< ᎨᏥᏅᏏᏛ ᏄᎾᏛᏁᎵᏙᎸᎢ 24 >
1 ᎯᏍᎩᏃ ᏫᏄᏒᎳ ᎡᏂᎾᏯ ᏄᎬᏫᏳᏒ ᎠᏥᎸ-ᎨᎶᎯ ᎤᎷᏨᎩ, ᎠᏁᎲ ᏗᎨᎦᏁᎶᏗ, ᎠᎴ ᎩᎶ ᎢᏳᏍᏗ ᏗᏘᏲᎯᎯ, ᏔᏓᎳ ᏧᏙᎢᏛ, ᎾᏍᎩ ᎤᏂᏃᏁᎸᎩ ᎤᎬᏫᏳᎯ, ᎠᏄᎯᏍᏗᏍᎬ ᏉᎳ.
၁နောက်ငါးရက်ကြာသောအခါယဇ်ပုရောဟိတ် မင်းအာနနိသည် ဘာသာရေးခေါင်းဆောင်အချို့ တို့လိုက်ပါလျက် တေရတုလုနာမည်ရှိသော ရှေ့နေနှင့်အတူကဲသရိမြို့သို့ရောက်ရှိလာ၏။ ထိုသူတို့သည်ဘုရင်ခံဖေလဇ်၏ရှေ့တော်သို့ ဝင်၍ပေါလုအကြောင်းနှင့်ပတ်သက်၍စွဲချက် တင်ကြ၏။-
2 ᏩᏥᏯᏅᎲᏃ ᏔᏓᎳ ᎤᎴᏅᎲᎩ ᎤᏬᎯᏍᏔᏅᎩ, ᎯᎠ ᏄᏪᏒᎩ; “ᏂᎯ ᎢᏣᏂᏌᏅᎯ ᎤᏣᏘ ᏅᏩᏙᎯᏯᏛ ᏦᏤᎭ, ᎠᎴ ᎣᏍᏛ ᏥᏄᎾᎵᏍᏓᏁᎭ ᏴᏫ ᎣᎦᏤᎵᎪᎯ ᏣᎦᏌᏯᏍᏗᏳ ᎨᏒ ᏥᏅᏗᎦᎵᏍᏙᏗᎭ,
၂ဘုရင်ခံမင်းသည်ပေါလုကိုရှေ့တော်သို့ခေါ် ယူပြီးသောအခါ ရှေ့နေတေရတုလုက ``အရှင် ဖေလဇ်မင်း၊ အရှင်၏အမြော်အမြင်ကြီးမှု ကြောင့် အကျွန်ုပ်တို့သည်အလွန်အေးချမ်းသာ ယာစွာနေထိုင်နိုင်ကြပါ၏။ အရှင်သည် အကျွန်ုပ်တို့၏တိုင်းပြည်အကျိုးအတွက် လိုအပ်သောအသစ်ပြုပြင်ပြောင်းလဲမှု များကိုပြုလုပ်ပေးလျက်ရှိပါ၏။-
3 ᎾᏍᎩ ᎢᏳᏍᏗ, ᎰᏍᏛ ᏈᎵᏏ, ᏂᎪᎯᎸ ᎠᎴ ᏂᎬᎾᏛ ᏂᎦᎥ ᎠᎵᎮᎵᏍᏗ ᎨᏒ ᎣᏣᏓᏂᎸᎪᎢ.
၃ဤဆောင်ရွက်ချက်များကိုအကျွန်ုပ်တို့သည် အရပ်တကာတွင် အခါခပ်သိမ်းအထူး ကျေးဇူးတင်စွာဖြင့်ကြိုဆိုကြပါ၏။-
4 ᎠᏎᏃ ᎠᏏ ᎤᏟ ᎢᎦᎢ ᏂᏗᎬᏯᏪᎢᏍᏔᏅᎾ, ᎬᏔᏲᏎᎭ ᏣᏓᏅᏘᏳ ᎨᏒ ᏨᏙᏗᏱ ᏍᎩᏯᏛᎦᏁᏗᏱ ᎢᎸᏍᎩ ᎢᎧᏁᏨᎯ.
