< Yeremiya 27 >
1 Zedekiya mwana wa Yosiya, mfumu ya ku Yuda, atangoyamba kulamulira, Yehova anawuza Yeremiya kuti,
၁ယုဒပြည်တွင်ယောရှိ၏သားဇေဒကိနန်း တက်ပြီးနောက် များမကြာမီထာဝရ ဘုရားသည်ငါ့အားမိန့်တော်မူသည်မှာ၊-
2 “Tenga zingwe zomangira ndi mitengo ya goli ndipo uzimangirire mʼkhosi mwako.
၂``သားရေကြိုးများ၊ ကန့်လန့်ဖြတ်သစ်သား တန်းများဖြင့်နွားထမ်းပိုးပြုလုပ်၍သင် ၏လည်ကုပ်တွင်တင်လော့။-
3 Tsono utumize uthenga kwa mafumu a Edomu, Mowabu, Amoni, Turo ndi Sidoni kudzera mwa amithenga amene abwera ku Yerusalemu kwa Zedekiya, mfumu ya Yuda.
၃ထိုနောက်ဇေဒကိမင်းနှင့်တွေ့ဆုံရန်ယေရု ရှလင်မြို့သို့ရောက်ရှိလာသောသံတမန် များမှတစ်ဆင့်ဧဒုံမင်း၊ မောဘမင်း၊ အမ္မုန် မင်း၊ တုရုမင်းနှင့်ဇိဒုန်မင်းတို့ထံသို့ သတင်းပေးပို့လော့'' ဟုမိန့်တော်မူ၏။-
4 Uwapatse uthenga wokapereka kwa ambuye awo ndipo uwawuze kuti: Yehova Wamphamvuzonse, Mulungu wa Israeli akuti, ‘Mukawuze ambuye anu kuti:
၄ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားသည်ငါ့ အား``သင်သည်ထိုသံတမန်များမှတစ်ဆင့် မိမိတို့၏ဘုရင်များအားဤသို့ပြော ကြားစေလော့။-
5 Ndi mphamvu zanga ndi dzanja langa lamphamvu ndinalenga dziko lapansi ndi anthu ake onse pamodzi ndi nyama zili mʼmenemo, ndipo ndimalipereka kwa aliyense amene ndikufuna.
၅ငါသည်မိမိ၏ကြီးမားသောတန်ခိုးစွမ်း ရည်တော်ဖြင့်ကမ္ဘာမြေပေါ်ရှိလူများ၊ တိ ရစ္ဆာန်များနှင့်တကွကမ္ဘာလောကကိုဖန် ဆင်းတော်မူခဲ့သည်ဖြစ်၍ ထိုကမ္ဘာလောက ကိုမိမိ၏ဆန္ဒအလျောက်အဘယ်သူ့အား မဆိုပေးအပ်နိုင်ပေသည်။-
6 Tsopano ndidzapereka mayiko anu onse kwa mtumiki wanga Nebukadinezara mfumu ya ku Babuloni. Ndamupatsanso nyama zakuthengo zonse kuti zimutumikire.
၆လူမျိုးတကာတို့အားငါ၏အစေခံနေ ဗုခဒ်နေဇာ၏လက်အောက်သို့ကျရောက်စေ သူမှာငါပင်ဖြစ်၏။ ငါသည်တောတိရစ္ဆာန် များကိုပင်လျှင်သူ၏အစေကိုခံစေလေ ပြီ။-
7 Anthu a mitundu yonse adzamutumikira iyeyo, mwana wake ndi chidzukulu chake mpaka nthawi itakwana yoti dziko lake liwonongedwe. Pamenepo mitundu yambiri ndi mafumu amphamvu adzamugonjetsa.
