< 2 Mosebog 16 >

1 Så brød de op fra Elim, og hele Israeliternes Menighed kom til Sins Ørken, der ligger mellem Elim og Sinaj, på den femtende Dag i den anden Måned efter deres Udvandring af Ægypten.
တဖန် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည်၊ ဧလိမ်အရပ်မှ ထွက်၍ ခရီးသွားကြ၏။ အဲဂုတ္တုပြည်မှ ထွက်သွားသောနောက်၊ ဒုတိယလ ဆယ်ငါးရက်နေ့တွင်၊ ဧလိမ်အရပ်နှင့် သိနာတောင် စပ်ကြားမှာ သိန်တောသို့ ရောက်ကြ၏။
2 Men hele Israeliternes Menighed knurrede mod Moses og Aron i Ørkenen,
ထိုတော၌ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့က၊
3 og Israeliterne sagde til dem: "Var vi dog blot døde for HERRENs Hånd i Ægypten, hvor vi sad ved Kødgryderne og kunde spise os mætte i Brød! Thi I har ført os ud i denne Ørken for at lade hele denne Forsamling dø af Sult."
ငါတို့သည် အဲဂုတ္တုပြည်၌ အမဲသားချက်သော အိုးကင်းနားမှာ ထိုင်၍ ဝစွာစားရသောအခါ၊ ထာဝရဘုရား၏ လက်တော်ဖြင့် သေလျှင် သာ၍ကောင်း၏။ ယခုမူကား၊ ဤစည်းဝေးလျက်ရှိသော လူအပေါင်း တို့ကို ငတ်မွတ်ခြင်းအားဖြင့် သတ်လိုသောငှာ၊ ဤတောအရပ်သို့ ဆောင်ခဲ့ပြီတကားဟု မောရှေနှင့် အာရုန်ကို အပြစ်တင်၍ မြည်တမ်းလျက်ဆိုကြ၏။
4 Da sagde HERREN til Moses: "Se, jeg vil lade Brød regne ned fra Himmelen til eder, og Folket skal gå ud og hver Dag samle så meget, som de daglig behøver, for at jeg kan prøve dem, om de vil følge min Lov eller ej.
ထိုအခါ ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် သင်တို့အဘို့ မိုဃ်းကောင်းကင်က မုန့်မိုဃ်းကို ရွာစေမည်။ လူတို့သည် နေ့တိုင်းထွက်၍ တနေ့စားလောက်အောင် သိမ်းယူရကြမည်။ ငါ၏တရားအတိုင်း ကျင့်မည်လော၊ မကျင့်လောဟု ထိုသို့သောအားဖြင့် သူတို့ကို ငါစုံစမ်းမည်။
5 Og når de på den sjette Ugedag tilbereder, hvad de har bragt hjem, så skal det være dobbelt så meget, som de samler de andre Dage."
နေ့တိုင်းသိမ်းယူသော အရာထက်၊ ခြောက်ရက်မြောက်သောနေ့၌ နှစ်ဆကို သိမ်းယူ၍ ပြင်ရကြမည်ဟု မောရှေအား မိန့်တော်မူ၏။
6 Og Moses og Aron sagde til alle Israeliterne: "I Aften skal I kende, at det er HERREN, som har ført eder ud af Ægypten,
မောရှေနှင့် အာရုန်တို့ကလည်း၊ ထာဝရဘုရားသည် သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူ သည်ဟု ယနေ့ ညဦးယံ၌ သင်တို့ သိကြလိမ့်မည်။
7 og i Morgen skal I skue HERRENs Herlighed, thi han har hørt eders Knurren mod HERREN; thi hvad er vel vi, at I knurrer mod os!"
နံနက်ယံ၌လည်း၊ ထာဝရဘုရား၏ ဘုန်းတော်ကို မြင်ရကြလိမ့်မည်။ ထာဝရဘုရားကို အပြစ်တင်လျက် မြည်တမ်းကြသောအသံကိုကြားတော်မူပြီ။ ငါတို့ကို အပြစ်တင်လျက် မြည်တမ်းစေခြင်းငှာ၊ ငါတို့သည် အဘယ်သို့သော သူဖြစ်သနည်းဟု ဣသရေလအမျိုးသားအပေါင်းတို့အား ဆိုလေ၏။
8 Og Moses tilføjede: "Det skal ske, når HERREN i Aften giver eder Kød at spise og i Morgen Brød at mætte eder med; thi HERREN har hørt, hvorledes I knurrer mod ham; thi hvad er vi? Thi det er ikke os, I knurrer imod, men HERREN."
