< 2 Corinthians 2 >

1 But I determined this for myself, that I would not come to you again in sorrow.
ထို့​ကြောင့်​သင်​တို့​ထံ​နောက်​တစ်​ဖန်​ငါ​လာ​လျှင် သင်​တို့​အား​ဝမ်း​နည်း​စေ​မည်​ဖြစ်​၍​ငါ​မ​လာ ရန်​စိတ်​ပိုင်း​ဖြတ်​ထား​၏။-
2 For if I make you grieve, then who will make me glad but he who is made to grieve by me?
ငါ​သည်​သင်​တို့​အား​ဝမ်း​နည်း​အောင်​ပြု​ပါ​မူ ငါ့​အား​ရွှင်​လန်း​စေ​မည့်​သူ​အ​ဘယ်​မှာ​ရှိ တော့​မည်​နည်း။ ငါ့​ကြောင့်​ဝမ်း​နည်း​ရ​သူ​များ က​လွဲ​၍ အ​ဘယ်​သူ​သည်​ငါ့​အား​စိတ်​ရွှင် လန်း​စေ​တော့​အံ့​နည်း။-
3 And I wrote this very thing to you, so that when I came, I wouldn’t have sorrow from them of whom I ought to rejoice; having confidence in you all that my joy would be shared by all of you.
အ​ကယ်​၍​ငါ​လာ​လျှင်​ငါ့​အား​စိတ်​ရွှင်​လန်း စေ​မည့်​သူ​များ​က ငါ့​အား​ဝမ်း​နည်း​စေ​မည် စိုး​၍​ယ​ခင်​စာ​ကို​ငါ​ရေး​သား​ပေး​ပို့​လိုက် ခြင်း​ဖြစ်​၏။ ငါ​ဝမ်း​မြောက်​လျှင်​သင်​တို့ အ​ပေါင်း​သည်​လည်း​ဝမ်း​မြောက်​ကြ​မည် ကို​ငါ​အ​မှန်​ယုံ​ကြည်​၏။-
4 For out of much affliction and anguish of heart I wrote to you with many tears, not that you should be made to grieve, but that you might know the love that I have so abundantly for you.
ငါ​သည်​အ​လွန်​ပူ​ပန်​သော​က​ရောက်​၍​မျက် ရည်​များ​စွာ​ကျ​လျက်​ထို​စာ​ကို​ရေး​လိုက်​ခြင်း ဖြစ်​၏။ သို့​သော်​သင်​တို့​အား​ဝမ်း​နည်း​စေ​လို​၍ မ​ဟုတ်​ဘဲ သင်​တို့​အား​ငါ​မည်​မျှ​ချစ်​ကြောင်း ကို​သိ​စေ​လို​၍​ရေး​လိုက်​ခြင်း​ဖြစ်​သည်။
5 But if any has caused sorrow, he has caused sorrow not to me, but in part (that I not press too heavily) to you all.
တစ်​စုံ​တစ်​ယောက်​သည်​လူ​တစ်​ဦး​အား​ဝမ်း​နည်း စေ​သော​အ​ခါ​ငါ့​အား​သာ​မ​က သင်​တို့​အား​လုံး ကို​မ​ဟုတ်​လျှင်​သင်​တို့​အချို့​အ​ဝက်​ကို​လည်း ဝမ်း​နည်း​စေ​သည်။ (ထို​သူ​ကို​ကျပ်​တည်း​စွာ မ​စီ​ရင်​လို​၍​ဤ​သို့​ဆို​ခြင်း​ဖြစ်​သည်။-)
6 This punishment which was inflicted by the many is sufficient for such a one;
သင်​တို့​လူ​များ​စု​၏​ဒဏ်​ပေး​မှု​ကို​ခံ​ရ​ခြင်း သည်​ပင်​လျှင် ထို​သူ့​အ​တွက်​လုံ​လောက်​သော အ​ပြစ်​ဒဏ်​ဖြစ်​၏။-
7 so that, on the contrary, you should rather forgive him and comfort him, lest by any means such a one should be swallowed up with his excessive sorrow.
ထို​သူ​သည်​မ​ခံ​မ​ရပ်​နိုင်​လောက်​အောင်​ဝမ်း နည်း​မှု​မ​ဖြစ်​စေ​ရန် ယ​ခု​သူ့​အား​သင်​တို့ အ​ပြစ်​လွှတ်​၍​နှစ်​သိမ့်​အား​ပေး​ကြ​လော့။-
8 Therefore I beg you to confirm your love toward him.
သို့​ဖြစ်​၍​သင်​တို့​သည်​သူ့​ကို​အ​မှန်​တ​ကယ် မေတ္တာ​ထား​ကြောင်း​ကို သူ​သိ​ရှိ​နား​လည်​အောင် ပြု​ကြ​ရန်​သင်​တို့​အား​ငါ​တောင်း​ပန်​၏။-
9 For to this end I also wrote, that I might know the proof of you, whether you are obedient in all things.
ယ​ခင်​က​ငါ​စာ​ရေး​ခဲ့​ရ​သည့်​အ​ကြောင်း​မှာ သင်​တို့​သည်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​အ​ဘယ် မျှ​ခံ​နိုင်​ရည်​ရှိ​သည်​ကို​လည်း​ကောင်း၊ ငါ​ညွှန် ကြား​ချက်​များ​ကို​လိုက်​နာ​ရန်​အ​စဉ်​အ​သင့် ရှိ​မ​ရှိ​ကို​လည်း​ကောင်း​သိ​ရှိ​ရန်​ဖြစ်​၏။-
10 Now I also forgive whomever you forgive anything. For if indeed I have forgiven anything, I have forgiven that one for your sakes in the presence of Christ,
၁၀သင်​တို့​သည်​တစ်​စုံ​တစ်​ယောက်​ကို​အ​ပြစ်​ဖြေ လွှတ်​သော​အ​ခါ ငါ​သည်​လည်း​တစ်​ခု​ခု​ကို​ဖြေ လွှတ်​ရန်​လို​ပါ​လျှင် သင်​တို့​၏​မျက်​နှာ​ကို ထောက်​၍​ခ​ရစ်​တော်​၏​ရှေ့​မှောက်​တော်​၌​ထို သူ​၏​အြုပစ်​ကို​ဖြေ​လွှတ်​၏။-
11 that no advantage may be gained over us by Satan, for we are not ignorant of his schemes.
