< Psalms 78 >

1 A maskil of Asaph. My people, attend to my teaching: bend your ears to the words of my mouth,
ငါ ၏လူ များတို့၊ ငါ့ တရား ကို နာ ကြလော့။ ငါ မြွက် သော စကား ကို နားထောင် ကြလော့။
2 as I open my mouth in a poem on the riddling story of the past.
ပုံ စကားကို ငါ မြွက် ဆို၍၊ ရှေး ကာလ၏ နက်နဲ သော အရာများကို ဘော်ပြ ပေအံ့။
3 What we have heard and known, and what our ancestors have told us,
ဘိုးဘေး တို့သည် ပြော ၍ ငါ တို့သည် ကြား သိ ရ သော ထို အရာများကို၊
4 we will not hide from their children. We will tell to the next generation the praises and might of the Lord, and the wonders that he has done.
သား မြေးတို့မှ မ ဝှက် မထား။ ထာဝရဘုရား ၏ ဂုဏ် ကျေးဇူးတော်နှင့် တန်ခိုး တော်ကို၎င်း၊ ပြု တော်မူသော အံ့ဩ ဘွယ်အမှုတို့ကို၎င်း ၊ ဖြစ် လတံ့သောသူတို့အား ဘော် ပြကြမည်။
5 He set up a testimony in Jacob, a law he appointed in Israel, which he commanded our ancestors to make known to their children,
အကြောင်း မူကား၊ ယာကုပ် အမျိုး၌ သက်သေ တရားကိုစီရင် ၍ ၊ ဣသရေလ အမျိုး၌ ပညတ် တရားကို ထား တော်မူ၏။
6 that the next generation should know it, that the children yet to be born should arise and tell their children;
သဘော မ ဖြောင့်၊ ဘုရားသခင် ၌ စိတ်ဝိညာဉ် အမြဲမ ဆည်းကပ် သောအမျိုး၊
7 that in God they might put their confidence, and not forget God’s works; but that they might keep his commandments,
ငြင်းဆန် ၍ ပုန်ကန် တတ်သောအမျိုး တည်းဟူသော ဘိုးဘေး တို့ကဲ့သို့ သားမြေး တို့သည်မ ဖြစ် ၊ ဘုရားသခင် ၏အမှု တော်တို့ကိုမ မေ့။
8 and not be like their ancestors, a generation defiant and stubborn, a generation with heart unsteady, and spirit unfaithful towards God.
ဘုရားသခင် ကို ယုံကြည်ကိုးစား ၍၊ ပညတ်တော် တို့ကိုစောင့် စေခြင်းငှာ ထိုတရားတို့ကို ဘိုးဘေး တို့သည်သား တို့အား ပြသ ၍ ဖြစ် လတံ့သောအမျိုး တည်းဟူသော၊ ဘွားမြင် လတံ့ သောသား တို့သည်သိနားလည် ၍၊ နောက်တဖန်မြေးမြစ် တို့အား ပြသ ကြမည်အကြောင်း ပညတ် ထားတော်မူပြီ။
9 Ephraimites, armed bowmen, turned back in the day of battle.
ဧဖရိမ် အမျိုးသား တို့သည် လေး လက်နက် ကို စွဲကိုင် သော်လည်း၊ စစ်တိုက် သောအခါ နောက်သို့ လှည့် ကြပါသည်တကား။
10 They did not keep God’s covenant, they refused to walk in his law.
၁၀ဘုရား သခင်၏ သစ္စာ တော်ကို မ စောင့်။ တရား တော်လမ်း၌ သွား ခြင်းငှါ အလို မရှိကြ။
11 They forgot what he had done, and the wonders he had shown them.
၁၁အမှုတော် တို့ကို၎င်း ၊ ပြ တော်မူသောအံ့ဩ ဘွယ် တို့ကို၎င်း မေ့လျော့ ကြ၏။
12 He did wonders before their ancestors in the country of Zoan in Egypt.
၁၂အဲဂုတ္တု ပြည် ၊ ဇောန အရပ် တွင် သူ တို့အဘ များ မျက်မှောက် ၌ အံ့ဘွယ် သော အမှုတို့ကို ပြု တော်မူ၏။
13 Through the sea which he split he brought them, making waters stand up like a heap;
၁၃ပင်လယ် ကိုခွဲ ၍ သူ တို့ကိုရှောက်သွား စေတော်မူ ၏။ ရေ များကို စုပုံ ၍ ထား တော်မူ၏။
14 he led them by day with a cloud, all the night with a light of fire.
