< 2 Corinthians 5 >

1 For we know that if our earthly house of this tabernacle were dissolved, we have a building of God, an house not made with hands, eternal in the heavens. (aiōnios g166)
ယာယီတဲ ဖြစ်သော ငါ တို့မြေ အိမ် သည်ပျက် လျှင် ၊ ကောင်းကင် ဘုံ၌ လူလက် ဖြင့်မလုပ်ဘဲ၊ ဘုရားသခင် ဖန်ဆင်း တော်မူသော နိစ္စ ထာဝရအိမ် ရှိ ကြောင်း ကို ငါတို့ သိ ကြ၏။ (aiōnios g166)
2 For in this we groan, earnestly desiring to be clothed on with our house which is from heaven:
ငါ တို့သည် မြေ အိမ်၌ ရှိစဉ်တွင်၊ ကောင်းကင် အိမ် ထဲသို့ ဝင်စား ခြင်းငှာအလွန်တောင့်တလိုချင် သော စိတ် ရှိ၍၊ ညည်းတွားမြည်တမ်း လျက် ၊ နေကြ၏။
3 If so be that being clothed we shall not be found naked.
ထိုသို့ဝင်စားလျှင် နေရာမဲ့ ဖြစ်မည် မ ဟုတ်။
4 For we that are in this tabernacle do groan, being burdened: not for that we would be unclothed, but clothed on, that mortality might be swallowed up of life.
ဤတဲ ၌ နေ သော ငါ တို့သည် လေး သောဝန်ကို ထမ်း၍ ညည်းတွားမြည်တမ်း ကြ၏။ နေရာထဲက ထွက် ချင် သောကြောင့် ညည်းတွားသည် မဟုတ် ။ သေ တတ်သောအရာကို အသက် ရှင်ခြင်း၌ ဆုံးရှုံး စေခြင်းငှာ ၊ မြဲသောနေရာထဲသို့ ဝင်စား ချင်သောကြောင့် ညည်းတွားကြ၏။
5 Now he that has worked us for the selfsame thing is God, who also has given to us the earnest of the Spirit.
ထိုသို့သော အကျိုး ကိုခံစေခြင်းငှာငါ တို့ကို ပြင်ဆင် သောသူ ကား ၊ ဘုရားသခင် ပေတည်း။ ထိုဘုရားသခင် သည် ဝိညာဉ် တော်တည်းဟူသောစားရန် ကို ငါ တို့အား ပေး တော်မူပြီ။
6 Therefore we are always confident, knowing that, whilst we are at home in the body, we are absent from the Lord:
ထို့ကြောင့် ငါတို့သည် ကိုယ်ခန္ဓါ ၌ နေ မြဲနေစဉ်ကာလ ၊ သခင်ဘုရား နှင့် ကွာဝေးရာအရပ်၌ နေသည်ကို ငါတို့သည်သိ လျက် ၊
7 (For we walk by faith, not by sight: )
အစဉ် ရဲရင့်သောစိတ် ရှိကြ၏။ မျက်မှောက် မ မြင်ဘဲ ယုံကြည် မျှော်လင့်ခြင်းရှိသည်အတိုင်း ၊ ငါတို့သည် ကျင့်ဆောင် ပြုမူသည်ဖြစ်၍၊
8 We are confident, I say, and willing rather to be absent from the body, and to be present with the Lord.
ကိုယ်ခန္ဓါ နှင့် ကွာဝေး ရာအရပ်သို့သွား၍ ၊ သခင်ဘုရား ထံတော်၌ နေမြဲ နေခြင်းငှာ အလိုရှိ လျက် ၊ ရဲရင့် သောစိတ်နှင့်ပြည့်စုံကြ၏။
9 Why we labor, that, whether present or absent, we may be accepted of him.
ထို့ကြောင့် ငါတို့သည် နေမြဲအရပ်၌ နေ သည် ဖြစ်စေ ၊ ကွာဝေး ရာအရပ်၌နေသည်ဖြစ်စေ ၊ သခင်ဘုရား နှစ်သက် တော်မူသော သူ ဖြစ် ခြင်းငှာစေတနာစိတ်ရှိ၍ ကြိုးစားအားထုတ် ကြ၏။
10 For we must all appear before the judgment seat of Christ; that every one may receive the things done in his body, according to that he has done, whether it be good or bad.