တဖန်လည်းမောရှေက၊ ထာဝရဘုရားသည် ညဦးယံ၌သင်တို့စားစရာအမဲသားကို၎င်း၊ နံနက်ယံ၌ ဝလောက်အောင် မုန့်ကို၎င်းပေးတော်မူသောအခါ၊ ဤစကားပြည့်စုံလိမ့်မည်။ သင်တို့သည် အပြစ်တင်လျက် မြည်တမ်းကြသောအသံကို ထာဝရဘရားကြားတော်မူပြီ။ ငါတို့သည် အဘယ်သို့သော သူဖြစ်သနည်း။ သင်တို့သည် အပြစ်တင်လျက် မြည်တမ်းကြသော စကားသည်၊ ငါတို့ကို မထိမခိုက်၊ ထာဝရဘုရားကို ထိခိုက်သည်ဟု ဆိုလေ၏။
9 Derpå sagde Moses til Aron: "Sig til hele Israeliternes Menighed: Træd frem for HERRENs Åsyn, thi han har hørt eders Knurren!"
တဖန်သင်တို့သည် အပြစ်တင်လျက်၊ မြည်တမ်းသောအသံကို ထာဝရ ဘုရားကြားတော်မူသည် ဖြစ်၍၊ အထံတော်သို့ ချဉ်းကပ်ကြလော့ဟု ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုလော့ဟု အာရုန်ကို မှာထားသည်အတိုင်း၊
10 Og da Aron sagde det til hele Israeliternes Menighed, vendte de sig mod Ørkenen, og se, HERRENs Herlighed viste sig i Skyen.
၁၀အာရုန်သည် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုသောအခါ၊ သူတို့သည် တောသို့ မြော်ကြည့်၍၊ မိုဃ်းတိမ်၌ ထင်ရှားသော ထာဝရဘုရား၏ ဘုန်းတော်ကို မြင်ရကြ၏။
11 Da talede HERREN til Moses og sagde:
၁၁ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့သည် အပြစ်တင်လျက် မြည်တမ်းသောအသံကို ငါကြားရပြီ။
12 "Jeg har hørt Israeliternes Knurren; sig til dem: Ved Aftenstid skal I få Kød at spise, og i Morgen tidlig skal I få Brød at mætte eder med, og I skal kende, at jeg er HERREN eders Gud."
၁၂ညဦးယံ၌ သင်တို့သည် အမဲသားကို စားရကြလိမ့်မည်။ နံနက်ယံ၌လည်း မုန့်နှင့် ဝရကြလိမ့်မည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို သိကြလိမ့်မည်ဟု သူတို့က ပြောလော့ဟု မောရှေအား မိန့်တော်မူ၏။
13 Da det nu blev Aften, kom en Sværm Vagtler flyvende og faldt i et tykt Lag over Lejren; og næste Morgen lå Duggen tæt rundt om Lejren,
၁၃ညဦးယံ၌ ငုံးငှက်တို့သည် တပ်ကိုအနှံ့အပြား တက်လာကြ၏။ နံနက်ယံ၌လည်း တပ်ပတ်လည် အရပ်ရပ်တွင် နှင်းကျလျက်ရှိ၏။
14 og da Duggen svandt, var Ørkenen dækket med noget fint, skælagtigt noget, noget fint der lignede Rim på Jorden.
၁၄နှင်းတက်ပြီးသောအခါ၊ နှင်းခဲကဲ့သို့ သေးသေးလုံးလုံးအရာသည် မြေမျက်နှာပေါ်မှာ ရှိရစ်လေ၏။
15 Da Israeliterne så det, spurgte de hverandre: "Hvad er det?" Thi de vidste ikke, hvad det var; men Moses sagde til dem: "Det er det Brød, HERREN har givet eder til Føde!
၁၅ထိုအရာကို ဣသရေလအမျိုးသားတို့သည် မြင်သောအခါ၊ အဘယ်အရာနည်းဟု မသိသောကြောင့်၊ တယောက်ကို တယောက် မေးကြ၏။ မောရှေကလည်း၊ ဤအရာသည် သင်တို့စားစရာဘို့ ထာဝရဘုရား ပေးသနားတော်မူသောမုန့်ဖြစ်၏။
16 Og således har HERREN påbudt: I skal samle deraf, enhver så meget som han har behov, en Omer for hvert Hoved; I skal tage deraf i Forhold til Antallet af eders Husfolk, enhver skal tage deraf til dem, der er i hans Telt!"
