< Amos 5 >

1 Listen to the words of the funeral song I am singing for you, Israel:
အိုဣသရေလ အမျိုး ၊ ယခုသင် တို့၌ ငါ မြွက်ဆို ၍ မြည်တမ်း သောစကား ကို နားထောင် ကြလော့။
2 Fallen, no more to rise, is the virgin Israel! Hurled down upon her own soil she lies, with no one to lift her up!
ဣသရေလ သတို့သမီး ကညာသည်လဲ ပြီ။ နောက် တဖန်မ ထ ရ။ မိမိ မြေ ပေါ်မှာ တုံးလုံး နေ၏။ ချီကြွ သောသူမ ရှိ။
3 For the Lord God says this: The city that marches out with a thousand soldiers has only a hundred left, and the one that marches out with a hundred has only ten left.
အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဣသရေလ အမျိုး ၏ အမှုကိုထမ်းစေဘို့ လူတထောင်ကိုပေး နိုင်သောမြို့သည် လူတရာ၊ တရာကို ပေးနိုင်သော မြို့သည် တကျိပ် ကိုသာပေး နိုင်လိမ့်မည်။
4 For the Lord says this to Israel: Seek me and live,
ထာဝရဘုရား သည် ဣသရေလ အမျိုး အား မိန့် တော်မူသည်ကား ၊ ငါ့ ကို ရှာ ကြလော့။ ရှာလျှင် အသက် ချမ်းသာရကြလိမ့်မည်။
5 But do not seek Bethel, do not enter Gilgal, do not go over to Beer-sheba. For Gilgal will enter exile, and Bethel will go to destruction.
ဗေသလ မြို့ကို မ ရှာ ကြနှင့်။ ဂိလဂါလ မြို့သို့မ ဝင် ကြနှင့်။ ဗေရရှေဘ မြို့သို့ မ သွား ကြနှင့်။ အကြောင်း မူကား၊ ဂိလဂါလ မြို့သည် ဆက်ဆက်သိမ်းသွား ခြင်းကိုခံရလိမ့်မည်။ ဗေသလ မြို့သည်လည်း ၊ အကျိုးနည်း ရှိ ရလိမ့်မည်။
6 Seek the Lord and live, or he will cast fire on the house of Joseph, and it will devour and there will be no one to quench it for Bethel.
ထာဝရဘုရား ကို ရှာ ကြလော့။ ရှာလျှင် အသက် ချမ်းသာရကြလိမ့်မည်။ သို့မဟုတ် လျှင်၊ ယောသပ် အမျိုး အပေါ်မှာ မီး ကဲ့သို့ တက်၍၊ အဘယ်သူမျှမ ငြိမ်း နိုင်အောင် ဣသရေလအမျိုးကို လောင် စေတော်မူမည်။
7 You who turn judgment to bitter wormwood, and cast righteousness into the dirt:
တရား သဖြင့် စီရင်ခြင်းကို ဒေါန ဖြစ် စေ၍ ဖြောင့်မတ် ခြင်းတရားကို မြေ သို့ ချ ကြပြီးသောသူတို့ ၊
8 He who made the Pleiades and Orion, who turns deep darkness into dawn, who darkens day again into night, who summons the waters of the sea, and pours them out on the earth’s surface, the Lord is his name!
ခိမ ကြယ်စုနှင့် ခသိလ ကြယ်ကို ဖန်ဆင်း ထသော၊ သေမင်း အရိပ်ကို နံနက် အလင်း ဖြစ် စေခြင်းငှါ ၎င်း ၊ နေ့ အလင်းကို ညဉ့် အမိုက် ဖြစ်စေခြင်းငှါ၎င်း စီရင်ထသော၊ ပင်လယ် ရေ ကိုခေါ် ၍ မြေ ပေါ် မှာသွန်းလောင်း ထသော၊ ထာဝရဘုရား တည်းဟူသောဘွဲ့ နာမရှိထသော၊
9 He causes destruction to burst over the strong. He brings devastation on the fortress.
ခွန်အား ကြီးသောသူတို့ကို၎င်း၊ ရဲတိုက် တို့ကို ၎င်းဖျက်ဆီး တော်မူသောဘုရားကို ရှာကြလော့။
10 You who hate the arbiters at the city gate, and abhor anyone who speaks the truth:
၁၀မြို့တံခါး ဝတွင် ဆုံးမ တတ်သောသူကို မုန်း ၍ ဖြောင့်မတ် စွာပြော တတ်သောသူကို ရွံ့ရှာ ကြပြီတကား။
11 Because you trample on the weak, and tax their grain, although you have built houses of hewn stone, you will not live in them, although you have planted charming vineyards, you will not drink their wine.