၁၀အကြောင်းမူကား၊ ငါ တို့ရှိသမျှ သည် ကိုယ်ခန္ဓါ ၌ကျင့် သောအကျင့် ၊ ကောင်း မကောင်း ရှိသည်အတိုင်း အကျိုးအပြစ် ကို အသီးအသီး ခံ ခြင်းငှာ ၊ ခရစ်တော် ၏ တရားပလ္လင် ရှေ့ ၌ ပေါ်လာ ရ ကြမည်။
11 Knowing therefore the terror of the Lord, we persuade men; but we are made manifest to God; and I trust also are made manifest in your consciences.
၁၁သို့ဖြစ်၍ သခင် ဘုရားနှင့်ဆိုင်သောကြောက်မက် ဖွယ်သော အကြောင်းအရာတို့ကို ငါတို့သည် သိ လျှင်၊ လူ များကိုနှိုးဆော် သွေးဆောင်ရသည်ဖြစ်၍ ၊ ဘုရားသခင် ရှေ့တော်၌ ထင်ရှား ကြ၏။ သင် တို့၏စိတ် ရှေ့၌ လည်း ထင်ရှား ကြသည်ဟု ငါထင်မှတ် ၏။
12 For we commend not ourselves again to you, but give you occasion to glory on our behalf, that you may have somewhat to answer them which glory in appearance, and not in heart.
၁၂ငါ တို့သည်သင် တို့ရှေ့၌ တစ်ဖန် ကိုယ်ကိုကိုယ် ချီးမွမ်း ကြသည်မ ဟုတ်။ စိတ် သဘောကိုမ ထောက်၊ အသွေးအဆင်း ကိုထောက်၍ ဝါကြွား သောသူ တို့၏ စကားကို သင်တို့သည် ချေ နိုင်မည်အကြောင်း ၊ ငါတို့ ကြောင့် ဝါကြွား ခြင်းအခွင့် ကိုသာ ပေး ကြ၏။
13 For whether we be beside ourselves, it is to God: or whether we be sober, it is for your cause.
၁၃ငါတို့သည် သူရူး ဖြစ်လျှင် ဘုရားသခင် အဘို့ ဖြစ်ကြ၏။ စိတ်ကောင်းသောသူဖြစ်လျှင် သင်တို့ အဘို့ ဖြစ်ကြ၏။
14 For the love of Christ constrains us; because we thus judge, that if one died for all, then were all dead:
၁၄အကြောင်းမူကား ၊ တစ်ယောက် သောသူသည် လူအပေါင်း တို့အတွက် ကြောင့် အသေခံ သည်မှန်လျှင် ၊
15 And that he died for all, that they which live should not from now on live to themselves, but to him which died for them, and rose again.
၁၅လူအပေါင်း တို့သည် သေ လျက်နေကြသည် ဟူ၍၎င်း ၊ အသက် ရှင်သောသူ တို့သည် တဖန်ကိုယ် အလို သို့လိုက်၍ မ ရှင်၊ သူ တို့အတွက် ကြောင့် အသေခံ ပြီးမှ ထမြောက် တော်မူသော သူ ၏အလိုသို့လိုက်၍ ရှင်စေ မည်အကြောင်း ၊ လူအပေါင်း တို့အတွက် ကြောင့် အသေခံ တော်မူသည်ဟူ၍၎င်း၊ ငါ တို့သည်သဘောထား လျက်၊ ခရစ်တော် ၏ချစ် ခြင်းမေတ္တာတော်သည် ငါတို့ကို အနိုင်အထက်သွေးဆောင်၏။
16 Why from now on know we no man after the flesh: yes, though we have known Christ after the flesh, yet now from now on know we him no more.
