< 1 Mbiri 5 >

1 Ana a Rubeni mwana woyamba wa Israeli (iye anali woyamba kubadwa, koma atagona ndi mkazi wamngʼono wa abambo ake, ulemu wake wokhala mwana woyamba unaperekedwa kwa ana a Yosefe. Kotero iye sanalembedwe pa mndandanda wa mayina ngati mwana woyamba kubadwa,
ရုဗင်သည် ဣသရေလ၏ သားဦးဖြစ်သော် လည်း၊ အဘအိပ်ရာကို ညစ်ညူးစေသောကြောင့်၊ သားဦး အရာကိုနှုတ်ပြီးလျှင်၊ ဣသရေလ၏သားဖြစ်သော ယောသပ်၏ သားတို့အား ပေးသည်ဖြစ်၍၊ သားစဉ် မြေးဆက်တို့ကို မှတ်သောအခါ၊ သားဦးအရာကို လိုက်၍ မမှတ်ရ။
2 ndipo ngakhalenso Yuda anali wamphamvu kwambiri pakati pa abale ake, ndi kuti wolamulira anachokera mwa iye, ulemu wa mwana woyamba kubadwa unaperekedwa kwa Yosefe)
ယုဒသည်လည်း ညီအစ်ကိုတို့တွင် လွန်ကဲ၍ သူ၏အမျိုးထဲက မင်းဖြစ်တတ်သော်လည်း၊ သားဦးအရာ ကိုမရ၊ ယောသပ်ရ၏။
3 ana a Rubeni mwana woyamba wa Israeli ndi awa: Hanoki, Palu, Hezironi, ndi Karimi.
ဣသရေလ၏ သားဦးရုဗင်သားကား ဟာနုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိတည်း။
4 Ana a Yoweli anali awa: Semaya, Gogi, Simei,
ယောလသားကား ရှေမာယ၊ ရှေမာယသား ဂေါဂ၊ ဂေါဂသား ရှေမိ၊
5 Mika, Reaya, Baala,
ရှေမိသားမိက္ခ၊ မိက္ခသားရာယ၊ ရာယသား ဗာလတည်း။
6 ndiponso Beeri, amene Tigilati-Pileseri mfumu ya Asuri anamugwira ukapolo. Mtsogoleri wa fuko la Rubeni anali Beeri.
ဗာလသားကား၊ အာရှုရိရှင်ဘုရင် တိဂလတ် ပိလေသာ သိမ်းသွားသော ရုဗင်အမျိုး မင်းဗေရာတည်း။
7 Abale awo mwa mabanja awo, potsata mndandanda wa mʼbado wawo, ndi awa: Yeiyeli, mtsogoleri, Zekariya,
သူ၏ညီ ယေယေလနှင့် ဇာခရိတို့သည်လည်း၊ သားစဉ်မြေးဆက် စာရင်းယူသောအခါ အဆွေအမျိုး သူကြီးဖြစ်သတည်း။
8 ndiponso Bela mwana wa Azazi, mwana wa Sema, mwana wa Yoweli. Iwo ankakhala ku Aroeri mpaka ku Nebo ndi Baala-Meoni.
ထိုအတူ ယောလ၊ ရှေမ၊ အာဇတ်တို့မှ ဆင်း သက်သော ဗေလသည်လည်းမင်းဖြစ်လျက်၊ အာရော်မြို့ မှစ၍ နေဗောမြို့၊ ဗာလမောင်မြို့တိုင်အောင် နေရာ ကျယ်၏။
9 Iwo anakhala cha kummawa mpaka kukafika polowera mʼchipululu cha mbali ina ya Mtsinje wa Yufurate, chifukwa ziweto zawo zinaswana kwambiri mʼdziko la Giliyadi.
ဂိလဒ်ပြည်၌ သိုးနွားများပြားသောကြောင့်၊ အရှေ့မျက်နှာ၌ ဥဖရတ်မြစ်နှင့်ဆိုင်သော တောဝင်ဝ တိုင်အောင် နေရာကျယ်၏။
10 Pa nthawi ya Sauli anachita nkhondo ndi Ahagiri ndi kuwagonjetsa. Tsono iwo anakhala mʼmatenti a Ahagiri ku dera lonse la kummawa kwa Giliyadi.
