< ᎣᏍᏛ ᎧᏃᎮᏛ ᎹᏚ ᎤᏬᏪᎳᏅᎯ 5 >

1 ᎤᏂᏣᏘᏃ ᏫᏚᎪᎲ ᎤᏌᎯᎸ ᎤᎿᎭᎷᏎᎢ, ᎤᏪᏅᏃ ᎬᏩᏍᏓᏩᏗᏙᎯ ᎬᏩᎷᏤᎴᎢ.
ထိုလူအပေါင်းတို့ကို မြင်လျှင်၊ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ ထိုင်တော်မူသောအခါ၊ တပည့် တော်တို့သည် ကိုယ်တော်ရင်းသို့ ချဉ်းကပ်ကြ၏။
2 ᎠᎰᎵᏃ ᎤᏍᏚᎢᏒ ᏚᏪᏲᏁ ᎯᎠ ᏄᏪᏎᎢ;
ထိုအခါ နှုတ်တော်ကိုဖွင့်၍ တပည့်တော်တို့အား ဆုံးမဩဝါဒပေးတော်မူသည်မှာ၊
3 ᎣᏏᏳ ᎢᏳᎾᎵᏍᏓᏁᏗ ᎤᏲ ᎢᏳᎾᏛᎿᎭᏕᎩ ᏚᎾᏓᏅᏛᎢ; ᎤᎾᏤᎵᏰᏃ ᎦᎸᎳᏗ ᎡᎯ ᎤᎬᏫᏳᎯ ᎨᏒᎢ.
စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူ တို့၏ နိုင်ငံဖြစ်၏။
4 ᎣᏏᏳ ᎢᏳᎾᎵᏍᏓᏁᏗ ᎤᏲ ᎤᎾᏓᏅᏔᏩᏕᎩ, ᏛᎨᏥᏄᏬᎯᏍᏔᏂᏰᏃ.
စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် သက်သာခြင်း သို့ ရောက်ကြလတံ့။
5 ᎣᏏᏳ ᎢᏳᎾᎵᏍᏓᏁᏗ ᎤᎾᏓᏅᏘ, ᎦᏙᎯᏰᏃ ᎤᎾᏤᎵ ᎢᏳᎵᏍᏙᏗ.
စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပြည်တော်ကို အမွေခံရကြလတံ့။
6 ᎣᏏᏳ ᎢᏳᎾᎵᏍᏓᏁᏗ ᎤᏂᏲᏏᏍᎩ ᎠᎴ ᎤᏂᏔᏕᎩᏍᎩ ᎤᎾᏓᏅᏘ ᎢᏳᎾᎵᏍᏙᏗᏱ; ᏛᎨᏥᎧᎵᎵᏰᏃ.
ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့ သည် ဝပြောခြင်းသို့ ရောက်ကြလတံ့။
7 ᎣᏏᏳ ᎢᏳᎾᎵᏍᏓᏁᏗ ᎤᎾᏓᏙᎵᏣᏘ, ᏛᎨᏥᏙᎵᏥᏰᏃ.
သနားစုံမက်တတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် သနားစုံမက်ခြင်း ကို ခံကြလတံ့။
8 ᎣᏏᏳ ᎢᏳᎾᎵᏍᏓᏁᏗ ᏧᏓᏅᎦᎸᏛ ᏧᏂᎾᏫ, ᎤᏁᎳᏅᎯᏰᏃ ᎤᏂᎪᏩᏛᏗ;
စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတံ့။
9 ᎣᏏᏳ ᎢᏳᎾᎵᏍᏓᏁᏗ ᎠᏃᎯᏍᏗᏍᎩ, ᎤᏁᎳᏅᎯᏰᏃ ᏧᏪᏥ ᏛᎨᎪᏎᎵ.
သူတပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတံ့။
10 ᎣᏏᏳ ᎢᏳᎾᎵᏍᏓᏁᏗ ᎤᏲ ᎢᎨᎬᎾᏕᎩ ᏚᏳᎪᏛ ᎨᏒ ᎤᏂᏍᏛᏗᏍᎩ, ᎤᎾᏤᎵᏰᏃ ᎦᎸᎳᏗ ᎡᎯ ᎤᎬᏫᏳᎯ ᎨᏒᎢ.