၁၆သို့ဖြစ်လျှင် ၊ ယခု မှစ၍ ငါ တို့သည် ဇာတိ အမျိုးကိုထောက် ၍ အဘယ်သူ ကိုမျှမသိ မမှတ်။ ဇာတိ အမျိုးကိုထောက် ၍ ခရစ်တော် ကို အထက်က သိမှတ် သော်လည်း ၊ ယခု မှစ၍ ထိုသို့သောသိမှတ် ခြင်းမ ရှိ။
17 Therefore if any man be in Christ, he is a new creature: old things are passed away; behold, all things are become new.
၁၇လူ မည်သည်ကား ၊ ခရစ်တော် ၌ ရှိလျှင် အသစ် ပြုပြင် သောသတ္တဝါဖြစ်၏။ ဟောင်း သောအရာ တို့သည်ပြောင်းလဲ ၍ ခပ်သိမ်း သောအရာတို့သည် အသစ် ဖြစ် ကြပြီ။
18 And all things are of God, who has reconciled us to himself by Jesus Christ, and has given to us the ministry of reconciliation;
၁၈ထိုသို့ဖြစ်သော်ဘုရားသခင် ၏ တန်ခိုးတော်အားဖြင့်ဖြစ်ကြ၏။ ဘုရားသခင် သည် ယေရှုခရစ် အားဖြင့် ငါ တို့၏ရန်ကိုငြိမ်းစေ၍ ကိုယ်တော် နှင့် မိသ္သဟာယဖွဲ့ စေတော်မူ၏။ ထိုမိဿဟာယ တရား ကို ဟောရသော အခွင့်အရာကို ငါ တို့၌အပ်ပေး တော်မူ၏။
19 To wit, that God was in Christ, reconciling the world to himself, not imputing their trespasses to them; and has committed to us the word of reconciliation.
၁၉ထိုတရား ဟူမူကား၊ ဘုရားသခင် သည် ခရစ်တော် အထဲ ၌ ရှိ နေလျက်၊ လောကီသား တို့၏ အပြစ် များ ကို မှတ် တော်မ မူ၊ ရန်ကိုငြိမ်းစေ၍ ကိုယ်တော် နှင့် မိဿဟာယ ဖွဲ့စေတော်မူ၏။ ထိုမိဿဟာယ တရား ကိုလည်း ငါ တို့၌ အပ်ပေး တော်မူ၏။
20 Now then we are ambassadors for Christ, as though God did beseech you by us: we pray you in Christ’s stead, be you reconciled to God.
၂၀ထို့ကြောင့် ငါတို့သည်ခရစ်တော် ၏ သံတမန်ဖြစ် ကြ၏။ သင်တို့သည်ရန်ငြိမ်း၍ ဘုရားသခင် နှင့် မိဿဟာယ ဖွဲ့ကြလော့ဟု ဘုရားသခင် သည် ငါ တို့အားဖြင့် နှိုးဆော်သွေးဆောင် တော်မူသကဲ့သို့ ၊ ငါတို့သည် ခရစ်တော် ၏ ကိုယ်စားဖြစ်၍သင်တို့ကို တောင်းပန် သွေးဆောင်ကြ၏။
21 For he has made him to be sin for us, who knew no sin; that we might be made the righteousness of God in him.
၂၁အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည်အပြစ် နှင့် ကင်းစင် သောသူ ကို ငါ တို့အတွက် ကြောင့် အပြစ် ရှိသောသူဖြစ် စေတော်မူ၏။ အကြောင်းမူကား ၊ ငါ တို့သည်ထိုသူ အားဖြင့်ဘုရားသခင် ရှေ့တော်၌ ဖြောင့်မတ် သောသူဖြစ် မည်အကြောင်းတည်း။

< 2 Corinthians 5 >