၄အကျွန်ုပ်သည်အရှင်၏အချိန်ကိုများစွာ မယူလိုပါ။ သို့ဖြစ်၍အကျဉ်းချုပ်အားဖြင့် အကျွန်ုပ်တို့လျှောက်လဲသည်ကိုနားထောင် ပါရန်ပန်ကြားပါ၏။-
5 ᎣᎦᏙᎴᎰᏒᏰᏃ ᎯᎠ ᎾᏍᎩ ᎠᏍᎦᏯ ᎤᏣᏔᏅᎯ ᎤᏕᏯᏙᏗ ᎨᏒᎢ, ᎠᎴ ᎦᏂᎳᏗᏍᎩ ᏧᏓᎴᏅᏛ ᏂᎦᏛ ᎠᏂᏧᏏ ᎠᏁᎲ ᏂᎬᎾᏛ ᎡᎶᎯ, ᎠᎴ ᏄᎬᏫᏳᏒ ᏗᏓᏘᏂᏙᎯ ᎤᎾᎵᎪᏒ ᎾᏎᎵᏂ ᏧᎾᏙᎢᏛ.
၅ဤသူသည်အနှောင့်အယှက်အလွန်ပေးတတ် သူ၊ တိုင်းပြည်အတွက်အန္တရာယ်ရှိသူဖြစ်ကြောင်း အကျွန်ုပ်တို့တွေ့ရှိရပါသည်။ သူသည်ကမ္ဘာ အရပ်ရပ်ရှိယုဒအမျိုးသားအပေါင်းတို့ ကို ရုန်းရင်းဆန်ခတ်ဖြစ်အောင်လှုံ့ဆော်ပေး ပါ၏။ နာဇရက်ဂိုဏ်းသားတို့၏ခေါင်းဆောင် တစ်ယောက်ဖြစ်ပါ၏။-
6 ᎾᏍᎩ ᎾᏍᏉ ᎤᏛᏅ ᏗᎦᎳᏫᎢᏍᏗᏱ ᎤᏐᏢᎢᏍᏙᏗᏱ ᎤᏰᎸᏅᎩ. ᎾᏍᎩ ᎣᏥᏂᏴᎲᎩ ᎠᎴ ᎣᎦᏚᎵᏍᎬᎩ ᏦᎩᎧᎿᎭᏩᏛᏍᏗ ᎣᎬᏙᏗᏱ ᎣᏥᏱᎵᏓᏍᏗᏱ.
၆ဗိမာန်တော်ကိုလည်းညစ်ညမ်းစေရန်ကြိုးစား အားထုတ်သဖြင့် သူ့အားအကျွန်ုပ်တို့ဖမ်းဆီး ခဲ့ကြပါ၏။ (သူ့အားအကျွန်ုပ်တို့သည်ပညတ် တရားအရစစ်ဆေးစီရင်ရန်အလိုရှိသော် လည်း၊-
7 ᎠᏎᏃ ᎵᏏᏯ ᏄᎬᏫᏳᏒ ᏗᏓᏘᏂᏙᎯ ᎤᎷᏨ ᎤᏣᏘ ᎬᏍᎦᎢᏍᏓᎩᏯ ᏙᎦᏑᎦᎸᏔᏅᎩ,
၇တပ်မှူးလုသိသည်လာ၍အကျွန်ုပ်တို့လက် မှအတင်းအဋ္ဌမ္မခေါ်ယူသွားပါ၏။-
8 ᎠᎴ ᏚᏁᏤᎸᎩ ᎬᏭᎯᏍᏗᏍᎩ ᎨᏣᎷᏤᏗᏱ; ᎾᏍᎩᏃ ᎯᎪᎵᏰᏍᎬᎢ ᏨᏒ ᎨᏣᎦᏙᎥᎯᏍᏗ ᏱᏂᎦᎵᏍᏓ ᎯᎠ ᏂᎦᏛ ᏦᏧᎢᏍᏗᎭ.”