၁၄နေ့ အချိန်၌ကား၊ မိုဃ်းတိမ် ဖြင့် ၎င်း ၊ ညဉ့်အချိန်၌ကားတညဉ့်လုံး မီး အလင်း ဖြင့် ၎င်း သူ တို့ကို လမ်းပြ တော်မူ၏။
15 From the rocks which he split in the wilderness, he gave them to drink as of ocean’s abundance.
၁၅တော ၌ ကျောက် တို့ကိုဖေါက် ၍ ၊ ပင်လယ် ရေ ကဲ့သို့ များစွာ သော ရေကို သူတို့အား တိုက် တော်မူ၏။
16 He brought streams out of the rock, and made water run down like rivers.
၁၆ကျောက် ထဲက စီး သော ရေကိုထွက် စေ၍ ၊ မြစ် ရေ ကဲ့သို့ ရေများကို စီး စေတော်မူ၏။
17 Yet they still went on sinning against him, they defied the Most High in the desert.
၁၇ထိုသူတို့မူကား ၊ အမြင့်ဆုံး သော ဘုရားကို တော ၌ ပုန်ကန် သောအားဖြင့် တိုး ၍ ပြစ်မှား ကြ၏။
18 They wilfully challenged God, demanding the food that they longed for.
၁၈မိမိ တို့အလို အလျောက်အစာ ကို တောင်း ၍ စိတ် နှလုံး ထဲမှာ ဘုရား သခင်ကို စုံစမ်း ကြ၏။
19 ‘Is God able,’ such was their challenge, ‘to spread in the desert a table?
၁၉ဘုရား သခင်သည် တော ၌ စားပွဲ ကို ပြင်ဆင် နိုင် သလော။
20 From the rock that he struck there gushed water, and torrents that overflowed; but can he also give bread, or provide his people with meat?’
၂၀ကြည့် ကြလော့။ ကျောက် ကို ရိုက် တော်မူသဖြင့် ၊ ရေ ထွက်၍ မြစ် ရေကဲ့သို့စီး လေ၏။ မုန့် ကိုလည်း ပေး နိုင် သလော။ မိမိ လူ တို့အဘို့ အမဲ သားကိုပြင်ဆင် နိုင်သလောဟု ဘုရား သခင်ကို ဆန့်ကျင် ဘက်ပြုလျက် ပြော ဆိုကြ၏။
21 When the Lord heard this, he was furious, and fire was kindled on Jacob, anger flared up against Israel.
၂၁ထိုစကားကို ထာဝရဘုရား သည် ကြား ၍ အမျက်ထွက် တော်မူ၏။ ယာကုပ် အမျိုး၌ မီး လောင် ၍ ၊ ဣသရေလ အမျိုး၌ ဒေါသ မီးတက် လေ၏။
22 For they put no trust in God, no confidence in his help.
၂၂အကြောင်း မူကား၊ အထက် မိုဃ်းတိမ် တို့ကို မှာ ထားလျက်၊
23 So he summoned the clouds above; and, opening the doors of heaven,
၂၃ကောင်းကင် တံခါး တို့ကို ဖွင့် ၍ ၊ သူ တို့ စား စရာ ဘို့ မန္န ကို မိုဃ်း ရွာစေသဖြင့်၊
24 he rained manna upon them for food, and grain of heaven he gave them.