၁၀ရှောလုမင်းလက်ထက် ဟာဂရအမျိုးသားတို့ကို စစ်တိုက်၍ လုပ်ကြံသဖြင့်၊ ဂိလဒ်ပြည်အရှေ့ပိုင်း တရှောက်လုံးတွင် ဟာဂရ၏နေရာကို ယူရနေရာကျကြ ၏။
11 Anthu a fuko la Gadi anakhala moyandikana ndi fuko la Rubeni ku Basani mpaka ku Saleka:
၁၁သူတို့တဘက်တချက်၊ ဗာရှန်ပြည်တွင် သလကာမြို့တိုင်အောင် ဂဒ်အမျိုးသားတို့သည် နေရာ ကျကြ၏။
12 Mtsogoleri wawo ku Basani anali Yoweli, wachiwiri anali Safamu, kenaka Yanayi ndi Safati.
၁၂ဗာရှန်ပြည်၌ အကြီးအကဲကား ယောလ၊ ထိုနောက် ရှာဖံ၊ ယာနဲ၊ ရှာဖတ်တည်း။
13 Abale awo mwa mabanja awo anali awa: Mikayeli, Mesulamu, Seba, Yorayi, Yakani, Ziya ndi Eberi, onse ali asanu ndi awiri.
၁၃သူတို့အဆွေအမျိုးချင်း ပေါက်ဘော်တော်သော သူကားမိက္ခေလ၊ မေရှုလံ၊ ရှေဘ၊ ယောရဲ၊ ယာခန်၊ ဇယာ၊ ယေဗာ၊ ပေါင်းခုနစ်ယောက်တည်း။
14 Amenewa ndiwo anali ana a Abihaili, mwana wa Huri, mwana wa Yarowa, mwana wa Giliyadi, mwana wa Mikayeli, mwana wa Yesisayi, mwana wa Yahido, mwana wa Buzi.
၁၄ထိုသူတို့သည် ဂုနိ၊ အာဗဒျေလ၊ ဗုဇာတိ၊ ယာဒေါ၊ ယေရှိရှဲ၊ မိက္ခေလ၊ ဂိလဒ်၊ ယာရော်၊ ဟုရိ၊ အဘိဟဲလအမျိုးအနွယ်ဖြစ်သတည်း။ ဂုနိကား ထိုအဆွေ အမျိုး၏ သူကြီဖြစ်၏။
15 Ahi mwana wa Abdieli, mwana wa Guni, anali mtsogoleri wa banja la makolo awo.
၁၅
16 Fuko la Gadi linakhala ku Giliyadi, ku Basani ndi midzi yozugulira, madera onse a msipu a ku Saroni mpaka kumene amalekezera.
၁၆သူတို့သည် ဂိလဒ်ပြည်၊ ဗာရှန်ပြည်မြို့ရွာ၊ ရှာရုန်မြို့ပတ်လည်ပြည်စွန်းတိုင်အောင် နေရာကျကြ၏။
17 Mayina onsewa analembedwa potsata mndandanda wa mibado yawo pa nthawi ya ulamuliro wa Yotamu mfumu ya Yuda ndi Yeroboamu mfumu ya Israeli.
၁၇ဤသူအပေါင်းတို့သည် ယုဒရှင်ဘုရင် ယောသံ နှင့် ဣသရေလရှင်ဘုရင် ယေရောဗောင်လက်ထက် သားစဉ်မြေးဆက် စာရင်းဝင်ကြ၏။
18 Mafuko a Rubeni, Gadi ndi theka la Manase, anali ndi anthu 44, 760 okonzeka kulowa usilikali; anthu amatupi amphamvu, amene amatha kugwiritsa ntchito chishango ndi lupanga, amene amatha kugwiritsa ntchito uta, amene anaphunzitsidwa kumenya nkhondo.
၁၈ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တွင် ဒိုင်းနှင့် ထားကို ကိုင်၍ လေးနှင့် ပစ်တတ်သဖြင့်၊ စစ်မှု စစ်ရေးကို လေ့ကျက်၍ စစ်ချီတတ်သော စစ်သူရဲပေါင်း ကား၊ လေးသောင်းလေးထောင်ခုနစ်ရာခြောက်ဆယ် တည်း။
19 Iwo anachita nkhondo ndi Ahagiri, Yeturi, Nafisi ndi Nodabu.
၁၉ထိုသူတို့သည် ဟာဂရအမျိုးသားတို့နှင့် စစ်တိုက် ကြ၏။
20 Iwowo anathandizidwa polimbana nawo ndipo Mulungu anapereka Ahagiri mʼmanja mwawo; popeza iwo anafuwulira kwa Mulungu pa nkhondopo. Iye anayankha mapemphero awo chifukwa anamudalira.