၈သူ့အားပြစ်တင်ပြောဆိုသူတို့ကိုလည်းအရှင် ၏ထံသို့လာကြရန်အမိန့်ပေးခဲ့ပါ၏။) အရှင်ကိုယ်တိုင်သူ့အားစစ်ဆေးမေးမြန်းကြည့် ပါလျှင်သူ့အားအကျွန်ုပ်တို့စွပ်စွဲသည့်အချက် အားလုံးကိုကြားသိရပါလိမ့်မည်'' ဟုလျှောက်၏။-
9 ᎠᏂᏧᏏᏃ ᎾᏍᏉ ᎤᏂᏍᏓᏱᏛᎩ, ᎤᏙᎯᏳᎯ ᎾᏍᎩ ᏄᏍᏗ, ᎤᎾᏛᏅᎩ.
၉ယုဒအမျိုးသားတို့ကလည်း ``ဤစကားများ သည်ဟုတ်မှန်ပါ၏'' ဟုဆိုကာပေါလုကိုဝိုင်း ၍စွပ်စွဲပြောဆိုကြလေသည်။
10 ᎿᎭᏉᏃ ᏉᎳ, ᎤᎬᏫᏳᎯ ᎤᎵᏍᎫᏫᏎᎸ ᎤᏁᎢᏍᏗᏱ ᎤᎵᏍᎪᎸᏓᏁᎸ, ᎯᎠ ᏄᏪᏒᎩ; “ᏥᎦᏔᎯᏳ ᏥᎩ ᎢᎸᏍᎩ ᏧᏕᏘᏴᏛ ᏚᎪᏓᏁᎯ ᎢᎬᏩᎵᏍᏔᏅᎯ ᎨᏒ ᎯᎠ ᏑᎾᏓᎴᎩ ᏴᏫ, ᎾᏍᎩ ᏅᏓᎦᎵᏍᏙᏓ ᎤᏟ ᎤᎦᎵᏍᏗᏳ ᎦᏓᏅᏓᏓ, ᎠᏋᏒ ᎦᎵᏍᏕᎵᏍᎬ ᎬᎩᏁᎢᏍᏗ ᏥᏂᎦᎵᏍᏓ.
၁၀ဘုရင်ခံမင်းသည်လက်ရိပ်ပြ၍ပေါလုအား တင်လျှောက်ခွင့်ပြုသောအခါပေါလုက၊ ``အရှင်သည်ဤလူမျိုးအပေါ်၌နှစ်ပေါင်း များစွာ တရားစီရင်လျက်နေခဲ့သူဖြစ်ကြောင်း အကျွန်ုပ်သိပါ၏။ ထို့ကြောင့်အကျွန်ုပ်မှာအပြစ် မရှိကြောင်းကို အရှင်အားလျှောက်လဲရသည့် အတွက်ဝမ်းမြောက်ပါ၏။-
11 ᎨᏣᎦᏙᎥᎯᏍᏗᏰᏃ ᏂᎦᎵᏍᏗᎭ ᎾᏍᎩ ᎠᏏᏉ ᏔᎳᏚᏉ ᏄᏒᎭ ᏥᎷᏏᎵᎻ ᎬᏆᏓᏙᎵᏍᏔᏅᏒᎯ.
၁၁အကျွန်ုပ်သည်ယေရုရှလင်မြို့သို့ဘုရား သခင်ကို ဝတ်ပြုကိုးကွယ်ရန်သွားရောက်ခဲ့ သည်မှာတစ်ဆယ့်နှစ်ရက်မျှသာရှိပါသေး သည်။ ဤအချက်များကိုအရှင်စုံစမ်းသိ ရှိနိုင်ပါ၏။-
12 ᎠᎴ ᎥᏝ ᏱᎬᎩᏩᏛᎮ ᎩᎶ ᏲᏍᏓᏗᏒᎯᎮ ᎣᏍᏗᏬᏂᏍᎬᎢ ᎤᏛᏅ-ᏗᎦᎳᏫᎢᏍᏗᏱ, ᎠᎴ ᎥᏝ ᏱᏗᏥᏖᎸᎲᏍᎨ ᏚᎾᏓᏅᏛ ᏴᏫ ᏗᎦᎳᏫᎢᏍᏗᏱ ᏕᎨᏌᏗᏒᎢ ᎠᎴ ᎢᎸᎯᏢ ᎦᏚᎲᎢ.
