< Y Checho Y Apostoles Sija 18 >

1 YA despues di estesija, jumanao si Pablo guiya Atenas ya mato Corinto:
ထိုနောက် ပေါလုသည် အာသင်မြို့မှ ထွက်သွား ၍ ကောရိန္တု မြို့သို့ရောက်လေ၏။
2 Ya jasoda un Judio na naanña si Aquila, mafañagon Ponto, ni ti apmamam na mato guinin Italia, yan y asaguaña as Prisila, sa manago si Claudio na todo y Judios ufanjanao Roma; ya mato guiya sija.
ထိုအခါယုဒလူအပေါင်းတို့သည် ရောမမြို့မှ ထွက်သွားရမည်အကြောင်း၊ ကလောဒိမင်း အမိန့်တော်ရှိ သည်ဖြစ်၍၊ ပုန္တုပြည်သား အာကုလအမည်ရှိသော ယုဒလူတယောက်သည် ဣတလိပြည်မှလာ၍၊ မိမိမယား ပြစ်ကိလနှင့်တကွမကြာမမြင့်မှီ ရောက်လာသည်ကို ပေါလုတွေ့လျှင်သူတို့ဆီသို့ဝင်၍၊
3 Sa parejoja chechoñiñija, ya sumaga yan sija, ya machochoeho: sa y chechoñiñija manmamatitinas y guima tienda.
အလုပ်ချင်းတူသောကြောင့်၊ သူတို့နှင့်နေ၍ အလုပ်လုပ်လေ၏။ ထိုသူတို့သည် တဲရှင်ကိုချုပ်တတ် သော အချုပ်သမားဖြစ်ကြ၏။
4 Ya mañangangane gui sinagoga cada sabado, ya japrocucura para usuug y Judio yan y Griego sija.
ပေါလုသည်လည်း ဥပုသ်နေ့မပြတ် တရားစရပ်၌ ဆွေးနွေး ဟောပြော၍၊ ယုဒလူနှင့်ဟေလသလူတို့ကို ဖြားယောင်းသွေးဆောင်လေ၏။
5 Lao anae mato si Silas yan Timoteo guinin Masedonia, si Pablo chineneg ni sinangan na unamatungo gui Judios na si Jesus y Cristo.
သိလနှင့် တိမောသေတို့သည် မာကေဒေါနိပြည်မှ ရောက်လာသောအခါ၊ ပေါလုသည် သူတို့နှင့်တကွ တရားဟောခြင်းအမှုကိုသာ ဆောင်ရွက်၍၊ ယေရှုခရစ်၏ အကြောင်းကို ယုဒလူတို့အား ကြိုးစား၍ သက်သေခံလေ၏။
6 Ya anae macontra sija yan machatfino nu sija, jasacude y magaguña, ya ilegña nu sija: Y jâgâmiyo gui jilo y ilunmiyo: guajo gasgasyo; ya desde pago bae jujanao para y Gentiles.
ယုဒလူတို့သည် ငြင်းခုံဆဲရေးခြင်းကို ပြုသည် ရှိသော်၊ ပေါလု သည် မိမိအဝတ်ကိုခါလိုက်လျက်၊ သင်တို့၏ အသွေးသည် သင်တို့၏ ခေါင်းပေါ်၌တည်စေ။ ငါမူကား ကင်းလွတ်၏။ ယခုမှစ၍ တပါးအမျိုးသားတို့ဆီသို့ သွားမည်ဟု ဆိုပြီးလျှင်၊
7 Ya mapos ya jumalom gui guima un taotao na y naanña si Tito Justo na manadodora as Yuus, na y guimaña jijot gui sinagoga.
ထိုအရပ်မှထွက်၍ ဘုရားသခင်ကို ကိုးကွယ် သော ယုတ္တု အမည်ရှိသောသူ၏ အိမ်သို့သွား၏။ ထိုအိမ်သည် တရားစရပ်နှင့် စပ်လျက်ရှိသတည်း။
8 Ya si Crispo magas y sinagoga, jajonggue y Señot, yan todo y guimaña: ya megae na taotao Corinto jumungog ya manjonggue ya manmatagpange.
ကရိပ္ပုအမည်ရှိသောတရားစရပ်မှူးသည် မိမိအိမ်သူအိမ်သား အပေါင်းတို့နှင့်တကွ သခင်ဘုရားကို ယုံကြည်လေ၏။ ကောရိန္တုပြည်သားအများတို့သည် လည်း ယုံကြည်၍ ဗတ္တိဇံကိုခံကြ၏။
9 Ya y Señot jacuentuse si Pablo gui puenge gui vision, ilegña: Chamo maaañao, lao cuentos, ya chamo famatquiquilo:
ညဉ့်အခါ သခင်ဘုရားသည် ပေါလုအား ဗျာ ဒိတ် ရူပါရုံကိုပြ၍၊ သင်သည်မကြောက်နှင့်။ တိတ်ဆိတ် စွာမနေနှင့်။ ဟောပြောလော့။
