< 1 Corinthians 16 >

1 Now concerning the collection for the saints: as I commanded the assemblies of Galatia, you do likewise.
ယု​ဒ​ပြည်​ရှိ​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အား ထောက်​ပံ့​ရန်​အ​တွက်​အ​လှူ​ငွေ​များ​နှင့်​ပတ်​သက် ၍ ဂ​လာ​တိ​ပြည်​ရှိ​အ​သင်း​တော်​များ​သို့​ငါ ညွှန်​ကြား​ခဲ့​သည်​အ​တိုင်း​သင်​တို့​ပြု​ကြ​လော့။-
2 On the first day of every week, let each one of you save as he may prosper, that no collections are made when I come.
ငါ​ရောက်​ရှိ​လာ​သော​အ​ခါ​အ​လှူ​ငွေ​ကောက်​ခံ​ဖို့ မ​လို​စေ​ရန် တ​နင်္ဂ​နွေ​နေ့​တိုင်း​သင်​တို့​တစ်​ဦး​စီ သည် မိ​မိ​၏​ဝင်​ငွေ​နည်း​များ​အ​လိုက်​လှူ​ဒါန်း​ရန် စု​ဆောင်း​ထား​ကြ​လော့။-
3 When I arrive, I will send whoever you approve with letters to carry your gracious gift to Jerusalem.
ငါ​ရောက်​ရှိ​လာ​သော​အ​ခါ​အ​မှာ​စာ​ရေး​၍ သင်​တို့​ရွေး​ချယ်​သူ​များ​အား ထို​အ​လှူ​ငွေ​ကို ယေ​ရု​ရှ​လင်​မြို့​သို့​ယူ​ဆောင်​သွား​စေ​မည်။-
4 If it is appropriate for me to go also, they will go with me.
အ​ကယ်​၍​ငါ​သွား​ရန်​လို​အပ်​ပါ​လျှင် ထို​သူ တို့​သည်​ငါ​နှင့်​အ​တူ​လိုက်​ပါ​နိုင်​ပါ​သည်။
5 I will come to you when I have passed through Macedonia, for I am passing through Macedonia.
ငါ​သည်​မာ​ကေ​ဒေါ​နိ​ပြည်​လမ်း​မှ​လာ​မည်​ဖြစ် ၍ မာ​ကေ​ဒေါ​နိ​ပြည်​တစ်​လျှောက်​ခ​ရီး​ပြု​ပြီး သော​အ​ခါ​သင်​တို့​ထံ​သို့​လာ​ခဲ့​မည်။-
6 But with you it may be that I will stay with you, or even winter with you, that you may send me on my journey wherever I go.
သင်​တို့​နှင့်​အ​တူ​အ​တန်​ကြာ​နေ​နိုင်​မည်​ထင် ပါ​သည်။ ဆောင်း​ရာ​သီ​တစ်​ချိန်​လုံး​ပင်​သင်​တို့ နှင့်​အ​တူ​နေ​ကောင်း​နေ​ပါ​မည်။ ထို​နောက်​ငါ သွား​လို​ရာ​အ​ရပ်​သို့​သွား​နိုင်​ရန်​သင်​တို့ ကူ​ညီ​နိုင်​လိမ့်​မည်​ဟု​မျှော်​လင့်​ပါ​သည်။-
7 For I do not wish to see you now in passing, but I hope to stay a while with you, if the Lord permits.
ငါ​သည်​သင်​တို့​ထံ​တွင်​ခေတ္တ​တည်း​ခို​ရုံ​မျှ​သာ မ​လာ​လို​ပါ။ သ​ခင်​ဘု​ရား​ခွင့်​ပြု​တော်​မူ​ပါ လျှင်​အ​တန်​ကြာ​သင်​တို့​နှင့်​နေ​လို​ပါ​သည်။
8 But I will stay at Ephesus until Pentecost,
ပင်​တေ​ကုတ္တေ​ပွဲ​နေ့​အ​ထိ​ဧ​ဖက်​မြို့​တွင်​ငါ​နေ ပါ​မည်။
9 for a great and effective door has opened to me, and there are many adversaries.