၇သူ၏နိုင်ငံပျက်သုဉ်းချိန်မရောက်မချင်း လူမျိုးတကာတို့သည်သူ၏အစေကိုလည်း ကောင်း၊ သူ၏သားနှင့်မြေးတို့၏အစေကို လည်းကောင်းခံရကြလိမ့်မည်။ ထိုနောက်သူ ၏လူမျိုးသည်တန်ခိုးကြီးမားသည့်လူမျိုး များနှင့်ဘုရင်တို့၏အစေကိုခံရကြလိမ့် မည်။
8 “‘Koma ngati anthu a mtundu wina uliwonse kapena ufumu wina uliwonse adzakana kutumikira Nebukadinezara mfumu ya ku Babuloni kapena kusenza goli lake, Ine ndidzalanga mtundu umenewo ndi lupanga, ndi njala ndi mliri, akutero Yehova, mpaka nditawapereka mʼmanja mwake kotheratu.
၈သို့ရာတွင်ဘယ်လူမျိုးသို့မဟုတ်ဘယ် နိုင်ငံသည် ထိုမင်း၏အုပ်စိုးမှုကိုမခံဘဲ နေလျှင် ထိုလူမျိုးအားနေဗုခဒ်နေဇာ မဖျက်ဆီးမီတိုင်အောင်စစ်မက်အန္တရာယ်၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့်အနာ ရောဂါဘေးတို့ဖြင့်ငါသည်အပြစ်ဒဏ် ခတ်တော်မူမည်။-
9 Choncho musamvere aneneri anu, owombeza anu, otanthauza maloto anu, amawula anu kapena amatsenga anu akamakuwuzani kuti, ‘Simudzatumikira mfumu ya ku Babuloni.’
၉အိပ်မက်အနက်ဖွင့်သူများ၊ လူသေဝိညာဉ် များကိုခေါ်ယူ၍ မှော်အတတ်အားဖြင့် အနာဂတ်ကိုဟောနိုင်သည်ဟုဆိုသူများ၊ သို့မဟုတ်သင်တို့၏ပရောဖက်များ၏ စကားကိုနားမထောင်ကြနှင့်။ သူတို့ အားလုံးပင်လျှင်သင်တို့အားဗာဗုလုန် ဘုရင်၏အစေကိုမခံရန်ပြောကြား ကြ၏။-
10 Iwo akukuloserani zabodza kotero kuti adani adzakuchotsani mʼdziko lanu nʼkupita nanu ku dziko lakutali. Ndidzakupirikitsani ndi kukuwonongani kotheratu.
၁၀သူတို့သည်သင်တို့အားလိမ်လည်ဟောပြော လျက်နေကြ၏။ ထို့ကြောင့်သင်တို့သည်မိမိ တို့ပြည်မှရပ်ဝေးသို့ခေါ်ဆောင်ခြင်းကိုခံရ လိမ့်မည်။ ငါသည်လည်းသင်တို့ကိုနှင်ထုတ် မည်။ သင်တို့သည်သေကြေပျက်စီးကြလိမ့် မည်။-
11 Koma ngati mtundu wina uliwonse udzagonjera mfumu ya ku Babuloni ndi kuyitumukira, ndidzawusiya kuti ukhale mʼdziko lake kuti uzilima ndi kukhalamo, akutero Yehova.’”
၁၁သို့သော်အကြင်လူမျိုးသည်ဗာဗုလုန်ဘုရင် ၏ထမ်းပိုးအောက်တွင် အညံ့ခံ၍သူ၏အစေ ကိုခံ၏။ ထိုလူမျိုးအားငါသည်မိမိတို့တိုင်း ပြည်တွင် ထွန်ယက်လုပ်ကိုင်နေထိုင်ခွင့်ကိုပေး တော်မူမည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော် မူ၏။
12 Uthenga womwewu ndinawuzanso Hezekiya mfumu ya Yuda. Ndinati, “Gonjerani mfumu ya ku Babuloni. Itumikireni iyoyo pamodzi ndi anthu ake ndipo mudzakhala ndi moyo.
၁၂ငါသည်ယုဒဘုရင်ဟေဇကိအားလည်း အထက်ပါအတိုင်းလျှောက်၏။ ငါက``အရှင် သည်ဗာဗုလုန်ဘုရင်၏ထမ်းပိုးအောက်တွင် အညံ့ခံပါလော့။ ထိုဘုရင်နှင့်သူ၏အမျိုး သားများ၏အစေကိုခံပါမူအသက်ချမ်း သာရာရပါလိမ့်မည်။-
13 Nanga inu ndi anthu anu, muferenji ndi lupanga, ndi njala, ndi mliri, zimene Yehova waopsezera mtundu wina uliwonse umene sudzatumikira mfumu ya ku Babuloni?