၁၀ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။
11 ᎣᏏᏳ ᎢᏣᎵᏍᏓᏁᏗ ᎢᏳᏃ ᏴᏫ ᎤᏐᏅ ᏂᎨᏥᏪᏎᎮᏍᏗ ᎠᎴ ᎤᏲ ᏂᎨᏨᏁᎮᏍᏗ, ᎠᎴ ᏂᎦᎥ ᏧᏓᎴᏅᏛ ᎤᏐᏅ ᎦᏰᎪᎩ ᎨᏥᏃᎮᏍᎨᏍᏗ ᎠᏴ ᎨᏒ ᎢᏥᏍᏛᏗᏍᎨᏍᏗ.
၁၁ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။
12 ᎢᏣᎵᎮᎵᎨᏍᏗ ᎠᎴ ᎤᏣᏔᏅᎯ ᎣᏍᏛ ᎢᏣᏓᏅᏖᏍᏗ, ᎤᏣᏘᏰᏃ ᎡᏣᎫᏴᎡᏗ ᎦᎸᎳᏗ; ᎾᏍᎩᏯᏰᏃ ᎤᏥ ᏂᏚᏅᏁᎸᎩ ᎠᎾᏙᎴᎰᏍᎩ ᎢᎬᏱ ᏥᏂᎨᏤᏅᎡᎸ.
၁၂ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏ အကျိုးသည် ကြီးလှ ပေ၏။ သင်တို့ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ကို ထိုနည်းတူညှဉ်းဆဲကြပြီ။
13 ᏂᎯ ᎠᎹ ᎡᎶᎯ ᎤᏤᎵᎦ; ᎢᏳᏍᎩᏂ ᎠᎹ ᏳᏥᏍᎪᎸ ᎦᏙ ᏱᎦᎵᏍᏙᏓ ᎠᎹ ᏯᏙᏢᎾ; ᎥᏝ ᎿᎭᏉ ᎪᎱᏍᏗ ᎬᏙᏗ ᏱᎦᎩ, ᎠᏗᏅᏗᏉ ᎤᏩᏒ, ᎠᎴ ᏴᏫᏉ ᎤᎾᎳᏍᏓᎡᏗ.
၁၃သင်တို့သည် ဤလောက၏ ဆားဖြစ်ကြ၏။ ဆားမူကား၊ အငန်ကင်းပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ ရပြန်မည်နည်း။ ပြင်သို့ ပစ်လိုက်၍ ကျော်နင်းခြင်းမှတပါး အဘယ်အသုံးမျှမဝင်။
14 ᏂᎯ ᎢᎦ ᎢᏣᏘᏍᏗᏍᎩ ᎡᎶᎯ. ᎦᏚᎲ ᎤᏌᎯᎸ ᏥᎦᎧᎰᎢ ᎥᏝ ᏰᎵ ᏴᎦᏰᎬᏍᎦᎸᎦ.
၁၄သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သော မြို့ကို မကွယ်နိုင်။
15 ᎥᏝ ᎠᎴ ᏴᏫ ᎠᏂᏨᏍᏛᎦ ᎠᏨᏍᏙᏗ ᎠᏟᎶᏍᏗ ᏯᏄᏢᏗᏍᎪᎢ, ᎦᎪᏗᏱᏍᎩᏂ ᎠᏂᎧᎲᏍᎪᎢ, ᎢᎦᏃ ᎤᎾᏘᏍᏓᏁᎰ ᏂᎦᏛ ᎦᎵᏦᏕ ᎠᏂᏯᎢ.
၁၅ဆီမီးထွန်း၍ တောင်းဇလားအောက်၌ ဖုံးထားလေ့မရှိ။ အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကို ရစေခြင်းငှါ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိ၏။
16 ᎢᎦ ᎢᏣᏘᏍᏗᏍᎬ ᏚᏂᎸᏌᏓᏕᎮᏍᏗ ᏴᏫ, ᎾᏍᎩᏃ ᎣᏍᏛ ᏕᏥᎸᏫᏍᏓᏁᎲ ᎠᏂᎪᏩᏘᏍᎨᏍᏗ, ᎠᎴ ᎠᏂᎸᏉᏗᏍᎨᏍᏗ ᎢᏥᏙᏓ ᎦᎸᎳᏗ ᎡᎯ.