၂၄ကောင်းကင် ဆန် စပါးကိုပေး တော်မူသည်ဖြစ်၍ ၊ ထိုသူ အပေါင်းတို့သည် ကြီးမြတ် သောသူတို့ ၏ အစာ ကိုသုံး ဆောင်၍၊
25 Everyone ate the bread of angels; he sent them food to the full.
၂၅ဝ ပြောစွာ စားကြမည် အကြောင်း ပြု တော်မူသော်လည်း၊ သူတို့သည် ဘုရား သခင်ကို မ ယုံကြည်။ ကယ်တင် တော်မူခြင်း ကျေးဇူးကို မ ကိုးစား ဘဲ နေကြ၏။
26 He launched the east wind in the heavens, and guided the south by his power.
၂၆မိုဃ်းကောင်းကင် ၌ အရှေ့ လေကို ပယ် ၍ ၊ အားကြီး သောတောင် လေကို ဆောင် ခဲ့သဖြင့်၊
27 He rained meat upon them like dust, winged bird like the sand of the sea.
၂၇သူ တို့အပေါ် သို့ အမဲသား ကို မြေမှုန့် နှင့်အမျှ ပျံ တက်သောငှက် တို့ကို သမုဒ္ဒရာ သဲလုံး နှင့်အမျှ ၊ မိုဃ်းရွာ စေလျက်၊
28 In the midst of their camp he dropped it, all around their tents.
၂၈သူ တို့တပ် ချ၍ ၊ နေရာ အရပ်ပတ်လည် ၌ ကျ စေ တော်မူ၏။
29 They ate and were more than filled; he had brought them the thing they desired.
၂၉ထိုသို့ သူ တို့ အလို ရှိသည်အတိုင်း ပေး တော်မူသဖြင့် ၊ သူတို့သည် ဝ ပြောစွာ စား ရကြ၏။
30 But the thing they desired became loathsome: while their food was still in their mouths,
၃၀သူတို့ တပ်မက်သောအစာကိုမရောင့်ရဲမှီ စားကြစဉ်တွင်၊
31 the wrath of God rose against them. He slew the stoutest among them, and laid low the young men of Israel.
၃၁ဘုရား သခင်၏အမျက် တော်သည် သက်ရောက် သဖြင့် ၊ ကျန်းမာ သောသူတို့ကို ကွပ်မျက် ၍ ၊ ဣသရေလ လူပျို တို့ကို လှဲချ တော်မူ၏။
32 Yet for all this they sinned yet more, and refused to believe in his wonders.
၃၂ထို အမှုအလုံးစုံ တို့နှင့် ဣသရေလလူတို့သည် တွေ့ကြုံရသော်လည်း ၊ အံ့ဘွယ် သော အမှုတော်တို့ကြောင့် ယုံကြည် ခြင်းမ ရှိ။ ပြစ်မှား လျက် နေကြသေး ၏။
33 So he ended their days in a breath, and their years in sudden dismay.
၃၃ထိုကြောင့် သူ တို့ နေ့ရက် ကာလကို အချည်းနှီး လွန် စေ၍ ၊ သူ တို့နှစ် များကို ဘေး ဥပဒ်တွင် မြှုပ်တော်မူ ၏။
34 When he slew them, then they sought after him, they turned and sought God with diligence.
၃၄သူ တို့ကို ကွပ်မျက် တော်မူသောအခါ ကိုယ်တော် ကို ရှာ ကြ၏။ ပြန်လာ ၍ ကိုယ်တော်ကို လိုက်ရှာ ကြ၏။
35 They remembered that God was their rock, and the Most High God their redeemer.
၃၅ဘုရား သခင်သည် သူ တို့၏ကျောက် ၊ အမြင့်ဆုံး သော ဘုရား သည် သူ တို့ကို ကယ်တင် သော အရှင်ဖြစ် တော်မူသည်ကို ထိုအခါ သတိ ရကြ၏။
36 But they flattered him with their mouth, and lied to him with their tongue.
၃၆သို့သော်လည်း ၊ ကိုယ်တော် ကိုနှုတ် ဖြင့် ချော့မော့ ၍ ၊ လျှာ ဖြင့် လည်း မုသာ စကားကို လျှောက်ဆိုကြ၏။
37 Their heart was not steady with him, they were faithless to his covenant.
၃၇သူ တို့စိတ် သဘောမူကား ၊ ရှေ့တော်၌ မ ဖြောင့် ၊ သစ္စာ တော်ကို မ စောင့် ဘဲနေကြ၏။
38 But he is full of pity: he pardons sin and destroys not. Often he turns his anger away, without stirring his wrath at all.
