< Genesis 48 >

1 AND it came to pass after these things, that one told Joseph, Behold, thy father is sick: and he took with him his two sons, Manasseh and Ephraim.
နောက်တဖန်ယောသပ်သည် အဘနာကြောင်းကို ကြားသဖြင့်၊ သားနှစ်ယောက် မနာရှေနှင့်ဧဖရိမ်ကို ယူ၍သွား၏။
2 And one told Jacob, and said, Behold, thy son Joseph cometh unto thee: and Israel strengthened himself, and sat upon the bed.
သားယောသပ်လာကြောင်းကို ယာကုပ်သည် ကြားလျှင်၊ အားထုတ်၍ ခုတင်ပေါ်မှာထိုင်၏။
3 And Jacob said unto Joseph, God Almighty appeared unto me at Luz in the land of Canaan, and blessed me,
ထိုအခါ ယာကုပ်က၊ အနန္တတန်ခိုးရှင် ဘုရား သခင်သည်၊ ခါနာန်ပြည် လုဇမြို့၌ ငါ့အားထင်ရှား၍ ကောင်းကြီးပေးတော်မူလျက်၊
4 And said unto me, Behold, I will make thee fruitful, and multiply thee, and I will make of thee a multitude of people; and will give this land to thy seed after thee for an everlasting possession.
ငါသည်သင့်ကို တိုးပွါးများပြားစေမည်။ သင့်ကို များစွာသော လူဖြစ်စေမည်။ သင်၏အမျိုးအနွယ်သည် သင့်နောက်မှ ဤပြည်ကို အစဉ်အမြဲပိုင်စေခြင်းငှါ ငါပေး မည်ဟု မိန့်တော်မူ၏။
5 And now thy two sons, Ephraim and Manasseh, which were born unto thee in the land of Egypt before I came unto thee into Egypt, are mine; as Reuben and Simeon, they shall be mine.
သင်နေသော အဲဂုတ္တုပြည်သို့ ငါမရောက်မှီ၊ အဲဂုတ္တုပြည်၌ သင်ရနှင့်သော သားနှစ်ယောက်၊ ဧဖရိမ် နှင့် မနာရှေတို့သည် ငါ့သားဖြစ်ရမည်။ ရုဗင်နှင့်ရှိမောင် ကဲ့သို့ ငါ့သားဖြစ်ရမည်။
6 And thy issue, which thou begettest after them, shall be thine, and shall be called after the name of their brethren in their inheritance.
နောက်မှသင်ရသော သားတို့သည် သင်၏သား ဖြစ်၍ မိမိအမွေခံရာတွင် မိမိအစ်ကိုတို့အမည်ဖြင့် သမုတ် ရကြမည်။
7 And as for me, when I came from Padan, Rachel died by me in the land of Canaan in the way, when yet there was but a little way to come unto Ephrath: and I buried her there in the way of Ephrath; the same is Beth-lehem.
ငါသည်ပါဒနာရံအရပ်မှ လာသည်ကာလ၊ ခါနာန်ပြည်၌ ခရီးသွား၍၊ ဧဖရတ်မြို့နှင့်နီးသောအခါ၊ သင့်အမိရာခေလသည် ငါ့အနားမှာ သေရှာ၏။ သေ သောအရပ် ဗက်လင်အမည်ရှိသော ဧဖရတ်မြို့သို့ သွား သောလမ်း၌ သင်္ဂြိုဟ်လေသည်ဟု ယောသပ်အားဆို၏။
8 And Israel beheld Joseph’s sons, and said, Who are these?
တဖန်ဣသရေလသည် ယောသပ်၏သားတို့ကို ကြည့်ရှု၍၊ ဤသူတို့ကား အဘယ်သူနည်းမေးလျှင်၊
9 And Joseph said unto his father, They are my sons, whom God hath given me in this place. And he said, Bring them, I pray thee, unto me, and I will bless them.