၁၂ဗိမာန်တော်တွင်ဖြစ်စေ၊ တရားဇရပ်များ တွင်ဖြစ်စေ၊ မြို့ထဲတွင်ဖြစ်စေလူတို့ဆူပူ လှုပ်ရှားအောင် အကျွန်ုပ်လှုံ့ဆော်ပေးသည် ကိုယုဒအမျိုးသားတို့မတွေ့မရှိခဲ့ ကြပါ။-
13 ᎥᏝ ᎠᎴ ᏰᎵ ᎬᏩᏃᎯᏳᏙᏗ ᏱᎩ ᎯᎠ ᎾᏍᎩ ᎿᎭᏉ ᏥᎬᏇᎯᏍᏗᎭ.
၁၃ယခုအကျွန်ုပ်အားစွပ်စွဲပြောဆိုကြသည့် အချက်များကို သူတို့သည်သက်သေမပြ နိုင်ကြပါ။-
14 ᎯᎠᏍᎩᏂᏃᏅ ᎬᏃᎲᏏ, ᎾᏍᎩ ᎤᎾᏓᏤᎵᏛ ᎤᎾᎵᎪᎯ ᏥᏓᏃᏎᎭ, ᎾᏍᎩ ᎦᏥᏍᏓᏩᏗᏒ ᏥᏯᏓᏙᎵᏍᏓᏁᎲ ᎤᏁᎳᏅᎯ ᏗᎩᎦᏴᎵᎨ ᎤᎾᏤᎵᎦ, ᎪᎢᏳᎲᏍᎬᎢ ᏂᎦᏛ ᎪᏪᎸ ᏗᎧᎿᎭᏩᏛᏍᏗᏱ ᎠᎴ ᎠᎾᏙᎴᎰᏍᎩ ᏚᏃᏪᎸᎢ;
၁၄သို့သော်လည်းထိုသူတို့ကလွဲမှားသည်ဟု ယူဆသည့်လမ်းစဉ်တော်အရ အကျွန်ုပ်သည် ဘိုးဘေးများ၏ဘုရားသခင်ကိုကိုးကွယ် ကြောင်းကိုမူအရှင်အားဝန်ခံပါ၏။ သို့ရာ တွင်အကျွန်ုပ်သည်မောရှေ၏ပညတ်ကျမ်း နှင့်ပရောဖက်ကျမ်းများတွင်ဖော်ပြပါရှိ သမျှသောအရာတို့ကိုယုံကြည်ပါသည်။-
15 ᎠᎴ ᎾᏍᏉ ᎤᏚᎩ ᏥᏴᎠ ᎤᏁᎳᏅᎯ, ᏧᎾᎴᎯᏐᏗ ᎨᏒ ᏧᏂᏲᎱᏒᎯ ᎤᎾᏓᏅᏘ ᎠᎴ ᎤᏂᏁᎫᏥᏛ, ᎾᏍᎩ ᎾᏍᏉ ᎤᏅᏒ ᏧᏃᎯᏳᎭ.
၁၅အကျွန်ုပ်သည်ဘုရားသခင်ကိုအားကိုး မျှော်လင့်သူဖြစ်၍ လူဆိုးလူကောင်းမရွေး လူခပ်သိမ်းတို့သည် သေခြင်းမှရှင်ပြန် ထမြောက်ကြလိမ့်မည်ဟုမျှော်လင့်ပါ၏။-
16 ᎠᎴ ᎾᏍᎩ ᎯᎠ ᏂᎦᏛᏁᎰᎢ ᎦᏟᏂᎬᏁᎰ ᎠᏆᏓᏅᏙᎩ ᎠᏆᏎᎮᎲᎢ ᏂᎪᎯᎸ ᏂᏥᏍᎦᏅᏤᎲᎾ ᎤᏁᎳᏅᎯ ᎠᎴ ᏂᎦᏥᏍᎦᏅᏤᎲᎾ ᏴᏫ ᎢᏳᎵᏍᏙᏗᏱ.