၃၈ကိုယ်တော် မူကား ၊ ကရုဏာ စိတ်ရှိ၍ သူတို့ကို မ ဖျက်ဆီး ဘဲ အပြစ် လွှတ် တော်မူ၏။ ကြိမ်ဖန်များစွာ စိတ် တော်ပြေ ၍ ၊ အမျက် တော် ကိုနှိုးဆော် တော်မ မူ။
39 So he remembered that they were but flesh, breath that passes and does not return.
၃၉သူ တို့သည် အသား ဖြစ်ကြောင်း ကို၎င်း ၊ စုတေ့၍ နောက် တဖန် မ လာ တတ်သော ဝိညာဉ် ဖြစ်ကြောင်းကို၎င်း အောက်မေ့ တော်မူ၏။
40 But how often they rebelled in the desert, and caused him grief in the wilderness,
၄၀သူတို့သည် ကိုယ်တော် ကို တော ၌ ပုန်ကန် ၍ ၊ လူ ဆိတ်ညံရာအရပ် ၌ စိတ် တော်နာဘွယ်သော အကြောင်းကို ကြိမ်ဖန်များစွာပြုကြပါသည်တကား။
41 tempting God again and again, provoking the Holy One of Israel.
၄၁ဘုရား သခင်ကို အဖန်ဖန် စုံစမ်း ၍ ဣသရေလ အမျိုး၌ သန့်ရှင်း တော်မူသောဘုရားကို ဆန့်ကျင် ဘက် ပြုကြပါသည်တကား။
42 They did not remember his strength, nor the day he redeemed from the foe,
၄၂တန်ခိုး တော်ကို၎င်း၊ ဒုက္ခ ထဲက ကယ် လွှတ်တော်မူသော နေ့ရက် ကာလကို၎င်း မ အောက်မေ့ ကြ။
43 how he set his signs in Egypt, in the country of Zoan his wonders.
၄၃အဲဂုတ္တု ပြည်၌ လက္ခဏာ သက်သေတော်တို့ကို၎င်း၊ ဇောန အရပ် ၌ အံ့ဘွယ် သော အမှုတို့ကို၎င်း ၊ ပြု တော်မူ၏။
44 He turned their canals into blood, their streams undrinkable.
၄၄ထိုပြည်သားတို့သည် ရေမ သောက် ရမည် အကြောင်း၊ သူ တို့ မြစ် ရေ၊ စမ်း ရေများကို သွေး ဖြစ် စေတော်မူ၏။
45 He sent forth flies, which devoured them; frogs, too, which destroyed them.
၄၅သူ တို့ကို ကိုက်စား တတ်သောယင်ရဲ တို့ကို ၎င်း ၊ ဖျက်ဆီး တတ်သော ဘား တို့ကို၎င်း ၊ စေ လွှတ်တော်မူ၏။
46 Their crops he gave to the caterpillar, and the fruits of their toil to the locust.
၄၆သူ တို့၏ မြေအသီး အနှံကို ခါသိလကျိုင်း တို့အား၎င်း၊ သူ တို့လုပ် ၍ ရသောဥစ္စာကို အရာဘကျိုင်း တို့ အား ၎င်း ပေး တော်မူ၏။
47 He slew their vines with hail, and their sycamore trees with frost.
၄၇သူ တို့စပျစ် နွယ်ပင်များကို မိုဃ်းသီး ဖြင့် ၎င်း၊ သူ တို့ သဖန်း ပင်များကို နှင်းခဲ ဖြင့် ၎င်း ဖျက်ဆီး တော်မူ၏။
48 He delivered their cattle to the hail, and their flocks to bolts of fire.
၄၈သူ တို့၏ သိုး နွားများကို မိုဃ်းသီး ၌ ၎င်း ၊ ပြုစု သော တိရစ္ဆာန် များကို မီး ၌ ၎င်း အပ် တော်မူ၏။