ထို​မြို့​တွင်​ငါ့​ကို​ဆန့်​ကျင်​ဖက်​ပြု​သူ​များ​ပင်​ရှိ သော်​လည်း အ​မှု​တော်​ဆောင်​ရန်​အ​ခွင့်​ကောင်း အ​မှန်​ပင်​ရှိ​၏။
10 Now if Timothy comes, see that he is with you without fear, for he does the work of the Lord, as I also do.
၁၀အ​ကယ်​၍​သင်​တို့​ထံ​သို့​တိ​မော​သေ​ရောက်​ရှိ​လာ ပါ​လျှင် သူ့​အား​လှိုက်​လှဲ​စွာ​ကြို​ဆို​ဧည့်​ခံ​ကြ​လော့။ သူ​သည်​ငါ​ကဲ့​သို့​ပင်​သ​ခင်​ဘု​ရား​၏​အ​မှု​တော် ဆောင်​ဖြစ်​ပေ​သည်။-
11 Therefore let no one despise him. But set him forward on his journey in peace, that he may come to me; for I expect him with the brothers.
၁၁သူ့​ကို​အ​ဘယ်​သူ​မျှ​မ​လေး​မ​စား​မ​ပြု​စေ​နှင့်။ ငါ​သည်​ခ​ရစ်​ယာန်​ညီ​အစ်​ကို​များ​နှင့်​အ​တူ​သူ့ ကို​စောင့်​မျှော်​လျက်​ရှိ​သ​ဖြင့် သူ့​အား​ငါ့​ထံ​သို့ ချော​မော​စွာ​ပြန်​လည်​ရောက်​ရှိ​စေ​ရန်​ကူ​ညီ ကြ​လော့။
12 Now concerning Apollos the brother, I strongly urged him to come to you with the brothers, but it was not at all his desire to come now; but he will come when he has an opportunity.
၁၂ငါ့​ညီ​အာ​ပေါ​လု​နှင့်​ပတ်​သက်​၍​ပြော​ရ​မည်​ဆို လျှင် သူ​သည်​အ​ခြား​ခ​ရစ်​ယာန်​ညီ​အစ်​ကို​များ နှင့်​အ​တူ သင်​တို့​ထံ​သို့​သွား​ရောက်​လည်​ပတ်​ရန် အ​ထူး​ပင်​ငါ​အား​ပေး​တိုက်​တွန်း​ပါ​၏။ သို့​ရာ တွင်​ယ​ခု​အ​ချိန်​အ​ခါ​မ​သင့်​သေး​ဟု​သူ ယုံ​ကြည်​၏။ နောင်​အ​ခွင့်​ကောင်း​ကြုံ​သည့်​အ​ခါ လာ​ရောက်​ပါ​လိမ့်​မည်။
13 Watch! Stand firm in the faith! Be courageous! Be strong!
၁၃နိုး​နိုး​ကြား​ကြား​ရှိ​ကြ​လော့။ သင်​တို့​၏​ယုံ​ကြည် ခြင်း​တွင်​ခိုင်​မာ​စွာ​ရပ်​တည်​ကြ​လော့။ ရဲ​စွမ်း​သတ္တိ ရှိ​ကြ​လော့။-
14 Let all that you do be done in love.
၁၄ခပ်​သိမ်း​သော​အ​မှု​တို့​ကို​မေတ္တာ​နှင့်​ပြု​ကြ​လော့။-
15 Now I beg you, brothers—you know the house of Stephanas, that it is the first fruits of Achaia, and that they have set themselves to serve the saints—
၁၅သင်​တို့​သည်​သ​တေ​ဖန်​နှင့်​သူ​၏​အိမ်​သား​များ​ကို သိ​ကြ​၏။ သူ​တို့​သည်​ဂ​ရိ​ပြည်​မှ​ခ​ရစ်​ယာန်​ဦး များ​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အား ကူ​ညီ​မ​စ​ရန်​မိ​မိ​တို့​ကိုယ်​ကို​ဆက်​ကပ်​ထား​သူ များ​ဖြစ်​ပေ​သည်။ ညီ​အစ်​ကို​တို့၊ ထို​သို့​သော​သူ​တို့ ၏​ခေါင်း​ဆောင်​မှု​ကို​လည်း​ကောင်း၊ သူ​တို့​နှင့်​အ​တူ အ​မှု​တော်​ကို​ကြိုး​စား​၍​ပါ​ဝင်​ဆောင်​ရွက်​ကြ သော​သူ​တို့​၏​ခေါင်း​ဆောင်​မှု​ကို​လည်း​ကောင်း လက်​ခံ​ကြ​ရန်​သင်​တို့​အား​ငါ​မေတ္တာ​ရပ်​ခံ ပါ​၏။
16 that you also be in subjection to such, and to everyone who helps in the work and labors.