10 Sa gaegueyo guiya jago, ya taya taotao siña guaguato guiya jago para unninalamen: sa megae taotaojo güine na siuda.
၁၀ငါသည်သင်နှင့်အတူရှိ၏။ သင့်ကိုညှဉ်းဆဲခြင်း ငှါ အဘယ်သူမျှ အနိုင်အထက်မပြုရ။ ဤမြို့၌ငါ၏ လူအများရှိကြသည်ဟု မိန့်တော်မူ၏။
11 Ya sumaga güije un año yan saes meses, jafananagüe sija ni y sinangan Yuus.
၁၁ပေါလုသည် ထိုမြို့သူမြို့သားတို့အား ဘုရား သခင်၏ နှုတ်ကပတ်တရားတော်ကို ဟောပြော သွန်သင် ၍ တနှစ်နှင့်ခြောက်လ ပတ်လုံးနေလေ၏။
12 Ya anae si Galión magalajen Acaya, y Judio sija mangajulo, gui un jinasoja, contra si Pablo, ya macone gui menan y tribunal,
၁၂အခါယပြည်ကို ဂါလျန်မင်းသည် ဝန်အရာနှင့် အုပ်စိုးသောအခါ ယုဒလူများသည် တညီတညွတ်တည်း ပေါလုကို အနိုင်အထက် ပြု၍ တရားပလ္လင်ရှေ့သို့ ယူသွားပြီးလျှင်၊
13 Ilegñija: Este na taotao jasuug y taotao sija para ujaadora si Yuus contra y lay.
၁၃လူတို့သည် ဘုရားကိုမတရားသဖြင့် ကိုးကွယ် စေခြင်းငှါ၊ ဤသူသည် ဖြားယောင်းတတ်ပါသည် ဟုဆိုကြ၏။
14 Ya anae para ubaba si Pablo y pachotña, si Galión ilegña ni y Judio sija: Yaguin mojon jafa na inechong pat tinaelaye, O jamyo Judios, con rason jusungon jamyo.
၁၄ပေါလုသည် နှုတ်ကိုဖွင့်မည်ပြုသော်၊ ဂါလျုန်မင်းက၊ အချင်း ယုဒလူတို့၊ မတရားသောအမှု၊ ဆိုးယုတ်ညစ်ညူးသောအမှုဖြစ်လျှင်၊ ငါသည်သင်တို့ကို အကြောင်းရှိ သည်အတိုင်းသည်းခံရမည်။
15 Lao ya yaguin y finaesen finijoja, yan naan sija, yan y laymiyo, adaje maesa jamyo; sa guajo ti malagoyo ujues ni enao na güinaja.
၁၅သို့မဟုတ် စကားသော်၎င်း၊ ခေါ်ဝေါ်သမုတ်ခြင်းသော်၎င်း၊ သင်တို့၏ဘာသာတရားသော်၎င်း၊ သင်တို့သည်အစီရင်ခံလျှင် ကိုယ်အမှုကို စောင့်ကြလော့။ ထိုသို့သော အမှုကိုစီရင်ခြင်းငှါ ငါအလိုမရှိ ဟုဆိုလျက်၊
16 Ya janafañuja gui tribunal.
၁၆ယုဒလူတို့ကို တရားပလ္လင်မှ ပယ်ရှားစေ၏။
17 Ayonae todosija maguut si Sostenes, magas y sinagoga, ya masaulag gui menan y tribunal. Ya si Galión, ti jaatituye ayo sija na güinaja.
၁၇ထိုအခါ ဟေလသလူအပေါင်းတို့သည် တရားစရပ်မှူး သုဿင်ကိုယူ၍ တရားပလ္လင် ရှေ့မှာ ရိုက်ကြ၏။ ထိုအမှုကိုလည်း ဂါလျန်မင်းသည် အမှုမထား ဘဲနေ၏။
18 Ya sumaga si Pablo güije megae na jaane, ya despues jadingo y mañelo, ya mangagama gui batco desde ayo asta Siria, ya sumisija yan si Prisila, yan Aquila; ya maguasguas y iluña guiya Cencrea: sa gae promesa.
၁၈ထိုနောက်မှပေါလုသည် တာရှည်စွာနေပြီးမှ ညီအစ်ကိုတို့ကို အခွင့်တောင်း၍ ထိုမြို့မှထွက်သွား၏။ အထက်ကသစ္စာဂတိပြုသည်နှင့် အညီ ကင်ခြေမြို့၌ ခေါင်းရိတ်ခြင်းကိုခံပြီးလျှင်၊ ပြစ်ကိလနှင့် အာကုလကို ခေါ်၍ ရှုရိပြည်သို့သင်္ဘောနှင့် လွှင့်လေ၏။
