< 列王紀下 16 >

1 利瑪利的兒子比加十七年,猶大王約坦的兒子亞哈斯登基。
ရေမလိသား ပေကာနန်းစံဆယ်ခုနစ်နှစ်တွင် ယုဒရှင်ဘုရင် ယောသံသားအာခတ်သည် အသက် နှစ်ဆယ်ရှိသော် နန်းထိုင်၍၊
2 他登基的時候年二十歲,在耶路撒冷作王十六年;不像他祖大衛行耶和華-他上帝眼中看為正的事,
ယေရုရှလင်မြို့၌ ဆယ်ခြောက်နှစ်စိုးစံလေ၏။ ထိုမင်းသည် အဘဒါဝိဒ်ကဲ့သို့မကျင့်၊ ထာဝရဘုရား ရှေ့တော်၌ တရားသော အမှုကို မပြု၊
3 卻效法以色列諸王所行的,又照着耶和華從以色列人面前趕出的外邦人所行可憎的事,使他的兒子經火,
ဣသရေလရှင်ဘုရင်တို့ လိုက်သောလမ်းသို့ လိုက်၍၊ ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ ရှေ့မှ၊ နှင်ထုတ်တော်မူသော တပါးအမျိုးသားတို့၏ ရွံရှာဘွယ် ထုံးစံအတိုင်း၊ မိမိသားကို မီးဖြင့်ပူဇော်၏။
4 並在邱壇上、山岡上、各青翠樹下獻祭燒香。
မြင့်သောအရပ်၊ တောင်ပေါ်၊ သစ်ပင်အောက် တို့၌ပူဇော်၍ နံ့သာပေါင်းကို မီးရှို့တတ်၏။
5 亞蘭王利汛和以色列王利瑪利的兒子比加上來攻打耶路撒冷,圍困亞哈斯,卻不能勝他。
ထိုအခါ ရှုရိရှင်ဘုရင် ရေဇိန်နှင့် ဣသရေလ ရှင်ဘုရင် ရေမလိသားပေကာသည် ယေရုရှလင်မြို့သို့ စစ်ချီ၍ အာခတ်မင်းကို ဝိုင်းထားသော်လည်း မနိုင်ရ။
6 當時亞蘭王利汛收回以拉他歸與亞蘭,將猶大人從以拉他趕出去。亞蘭人就來到以拉他,住在那裏,直到今日。
သို့ရာတွင်၊ ရှုရိရှင်ဘုရင် ရေဇိန်သည် ဧလတ်မြို့ ကို ရှုရိနိုင်ငံ သို့သွင်းပြန်၍၊ ယုဒလူတို့ကို နှင်ထုတ်သဖြင့်၊ ရှုရိလူတို့သည်လာ၍ ယနေ့တိုင်အောင် ဧလတ်မြို့၌ နေကြ၏။
7 亞哈斯差遣使者去見亞述王提革拉‧毗列色,說:「我是你的僕人、你的兒子。現在亞蘭王和以色列王攻擊我,求你來救我脫離他們的手。」
ထိုကြောင့်အာခတ်သည် အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာထံသို့ သံတမန်ကို စေလွှတ်၍၊ ကျွန်ုပ်သည် ကိုယ်တော်သား၊ ကိုယ်တော်ကျွန်ဖြစ်ပါ၏။ လာပါ။ ကျွန်ုပ်ကို ရန်ဘက်ပြုသော ရှုရိရှင်ဘုရင်နှင့် ဣသရေလ ရှင်ဘုရင်လက်မှ ကယ်ယူပါဟု တောင်းပန်၏။
8 亞哈斯將耶和華殿裏和王宮府庫裏所有的金銀都送給亞述王為禮物。
တဖန်ဗိမာန်တော်၌၎င်း၊ နန်းတော်ဘဏ္ဍာတိုက် ၌၎င်း ရှိသော ရွှေငွေကို ယူ၍ အာရှုရိရှင်ဘုရင်ထံသို့ လက်ဆောင်ပေးလိုက်လေ၏။
9 亞述王應允了他,就上去攻打大馬士革,將城攻取,殺了利汛,把居民擄到吉珥。
အာရှုရိရှင်ဘုရင်သည် နားထောင်၍ ဒမာ သက်မြို့သို့ စစ်ချီ၍ တိုက်ယူပြီးလဆင်၊ ပြည်သားတို့ကို ကိရမြို့သို့ သိမ်းသွား၏။ ရေဇိန်မင်းကိုလည်း သတ်၏။
10 亞哈斯王上大馬士革去迎接亞述王提革拉‧毗列色,在大馬士革看見一座壇,就照壇的規模樣式作法畫了圖樣,送到祭司烏利亞那裏。
၁၀အာခတ်မင်းကြီးသည် အာရှုရိရှင်ဘုရင်ကို ခရီး ဦးကြိုပြုခြင်းငှါ ဒမာသက်မြို့သို့သွား၏။ ထိုမြို့မှာရှိသော ယဇ်ပလ္လင်ကိုမြင်လျှင်၊ ပလ္လင်ပုံ၊ အတိုင်းအရှည်၊ တန်ဆာ ရှိသမျှကိုရေး၍ ယဇ်ပုရောဟိတ်ဥရိယထံသို့ ပေးလိုက်၏။