၁၆သို့ဖြစ်၍အကျွန်ုပ်သည်ဘုရားသခင်ရှေ့လူ တို့ရှေ့တွင် မိမိ၏သြတ္တပ္ပစိတ်ကြည်လင်မှုရှိ စေရန်အစဉ်အမြဲအစွမ်းကုန်ကြိုးစား အားထုတ်ပါ၏။
17 ᎢᎸᏍᎩᏃ ᏫᏄᏕᏘᏴᎲ ᏗᏆᏤᎵᎦ ᏴᏫ ᏕᏥᏲᎮᎸᎩ ᎨᏥᏁᎸᎯ, ᎠᎴ ᎠᎩᏲᎸᎩ ᎠᏥᎸᎨᎳᏍᏗ.
၁၇``အကျွန်ုပ်သည်ယေရုရှလင်မြို့မှထွက်ခွာ ၍နှစ်ပေါင်းများစွာကြာပြီးနောက် မိမိ၏ အမျိုးသားချင်းများအတွက်အလှူငွေ ယူဆောင်လာရန်အတွက်လည်းကောင်း၊ ဘုရား သခင်အားပူဇော်သကာဆက်သရန်အတွက် လည်းကောင်းပြန်လည်ရောက်ရှိလာပါ၏။-
18 ᎾᏍᎩᏃ ᏂᎦᏛᏁᎲᎢ ᎩᎶ ᎢᏳᎾᏍᏗ ᎠᏂᏧᏏ ᎡᏏᏱ ᎠᏁᎯ ᎬᎩᏩᏛᎲᎩ ᎠᏆᏓᏅᎦᎵᏌᏛ ᎨᏒᎩ ᏥᏯᎥᎩ ᎤᏛᏅᏗᎦᎳᏫᎢᏍᏗᏱ, ᎥᏝ ᏱᎨᎳᏗᏙᎮ ᎤᏂᏣᏘ ᎠᏁᏙᎲᎢ, ᎠᎴ ᎤᎾᏓᏑᏰᏛ ᎨᏒᎢ;
၁၈ဗိမာန်တော်ထဲတွင်အကျွန်ုပ်သည်သန့်စင် ခြင်းမင်္ဂလာကိုပြုပြီးနောက်ပူဇော်သကာ ဆက်သနေချိန်၌ ထိုသူတို့သည်အကျွန်ုပ် ကိုတွေ့မြင်ကြပါ၏။ ထိုအခါလူပရိ သတ်များမရှိပါ။ ရုန်းရင်းဆန်ခတ်လည်း မဖြစ်ပါ။-
19 ᎾᏍᎩᏍᎩᏂ ᎠᏂ ᏦᎸᎢ ᏱᎠᏁᏙᎮᎢ, ᎠᎴ ᏳᏂᏃᎮᎴᎢ, ᎢᏳᏃ ᎪᎱᏍᏗ ᏱᎬᏇᎯᏍᏗᎭ.
၁၉သို့ရာတွင်ထိုနေရာတွင်အာရှနယ်မှလာ သောယုဒအမျိုးသားအချို့ရှိပါ၏။ အကျွန်ုပ် အားစွပ်စွဲပြောဆိုစရာရှိလျှင်သူတို့ကိုယ် တိုင်ဤအရပ်သို့လာ၍၊-
20 ᎠᎴ ᎯᎠᏉ ᎾᏍᏉ ᎤᏅᏒ ᏳᏂᏃᎮᎸ, ᎢᏳᏃ ᎤᏲ ᏓᎩᎸᏫᏍᏓᏁᎸ ᎤᏂᏩᏛᏛ ᏱᎩ ᏕᎦᎳᏫᎥ ᏥᏙᎬᎢ,
၂၀အကျွန်ုပ်ကူးလွန်သောအပြစ်ကိုအရှင့်ထံ တွင်ဖော်ပြစွပ်စွဲသင့်ပါ၏။-
21 ᎯᎠ ᏍᎩᏂᏃᏅ ᏑᏓᎴᎩ ᎤᏩᏒ ᎠᎩᏁᏨᎢ, ᎯᎠ ᎾᎩᏪᏒ ᎠᏇᎷᏅ ᎠᏂᎦᏔᎲ ᏥᏙᎬᎢ; ᏗᎴᎯᏐᏗ ᎨᏒ ᎠᏲᎱᏒ ᏅᏗᎦᎵᏍᏙᏗ ᏍᎩᏱᎵᏙᎭ ᎪᎯ ᎢᎦ ᏥᎩ.”