၁၆ထိုနည်းတူ၊ သူတပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ၊ သူတပါး ရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့။
17 ᏞᏍᏗ ᏗᎧᎿᎭᏩᏛᏍᏗ ᎠᎴ ᎠᎾᏙᎴᎰᏍᎩ ᏚᏲᏍᏔᏂᎸ ᏱᏍᎩᏰᎵᏎᎮᏍᏗ; ᎥᏝᏍᎩᏂ ᏱᏓᎩᏲᏍᏔᏂᎸ, ᏓᎩᎧᎵᎵᎸᏍᎩᏂ.
၁၇ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှါ ငါလာသတည်း။
18 ᎤᏙᎯᏳᎯᏯᏰᏃ ᎯᎠ ᏂᏨᏪᏎᎭ, ᎬᏂ ᎦᎸᎶᎢ ᎠᎴ ᎡᎶᎯ ᎠᏂᎶᏐᏅᎭ ᏌᏉ ᎤᏍᏗ ᎠᎴ ᏌᏉ ᏭᏍᏗᎬ ᏗᎧᎿᎭᏩᏛᏍᏗ ᎥᏝ ᏴᎦᎶᎯ ᎬᏂ ᏂᎦᏗᏳ ᎠᎧᎵᏨᎭ.
၁၈ငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့် မြေကြီးမပျက်စီးမှီတိုင်အောင်၊ ပညတ္တိကျမ်း၌ အငယ်ဆုံးသော စာလုံးဗိန္ဓုတလုံးမျှ ပြည့်စုံခြင်းသို့ မရောက်မှီ မပျက်စီးရ။
19 ᎾᏍᎩ ᎢᏳᏍᏗ ᎩᎶ ᎠᏲᏍᏗᏍᎨᏍᏗ ᏌᏉ ᎯᎠ ᎤᏍᏗᎧᏂ ᎤᎵᏁᏨᎢ, ᎠᎴ ᎾᏍᎩ ᏄᏍᏕᏍᏗ ᏴᏫ ᏕᎨᏲᎲᏍᎨᏍᏗ, ᎾᏍᎩ ᎤᏍᏗᎧᏂ ᎠᎪᏎᎮᏍᏗ ᎦᎸᎳᏗ ᎡᎯ ᎤᎬᏫᏳᎯ ᎨᏒᎢ; ᎩᎶᏍᎩᏂ ᏓᎧᎿᎭᏩᏕᎨᏍᏗ, ᎠᎴ ᎾᏍᎩ ᏄᏍᏕᏍᏗ ᏓᏕᏲᎲᏍᎨᏍᏗ, ᎦᎸᏉᏗᏳ ᎠᎪᏎᎮᏍᏗ ᎦᎸᎳᏗ ᎡᎯ ᎤᎬᏫᏳᎯ ᎨᏒᎢ.
၁၉ထိုကြောင့် အကြင်သူသည်၊ အငယ်ဆုံးသောပညတ်တခုကို ကိုယ်တိုင်လွန်ကျူး၍ သူတပါးတို့အား လည်း ထိုအတူသွန်သင်၏။ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူဖြစ်လိမ့်မည်။ အကြင်သူ သည် ကိုယ်တိုင်ကျင့်၍ သူတပါးတို့အားလည်း သွန်သင်၏။
20 ᎯᎠᏰᏃ ᏂᏨᏪᏎᎭ, ᎢᏨᏃ ᎾᏍᎩ ᎢᏣᏓᏅᏘ ᎨᏒ ᏂᏗᏥᎪᎾᏛᏔᏅᎾ ᎢᎨᏎᏍᏗ ᏗᏃᏪᎵᏍᎩ ᎠᎴ ᎠᏂᏆᎵᏏ, ᎥᏝ ᎦᎸᎳᏗ ᎡᎯ ᎤᎬᏫᏳᎯ ᎨᏒ ᏴᎨᏥᏴᎭ.
၂၀ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ ကြီးသောသူဖြစ်လိမ့်မည်။ သင်တို့ ကျင့်သောအကျင့်သည် ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့ကျင့်သောအကျင့်ထက် မလွန်မသာလျှင်၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်သို့ မဝင်ရကြဟု ငါအမှန်ဆို၏။
21 ᎢᏣᏛᎦᏅᎯ ᎢᎩ ᎯᎠ ᏥᏂᎨᏥᏪᏎᎴ ᎡᏘ ᏣᏁᎮᎢ; ᏞᏍᏗ ᏣᏓᎸᎩ; ᎠᎴ ᎩᎶ ᎠᏓᎯᎮᏍᏗ ᎬᏩᏍᏛᏗᏍᏗ ᎨᏎᏍᏗ ᏗᏄᎪᏗᏍᎩᏱ.
