< 尼希米記 8 >

1 到了七月,以色列人住在自己的城裏。那時,他們如同一人聚集在水門前的寬闊處,請文士以斯拉將耶和華藉摩西傳給以色列人的律法書帶來。
သတ္တမလရောက်မှ၊ မြို့ရွာအရပ်ရပ်၌နေသော ဣသရေလ အမျိုးသားလူအပေါင်းတို့သည် လာ၍ ရေတံခါးလမ်းတွင် စည်းဝေးကြ၏။ ဣသရေလအမျိုး၌ ထာဝရဘုရားထားတော်မူသော မောရှေပညတ္တိကျမ်း စာကို ဆောင်ခဲ့ပါဟု ကျမ်းတတ်ဆရာ ဧဇရကို တောင်း သည်အတိုင်း၊
2 七月初一日,祭司以斯拉將律法書帶到聽了能明白的男女會眾面前。
နားထောင်နားလည်နိုင်သမျှသော ပရိသတ် ယောက်ျား မိန်းမတို့ ရှေ့သို့ သတ္တမလ ပဌမနေ့ရက်တွင်၊ ပညတ္တိကျမ်းစာကို ယဇ်ပုရောဟိတ် ဧဇရသည် ဆောင်ခဲ့ ၍၊
3 在水門前的寬闊處,從清早到晌午,在眾男女、一切聽了能明白的人面前讀這律法書。眾民側耳而聽。
နားလည်နိုင်သောသူ၊ ယောက်ျားမိန်းမတို့ ရှေ့မှာ နံနက်အချိန်မှ စ၍ မွန်းတည့်အချိန်တိုင်အောင် ရေတံခါးလမ်းတွင် ဘတ်ရွတ်လေ၏။ လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကို စေ့စေ့နားထောင်ကြ၏။
4 文士以斯拉站在為這事特備的木臺上。瑪他提雅、示瑪、亞奈雅、烏利亞、希勒家,和瑪西雅站在他的右邊;毗大雅、米沙利、瑪基雅、哈順、哈拔大拿、撒迦利亞,和米書蘭站在他的左邊。
သူတို့လုပ်ကြသော တရားဟောရာသစ်သား ပလ္လင်ပေါ်မှာ၊ ကျမ်းတတ်ဆရာဧဇရသည် ရပ်၍ မတ္တိသ၊ ရှေမ၊ အနာယ၊ ဥရိယ၊ ဟိလခိ၊ မာသေယတို့သည် လက်ျာဘက်၌၎င်း၊ ပေဒါယ၊ မိရှေလ၊ မာလခိ၊ ဟာရှုံ၊ ဟာရှဗဒါန၊ ဇာခရိ၊ မေရှုလံတို့သည် လက်ဝဲဘက်၌၎င်း ရပ်နေကြ၏။
5 以斯拉站在眾民以上,在眾民眼前展開這書。他一展開,眾民就都站起來。
ထိုသို့ ဧဇရသည် လူအပေါင်းတို့ထက်သာ၍ မြင့်လျက်၊ လူအပေါင်းတို့ရှေ့မှာ ကျမ်းစာကို ဖွင့်သောအခါ၊ ဠူအပေါင်းတို့သည် ထကြ၏။
6 以斯拉稱頌耶和華至大的上帝;眾民都舉手應聲說:「阿們!阿們!」就低頭,面伏於地,敬拜耶和華。
ဧဇရသည် မြတ်စွာဘုရားသခင် ထာဝရဘုရား ကို ကောင်းကြီးပေး၏။ လူအပေါင်းတို့က အာမင်၊ အာမင်ဟု လက်တို့ကို ချီလျက်၊ ဝန်ခံ၍ ဦးချပြပ်ဝပ်လျက် ထာဝရဘုရားကို ကိုးကွယ်ကြ၏။
7 耶書亞、巴尼、示利比、雅憫、亞谷、沙比太、荷第雅、瑪西雅、基利他、亞撒利雅、約撒拔、哈難、毗萊雅,和利未人使百姓明白律法;百姓都站在自己的地方。