ယောသပ်က၊ဤပြည်၌ အကျွန်ုပ်အား ဘုရား သခင် ပေးသနားတော်မူသော အကျွန်ုပ်၏ သားဖြစ်ပါ သည်ဟု အဘအားဆိုသော်၊ အဘက၊ ငါ့ထံသို့ လာပါစေ လော့။ သူတို့ကို ငါကောင်းကြီးပေးမည်ဟု ဆို၏။
10 Now the eyes of Israel were dim for age, so that he could not see. And he brought them near unto him; and he kissed them, and embraced them.
၁၀ဣသရေလသည် အသက်ကြီး၍ မျက်စိမှုန် သဖြင့်၊ မမြင်နိုင်သောကြောင့်၊ သားတို့ကို အနီးသို့ ချဉ်းကပ်စေ၍ ပိုက်ဘက်နမ်းရှုပ်လေ၏။
11 And Israel said unto Joseph, I had not thought to see thy face: and, lo, God hath shewed me also thy seed.
၁၁ဣသရေလကလည်း၊ ငါသည် သင်၏မျက်နှာကို မြင်ရမည်ဟု ငါမထင်။ ယခုတွင်သင်၏သားတို့ကိုပင် ဘုရားသခင်ပြတော်မူပြီဟု ယောသပ်အား ဆို၏။
12 And Joseph brought them out from between his knees, and he bowed himself with his face to the earth.
၁၂ယောသပ်သည်လည်း၊ သားတို့ကို အဘ၏ဒူး ကြားမှ ထုတ်၍ အဘရှေ့၌ဦးညွှတ်ချစေ၏။
13 And Joseph took them both, Ephraim in his right hand toward Israel’s left hand, and Manasseh in his left hand toward Israel’s right hand, and brought them near unto him.
၁၃တဖန်ယောသပ်သည် သားတို့ကိုယူ၍ ဧဖရိမ်ကို လက်ျာလက်နှင့် ကိုင်လျက်၊ ဣသရေလ လက်ဝဲလက်သို့၎င်း၊ မနာရှေကို လက်ဝဲလက်နှင့် ကိုင်လျက်၊ ဣသရေလ လက်ျာလက်သို့၎င်း ချဉ်းကပ်စေ၏။
14 And Israel stretched out his right hand, and laid it upon Ephraim’s head, who was the younger, and his left hand upon Manasseh’s head, guiding his hands wittingly; for Manasseh was the firstborn.
၁၄မနာရှေသည်သားဦးဖြစ်သော်လည်း၊ ဣသ ရေလသည် မိမိလက်တို့ကို ဆန့်၍လိမ္မာစွာ ပဲ့ပြင်လျက်၊ အသက်ငယ်သောသူ ဧဖရိမ်၏ခေါင်းပေါ်မှာ လက်ျာ လက်ကို တင်ပြီးလျှင်၊ လက်ဝဲလက်ကို မနာရှေ၏ ခေါင်း ပေါ်မှာ တင်၏။
15 And he blessed Joseph, and said, God, before whom my fathers Abraham and Isaac did walk, the God which fed me all my life long unto this day,
၁၅ယောသပ်ကို ကောင်းကြီးပေးလျက်၊ ငါ့အဘ အာဗြဟံနှင့်ဣဇာက်ကိုးကွယ်သော ဘုရားသခင်၊ ငါ့ကို တသက်လုံး ယနေ့တိုင်အောင် ကျွေးမွေးတော်မူသော ဘုရားသခင်တည်းဟူသော၊
16 The Angel which redeemed me from all evil, bless the lads; and let my name be named on them, and the name of my fathers Abraham and Isaac; and let them grow into a multitude in the midst of the earth.