၂၁လူအသက်ကို မသတ်ရ။ သတ်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏ဟူသော ရှေးပညတ် စကားကို သင်တို့ကြားရပြီ။
22 ᎠᏎᏃ ᎠᏴ ᎯᎠ ᏂᏨᏪᏎᎭ; ᎩᎶ ᏗᎾᏓᏅᏟ ᎠᏍᎦᎨᏍᏗ ᎪᎱᏍᏗ ᏄᏍᏛᏗᏍᎬᎾ ᎢᎨᏎᏍᏗ, ᎬᏩᏍᏛᏗᏍᏗ ᎨᏎᏍᏗ ᏗᏄᎪᏗᏍᎩᏱ; ᎩᎶᏃ ᏗᎾᏓᏅᏟ ᏂᏣᏓᏅᏛᎾ ᎢᎪᏎᎮᏍᏗ, ᏕᎦᎳᏫᎥ ᎬᏩᏍᏛᏗᏍᏗ ᎨᏎᏍᏗ; ᎩᎶᏃ ᏣᏁᎫ ᎢᎪᏎᎮᏍᏗ, ᎬᏩᏍᏛᏗᏍᏗ ᎨᏎᏍᏗ ᏨᏍᎩᏃ ᎠᏥᎸᏱ. (Geenna g1067)
၂၂ငါပညတ်သည်ကား၊ ညီအစ်ကိုကို အထောက်မတန် အမျက်ထွက်သောသူသည် ရုံး၌အပြစ်စီရင်ခြင်း ကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကဲ့ရဲ့သောသူသည် လွှတ်တော်၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကျိန်ဆဲသောသူသည် ဂေဟင်္နာအရပ်၌ မီးရှို့ခြင်းကို ခံထိုက်ပေ၏။ (Geenna g1067)
23 ᎾᏍᎩ ᎢᏳᏍᏗ ᎢᏳᏃ ᎠᏥᎸᎨᎳᏍᏗᏱ ᎯᏲᎯᎮᏍᏗ ᏣᏓᏁᏗ, ᎾᎿᎭᏃ ᎢᎭᏅᏓᏗᏍᎨᏍᏗ ᏗᏍᏓᏓᏅᏟ ᎪᎱᏍᏗ ᏤᎵᏎᎲᎢ,
၂၃ထိုကြောင့် သင်သည်ပူဇော်သက္ကာကို ယဇ်ပလ္လင်သို့ဆောင်ယူခဲ့လျက် သင်၏ညီအစ်ကိုသည် သင်၌ အပြစ်တင်ခွင့် တစုံတခုရှိသည်ဟု အောက်မေ့သတိရလျှင်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သက္ကာကိုထား၍ သွားလော့။
24 ᎾᎿᎭᎠᏥᎸ-ᎨᎳᏍᏗᏱ ᎯᎯᏯᏍᎨᏍᏗ ᏣᏓᏁᏗ ᎠᎴ ᎭᏓᏅᏍᎨᏍᏗ, ᎢᎬᏱ ᎣᏍᏛ ᏂᏍᏛᏁᎮᏍᏗ ᏗᏍᏓᏓᏅᏟ; ᎩᎳᏃ ᎯᎷᎨᏍᏗ ᎭᎵᏍᎪᎸᏗᏍᎨᏍᏗ ᏣᏓᏁᏗ.
၂၄ညီအစ်ကိုနှင့် သင့်တင့်ပြီးမှ ပြန်၍ ပူဇော်သက္ကာကို တင်လော့။
25 ᏄᎳᏉ ᎣᏍᏛ ᏂᏍᏛ ᏣᏱᎵᏙᎯ, ᎠᏏᏉ ᎢᏍᏓᎢᏒᎢ, ᏗᎫᎪᏗᏍᎩᏱᎾᏏ ᏫᏱᏣᎧᎲᎦ ᏣᏱᎵᏙᎯ, ᏗᎫᎪᏗᏍᎩᏃ ᏗᏓᏂᏱᏍᎩᏱ ᏫᏱᏣᎧᎲᎦ, ᎠᎴ ᏗᏓᏍᏚᏗᏱ ᏱᏪᏣᏴᏓ.