၁၁သင် တို့သည် ဆင်းရဲသား ကိုနှိပ်စက် ၍ ဂျုံစပါး ကို တောင်းခံ တတ်သောကြောင့် ၊ ဆစ် သောကျောက်နှင့် တိုက် ကိုတည် သော်လည်း ထို တိုက်၌ မ နေ ရကြ။ နှစ်သက် ဘွယ်သော စပျစ် ဥယျာဉ်ကိုစိုက် သော်လည်း ၊ စပျစ်ရည် ကို မ သောက် ရကြ။
12 For I know how many are your crimes, and how great are your sins! You persecutors of the righteous, takers of bribes! You deny the poor their justice at the city gate.
၁၂သင် တို့အထပ်ထပ် လွန်ကျူးသော ဒုစရိုက် ၊ အလွန် လေးသော အပြစ် တို့ကို ငါသိ ၏။ ဖြောင့်မတ် သောသူကို နှောင့်ရှက် တတ်ကြ၏။ တံစိုး စား တတ်ကြ၏။ ဆင်းရဲသား ကို တံခါးဝ တွင် မ တရားသဖြင့် စီရင်တတ် ကြ၏။
13 It would be wise to keep quiet in such an evil time.
၁၃ထိုသို့ သောကာလ သည် ဆိုးယုတ် သောကာလ ဖြစ်သောကြောင့် ၊ ပညာရှိ သောသူသည် တိတ်ဆိတ် စွာ နေလိမ့်မည်။
14 Seek good and not evil, that you may live, so the Lord, God of hosts, may be with you, as you have claimed he is.
၁၄အသက် ချမ်းသာစေခြင်းငှါ ဒုစရိုက် ကိုရှောင် ၍ သုစရိုက် ကို ရှာ ကြလော့။ ထိုသို့ ပြုလျှင်၊ သင်တို့ဆို တတ် သည်အတိုင်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား သည် သင် တို့နှင့်အတူ ရှိ တော်မူလိမ့်မည်။
15 Hate evil and love good, establish justice at the city gate. Perhaps the Lord, the God of hosts, will be gracious to a surviving remnant of Joseph.
၁၅ဒုစရိုက် ကို မုန်း ၍ သုစရိုက် ကို ချစ် ကြလော့။ မြို့တံခါးဝ တွင် တရား ကို တည် စေကြလော့။ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရား သခင်ထာဝရဘုရား သည် ကျန်ကြွင်း သောယောသပ် အမျိုးကို သနားကောင်းသနား တော်မူလိမ့်မည်။
16 Therefore the Lord, the God of hosts, says: In all the public squares there will be wailing, in every street the sound of mourning. They will summon the farmers to mourning, and professional mourners to wailing.
၁၆ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ခပ်သိမ်း သောလမ်း တို့၌ မြည်တမ်း ခြင်းရှိ၍ သွား လာသောသူတို့က၊ အလိုလေး ၊ အလိုလေး ဟု ဆို ကြလိမ့်မည်။ လယ်လုပ် သောသူသည် ညည်းတွား စေ ခြင်းငှါ၎င်း ၊ မြည်တမ်း တတ်သောသူသည် ငိုကြွေး မြည်တမ်းစေ ခြင်းငှါ၎င်း ခေါ် ကြလိမ့်မည်။
17 In all vineyards there will be lamenting, when I pass through your midst, says the Lord.
၁၇ခပ်သိမ်း သောစပျစ် ဥယျာဉ်တို့၌ လည်း မြည်တမ်း ခြင်းရှိလိမ့်မည်။ အကြောင်း မူကား၊ ငါသည် သင် တို့အလယ် ၌ ရှောက်သွား မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