၁၃အရှင်နှင့်အရှင်၏အမျိုးသားတို့သည် အဘယ် ကြောင့်စစ်ပွဲတွင်ကျဆုံး၍ငတ်မွတ်ခေါင်းပါး ခြင်းဘေး၊ သို့မဟုတ်အနာရောဂါဘေးသင့်၍ သေရကြပါမည်နည်း။ ဗာဗုလုန်၏အစေကို မခံသည့်လူမျိုးသည် ဤနည်းအတိုင်းဖြစ်ရ လိမ့်မည်ဟုထာဝရဘုရားမိန့်တော်မူပါပြီ။-
14 Musamvere mawu a aneneri akamakuwuzani kuti, ‘Simudzatumikira mfumu ya ku Babuloni,’ chifukwa zimene akukuloseranizo nʼzabodza.
၁၄ဗာဗုလုန်မင်း၏အစေကိုမခံရန်အရှင့်အား ပြောဆိုကြသည့်ပရောဖက်တို့၏စကား ကိုနားထောင်တော်မမူပါနှင့်။ သူတို့သည် အရှင့်အားလိမ်လည်ပြောဆိုနေခြင်းဖြစ် ပါ၏။-
15 Sindinawatume ngakhale iwo akulosera mʼdzina langa. Nʼchifukwa chake, ndidzakupirikitsani ndipo mudzawonongeka kotheratu, inu pamodzi ndi aneneri amene akunenera zabodza kwa inu.”
၁၅ထာဝရဘုရားကိုယ်တော်တိုင်ကထိုသူတို့ အား မိမိစေလွှတ်တော်မမူကြောင်းမိန့်တော် မူပါပြီ။ သူတို့သည်ကိုယ်တော်၏နာမတော် ကိုအမှီပြု၍ လိမ်လည်ဟောပြောလျက်နေ ကြပါ၏။ သို့ဖြစ်၍ထာဝရဘုရားသည် အရှင့်အားနှင်ထုတ်တော်မူပါလိမ့်မည်။ အရှင်နှင့်တကွအရှင့်အားလိမ်လည် ဟောပြောကြသည့်ပရောဖက်များသည် သေကြေပျက်စီးရကြပါလိမ့်မည်'' ဟု လျှောက်ထား၏။
16 Kenaka ndinawuza ansembe pamodzi ndi anthu ena onse kuti, “Yehova akuti: Musamvere aneneri amene akumanena kuti, ‘Posachedwapa ziwiya za mʼNyumba ya Yehova zibwera kuchokera ku Babuloni.’ Iwowo akunenera zabodza kwa inu.
၁၆ထိုနောက်ငါသည်ထာဝရဘုရားအားအဘယ် သို့မိန့်တော်မူသည်ကို ယဇ်ပုရောဟိတ်များနှင့် ပြည်သူတို့အားဆင့်ဆို၏။ ထာဝရဘုရား က``ဗိမာန်တော်ဘဏ္ဍာများသည်ဗာဗုလုန် ပြည်မှမကြာမီပြန်လည်ရောက်ရှိလာ လိမ့်မည်ဟု ဟောပြောသည့်ပရောဖက်တို့ ၏စကားကိုနားမထောင်ကြနှင့်။ သူ တို့သည်သင်တို့အားလိမ်လည်နေကြ ခြင်းဖြစ်၏။-
17 Musawamvere. Tumikirani mfumu ya ku Babuloni, ndipo mudzakhala ndi moyo. Mzindawu usandukirenji bwinja?
၁၇သူတို့၏စကားကိုနားမထောင်ကြနှင့်။ ဗာ ဗုလုန်မင်း၏အစေကိုခံကြလော့။ သို့ပြု လျှင်သင်တို့အသက်ချမ်းသာရာရလိမ့်မည်။ ဤမြို့သည်အဘယ်ကြောင့်ယိုယွင်းပျက်စီး ၍သွားရပါမည်နည်း။-
18 Ngati iwo ndi aneneri ndipo ali ndi mawu a Yehova, apempheretu kwa Yehova Wamphamvuzonse kuti ziwiya zimene zatsala mʼNyumba ya Yehova ndi mʼnyumba ya mfumu ya Yuda ndiponso mu Yerusalemu zisatengedwe kupita ku Babuloni.