49 He let loose his hot anger among them, fury and wrath and distress, a band of destroying angels.
၄၉အမျက် တော် အရှိန် အားဖြင့် သူ တို့၌ ဆိုး သော တမန် တို့ကို စေလွှတ် ၍ လွှမ်းမိုး ခြင်း၊ ဒဏ်ခတ် ခြင်း၊ နှောင့်ရှက် ခြင်းအမှုကိုဖြစ် စေတော်မူ၏။
50 He cleared a path for his anger, did not spare them from death, but gave them over to pestilence.
၅၀အမျက် တော်ဘို့ လမ်း ကိုပြင်ဆင် တော်မူ၏။ သူ တို့အသက် ကို မ နှမြော ၊ သေ စေခြင်းငှါ ကာလနာ သို့ အပ်နှံ သဖြင့်၊
51 He struck down all the firstborn in Egypt, the first fruits of their strength in the tents of Ham.
၅၁အဲဂုတ္တု ပြည်၌ သား ဦးအပေါင်း တို့ကို၎င်း ၊ ဟာမ သားတို့နေရာ အရပ်၌ အထွဋ် အမြတ်များကို၎င်းဒဏ်ခတ် တော်မူ၏။
52 He led forth his people like sheep, he was guide to his flock in the desert.
၅၂မိမိ လူ များကိုကား၊ သိုး ကဲ့သို့ ထွက် စေ၍ ၊ တော ၌ သူ တို့ကို သိုးစု ကဲ့သို့ ဆောင် တော်မူ၏။
53 Securely he led them, and free from fear, while their foes were drowned in the sea.
၅၃ဘေး နှင့်ကင်းလွတ်အောင် ဆောင် တော်မူသဖြင့် ၊ သူတို့သည် မ ကြောက် ရကြ။ ရန်သူ တို့ကိုကား ပင်လယ် ရေသည် လွှမ်း လေ၏။
54 To his holy realm he brought them, to the mountain his right hand had purchased.
၅၄သန့်ရှင်း သော ပြည် တော်စွန်းတိုင်အောင် ၎င်း ၊ လက်ျာ လက်တော်အားဖြင့်အပိုင် ရတော်မူသောဤ တောင် သို့၎င်း၊ သူ တို့ကို ပို့ဆောင် တော်မူ၏။
55 He drove out the nations before them, and allotted their land for possession, and their tents for Israel to live in.
၅၅သူ တို့ရှေ့ မှာလည်း ၊ တပါး အမျိုးသားတို့ကို နှင်ထုတ် ပြီးလျှင် ၊ ဣသရေလ အမျိုး အနွယ် အသီးအသီးတို့ သည် အမွေ ခံရသောမြေ ကို တာထိုး၍ ပိုင်းခြား လျက် နေရာ ချတော်မူ၏။
56 Yet they tempted and angered the Most High God, they did not observe his decrees.
၅၆သို့သော်လည်း ၊ သူ တို့သည် အမြင့်ဆုံး သော ဘုရား ကို စုံစမ်း ၍ ပုန်ကန် ကြ၏။ သက်သေ ခံတော်မူချက် များကို မ စောင့် ဘဲ၊
57 They drew back, false like their ancestors; they failed like a treacherous bow.
၅၇ဘိုးဘေး များကဲ့သို့ ဖေါက်ပြန် ၍ သစ္စာကိုဖျက် ကြ၏။ လိမ် တတ်သောလေ ကဲ့သို့ လမ်းလွဲ ကြ၏။
58 Their shrines stirred him to anger, their idols moved him to jealousy.
၅၈သူ တို့သည် မြင့် သော အရပ်များအားဖြင့် ၊ အမျက် တော်ကို နှိုးဆော်၍ ၊ ရုပ်တု များအားဖြင့် လည်း စိတ်တော်ကို ချုပ်ချယ် နှောင့်ရှက်ကြ၏။
59 When God heard of this, he was furious, and he spurned Israel utterly.
၅၉ဘုရား သခင်သည် ကြားသိ တော်မူလျှင် ၊ အမျက် တော်ထွက်၍၊ ဣသရေလ အမျိုးသားတို့ကို အလွန် ရွံရှာ သဖြင့်၊