11 祭司烏利亞照着亞哈斯王從大馬士革送來的圖樣,在亞哈斯王沒有從大馬士革回來之先,建築一座壇。
၁၁ထိုသို့ ဒမာသက်မြို့မှ အာခတ်မင်းပေးလိုက် သမျှအတိုင်း၊ ယဇ်ပုရောဟိတ်ဥရိယသည် အာခတ်မင်း မရောက်မှီ လုပ်နှင့်ပြီ။
12 王從大馬士革回來看見壇,就近前來,在壇上獻祭;
၁၂ရှင်ဘုရင်သည် ဒမာသက်မြို့မှရောက်လာသော အခါ၊ ထိုယဇ်ပလ္လင်ကို မြင်၍ ချဉ်းကပ်သဖြင့်၊
13 燒燔祭、素祭、澆奠祭,將平安祭牲的血灑在壇上,
၁၃မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာကို မီးရှို့၏။ သွန်းလောင်းရာ ပူဇော်သက္ကာ ကိုလည်း သွန်းလောင်း၏။ မိဿဟာယယဇ်အသွေးကိုလည်း ယဇ် ပလ္လင်ပေါ်မှာဖြန်းလေ၏။
14 又將耶和華面前的銅壇從耶和華殿和新壇的中間搬到新壇的北邊。
၁၄ထာဝရဘုရားရှေ့တော်၌ရှိသော ကြေးဝါယဇ် ပလ္လင်ကို ဗိမာန်တော်ရှေ့၊ ယဇ်ပလ္လင်ကြီးနှင့် ဗိမာန်တော် စပ်ကြားအရပ်မှ ရွေ့၍ ယဇ်ပလ္လင်ကြီး မြောက်ဘက်၌ ထား၏။
15 亞哈斯王吩咐祭司烏利亞說:「早晨的燔祭、晚上的素祭,王的燔祭、素祭,國內眾民的燔祭、素祭、奠祭都要燒在大壇上。燔祭牲和平安祭牲的血也要灑在這壇上,只是銅壇我要用以求問耶和華。」
၁၅တဖန်ယဇ်ပုရောဟိတ်ဥရိယကို မှာထားသည် ကား၊ နံနက် မီးရှို့ရာယဇ်နှင့် ညဦးယံဘောဇဉ် ပူဇော် သက္ကာ၊ ရှင်ဘုရင်မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ကို ယဇ်ပလ္လင်ကြီးပေါ်မှာ မီးရှို့လော့။ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးအသွေးကို လည်း ထိုပလ္လင်ပေါ်မှာဖြန်းလော့။ ကြေးဝါယဇ်ပလ္လင် သည် ငါမေးမြန်းစရာဘို့ ရှိရမည်ဟု၊
16 祭司烏利亞就照着亞哈斯王所吩咐的行了。
၁၆အာခက်မင်းကြီးမှာထားသမျှအတိုင်း ယဇ် ပုရောဟိတ်ဥရိယ ပြု၏။
17 亞哈斯王打掉盆座四面鑲着的心子,把盆從座上挪下來,又將銅海從馱海的銅牛上搬下來,放在鋪石地;
၁၇အာခတ်မင်းကြီးသည် ကြေးဝါခုံတန်ဆာတို့ကို ပယ်၍ အင်တုံကို လည်းရွေ့၏။ ကြေးဝါရေကန်ကိုလည်း ကြေးဝါနွားတို့အပေါ်ကချ၍ ကျောက်ခင်းပေါ်မှာ တင်ထား၏။
18 又因亞述王的緣故,將耶和華殿為安息日所蓋的廊子和王從外入殿的廊子挪移,圍繞耶和華的殿。
၁၈ဗိမာန်တော်၌ ဥပုသ်စောင့်စရာဘို့ ဆောက် သောမဏ္ဍပ်ကို၎င်း၊ ရှင်ဘုရင်တက်ရာစောင်းတန်းကို၎င်း၊ အာရှုရိရှင်ဘုရင်ကြောင့် ပယ်၏။
19 亞哈斯其餘所行的事都寫在猶大列王記上。
၁၉အာခတ်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင်၌ရေးထားလျက်ရှိ၏။
20 亞哈斯與他列祖同睡,葬在大衛城他列祖的墳地裏。他兒子希西家接續他作王。
၂၀အာခတ်သည်ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သူတို့ နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော် ဟေဇကိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။

< 列王紀下 16 >