19 Ya manmato Efeso ya jadingo sija güije: ya güiyaja jumalom gui sinagoga, ya jaadingane y Judios.
၁၉ဧဖက်မြို့သို့ရောက်လျှင်၊ တရားစရပ်သို့ဝင်၍ ယုဒလူတို့နှင့် ဆွေးနွေးနှီးနှောလေ၏။
20 Ya anae magagaogüe na usaga apmam yan sija, ti malago;
၂၀ထိုသူတို့သည် မိမိတို့နှင့် အတူပေါလု နေပါဦးမည်အကြောင်း တောင်းပန်သောအခါ၊ ပေါလုသည် ဝန်မခံဘဲလျက်၊
21 Lao jadingo sija ilegña: Bae jutalo mague guiya jamyo, yaguin malago si Yuus. Ya mangama gui batco desde Efeso.
၂၁ယခုရောက်လုနီးသောပွဲကိုယေရုရှလင်မြို့၌ ငါအမှန်ခံရမည်။ ဘုရားသခင်အလိုတော်ရှိလျှင်၊ နောက် တဖန်သင်တို့ရှိရာသို့ ငါပြန်ဦးမည်ဟူ၍ အခွင့်တောင်းပြီးမှ၊ ပြစ်ကိလနှင့် အာကုလကို ဧဖက်မြို့၌ ထား၍ သင်္ဘောနှင့်လွှင့်ပြန်လေ၏။
22 Ya anae tumayog gui tano Sesarea, cumajulo, ya jasaluda y iglesia, ya mapos papa Antioquia.
၂၂ကဲသရိမြို့သို့ရောက်လျှင် ယေရုရှလင်မြို့သို့ တက်၍ အသင်းတော်နှင့် နှုတ်ဆက်ပြီးမှ အန္တိအုတ်မြို့ သို့သွားပြန်၏။
23 Ya despues di sumaga güije ti apmam na tiempo, maposgüe ya jajanagüe todo y inanaco tano Galasia, yan Frygia, para unafanmetgot todo y disipulo.
၂၃ထိုမြို့၌ အတန်အရာနေပြီးလျှင်၊ ထွက်ပြန်၍ ဂလာတိပြည်၊ ဖြူဂိပြည်ကို အစဉ်အတိုင်း ရှောက်သွား သဖြင့်၊ တပည့်တော်အပေါင်း တို့ကို မြဲမြံခိုင်ခံ့စေ၏။
24 Ya mato guiya Efeso un taotao na Judio, na y naanña si Apolos, mafañagon Alejandria, un taotao na faye, yan gaeninasiña gui Tinigue sija.
၂၄အာပေါလုအမည်ရှိသော အာလေဇန္ဒြိမြို့သား၊ ယုဒလူ တယောက်သည် ဧဖက်မြို့သို့ရောက်လာ၏။ ထိုသူသည် နှုတ်သတ္တိနှင့် ပြည့်စုံ၍ ကျမ်းစာ၌ အားကြီးသောသူဖြစ်၏။
25 Este na taotao, mafanagüe ni y chalan y Señot; maepe gui Espiritu, jasasangan yan mamananagüe claro ni y chalan y Señot, lao ayoja tinagpangenja Juan tiningoña:
၂၅သခင်ဘုရား၏ဘာသာ၌လေ့ကျက်၍ စိတ်အားကြီးသဖြင့်၊ သခင်ဘုရား၏ အကြောင်းများကို စေ့စေ့ဟောပြော၍ ဆုံးမဩဝါဒပေး၏။ သို့သော်လည်း၊ ယောဟန်၏ ဗတ္တိဇံကိုသာသိ၏။
26 Ya jatutujon sumangan ni y minatatnga gui sinagoga: ya anae jiningog as Prisila yan Aquila, macone ya mafanagüe mas claro ni y chalan Yuus.
၂၆ထိုသူသည် တရားစရပ်၌ ရဲရင့်စွာ ဟောပြောစပြုသဖြင့်၊ အာကုလနှင့် ပြစ်ကိလတို့သည် သူ၏စကားကို ကြားသောအခါ၊ သူ့ကိုယူ၍ဘုရားသခင်၏ ဘာသာတရားကိုသာ၍ သေချာစွာ သင်ကြားကြ၏။
27 Ya anae malago malofan Acaya, y mañelo mananima güe ya manmanugue para y disipulo ya manmaencatga na umaresibe güe: ya anae mato jaayuda megae ayo sija y manmanjonggue pot y grasia:
၂၇ထိုသူသည် အခါယပြည်သို့သွားခြင်းငှါ အလိုရှိ သည်ဖြစ်၍၊ တပည့်တော်ချင်းတို့သည် သူ့ကိုလက်ခံမည်အကြောင်း ညီအစ်ကိုတို့သည်မှာစာကိုပေးလိုက်ကြ၏။ သူသည်ရောက်လာလျှင်၊ ကျေးဇူးတော်အားဖြင့် ယုံကြည်သော သူတို့ကို အလွန်ထောက်မလေ၏။
28 Sa gosjanasiña macontra y Judios, y publico nae jafanunue ni y Tinigue sija, na si Jesus y Cristo.
၂၈ယေရှုသည်ခရစ်တော်ဖြစ်တော်မူကြောင်းကို ကျမ်းစာအားဖြင့် ထင်ရှားစွာပြ၍၊ လူအပေါင်းတို့ရှေ့မှာ ယုဒလူတို့၏စကားကို အားကြီးစွာ ပယ်ဖျက်လေ၏။

< Y Checho Y Apostoles Sija 18 >