၂၅တရားတွေ့ဘက်နှင့်အတူ လမ်း၌သွားစဉ်တွင်ပင်၊ သူ၏စိတ်ကို ပြေစေခြင်းငှါ အလျင်အမြန်ပြုလော့။ သို့မဟုတ် တရားတွေ့ဘက်သည် တရားသူကြီး၌ အပ်မည်။ တရားသူကြီးသည်လည်း လုလင်ခေါင်း၌အပ်၍ ထောင်ထဲ၌ လှောင်ထားမည်။
26 ᎤᏙᎯᏳᎯᏯ ᎯᎠ ᏂᎬᏪᏎᎭ, ᎥᏝ ᏴᏛᎦᎯᏄᎪᎢ, ᎬᏂ ᎤᎵᏍᏆᎸᏗ ᎠᏰᎵᎢᏯᏓᏅᏖᏗ ᎭᎫᏴᎲᎭ.
၂၆လျော်ပြစ်ငွေ ရှိသမျှကို မလျော်မှီတိုင်အောင် ထောင်ထဲကမထွက်ရဟု ငါအမှန်ဆို၏။
27 ᎢᏣᏛᎦᏅᎯ ᎢᎩ ᎯᎠ ᏥᏂᎨᏥᏪᏎᎴ ᎡᏘ ᏣᏁᎮᎢ; ᏞᏍᏗ ᏣᏓᏲᏁᎸᎩ.
၂၇သူ့မယားကို မပြစ်မှားရဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။
28 ᎠᏎᏃ ᎠᏴ ᎯᎠ ᏂᏨᏪᏎᎭ; ᎩᎶ ᎠᎨᏴ ᏓᎧᏂᏍᎨᏍᏗ ᏧᎾᏂᏏᏗᏱ ᎤᏚᎵᏍᎨᏍᏗ, ᎦᏳᎳ ᎤᏓᏲᏁᎸᎯ ᎨᏎᏍᏗ ᏧᏓᏅᏛᎢ.
၂၈ငါပညတ်သည်ကား ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ။
29 ᎢᏳᏃ ᎯᎦᏙᎵ ᎯᎦᏘᏏ ᏕᏦᏕᏍᏗᏍᎨᏍᏗ, ᎭᏓᎦᏖᏙᎢᏍᎨᏍᏗ, ᎠᎴ ᏣᏕᎨᏍᏗ; ᎣᏏᏳᏰᏃ ᎢᏣᎵᏍᏓᏁᏗ ᏌᏉᏉ ᏣᎵᎬᎭᎸᏛ ᏱᏣᏲᎱᏎᎭ, ᎠᏃ ᎤᏃᏍᏛ ᎯᏰᎸ ᏨᏍᎩᏃ ᏫᏰᏣᏓᎢᏁᎭ. (Geenna g1067)
၂၉ထိုကြောင့် လက်ျာမျက်စိဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့။ တကိုယ်လုံး ငရဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါတခုပျက်သော် သာ၍ကောင်း၏။ (Geenna g1067)
30 ᎢᏳᏃ ᏦᏰᏂ ᎯᎦᏘᏏ ᏕᏦᏕᏍᏗᏍᎨᏍᏗ, ᎯᏍᏆᎵᏍᎨᏍᏗ, ᎠᎴ ᏣᏕᎨᏍᏗ; ᎣᏏᏳᏰᏃ ᎢᏣᎵᏍᏓᏁᏗ ᏌᏉᏉ ᏣᎵᎬᎭᎸᏛ ᏱᏣᏲᎱᏎᎭ, ᎠᏃ ᎤᏃᏍᏛ ᎯᏰᎸ ᏨᏍᎩᏃ ᏫᏰᏣᏓᎢᏁᎭ. (Geenna g1067)
၃၀ထိုနည်းတူ လက်ျာလက်ဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုလက်ကိုဖြတ်ပစ်လော့။ တကိုယ်လုံး ငရဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါတခုသာ ပျက်သော်သာ၍ကောင်း၏။ (Geenna g1067)
31 ᎯᎠ ᎢᎦᏪᏛ ᎢᎩ; ᎩᎶ ᎤᏓᎵᎢ ᎢᎦᎧᎲᏍᎨᏍᏗ, ᎦᏅᏁᎮᏍᏗ ᎪᏪᎵ ᎾᏍᎩ ᏚᎾᎦᎴᏅᎲᎢ.