60 He abandoned his home in Shiloh, the tent he had pitched among people.
၆၀ရှိလော တဲ တော်တည်းဟူသော ၊ လူ တို့တွင် နေရာ ချတော်မူသောအရပ် ကိုစွန့် တော်မူ၏။
61 He gave his strength up to captivity, his glory to the hands of the foe.
၆၁တန်ခိုး တော်ကို သိမ်း သွားစေခြင်းငှါ ၎င်း ၊ ဘုန်း တော်ကို ရန်သူ တို့လက် သို့ ရောက်စေခြင်းငှါ ၎င်း စီရင် တော်မူ၏။
62 He gave his people to the sword, he was furious with his own.
၆၂မိမိ လူ တို့ကိုလည်း ထား ဘေး၌ အပ် ၍ ၊ အမွေ တော်ကို အမျက် ထွက်တော်မူ၏။
63 Fire devoured their young men, and their maidens had no marriage-song.
၆၃လူပျို တို့သည် မီး လောင် ခြင်းကိုခံရသော်လည်း ၊ အပျို တို့သည် မ ငိုကြွေး ရကြ။
64 Their priests fell by the sword, and their widows could not weep.
၆၄ယဇ် ပုရောဟိတ်တို့သည် ထား ဘေးဖြင့် ဆုံး သော်လည်း ၊ မုတ်ဆိုးမ တို့သည် မြည်တမ်း ခြင်းကို မ ပြုရကြ။
65 Then the Lord awoke as from sleep, like a warrior flushed with wine;
၆၅ထိုအခါ ဘုရား ရှင်သည် အိပ်ပျော်ပြီးသောသူ ကဲ့သို့ ၎င်း၊ စပျစ်ရည် ကြောင့် ငြိမ်ပြီးသောသူရဲကဲ့သို့ ၎င်း နိုး တော်မူ၏။
66 and he beat back his foes, putting them to perpetual scorn.
၆၆ရန်သူ တို့ကိုဒဏ်ခတ် ၍ လှန် သဖြင့်၊ အစဉ် အမြဲအရှက်ကွဲ စေ တော်မူ၏။
67 He disowned the tent of Joseph, he rejected the tribe of Ephraim;
၆၇သို့ရာတွင် ၊ ယောသပ် ၏ တဲ တော်ကို ငြင်းပယ် ၍ ဧဖရိမ် အမျိုး ကို ရွေး တော်မ မူ။
68 but he chose the tribe of Judah, Mount Zion, which he loves.
၆၈ယုဒ အမျိုး ကို၎င်း၊ ချစ် တော်မူသော ဇိအုန် တောင် ကို၎င်း ရွေး တော်မူ၏။
69 And he built like the heights his sanctuary, like the earth which he founded forever.
၆၉သန့်ရှင်း ရာဌာနတော်ကို အထွဋ် ကဲ့သို့ တည်ဆောက် ၍ ၊ မြေကြီး ကဲ့သို့ အစဉ် မြဲစေ တော်မူ၏။
70 And he chose David his servant, taking him from the sheepfolds.
၇၀ကျွန်တော်မျိုး ဒါဝိဒ် ကို သိုး ခြံ များထဲက ရွေး ယူ တော်မူ၏။
71 From the mother-ewes he brought him, to be shepherd to Jacob his people, and to Israel his inheritance.
၇၁သား ငယ်ရှိသောသိုး မတို့ကို ထိန်း ခြင်းအမှုမှ နှုတ် ၍ မိမိ လူ တည်းဟူသောယာကုပ် အမျိုးသား၊ အမွေ တော်တည်းဟူသောဣသရေလ လူတို့ကို ကျွေးမွေးစေ ခြင်းငှါ ခန့်ထားတော်မူ၏။
72 With upright heart did he shepherd them, and with skilful hands did he guide them.
၇၂ထိုသူ သည် ဖြောင့်သောသဘော ရှိသည်အတိုင်း ကျွေးမွေး ၍ ၊ လိမ္မာ သောလက် နှင့် ပို့ဆောင် လေ၏။

< Psalms 78 >