၁၆လူတိုင်း မိမိတဲ၌ရှိသောသူအရေအတွက်နှင့်အညီ၊ လူအသီးအသီးစားလောက်အောင် တယောက် တဩမဲစီ သိမ်းယူကြလော့ဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။
17 Israeliterne gjorde nu således, og de samlede, nogle mere og andre mindre;
၁၇ဣသရေလအမျိုးသားတို့သည် ထိုသို့ပြု၍၊ အနည်းအများအလိုက် သိမ်းယူကြ၏။
18 og da de målte det med Omeren, havde den, der havde meget, ikke for meget, og den, der havde lidt, ikke for lidt, enhver havde samlet, hvad han behøvede til Føde.
၁၈ဩမဲတောင်းနှင့် ခြင်ကြသောအခါ၊ များများရသောသူမပို၊ နည်းနည်းရသောသူ မလို၊ အသီးအသီး တို့သည် စားလောက်အောင် သိမ်းယူကြ၏။
19 Derpå sagde Moses til dem: "Ingen må gemme noget deraf til næste Morgen!"
၁၉မောရှေကလည်း၊ နံနက်တိုင်အောင် အဘယ်သူမျှ မကျန်စေနှင့်ဟု ဆိုသော်လည်း၊
20 Dog adlød de ikke Moses, og nogle af dem gemte noget deraf til næste Morgen; men da var det fuldt af Orme og lugtede. Da blev Moses vred på dem.
၂၀အချို့တို့သည် မောရှေစကားကို နားမထောင်ဘဲ၊ နံနက်တိုင်အောင် ကျန်စေသဖြင့်၊ ပိုးဖြစ်၍ နံလေသော်၊ မောရှေသည် အမျက်ထွက်၏။
21 Således samlede de nu hver Morgen, enhver så meget som han havde behov. Men når Solen begyndte at brænde, smeltede det.
၂၁ထိုသူ အသီးအသီးတို့သည် နေ့တိုင်း မိမိတို့စားလောက်သမျှကို သိမ်းယူကြ၏။ နေပူသောအခါ အရေဖြစ်လေ၏။
22 På den sjette Ugedag havde de samlet dobbelt så meget Brød, to Omer for hver Person. Og alle Menighedens Øverster kom og sagde det til Moses;
၂၂ခြောက်ရက်မြောက်သောနေ့၌၊ မုန့်နှစ်ဆတည်းဟူသော တယောက်နှစ်ဩမဲစီ သိမ်းရကြ၏။ ထိုအကြောင်းကို ပရိသတ်အုပ်အပေါင်းတို့သည် မောရှေအား ကြားပြောလေ၏။
23 men han sagde til dem: "Det er netop, som HERREN har sagt. I Morgen er det Hviledag, en hellig Sabbat for HERREN. Bag, hvad I vil bage, og kog, hvad I vil koge, men læg det tiloversblevne til Side for at gemme det til i Morgen!"
၂၃သူကလည်း၊ နက်ဖြန်နေ့သည် ထာဝရဘုရားရှေ့၌ သန့်ရှင်းသောဥပုသ်နေ့၊ ငြိမ်ဝပ်စွာနေရသောနေ့ ဖြစ်၏။ မုန့်ကို ပေါင်းချင်သည်အတိုင်း ပေါင်းကြလော့။ ပြုတ်ချင်သည်အတိုင်း ပြုတ်ကြလော့။ ကျန်သောအရာ ကို နံနက်တိုင်အောင် စောင့်၍ သိုထားကြလော့ဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။
24 De lagde det da til Side til næste Dag, som Moses havde befalet, og det kom ikke til at lugte, og der gik ikke Orm deri.
၂၄မောရှေမှာထားသည်အတိုင်း၊ နံနက်တိုင်အောင် သိုထားကြ၏။ နံခြင်းနှင့် ကင်းလွတ်၏။ ပိုးလည်းမရှိ။
25 Derpå sagde Moses: "Det skal I spise i Dag, thi i Dag er det Sabbat for HERREN; i Dag finder I intet ude på Marken.
၂၅မောရှေကလည်း၊ ကျန်သောအရာကို ယနေ့စားကြလော့။ ယနေ့သည် ထာဝရဘုရား၏ ဥပုသ်နေ့ ဖြစ်၏။ ယနေ့တွင် ထိုအရာကို တော၌ မတွေ့ရ။
26 I seks bage skal I samle det, men på den syvende Dag, på Sabbaten, er der intet at finde."
၂၆ခြောက်ရက်ပတ်လုံး သိမ်းယူရကြ၏။ ဥပုသ်နေ့တည်းဟူသော ခုနစ်ရက်မြောက်သောနေ့တွင် မရှိမတွေ့ရဟု ဆိုလေ၏။