၃၁တဖန်တုံ၊ မယားနှင့်ကွာလိုလျှင် ဖြတ်စာကို အပ်ပေးစေဟူသော ပညတ်စကားရှိပြီ။
32 ᎠᏎᏃ ᎠᏴ ᎯᎠ ᏂᏨᏪᏎᎭ; ᎩᎶ ᎤᏓᎵᎢ ᎢᎦᎧᎲᏍᎨᏍᏗ, ᏧᏂᏏᏅᎯᏍᎩᏂᏃᏅ ᎢᎨᏎᏍᏗ, ᎤᏓᏲᏁᏗᏱᏉ ᏂᎬᏂᏌᏁᎮᏍᏗ; ᎩᎶᏃ ᎠᏥᎧᏅᎯ ᎠᏓᏰᎨᏍᏗ ᎠᏓᏲᏁᎮᏍᏗ.
၃၂ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့် ကွာသောသူသည် မိမိမယားကို မှားယွင်းစေ၏။ ကွာသောမိန်းမနှင့် စုံဘက်ခြင်းကို ပြုသောသူသည်လည်း သူ့မယားကို ပြစ်မှား၏။
33 ᎠᎴ ᎢᏣᏛᎦᏅᎯ ᎢᎩ ᎯᎠ ᏥᏂᎨᏥᏪᏎᎴ ᎡᏘ ᏣᏁᎮᎢ; ᏞᏍᏗ ᏣᏲᏍᏔᏅ ᏣᏎᎵᏔᏅᎢ, ᏱᎰᏩᏍᎩᏂ ᏂᏯᏛᏁᎮᏍᏗ ᏄᏍᏛ ᏣᏁᏨᎢ.
၃၃တဖန်တုံ၊ မဟုတ်မမှန်ဘဲလျက် ကျိန်ဆိုခြင်းကိုမပြုရ။ ကျိန်ဆိုခြင်းကို ပြုသည်အတိုင်း ထာဝရဘုရား ရှေ့တော်၌ တည်စေလော့ဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။
34 ᎠᏎᏃ ᎠᏴ ᎯᎠ ᏂᏨᏪᏎᎭ; ᏞᏍᏗ ᏱᏣᏎᎵᏔᏁᏍᏗ ᏱᏣᏁᎢᏍᏔᏁᏍᏗ ᎪᎱᏍᏗ, ᏞᏍᏗ ᎦᎸᎳᏗ ᏱᏣᏁᎢᏍᏔᏁᏍᏗ, ᎤᏁᎳᏅᎯᏰᏃ ᎤᏪᏗᏱ ᎾᏍᎩ;
၃၄ငါပညတ်သည်ကား၊ ကျိန်ဆိုခြင်းကို အလျင်းမပြုရ။ ကောင်းကင်ဘုံကို တိုင်တည်၍မကျိန်ရ။ ကောင်းကင်ဘုံကား ဘုရားသခင်၏ ပလ္လင်တော်ဖြစ်သတည်း။
35 ᏞᏍᏗ ᎠᎴ ᎡᎶᎯ, ᏧᎳᏏᏗᏱᏰᏃ ᎾᏍᎩ; ᎠᎴ ᏥᎷᏏᎵᎻ, ᎾᏍᎩᏰᏃ ᎠᏥᎸᏉᏗ ᎤᎬᏫᏳᎯ ᎤᏤᎵ ᎦᏚᎲᎢ;
၃၅မြေကြီးကို တိုင်တည်၍မကျိန်ရ။ မြေကြီးကား ဘုရားသခင်၏ ခြေတော်တင်ရာ ခုံဖြစ်သတည်း။ ယေရှု ရှလင်မြို့ကို တိုင်တည်၍မကျိန်ရ။ မဟာမင်းကြီး၏မြို့တော် ဖြစ်သတည်း။
36 ᏞᏍᏗ ᎠᎴ ᎯᏍᎪᎵ ᏱᏣᏁᎢᏍᏔᏁᏍᏗ, ᏝᏰᏃ ᏰᎵ ᏌᏉ ᎩᏢ ᎤᏁᎬ ᎠᎴ ᎬᎿᎭᎨ ᏱᏅᎦᎲᎦ.
