< Psalms 23 >

1 A Psalm of David. The LORD is my shepherd; I shall not want.
ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော် မူ၏။ ငါသည် ဆင်းရဲမခံရ။
2 He makes me lie down in green pastures; He leads me beside quiet waters.
စိမ်းလန်းသော ကျက်စားရာအရပ်၌ ငါ့ကို အိပ်စေတော်မူ၏။ သာယာသောမြစ်နားသို့ လမ်းပြ တော်မူ၏။
3 He restores my soul; He guides me in the paths of righteousness for the sake of His name.
ငါ့ဝိညာဉ်ကိုအားဖြည့်၍၊ နာမတော်အဘို့ အလိုငှါ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏။
4 Even though I walk through the valley of the shadow of death, I will fear no evil, for You are with me; Your rod and Your staff, they comfort me.
အကယ်၍ သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့် ထဲသို့ ရောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ရှိတော်မူသည်ဖြစ်၍၊ လှံတံတော်နှင့် တောင်ဝေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏။
5 You prepare a table before me in the presence of my enemies. You anoint my head with oil; my cup overflows.
အကျွန်ုပ်၏ ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဘို့ စားပွဲကိုခင်းတော်မူ၏။ အကျွန်ုပ်ခေါင်းကိုဆီနှင့် လိမ်း တော်မူ၏။ အကျွန်ုပ်ခွက်ဖလားသည် လျှံလျက်ရှိပါ၏။
6 Surely goodness and mercy will follow me all the days of my life, and I will dwell in the house of the LORD forever.
အကယ်စင်စစ်အကျွန်ုပ်သည် ကျေးဇူးနှင့် ကရုဏာကို တသက်လုံးခံစားရ၍၊ ထာဝရဘုရား၏ အိမ်တော်မှာ အစဉ်အမြဲနေရပါလိမ့်မည်။

< Psalms 23 >