18 Fools who long for the day of the Lord! What does the day of the Lord mean to you? It is darkness, and not light.
၁၈ထာဝရဘုရား ၏နေ့ရက် ကို တောင့်တ သောသူတို့သည် အမင်္ဂလာ ရှိကြ၏။ သင်တို့သည် အဘယ် အကျိုးရှိကြလိမ့်မည်နည်း။ ထာဝရဘုရား ၏ နေ့ရက် သည် သင် တို့၌ လင်း သည်မ ဟုတ်၊ အမိုက် ဖြစ်လိမ့်မည်။
19 It is as when one flees from a lion, and is attacked by a bear, as when one reaches home, leans his hand on the wall, and a snake bites him.
၁၉လူ သည် ခြင်္သေ့ ရှိ ရာမှပြေး ၍ ဝံ ကိုတွေ့ သကဲ့သို့ ၎င်း ၊ အိမ် ထဲသို့ ဝင် ၍ ထရံ ကို မှီ စဉ် မြွေ ကိုက် သကဲ့သို့ ၎င်း ဖြစ်လိမ့်မည်။
20 Won’t the Lord’s day be darkness and not light, murky darkness without a ray of light in it?
၂၀ထာဝရဘုရား ၏ နေ့ရက် သည်မ လင်း ဘဲ မိုက် လိမ့်မည်။ ထွန်းလင်း ခြင်း အလျှင်း မရှိ၊ အမိုက် သက်သက် ဖြစ်လိမ့်မည်။
21 I hate, I despise your feasts, I will not smell the savour of your festivals,
၂၁သင် တို့စောင့်သောပွဲ နေ့တို့ကို ငါမုန်း ၏။ စက်ဆုပ် ရွံရှာ၏။ ခြိုးခြံ စွာကျင့်သော နေ့ရက်တို့၌ ငါမ မွေ့လျော် ။
22 I will not be pleased with your burnt offerings, your grain offerings, I will not accept the peace offerings of your fattened calves.
၂၂မီး ရှို့ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာတို့ကို ဆက်ကပ် သော်လည်း ငါ လက်မ ခံ။ ဆူဝ သော တိရစ္ဆာန် တို့ကို မိဿဟာယ ယဇ်ပူဇော်သော်လည်း ငါသည် ပမာဏ မ ပြု။
23 Spare me the noise of your songs, I will not listen to the melody of your lyres.
၂၃သင် တို့သီချင်း ဆိုသံ ကို ပယ်ရှား ကြလော့။ တယော ထိုးသံ ကို ငါ နားငြီးလှ၏။
24 But let justice roll on as a flood of waters, and righteousness like an unfailing stream.
၂၄တရား သဖြင့် စီရင်ခြင်းကို ရေ ကဲ့သို့ ၎င်း ၊ ဖြောင့်မတ် ခြင်းကို မ ပြတ်စီးသော မြစ် ရေကဲ့သို့ ၎င်း စီး စေ ကြလော့။
25 Was it only sacrifices and grain offerings you brought me during the forty years in the wilderness, Israel?
၂၅အိုဣသရေလ အမျိုး ၊ သင်တို့သည် ယဇ် နှင့် ပူဇော် သက္ကာများကို တော ၌ အနှစ် လေးဆယ် ပတ်လုံးငါ့ အား ပူဇော် ကြသလော။
26 But now you will lift up your “king” Sikkuth and “star god” Kiyyun, your idols which you have made for yourselves,
၂၆သင်တို့ဘုရား မောလုပ်၏တဲနှင့် သင်တို့ဘုရား ခိအုန်၏ကြယ်တည်းဟူသောကိုယ်အဘို့ လုပ်သော ပုံတို့ ကို ဆောင်ရွက်ကြပြီတကား။
27 as I drive you into exile beyond Damascus, says the Lord, whose name is the God of hosts.
၂၇ထိုကြောင့် ၊ သင် တို့ကို ဒမာသက် မြို့တဘက် သို့ သိမ်း သွားစေ ခြင်းငှါ ငါစီရင်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရား သခင်ဟူ၍ဘွဲ့ နာမရှိသော ထာဝရဘုရား မိန့် တော်မူ၏။

< Amos 5 >