၂၀စစ်တိုက်သောအခါ ဘုရားသခင်ကို ကိုးစား၍ ဆုတောင်းသောကြောင့်၊ ဘုရားသခင် မစတော် မူခြင်းကျေးဇူးအားဖြင့်၊ ဟာဂရလူတို့နှင့် သူတို့ဥစ္စာ ရှိသမျှကိုရကြ၏။
21 Choncho iwo analanda ziweto za Ahagiri: ngamira 50,000, nkhosa ndi mbuzi 250,000 ndi abulu 2,000. Ndiponso anagwira akapolo 100,000,
၂၁ကုလားအုပ်ငါးထောင်၊ သိုးနှစ်သိန်းငါးသောင်း၊ မြည်းနှစ်ထောင်၊ လူတသိန်းတို့ကိုသိမ်းယူကြ၏။
22 enanso ambiri anaphedwa, chifukwa nkhondoyo inali ya Mulungu. Ndipo iwo anakhala mʼdzikomo mpaka pa nthawi ya ukapolo.
၂၂ဘုရားသခင့်အခွင့်နှင့် စစ်တိုက်သောကြောင့်၊ ရန်သူအများတို့သည် လဲသေကြ၏။ ဣသရေလလူတို့ သည် သိမ်းသွားခြင်းအမှုမရောက်မှီတိုင်အောင်၊ ဟာဂရ လူတို့နေရာ၌ နေရာကျကြ၏။
23 Theka la fuko la Manase linkakhala ku dziko la kummawa kuyambira ku Basani mpaka ku Baala-Herimoni, kumene ndi ku Seniri (Phiri la Herimoni) ndipo anthuwo anali ochuluka kwambiri.
၂၃မနာရှေအမျိုးတဝက်သည်၊ ထိုပြည်တွင် ဗာရှန် မြို့မှစ၍ ဗာလဟေရမုန်မြို့၊ စနိရမြို့၊ ဟေရမုန်တောင် တိုင်အောင် ပွားများလျက်နေ၏။
24 Atsogoleri a mabanja awo anali awa: Eferi, Isi, Elieli, Azirieli, Yeremiya, Hodaviya ndi Yahidieli. Iwo anali asilikali olimba mtima, anthu otchuka, ndiponso atsogoleri a mabanja awo.
၂၄အဆွေအမျိုးသူကြီးများဟူမူကား၊ ခွန်အား ကြီး၍ ကျော်စောသော စစ်သူရဲဧဖာ၊ ဣရှိ၊ ဧလျေလ၊ အာဇရေလ၊ ယေရမိ၊ ဟောဒဝိ၊ ယာဒျေလတည်း။
25 Koma iwo anali osakhulupirika kwa Mulungu wa makolo awo ndipo anadzipereka okha kwa milungu ya anthu okhala mʼdzikomo amene Mulungu anawawononga pamene iwowo ankafika.
၂၅သို့ရာတွင် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုး တဝက်သည် ဘိုးဘေးတို့၏ ဘုရားသခင်ကို ပြစ်မှား၍၊ မိမိတို့ရှေ့မှာ ဘုရားသခင်ဖျက်ဆီးတော်မူသောပြည်သား တို့ ဘုရားများနှင့် မှားယွင်းကြ၏။
26 Kotero Mulungu wa Israeli anayika mkwiyo mwa Puli mfumu ya Asuri (ameneyu ndi Tigilati-Pileseri mfumu ya Asuri) amene anatenga fuko la Rubeni, Gadi ndi theka la fuko la Manase kupita nawo ku ukapolo. Iye anapita nawo ku Hala, Habori, Hara ndi ku mtsinje wa Gozani, kumene ali mpaka lero lino.
၂၆သို့ဖြစ်၍ ဣသရေလအမျိုး၏ ဘုရားသခင်သည် အာရှုရိရှင်ဘုရင် ပုလနှင့်ရှင်ဘုရင် တိဂလတ်ပိလေသာ စိတ်ကို နှိုးဆော်တော်မူသဖြင့်၊ နောက်ရှင်ဘုရင်သည် ထိုဣသရေလအမျိုးသားတို့ကို ဂေါဇန်မြစ်နား၊ ဟေလမြို့၊ ဟာဗော်မြို့၊ ဟာရမြို့သို့ သိမ်းသွား၍ ယနေ့တိုင်အောင် နေရာချထား၏။

< 1 Mbiri 5 >