၁၁သို့​မှ​သာ​စာ​တန်​အား​ငါ​တို့​အ​ပေါ်​အ​နိုင်​မ​ရ စေ​ရန်​တား​ဆီး​နိုင်​ပေ​မည်။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​တို့​သည်​စာ​တန်​၏​အ​ကြံ​အ​စည်​များ ကို​သိ​ကြ​သော​ကြောင့်​တည်း။
12 Now when I came to Troas for the Good News of Christ, and when a door was opened to me in the Lord,
၁၂ခ​ရစ်​တော်​၏​အ​ကြောင်း​သ​တင်း​ကောင်း​ကို​ကြေ ညာ​ရန်​တ​ရော​မြို့​သို့​ငါ​ရောက်​ရှိ​လာ​သော​အ​ခါ အ​မှု​တော်​ကို​ထမ်း​ဆောင်​နိုင်​ရန်​တံ​ခါး​ကို သ​ခင်​ဘု​ရား​ဖွင့်​ပေး​တော်​မူ​၏။-
13 I had no relief for my spirit, because I didn’t find Titus my brother, but taking my leave of them, I went out into Macedonia.
၁၃သို့​ရာ​တွင်​ငါ​၏​ညီ​အစ်​ကို​တိ​တု​အား​မ​တွေ့​ရ သ​ဖြင့် ငါ​သည်​လွန်​စွာ​ပူ​ပင်​သော​က​ဖြစ်​၏။ ထို့ ကြောင့်​ထို​မြို့​ရှိ​လူ​တို့​ကို​နှုတ်​ဆက်​ပြီး​လျှင် မာ​ကေ​ဒေါ​နိ​ပြည်​သို့​သွား​၏။
14 Now thanks be to God who always leads us in triumph in Christ, and reveals through us the sweet aroma of his knowledge in every place.
၁၄သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြီး လှ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ငါ​တို့​အား​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​စေ​လျက် သုံ့​ပန်း​များ​အ​ဖြစ်​ဖြင့်​ခ​ရစ်​တော် ၏​အောင်​ပွဲ​ခံ​အ​ခမ်း​အ​နား​လှည့်​လည်​ရာ​တွင် အ​စဉ်​အ​မြဲ​လိုက်​ပါ​စေ​တော်​မူ​သော​ကြောင့် ဖြစ်​၏။-
15 For we are a sweet aroma of Christ to God in those who are saved and in those who perish:
၁၅ငါ​တို့​သည်​ဘု​ရား​သ​ခင်​အား​ခ​ရစ်​တော်​ပူ​ဇော် သည့်​မွှေး​ကြိုင်​သော​နံ့​သာ​ရ​နံ့​နှင့်​တူ​ကြ​၏။ ထို ရ​နံ့​သည်​ကယ်​တင်​ခြင်း​ခံ​ရ​ဆဲ​ဖြစ်​သူ​တို့​ထံ သို့​လည်း​ကောင်း၊ ပျက်​စီး​ဆုံး​ပါး​ဆဲ​ဖြစ်​သူ​တို့ ထံ​သို့​လည်း​ကောင်း​ပျံ့​နှံ့​၍​သွား​လေ​သည်။-
16 to the one a stench from death to death, to the other a sweet aroma from life to life. Who is sufficient for these things?
၁၆ပျက်​စီး​ဆုံး​ပါး​ဆဲ​ဖြစ်​သူ​တို့​အ​တွက်​ထို ရ​နံ့​သည်​သေ​စေ​တတ်​သော​အ​ပုပ်​နံ့​ဖြစ်​၍ ကယ်​တင်​ခြင်း​ခံ​ရ​ဆဲ​ဖြစ်​သူ​တို့​အ​တွက် အ​သက်​ရှင်​စေ​တတ်​သည့်​အ​မွှေး​အ​ကြိုင် ဖြစ်​ပေ​သည်။ သို့​ဖြစ်​၍​ဤ​ကဲ့​သို့​သော​အ​မှု ကို​အ​ဘယ်​သူ​ဆောင်​ရွက်​နိုင်​မည်​နည်း။-
17 For we are not as so many, peddling the word of God. But as of sincerity, but as of God, in the sight of God, we speak in Christ.
၁၇ငါ​တို့​သည်​အ​ခြား​သူ​အ​မြောက်​အ​မြား ကဲ့​သို့​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား တော်​ကို အ​ပေါ​စား​ကုန်​ပစ္စည်း​သ​ဖွယ်​ရောင်း ဝယ်​ဖောက်​ကား​မှု​ကို​မ​ပြု​ကြ။ ငါ​တို့​သည် ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​သော​သူ​များ ဖြစ်​၍ ခ​ရစ်​တော်​၏​အ​စေ​ခံ​များ​အ​နေ ဖြင့်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​၌ နှုတ်​က​ပတ်​တ​ရား​တော်​ကို​စိတ်​ကြည် လင်​စွာ​ဟော​ပြော​ကြ​၏။

< 2 Corinthians 2 >