ယောရှု၊ ဗာနိ၊ ရှေရဘိ၊ ယာမိန်၊ အက္ကုပ်၊ ရှဗ္ဗေသဲ၊ ဟောဒိယ၊ မာသေယ၊ ကေလိတ၊ အာဇရိ၊ ယောဇဗဒ်၊ ဟာနန်၊ ပေလာယအစ ရှိသော လေဝိသားတို့သည်လည်း လူများတို့အား ပညတ္တိကျမ်းစာအနက်ကို ပြန်ကြားကြ၏။ လူများတို့သည်လည်း မိမိတို့နေရာ၌ နေကြ၏။
8 他們清清楚楚地念上帝的律法書,講明意思,使百姓明白所念的。
ထိုသို့ဘုရားသခင်၏ ပညတ္တိကျမ်းစာကို သေချာစွာ ဘတ်ရွတ်၍ အနက်ကိုပြန်သဖြင့်၊ လူများ နားလည်စေခြင်းငှါ ပြုကြ၏။
9 省長尼希米和作祭司的文士以斯拉,並教訓百姓的利未人,對眾民說:「今日是耶和華-你們上帝的聖日,不要悲哀哭泣。」這是因為眾民聽見律法書上的話都哭了;
လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကို ကြားသောအခါ ငိုကြွေးကြသည်ဖြစ်၍၊ ပြည်အုပ်မင်း နေဟမိ၊ ကျမ်းတတ်ဆရာ ယဇ်ပုရောဟိတ် ဧဇရ၊ လူများ တို့အား သွန်သင်သော လေဝိသားတို့က၊ ဤသည်နေ့ရက် သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားအဘို့ သန့်ရှင်းသော နေ့ဖြစ်၏။ ငိုကြွေးမြည်တမ်းခြင်းကို မပြုကြနှင့်။
10 又對他們說:「你們去吃肥美的,喝甘甜的,有不能預備的就分給他,因為今日是我們主的聖日。你們不要憂愁,因靠耶和華而得的喜樂是你們的力量。」
၁၀သွားကြလော့၊ မြိန်စွာသော အစာကိုစားကြ လော့။ ချိုသော အရည်ကိုသောက်ကြလော့။ ဆင်းရဲသော သူတို့အား ဝေမျှကြလော့။ ဤသည်နေ့ရက်သည် ငါတို့ ဘုရားရှင်အဘို့ သန့်ရှင်း၏။ ဝမ်းမနည်းကြနှင့်၊ ထာဝရ ဘုရားပေးတော်မူသောအခွင့်နှင့် အားယူ၍ ဝမ်းမြောက် ကြလော့ဟု လူအပေါင်းတို့အား ဆိုကြ၏။
11 於是利未人使眾民靜默,說:「今日是聖日;不要作聲,也不要憂愁。」
၁၁ထိုသို့ လေဝိသားတို့က၊ ဤသည်နေ့ရက်သည် သန့်ရှင်းသော နေ့ဖြစ်သောကြောင့် တိတ်ဆိတ်စွာ နေကြ လော့။ ဝမ်းနည်းမနေကြနှင့်ဟု ဆို၍ လူအပေါင်းတို့ကို ငြိမ်းစေကြ၏။
12 眾民都去吃喝,也分給人,大大快樂,因為他們明白所教訓他們的話。
၁၂လူအပေါင်းတို့သည် ဟောပြောသော စကား များကို နားလည်သောကြောင့်၊ စားသောက်ခြင်း၊ သူတပါး တို့အား ဝေမျှခြင်း၊ အလွန်ပျော်မွေ့ခြင်းကို ပြုအံ့သောငှါ သွားကြ၏။