၁၆ငါ့ကိုခပ်သိမ်းသော ဘေးဒဏ်အထဲက ကယ် နှုတ်တော်မူသော ကောင်းကင်တမန်သည်၊ ဤသူငယ် တို့ကို ကောင်းကြီးပေးတော်မူပါစေသော။ သူတို့ကို ငါ့အမည်ဖြင့်၎င်း၊ ငါ့အဘအာဗြဟံနှင့် ဣဇာက်၏အမည် ဖြင့်၎င်း၊ ထပ်၍မှည့်ပါစေသော။ သူတို့သည် မြေကြီးပေါ် မှာ အလွန်တိုး ပွါးများပြားပါစေသောဟု မြွက်ဆို၏။
17 And when Joseph saw that his father laid his right hand upon the head of Ephraim, it displeased him: and he held up his father’s hand, to remove it from Ephraim’s head unto Manasseh’s head.
၁၇အဘသည်လက်ျာလက်ကို ဧဖရိမ်၏ခေါင်းပေါ်မှာ တင်သည်ကို ယောသပ်မြင်လျှင်၊ အားမရ သည်ဖြစ်၍၊
18 And Joseph said unto his father, Not so, my father: for this is the firstborn; put thy right hand upon his head.
၁၈မဟုတ်ပါအဘ။ ဤသူသည် သားဦးဖြစ်ပါ၏။ သူ၏ခေါင်းပေါ်မှာ လက်ျာလက်ကိုတင်ပါဟု ဆိုလျက် အဘ၏ လက်ကိုဧဖရိမ်ခေါင်းပေါ်က မနာရှေခေါင်းပေါ် သို့ ပြောင်းခြင်းငှါ ချီလေ၏။
19 And his father refused, and said, I know it, my son, I know it: he also shall become a people, and he also shall be great: but truly his younger brother shall be greater than he, and his seed shall become a multitude of nations.
၁၉အဘသည်ငြင်း၍၊ ငါသိ၏ငါသား၊ ငါသိ၏။ သူသည် ကြီးစွာသော လူစုဖြစ်လိမ့်မည်။ သို့သော်လည်း၊ သူ့ညီသည် သူ့ထက်သာ၍ ကြီးသဖြင့်၊ သူ၏ အမျိုး အနွှယ်သည် များစွာသော လူအစုစုဖြစ်လိမ့်မည်ဟု ဆို၏။
20 And he blessed them that day, saying, In thee shall Israel bless, saying, God make thee as Ephraim and as Manasseh: and he set Ephraim before Manasseh.
၂၀တဖန်ဘုရားသခင်သည် သင့်ကို ဧဖရိမ်ကဲ့သို့ ၎င်း၊ မနာရှေကဲ့သို့၎င်း ဖြစ်စေတော်မူပါစေသောဟူ၍ ဣသရေလအမျိုးသားတို့ သည်သင်အားဖြင့် ကောင်းကြီးပေးကြလိမ့်မည်ဟု တိုနေ့၌သူတို့ကိုကောင်းကြီးပေးလေ၏။ ထိုသို့မနာရှေရှေ့မှာ ဧဖရိမ်ကိုနေရာချသတည်း။
21 And Israel said unto Joseph, Behold, I die: but God shall be with you, and bring you again unto the land of your fathers.
၂၁ဣသရေလကလည်း၊ ငါသေတော့မည်။ သို့သော်လည်း၊ ဘုရားသခင်သည် သင်တို့ဘက်၌ရှိ၍၊ သင်တို့ကို ဘိုးဘေးနေရာ ပြည်သို့ တဖန် ဆောင်တော်မူလိမ့်မည်။
22 Moreover I have given to thee one portion above thy brethren, which I took out of the hand of the Amorite with my sword and with my bow.
၂၂ထိုမှတပါး သင်၏အစ်ကိုတို့အားပေးသည်ထက် သင့်အားသာ၍ ပေးသောအရာဟူမူကား၊ ငါ့ထား၊ ငါ့ လေးဖြင့် အာမောရိအမျိုးသားလက်မှ နှုတ်ယူသောအရာ ကို သင့်အား ငါပေးသည်ဟု ယောသပ်ကို ပြောဆို၏။

< Genesis 48 >