၎င်း ၊ မတရား သော မေထုန်ကို၎င်း ၊ လည်ပင်း ကိုညှစ်၍ သတ်သောအရာကို ၎င်း၊ အသွေး ကို၎င်း ကြဉ်ရှောင် စေခြင်းငှာသူ တို့ကို မှာ လိုက်သင့်သည်ဟု ငါသဘောရှိ၏။
21 For Moses from generations of old has in every city those who preach him, being read in the synagogues every Sabbath.”
၂၁အကြောင်းမူကား ၊ မောရှေ၏ပညတ္တိကျမ်းကို တရားစရပ် ၌ ဥပုသ်နေ့ တိုင်း ဘတ်ရွတ် သဖြင့်၊ မောရှေ ၏ တရားကို ရှေး ကာလမှစ၍ ခပ်သိမ်း သောမြို့ တို့၌ ဟောပြော လေ့ရှိသည်ဟု ယာကုပ်ပြောဆို၏။
22 Then it seemed good to the apostles and the elders, with the whole assembly, to choose men out of their company, and send them to Antioch with Paul and Barnabas: Judas called Barsabbas, and Silas, chief men among the brothers.
၂၂ထိုအခါ တမန်တော် တို့နှင့် သင်းအုပ် တို့မှစ၍ သင်းဝင်သူ အပေါင်း တို့သည်၊ မိမိ တို့အထဲ ၌ ရွေးကောက် ၍ညီအစ်ကို တို့တွင် ထင်ရှား သောသူ တည်းဟူသောဗာရှဗ အမည် သစ်ကို ရသောယုဒ နှင့် သိလ တို့ကို၊ အန္တိအုတ် မြို့သို့ ပေါလု ၊ ဗာနဗ တို့နှင့်တကွ စေလွှတ် မည် အကြောင်းသဘော ညီညွတ်ကြ၏။
23 They wrote these things by their hand: “The apostles, the elders, and the brothers, to the brothers who are of the Gentiles in Antioch, Syria, and Cilicia: greetings.
၂၃သူ တို့လက် ဖြင့် ပေး လိုက်သော စာဟူမူကား၊ တမန်တော် ၊ သင်းအုပ် ၊ ညီအစ်ကို များတို့သည်၊ အန္တိအုတ် မြို့မှစ၍ ရှုရိ ပြည်၊ ကိလိကိ ပြည်တို့၌ရှိနေ၍ တစ်ပါး အမျိုးသားဖြစ်သော ညီအစ်ကို တို့ကို မေတ္တာနှင့်ကြား လိုက်ပါ၏။
24 Because we have heard that some who went out from us have troubled you with words, unsettling your souls, saying, ‘You must be circumcised and keep the law,’ to whom we gave no commandment;
၂၄လူအချို့ တို့သည် ငါတို့အခွင့် မ ရှိဘဲ ငါ တို့ထံမှ ထွက်သွား ၍၊ သင် တို့သည် အရေဖျားလှီးခြင်းကိုခံရမည်၊ ပညတ်တရားကိုကျင့်ရမည် ဟူသောစကား ဖြင့်၊ သင် တို့၏ စိတ် နှလုံးကို နှောင့်ရှက် ဖျက်ဆီးသည်ကို ငါတို့ကြား ရ သည်ဖြစ်၍ ၊
25 it seemed good to us, having come to one accord, to choose out men and send them to you with our beloved Barnabas and Paul,
၂၅ငါ တို့သခင် ယေရှု ခရစ် ၏ နာမ တော်ကြောင့် မိမိ အသက် ကို စွန့်စား သော သူ တည်းဟူသော၊
26 men who have risked their lives for the name of our Lord Jesus Christ.
၂၆ငါတို့ချစ် သောဗာနဗ ၊ ပေါလု တို့နှင့်တကွ ရွေးကောက် သော သူ တို့ကို သင် တို့ဆီသို့ စေလွှတ် ခြင်းငှာတစ် ညီတစ်ညွတ်တည်း စီရင် သည်နှင့်အညီ၊
27 We have sent therefore Judas and Silas, who themselves will also tell you the same things by word of mouth.
၂၇ဤအကြောင်း အရာကို သင် တို့အား နှုတ် ဖြင့် ကြား စေခြင်းငှာယုဒ နှင့် သိလ တို့ကို စေလွှတ် ကြ၏။
28 For it seemed good to the Holy Spirit, and to us, to lay no greater burden on you than these necessary things:
၂၈ရုပ်တု ရှေ့မှာ ပူဇော်သောယဇ်ကောင်ကို၎င်း ၊ အသွေး ကို၎င်း ၊
29 that you abstain from things sacrificed to idols, from blood, from things strangled, and from sexual immorality, from which if you keep yourselves, it will be well with you. Farewell.”