27 Alligevel var der nogle blandt Folket, der gik ud på den syvende Dag for at samle; men de fandt intet.
၂၇ခုနစ်ရက်မြောက်သောနေ့၌၊ အချို့တို့သည် သိမ်းယူခြင်းငှာ ထွက်သွားရာတွင်၊ ရှာ၍ မတွေ့ရကြ။
28 Da sagde HERREN til Moses: "Hvor længe vil I vægre eder ved at holde mine Bud og Love?
၂၈ထာဝရဘုရားကလည်း၊ သင်တို့သည် ငါ့ပညတ်တရားများတို့ကို အဘယ်မျှကာလပတ်လုံး ငြင်းပယ်ကြ လိမ့်မည်နည်း။
29 Betænk dog, at HERREN har givet eder Sabbaten! Derfor giver han eder på den sjette Dag Brød til to Dage. Enhver af eder skal blive, hvor han er, og ingen må forlade sin Bolig på den syvende Dag!"
၂၉ထာဝရဘုရားသည် ဥပုသ်နေ့ကို သင်တို့အား ပေးတော်မူပြီ။ ထိုကြောင့် ခြောက်ရက်မြောက်သောနေ့၌ နှစ်ရက်အတွက်မုန့်ကို ပေးတော်မူ၏။ လူတိုင်း မိမိနေရာ၌ နေစေ၊ ခုနစ်ရက်မြောက်သောနေ့၌ မိမိနေရာမှ အဘယ်သူမျှ မသွားစေနှင့်ဟု မောရှေအား မိန့်တော်မူ၏။
30 Da hvilede Folket på den syvende Dag.
၃၀ထိုကြောင့် လူများတို့သည် ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာနေကြ၏။
31 Men Israeliterne kaldte det Manna; det lignede hvide Korianderfrø og smagte som Honningkager.
၃၁ဣသရေလအမျိုးသားတို့သည် ထိုစားစရာကို မန္နဟုခေါ်ဝေါ်ကြ၏။ နံနံစေ့ကဲ့သို့ဖြစ်၍ ဖြူသောအဆင်းရှိ၏။ ပျားရည်နှင့် ရောသောမုန့်ကြွပ်နှင့် အရသာတူ၏။
32 Moses sagde fremdeles: "Således har HERREN påbudt: En Omer fuld deraf skal gemmes til eders Efterkommere, for at de kan se det Brød, jeg gav eder at spise i Ørkenen, da jeg førte eder ud af Ægypten!"
၃၂မောရှေကလည်း၊ သင်တို့ကို အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သောအခါ၊ တော၌ သင်တို့အား ကျွေးသော မုန့်ကို၊ သင်တို့အမျိုးအစဉ်အဆက်တို့သည် မြင်စေခြင်းငှာ၊ သူတို့အဘို့ သိုထားရသော ဩမဲတဩမဲကို ဖြည့်ကြလော့ဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။
33 Og Moses sagde til Aron: "Tag en Krukke, kom en Omer Manna deri og stil den foran HERRENs Åsyn for at gemmes til eders Efterkommere!"
၃၃တဖန် အာရုန်ကိုလည်း၊ အိုးတလုံးကို ယူ၍ မန္နတဩမဲကို အပြည့်ထည့်ပြီးလျှင်၊ သင်တို့လူမျိုး အစဉ်အဆက်ဘို့ စောင့်စေခြင်းငှာ၊ ထာဝရဘုရားရှေ့တော်၌ သိုထားလော့ဟု ဆို၍၊
34 Og Aron gjorde, som HERREN havde pålagt Moses, og han stillede den foran Vidnesbyrdet for at gemmes.
၃၄မောရှေကို ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ထိုမန္နကို အာရုန်စောင့်စေခြင်းငှာ၊ သက်သေတော်ရှေ့မှာ သိုထားလေ၏။
35 Og Israeliterne spiste Manna i fyrretyve År, indtil de kom til beboede Egne; de spiste Manna, indtil de kom til Grænsen af Kana'ans Land.
၃၅ဣသရေလအမျိုးသားတို့သည်၊ လူနေရာပြည်သို့ မရောက်မှီတိုင်အောင်၊ အနှစ်လေးဆယ်ပတ်လုံး မန္နကို စားကြ၏။ ခါနာန်ပြည် နယ်နိမိတ်သို့ မရောက်မှီတိုင်အောင် မန္နကို စားကြ၏။
36 En Omer er Tiendedelen af en Efa.
၃၆ဩမဲမူကား၊ ဧဖာဆယ်စုတစုဖြစ်သတည်း။

< 2 Mosebog 16 >