၂၁ထိုသို့မဟုတ်လျှင်လည်းအကျွန်ုပ်သည် တရားလွှတ်တော်အဖွဲ့ရှေ့တွင် ချေပလျှောက် လဲနေစဉ်အခါက `အကျွန်ုပ်သည်သူသေ တို့ရှင်ပြန်ထမြောက်ကြလိမ့်မည်ကိုမျှော် လင့်သူဖြစ်သဖြင့် ယနေ့သင်တို့ရှေ့တွင် အစစ်အဆေးခံနေရပါ၏' ဟူ၍ကြွေး ကြော်ခဲ့သည့်စကားရပ်မှတစ်ပါးအခြား အဘယ်ပြစ်မှုရှိကြောင်းဤသူတို့ဖော်ပြ ကြပါစေ'' ဟုလျှောက်လေ၏။
22 ᏈᎵᏏᏃ ᎾᏍᎩ ᎤᏛᎦᏅ, ᎠᎴ ᎤᏟ ᎢᎦᎢ ᎤᎦᏙᎥᏒ ᎾᏍᎩ ᎦᏅᏅᎢ, ᏚᏬᎯᏕᎸᎩ ᎯᎠ ᏄᏪᏒᎩ; ᎵᏏᏯ ᏄᎬᏫᏳᏒ ᏗᏓᏘᏂᏙᎯ ᎦᎷᏨᎭ ᏓᎦᏛᎦᏃᏂ ᏥᏥᏱᎵᏙᎭ.
၂၂ဖေလဇ်သည်လမ်းစဉ်တော်အကြောင်းကို ကောင်းစွာသိရှိထားသူဖြစ်သဖြင့် အမှု စစ်ဆေးကြားနာမှုကိုထိုအချိန်၌ရပ် နားလိုက်၏။ သူက ``တပ်မှူးလုသိ ရောက်ရှိလာသောအခါမှသင်တို့အမှု ကိုငါစီရင်ချက်ချမှတ်မည်'' ဟုဆို၏။-
23 ᎤᏁᏤᎸᎩᏃ ᎠᏍᎪᎯᏧᏛ ᏗᏘᏂᏙᎯ ᏧᎧᎿᎭᏩᏗᏓᏍᏗᏱ ᏉᎳ, ᎠᎴ ᎤᏁᎳᎩ ᏪᏓ ᎤᏪᎵᏎᏗᏱ, ᎠᎴ ᎯᎠ ᏄᏪᏎᎸᎩ; ᏞᏍᏗ ᏣᏅᏍᏙᏒᎩ ᎩᎶ ᎢᏳᏍᏗ ᎤᎾᎵᎢ ᎤᏍᏕᎸᎯᏓᏍᏗᏱ ᎠᎴ ᎤᏩᏛᎯᎯᏍᏗᏱ.
၂၃ပေါလုကိုအစောင့်အကြပ်နှင့်အကျယ်ချုပ် ထားကာ သူ၏မိတ်ဆွေသင်္ဂဟများလာရောက် ပြုစုသည်ကိုခွင့်ပြုရန်တပ်ခွဲမှူးအားအမိန့် ပေး၏။
24 ᎢᎸᏍᎩᏃ ᏫᏄᏒᎸ ᏈᎵᏏ ᎤᎷᏨᎩ, ᎤᏘᏃᎸᎩ ᎤᏓᎵᎢ ᏚᏏᎵ, ᎾᏍᎩ ᎠᏧᏏ ᎨᏒᎩ, ᎤᏓᏅᏒᎩ ᏩᏥᏯᏅᏗᏱ ᏉᎳ; ᎤᏛᎦᏁᎸᎩᏃ ᎦᎶᏁᏛ ᎪᎯᏳᏗ ᎨᏒ ᎤᎬᏩᎵ.