၃၆ဆံခြည်တပင်ကိုမျှ ဖြူစေခြင်း၊ မည်းစေခြင်းငှါမတတ်နိုင်သော်၊ ကိုယ်ဦးခေါင်းကိုတိုင်တည်၍ မကျိန်ရ။
37 ᎢᏥᏁᎬᏍᎩᏂ ᎯᎠ ᏄᏍᏕᏍᏗ, ᎥᎥ, ᎥᎥ; ᎥᏝ, ᎥᏝ; ᎤᏟᏰᏃ ᏥᏂᎦᎣ ᎤᏲᏉ ᎨᏒ ᏗᏓᎴᏂᏍᎪᎢ.
၃၇သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။ ဤထက် လွန်သော စကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်ပေ၏။
38 ᎢᏣᏛᎦᏅᎯ ᎢᎩ ᎯᎠ ᎢᎦᏪᏛ ᎨᏒᎢ, ᎠᎦᏔ ᎠᎦᏔᏉ ᏓᎬᏩᎸᏍᎨᏍᏗ, ᎧᏳᎦᏃ ᎧᏳᎦᏉ ᏓᎬᏩᎸᏍᎨᏍᏗ.
၃၈သူ့မျက်စိကို ဖျက်လျှင် ကိုယ်မျက်စိဖျက်ခြင်းကိုခံစေ။ သူ့သွားကိုချိုးလျှင် ကိုယ်သွားချိုးခြင်းကို ခံစေ ဟူသော ပညတ်စကားကို သင်တို့ကြားရပြီ။
39 ᎠᏎᏃ ᎠᏴ ᎯᎠ ᏂᏣᏪᏎᎭ; ᏞᏍᏗ ᏱᏣᏞᎨᏍᏗ ᎤᏐᏅ ᏁᏨᏁᎸᎢ; ᎩᎶᏍᎩᏂ ᎯᎦᏘᏏ ᏣᎪᏇᎷᎲᏍᎨᏍᏗ, ᏐᎢ ᎾᏍᏉ ᎯᏯᎵᏍᎪᎸᏓᏁᎮᏍᏗ.
၃၉ငါပညတ်သည်ကား၊ နှောင့်ရှက်သောသူကို မဆီးမတားနှင့်။ သင်၏ ပါးတဘက်ကို သူတပါးပုတ်လျှင် ပါးတဘက်ကို လှည့်၍ပေးဦးလော့။
40 ᎩᎶᏃ ᎤᏚᎵᏍᎨᏍᏗ ᏣᏱᎵᏓᏍᏗᏱ, ᎠᎴ ᏣᎾᎡᏗᏱ ᎭᏫᏂ ᏣᏄᏬ, ᎤᏛᏃᎯ ᎾᏍᏉ ᎯᏅᏁᎮᏍᏗ.
၄၀သင့်အင်္ကျီကို ယူလို၍ တရားတွေ့သောသူအား သင့်ဝတ်လုံကိုလည်း ယူစေခြင်းငှါ အခွင့်ပေးဦးလော့။
41 ᎩᎶᏃ ᏑᏟᎶᏛ ᎢᏍᏕᏅᏍᏗᏱ ᏂᏨᏁᎮᏍᏗ, ᏔᎵ ᎢᏳᏟᎶᏛ ᎢᏍᏕᎨᏍᏗ.
၄၁အကြင်သူသည် သင့်ကို အနိုင်ပြု၍ ခရီးတတိုင်သွားစေ၏။ ထိုသူနှင့်တကွ နှစ်တိုင်သွားဦးလော့။
42 ᏣᏔᏲᏎᎯ ᎯᏁᎮᏍᏗ, ᏣᏙᎸᎡᏗᏱᏃ ᎤᏚᎵᏍᎩ ᏞᏍᏗ ᎢᏴᏛ ᎢᎯᏯᏛᏁᎸᎩ.
၄၂တောင်းသောသူအားပေးလော့။ ချေးငှါးလိုသောသူကိုလည်း မငြင်းမပယ်နှင့်။
43 ᎢᏣᏛᎦᏅᎯ ᎢᎩ ᎯᎠ ᎢᎦᏪᏛ ᎨᏒᎢ; ᎯᎨᏳᏎᏍᏗ ᎾᎥ ᎢᏗᏍᏓᏓᎳ, ᎯᏍᎦᎨᏍᏗᏃ ᏣᏍᎦᎩ.