၂၉လည်ပင်း ကိုညှစ်၍ သတ်သောအရာကို၎င်း ၊ မတရား သော မေထုန်ကို၎င်း ကြဉ်ရှောင် ရမည်ဟူသော ပညတ်မှတပါး အခြားသော ဝန် သင် တို့၏ အပေါ်၌ တင် ခြင်းငှာသန့်ရှင်း သော ဝိညာဉ် တော်နှင့် ငါ တို့သည် အလိုမ ရှိ။ ထို အရာများကို ကြဉ်ရှောင်အပ်၏။ ကျန်းမာ ကြပါစေသောဟုရေး၍ ပေးလိုက်သတည်း။
30 So, when they were sent off, they came to Antioch. Having gathered the multitude together, they delivered the letter.
၃၀ထိုသူတို့သည် သွား ရသော အခွင့်ရှိသဖြင့် ၊ အန္တိအုတ် မြို့သို့ သွား ၍၊ လူ အပေါင်းတို့ကို စုဝေး စေပြီးလျှင် မှာစာ ကိုအပ်ပေး ကြ၏။
31 When they had read it, they rejoiced over the encouragement.
၃၁မှာစာကိုဘတ်ရွတ် သောအခါ ထိုသက်သာ ခြင်း၏ အကြောင်းကြောင့် ဝမ်းမြောက် ခြင်းသို့ရောက်ကြ၏။
32 Judas and Silas, also being prophets themselves, encouraged the brothers with many words and strengthened them.
၃၂ယုဒ နှင့် သိလ တို့သည် ပရောဖက် ဖြစ် သောကြောင့် များစွာ သောစကား နှင့် ညီအစ်ကို တို့ကို ဆုံးမ ၍ မြဲမြံ ခိုင်ခံ့စေကြ၏။
33 After they had spent some time there, they were dismissed in peace from the brothers to the apostles.
၃၃ထိုသူ တို့သည် အတန်အရာနေ ပြီးမှ ၊ တမန်တော်တို့ထံသို့ငြိမ်သက် စွာပြန်စေခြင်းငှာညီအစ်ကို တို့သည် အခွင့် ပေးကြ၏။
၃၄သို့သော်လည်း၊ သိလသည် အလိုအလျောက် နေရစ်၏။
35 But Paul and Barnabas stayed in Antioch, teaching and preaching the word of the Lord, with many others also.
၃၅ပေါလု နှင့် ဗာနဗ တို့သည်လည်း အန္တိအုတ် မြို့၌ နေ လျက်၊ အခြား သောသူများ တို့နှင့်တကွ ဆုံးမဩဝါဒ ပေး၍၊ သခင် ဘုရား၏ နှုတ်ကပတ် တရားတည်းဟူသောဧဝံဂေလိတရားကိုဟောပြော ကြ၏။
36 After some days Paul said to Barnabas, “Let’s return now and visit our brothers in every city in which we proclaimed the word of the Lord, to see how they are doing.”
၃၆အင်တန် ကာလ ကြာသောအခါ ၊ ပေါလု က၊ ငါတို့သည် သခင် ဘုရား၏ နှုတ်ကပတ် တရားကို ဟောပြော ဘူးသော မြို့ များ တို့၌ ရှိသော ညီအစ်ကို တို့ သည် အဘယ်သို့ ရှိ နေသည်ကိုကြည့်ရှု ၍ ပြန်သွား ကြကုန်အံ့ဟု ဗာနဗ အား ဆို ၏။
37 Barnabas planned to take John, who was called Mark, with them also.
၃၇ဗာနဗ သည် မာကု အမည် ရှိသော ယောဟန် ကို ခေါ် မည်ဟု အကြံရှိ ၏။
38 But Paul didn’t think that it was a good idea to take with them someone who had withdrawn from them in Pamphylia, and didn’t go with them to do the work.
၃၈ပေါလု က၊ ပံဖုလိ ပြည်၌ သူ တို့နှင့် ခွာ ၍ အမှုထမ်း ရာသို့ မ လိုက် မသွားသောထိုသူ ကိုမ ခေါ် သင့်ဟု သဘော ရှိ၏။
39 Then the contention grew so sharp that they separated from each other. Barnabas took Mark with him and sailed away to Cyprus,
၃၉ထို အကြောင်းနှင့် အချင်းချင်း မ သင့်သဖြင့် တခြားစီ သွား၍၊ ဗာနဗ သည်မာကု ကို ခေါ် ပြီးလျှင် ကုပရု ကျွန်းသို့ လွှင့် လေ၏။
40 but Paul chose Silas and went out, being commended by the brothers to the grace of God.
၄၀ညီအစ်ကို တို့သည် ပေါလု ကိုဘုရားသခင် ၏ ကျေးဇူး တော်သို့ အပ်နှံ ကြသဖြင့်၊ သူသည်သိလ ကို ရွေးချယ် ပြီးလျှင်ထွက် ၍၊
41 He went through Syria and Cilicia, strengthening the assemblies.
၄၁အသင်းတော် များကို မြဲမြံ ခိုင်ခံ့စေလျက်၊ ရှုရိ ပြည်၊ ကိလိကိ ပြည်တို့ကို ရှောက်သွား လေ၏။

< Acts 15 >