၁၈အကယ်၍ထိုသူတို့သည်ပရောဖက်အစစ် အမှန်ဖြစ်၍ ငါ၏ဗျာဒိတ်တော်ကိုခံယူရ သည်ဆိုပါမူ ယေရုရှလင်မြို့ဗိမာန်တော်နှင့် ဘုရင်နန်းတော်တို့တွင်ကျန်ရှိသည့်ဘဏ္ဍာတို့ ကိုဗာဗုလုန်မြို့သို့သိမ်းယူခွင့်မပြုရန် အနန္တ တန်ခိုးရှင်ငါထာဝရဘုရားအား လျှောက် ထားကြပါစေ။''
19 Pakuti Yehova akunena za zipilala, za mbiya ya madzi, maphaka ndi ziwiya zina zimene zatsala mu Yerusalemu.
၁၉(ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းသည် ယောယကိမ်၏သားယုဒဘုရင်ယေခေါနိ အားလည်းကောင်း၊ ယုဒပြည်နှင့်ယေရုရှလင် မြို့မှဦးစီးခေါင်းဆောင်များအားလည်းကောင်း၊ ယေရုရှလင်မြို့မှဗာဗုလုန်မြို့သို့ခေါ်ဆောင် သွားစဉ်အခါကချန်ထားခဲ့သည့်ကြေးဝါ တိုင်ကြီးများ၊ ကြေးဝါရေကန်များနှင့်အောက် ခံခုံများ၊ အခြားဗိမာန်တော်ဘဏ္ဍာအချို့ တို့ကိုချန်ထားခဲ့လေသည်။
20 Izi ndi zimene Nebukadinezara mfumu ya ku Babuloni sanatenge pamene anatenga ukapolo Yekoniya mwana wa Yehoyakimu mfumu ya Yuda kupita ku Babuloni kuchokera ku Yerusalemu, pamodzi ndi anthu olemekezeka a ku Yuda ndi a ku Yerusalemu.
၂၀
21 Inde, Yehova Wamphamvuzonse, Mulungu wa Israeli, akunena za zinthu zimene zinatsala mʼNyumba ya Yehova ndi mʼnyumba ya mfumu ya Yuda ndi mu Yerusalemu kuti,
၂၁``ယေရုရှလင်မြို့ဗိမာန်တော်နှင့်ဘုရင်နန်း တော်တွင်ချန်ထားခဲ့သည့်ဘဏ္ဍာများနှင့်ပတ် သက်၍ ဣသရေလအမျိုးသားတို့၏ဘုရားသခင်အနန္တတန်ခိုးရှင် ငါထာဝရဘုရား မိန့်တော်မူသည့်စကားကိုနားထောင်ကြလော့။-
22 ‘Zidzatengedwa kupita ku Babuloni ndipo zidzakhala kumeneko mpaka tsiku limene ndidzawakumbukirenso,’ akutero Yehova. ‘Pamenepo ndidzazitenganso ndi kuzibwezanso ku malo ano.’”
၂၂ထိုဘဏ္ဍာတို့သည်ဗာဗုလုန်မြို့သို့ယူဆောင် သွားပြီးလျှင် ယင်းတို့အားငါတစ်ဖန်ဂရု စိုက်သည့်အချိန်တိုင်အောင်ထိုမြို့တွင်ရှိနေ လိမ့်မည်။ ထိုနောက်ငါသည်ထိုဘဏ္ဍာများကို ဤဌာနတော်သို့ပြန်လည်ပို့ဆောင်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူကြောင်း ဆင့်ဆိုပြောကြားလေသည်။