13 次日,眾民的族長、祭司,和利未人都聚集到文士以斯拉那裏,要留心聽律法上的話。
၁၃ဒုတိယနေ့ရက်တွင်၊ အဆွေအမျိုးသူကြီးများတို့ နှင့်တကွ ယဇ်ပုရောဟိတ် လေဝိသားတို့သည် ပညတ္တိ ကျမ်းစကားကို နားလည်အံ့သောငှါ၊ ကျမ်းတတ်ဆရာ ဧဇရထံ၌ စည်းဝေးကြ၏။
14 他們見律法上寫着,耶和華藉摩西吩咐以色列人要在七月節住棚,
၁၄သတ္တမလပွဲကိုခံကြစဉ်၊ ဣသရေအမျိုးသား အပေါင်းတို့သည် သစ်ခက်တဲ၌ နေရကြမည်ဟု မောရှေ အားဖြင့် ထာဝရဘုရားထားတော်မူသော ပညတ္တိ ကျမ်းစာ၌ ရေးထားကြောင်းကို တွေ့ကြ၏။
15 並要在各城和耶路撒冷宣傳報告說:「你們當上山,將橄欖樹、野橄欖樹、番石榴樹、棕樹,和各樣茂密樹的枝子取來,照着所寫的搭棚。」
၁၅ထိုစကားကို ကြားသောအခါ၊ ကျမ်းစာ၌ ပါသည်အတိုင်း သစ်ခက်တဲတို့ကိုလုပ်ခြင်းငှါ တောင်သို့ သွားကြ။ သံလွင်ခက်၊ ထင်းရူးခက်၊ မုရတုခက်၊ စွန်ပလွံ ခက် အစရှိသော ထူထပ်သောအခက် အလက်မျိုးတို့ကို ဆောင်ခဲ့ကြဟု ယေရုရှလင်မြို့မှစ၍ ခပ်သိမ်းသော မြို့ရွာတို့၌ ကြော်ငြာကြ၏။
16 於是百姓出去,取了樹枝來,各人在自己的房頂上,或院內,或上帝殿的院內,或水門的寬闊處,或以法蓮門的寬闊處搭棚。
၁၆လူများတို့သည် ထွက်သွား၍၊ သစ်ခက်တို့ကို ဆောင်ခဲ့ပြီးလျှင် အိမ်မိုးပေါ်မှာ၎င်း၊ မိမိဝင်းထဲ၊ ဗိမာန် တော်တန်တိုင်းထဲမှာ၎င်း၊ ရေတံခါးလမ်းနှင့် ဧဖရိမ်တံခါး လမ်းမှာ၎င်း သစ်ခက်တဲများကို လုပ်ကြ၏။
17 從擄到之地歸回的全會眾就搭棚,住在棚裏。從嫩的兒子約書亞的時候直到這日,以色列人沒有這樣行。於是眾人大大喜樂。
၁၇ထိုသို့သိမ်းသွားခြင်းကို ခံရရာထဲကထွက်လာ သော ပရိသတ်အပေါင်းတို့သည် သစ်ခက်တဲတို့ကို လုပ်၍ ထိုင်နေကြ၏။ နုန်သား ယောရှုလက်ထက်မှစ၍ ဣသ ရေလအမျိုးသားတို့သည် တခါမျှ ထိုသို့မပြုကြ။ အလွန် ဝမ်းမြောက်လျက်နေကြ၏။
18 從頭一天直到末一天,以斯拉每日念上帝的律法書。眾人守節七日,第八日照例有嚴肅會。
၁၈ပဌမနေ့မှစ၍ နောက်ဘုရားသခင်၏ ပညတ္တိ ကျမ်းစာကို ဘတ်ရွတ်ကြ၏။ ထိုပွဲကို ခုနစ်ရက်ပတ်လုံး ခံကြ၏။ ရှစ်ရက်မြောက်သောနေ့၌ တရားတော်အတိုင်း ဓမ္မပွဲကိုလည်းခဲ့ကြ၏။

< 尼希米記 8 >