၁၆
17 I rejoice at the coming of Stephanas, Fortunatus, and Achaicus; for that which was lacking on your part, they supplied.
၁၇သ​တေ​ဖန်၊ ဖော်​တု​နက်​နှင့်​အ​ခါ​ယ​ကု​တို့​ရောက် ရှိ​လာ​ကြ​သြဖင့်​ငါ​ဝမ်း​မြောက်​၏။ သူ​တို့​သည် သင်​တို့​၏​ကိုယ်​စား​ငါ့​အား​ပြု​စု​ပေး​ကြ​၏။-
18 For they refreshed my spirit and yours. Therefore acknowledge those who are like that.
၁၈သူ​တို့​သည်​သင်​တို့​၏​စိတ်​ကို​ရွှင်​လန်း​စေ​သ​ကဲ့​သို့ ငါ​၏​စိတ်​ကို​လည်း​ရွှင်​လန်း​စေ​၏။ ထို​သို့​သော​သူ တို့​သည်​အ​သိ​အ​မှတ်​ပြု​ခြင်း​ကို​ခံ​ထိုက်​ကြ​၏။
19 The assemblies of Asia greet you. Aquila and Priscilla greet you warmly in the Lord, together with the assembly that is in their house.
၁၉အာ​ရှ​ပြည်​အ​သင်း​တော်​များ​က​သင်​တို့​အား နှုတ်​ဆက်​ကြ​၏။ အာ​ကု​လ၊ ပြစ်​ကိ​လ​နှင့်​သူ​တို့ အိမ်​တွင်​ဝတ်​ပြု​ကိုး​ကွယ်​ကြ​သည့်​အ​သင်း​ဝင် များ​က​လည်း သ​ခင်​ဘု​ရား​၏​နာ​မ​တော်​နှင့် နှုတ်​ဆက်​ကြ​၏။-
20 All the brothers greet you. Greet one another with a holy kiss.
၂၀ဤ​အ​ရပ်​တွင်​ရှိ​သည့်​ညီ​အစ်​ကို​အ​ပေါင်း​က​လည်း သင်​တို့​ကို​နှုတ်​ဆက်​ကြ​၏။ သင်​တို့​အ​ချင်း​ချင်း သန့်​ရှင်း​သော​နမ်း​ခြင်း​ဖြင့်​နှုတ်​ဆက်​ကြ​လော့။
21 This greeting is by me, Paul, with my own hand.
၂၁``မေတ္တာ​ဖြင့်​ပေါ​လု'' ဟူ​၍​ဤ​စာ​ကို​ငါ​ကိုယ်​တိုင် လက်​မှတ်​ရေး​ထိုး​လိုက်​ပါ​၏။-
22 If any man doesn’t love the Lord Jesus Christ, let him be cursed. Come, Lord!
၂၂မည်​သူ​မ​ဆို​သ​ခင်​ဘု​ရား​ကို​မ​ချစ်​ပါ​မူ ကျိန်​စာ​သင့်​ပါ​စေ​သ​တည်း။ သ​ခင်​ဘု​ရား ကြွ​လာ​တော်​မူ​ပါ။-
23 The grace of the Lord Jesus Christ be with you.
၂၃အ​ရှင်​ယေ​ရှု​၏​ကျေး​ဇူး​တော်​သည်​သင်​တို့ အ​ပေါ်​သို့​သက်​ရောက်​ပါ​စေ​သ​တည်း။-
24 My love to all of you in Christ Jesus. Amen.
၂၄ငါ​သည်​ခ​ရစ်​တော်​ယေ​ရှု​တ​ပည့်​ဖြစ်​သူ သင် တို့​အ​ပေါင်း​အား​မေတ္တာ​ပို့​သ​လိုက်​ပါ​၏။ ကော​ရိန္သု​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စာ​စောင်​ပြီး​၏။

< 1 Corinthians 16 >