၄၃ကိုယ်နှင့်စပ်ဆိုင်သောသူကို ချစ်လော့။ ရန်သူကို မုန်းလော့ဟူသောပညတ်စကားကို သင်တို့ ကြား ရပြီ။
44 ᎠᏎᏃ ᎠᏴ ᎯᎠ ᏂᏨᏪᏎᎭ; ᏕᏥᎨᏳᏎᏍᏗ ᎨᏥᏍᎦᎩ; ᎣᏍᏛ ᏕᏥᏁᏤᎮᏍᏗ ᎨᏥᏍᎩᏅᏗᏍᎩ, ᎣᏍᏛ ᏂᏕᏣᏛᏁᎮᏍᏗ ᎨᏥᏂᏆᏘᎯ, ᎠᎴ ᎣᏍᏛ ᎢᏳᎾᎵᏍᏓᏁᏗᏱ ᎢᏣᏓᏙᎵᏍᏗᏍᎨᏍᏗ ᎦᏰᎪᎩ ᎨᏥᏃᎮᏍᎩ ᎠᎴ ᎤᏲ ᎢᎨᏨᏁᎯ.
၄၄ငါပညတ်သည်ကား၊ သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ သားဖြစ်လိုသော ငှါ။ သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကိုကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို မုန်း သောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို နှောင့်ရှက်ညှဉ်းဆဲသောသူတို့အဘို့ ဘုရားသခင်ကို ဆုတောင်း ကြလော့။
45 ᎾᏍᎩᏃ ᎦᎸᎳᏗ ᎡᎯ ᎢᏥᏙᏓ ᏧᏪᏥ ᏂᏣᎵᏍᏗᏍᎨᏍᏗ; ᎾᏍᎩᏰᏃ ᎤᏤᎵ ᏅᏙ ᏕᎦᎾᏄᎪᏫᏎᎰ ᎤᏂᏲ ᎠᎴ ᎠᏃᏍᏛ, ᎠᎴ ᏓᎦᏅᏓᏁᎰ ᎤᎾᏓᏅᏘ ᎠᎴ ᎤᏂᏁᎫᏥᏛ.
၄၅အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည်၊ ကောင်းသောသူမကောင်း သောသူတို့အပေါ်၌ ကိုယ်တော်၏နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ မဖြောင့်မတ်သောသူတို့ အပေါ်၌ မိုဃ်းကို ရွာစေတော်မူ၏။
46 ᎢᏳᏰᏃ ᏱᏗᏥᎨᏳᎭ ᎨᏥᎨᏳᎯ, ᎦᏙ ᏰᏣᎫᏴᏓᏏ? ᏝᏍᎪ ᎾᏍᎩ ᏱᎾᎾᏛᏁᎰ ᎠᏰᎵ-ᎠᏕᎸ ᎠᏂᎩᏏᏙᎯ?
၄၆သင်တို့ကို ချစ်သောသူတို့အားသာ ချစ်တုံ့ပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ အခွန်ခံသူတို့ပင် ဤ မျှလောက်ပြုကြသည် မဟုတ်လော။
47 ᎢᏳ ᎠᎴ ᎢᏣᏓᏅᏟᏉ ᎤᏅᏒ ᏱᏗᏥᏲᎵᎭ, ᎦᏙ ᎢᏣᏛᏁᎲ ᏕᏥᎪᎾᏛᏗ ᎠᏂᏐᎢ? ᏝᏍᎪ ᎾᏍᎩ ᏱᎾᎾᏛᏁᎰ ᎠᏰᎵ-ᎠᏕᎸ ᎠᏂᎩᏏᏙᎯ?
၄၇အဆွေအမျိုးတို့အားသာ လောကဝတ်ပြုလျှင် အဘယ်သို့ထူးမြတ်သနည်း။ သာသနာပလူတို့ပင် ထို အတူ ပြုကြသည်မဟုတ်လော။
48 ᏂᎯᏍᎩᏂ ᏂᏥᏍᎦᏅᎾ ᎨᏎᏍᏗ ᎾᏍᎩᏯ ᎢᏥᏙᏓ ᎦᎸᎳᏗ ᎡᎯ ᎾᏍᎦᏅᎾ ᏥᎩ.
၄၈ထို့ကြောင့် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် စုံလင်တော်မူသည်နည်းတူ သင်တို့ သည်လည်း စုံလင်ခြင်းရှိကြလော့။

< ᎣᏍᏛ ᎧᏃᎮᏛ ᎹᏚ ᎤᏬᏪᎳᏅᎯ 5 >