၂၄ရက်အနည်းငယ်ကြာသောအခါဖေလဇ်သည် မိမိ၏ဇနီးဒြုသိလေနှင့်အတူလာရောက်၏။ ဒြုသိလေကားယုဒအမျိုးသမီးဖြစ်၏။ ဖေလဇ် သည်ပေါလုကိုအခေါ်ခိုင်းပြီးလျှင် ခရစ်တော် ယေရှုအားယုံကြည်ခြင်းနှင့်ပတ်သက်၍ ပေါလု ဟောပြောသောတရားစကားများကိုကြား နာလေသည်။-
25 ᎠᏏᏉᏃ ᎧᏃᎮᏍᎬ ᏚᏳᎪᏛ ᎨᏒᎢ, ᎠᎴ ᎠᎵᏏᎾᎯᏍᏙᏗ ᎨᏒᎢ, ᎠᎴ ᎤᏁᎳᏅᎯ ᏧᏭᎪᏙᏗᏱ ᎤᎵᏱᎶᎯᏍᏗ ᎨᏒᎢ, ᏈᎵᏏ ᎤᏪᎾᏮᎩ, ᎯᎠ ᏄᏪᏒᎩ; ᎭᏓᏅᎾ ᎪᎯ, ᎢᏳᏃ ᏰᎵ ᎢᎬᏆᏛᏁᏗ ᏂᎦᎵᏍᏔᏅᎭ ᏫᎬᏯᏅᎲᎭ.
၂၅သို့ရာတွင်ပေါလုသည်ကောင်းမြတ်ခြင်း အကြောင်းနှင့် ကာမဂုဏ်ချုပ်တည်းခြင်း အကြောင်းကိုလည်းကောင်း၊ သက်ရောက်လတ္တံ့ သောတရားစီရင်တော်မူရာနေ့ရက် အကြောင်းကိုလည်းကောင်း ဟောပြောသော အခါဖေလဇ်သည်ကြောက်လန့်သဖြင့် ``ယခု သင်သွားနိုင်ပြီ။ နောင်အခွင့်ကြုံသည့်အခါ သင့်ကိုငါခေါ်ဦးမည်'' ဟုဆို၏။-
26 ᎠᎴ ᎾᏍᏉ ᎤᏚᎩ ᎤᏩᏒᎩ ᏉᎳ ᎠᏕᎸ ᏧᏁᏗᏱ, ᎾᏍᎩᏃ ᏧᏲᎯᏍᏗᏱ; ᎾᏍᎩ ᎢᏳᏍᏗ ᎤᏟ ᏯᏃᎩᏳ ᎠᏓᏅᏍᎬᎩ ᏩᏯᏂᏍᎬᎩ, ᎠᎴ ᎠᎵᏃᎮᏗᏍᎬᎩ.
၂၆ဖေလဇ်သည်မိမိအားပေါလုလာဘ်ထိုးလိမ့် မည်ဟုမျှော်လင့်ကာ သူ့အားမကြာမကြာ ခေါ်၍စကားပြောလေ၏။
27 ᏔᎵᏃ ᏫᏄᏕᎢᏴᎲ ᏈᎵᏏ ᎤᏪᏅᎢ ᏉᏏᏯ ᏇᏍᏓ ᎤᏪᏔᏅᎩ; ᏈᎵᏏᏃ ᎤᏚᎵᏍᎬᎢ ᎠᏂᏧᏏ ᎣᏍᏛ ᏧᏓᏅᏓᏗᏍᏙᏗᏱ, ᎤᏪᎧᎯᏴᎩ ᏉᎳ ᎠᎦᎸᎢᏛ.
၂၇နောက်နှစ်နှစ်မျှကြာသော်ဖေလဇ်၏ဘုရင်ခံ ရာထူးကိုပေါကိဖေတ္တုဆက်ခံရ၏။ ဖေလဇ် သည်ယုဒအမျိုးသားတို့ထံမှမျက်နှာရ လိုသဖြင့် ပေါလုအားဆက်လက်၍အကျဉ်း ချထားခဲ့၏။