< Markos 6 >
1 Guero parti cedin handic, eta ethor cedin bere herrira, eta baçarreitzan bere discipuluac.
၁ကိုယ်တော်သည်တပည့်တော်တို့နှင့်အတူ ထို အရပ်မှကြွတော်မူပြီးနောက် မိမိ၏နေရင်း မြို့သို့ရောက်ရှိလာ၏။-
2 Eta ethorri cenean Sabbathoa, has cedin synagogán iracasten, eta ençuten çutenetaric anhitzec miresten çuten, cioitela, Nondic huni gauça hauc? eta ceric da huni eman içan çayon sapientia haur, eta are hunelaco verthuteac hunen escuz eguiten baitirade?
၂ဥပုသ်နေ့၌ကိုယ်တော်သည်တရားဇရပ်တွင် ဟောပြောသွန်သင်တော်မူ၏။ ကိုယ်တော်၏သွန် သင်ချက်ကိုကြားသောအခါ -လူအပေါင်းတို့ သည်အံ့သြကြ၏။ ``ဤသူသည်ဤပညာကို အဘယ်မှာရရှိသနည်း။ သူရရှိသည့်ပညာ ကားအဘယ်ပညာနည်း။ ဤနိမိတ်လက္ခဏာများ ကိုအဘယ်သို့ပြနိုင်သနည်း။-
3 Ezta haur charpanter? Mariaren seme, Iacquesen eta Iosesen eta Iudaren eta Simonen anaye? eztirade hunen arrebac-ere hemen gu baithan? Eta scandalizatzen ciraden hartan.
၃ဤသူသည်မာရိ၏သားမဟုတ်လော။ ယာကုပ်၊ ယောသေ၊ ယုဒနှင့်ရှိမုန်တို့၏အစ်ကိုလက်သမား ဆရာပင်မဟုတ်လော သူ၏နှမများသည်ငါတို့ အရပ်သူများမဟုတ်လော'' ဟုပြောဆိုကြ၏။ သို့ဖြစ်၍သူတို့သည်ကိုယ်တော်ကိုလက်မခံ ကြ။
4 Eta erraiten cerauen Iesusec, Ezta Prophetabat desohoratzen bere herrian, eta ahaidén artean, eta bere etchean baicen.
၄သခင်ယေရှုက ``ပရောဖက်မည်သည်မိမိနေရင်း မြို့ရွာ၊ ဆွေမျိုး၊ အိမ်ထောင်စုမှလွဲ၍အဘယ် အရပ်တွင်မဆိုဂုဏ်အသရေရှိသည်'' ဟု မိန့်တော်မူ၏။
5 Eta ecin eguin çuen han verthuteric batre, cembeit eri bakoitz, escuac hayén gainean eçarriric, senda baitzitzan baicen.
၅ကိုယ်တော်သည်ထိုမြို့တွင်ဖျားနာသူအနည်းငယ် ကိုလက်တော်တင်၍ ကျန်းမာစေတော်မူသည်မှ အပ အဘယ်နိမိတ်လက္ခဏာကိုမျှပြတော် မမူနိုင်။-
6 Eta miraz cegoén hayéc incredulitateagatic, eta inguratzen cituen burguäc inguru, iracasten ari cela.
၆ကိုယ်တော်သည်ထိုသူတို့ယုံကြည်ခြင်းကင်းမဲ့ ကြသည်ကိုအံ့သြတော်မူ၏။ ထို့နောက်သခင်ယေရှုသည်အနီးအနားရှိ ကျေးရွာများသို့သွား၍ဟောပြောသွန်သင် တော်မူ၏။
7 Orduan dei citzan hamabiac, eta has cedin hayén igorten birá: eta eman ciecén bothere spiritu satsuén gainean.
၇တပည့်တော်တစ်ဆယ့်နှစ်ဦးတို့ကိုအထံတော် သို့ခေါ်တော်မူပြီးနောက် နှစ်ယောက်စီတွဲ၍မြို့ ရွာများသို့စေလွှတ်တော်မူ၏။ သူတို့အားညစ် ညမ်းသောနတ်များကိုနှိမ်နင်းနိုင်သောတန်ခိုး အာဏာကိုအပ်နှင်းတော်မူ၏။-
8 Eta mana citzan ezleçaten deus har bidecotzat, makila hutsa baicen: ez maletaric, ez oguiric, ez diruric guerricoan.
၈ကိုယ်တော်က ``လမ်းခရီးအတွက်တောင်ဝှေးမှ တစ်ပါး အဘယ်အရာကိုမျှမယူကြနှင့်။ ရိက္ခာ၊ လွယ်အိတ်၊ ခါးပန်း၌ကြေးငွေများကိုယူမ သွားကြနှင့်။-
9 Baina sandaleac iaunciac lituzten eta birá arropaz ezlitecen vezti.
၉ဖိနပ်ကိုစီးကြလော့။ သို့ရာတွင်အင်္ကျီနှစ်ထပ် မဝတ်နှင့်။-
၁၀ထိုမှတစ်ပါးမည်သည့်မြို့တွင်မဆိုသင်တို့ အား ဦးစွာလက်ခံသည့်အိမ်မှမရွေ့မပြောင်း ကြနှင့်။ ထိုမြို့မှမထွက်ခွာမီကာလပတ်လုံး ထိုအိမ်တွင်သာတည်းခိုကြလော့။-
11 Eta norc-ere recebituren ezpaitzaituzte, eta çuec ez ençunen, handic partitzean, iharros eçaçue çuen oinén azpico errhautsa, testimoniagetan hayén contra. Eguiaz diotsuet, emequiago tractatuac içanen diradela Sodomacoac eta Gomorrhacoac iudicioco egunean, ecen ez hiri hura.
၁၁သင်တို့ကိုလက်မခံသည့်အရပ်တွင်မနေကြနှင့်။ သင်တို့ဟောပြောသွန်သင်သည်ကိုနားမထောင် သူများထံမှထွက်ခွာသွားကြလော့။ ထွက်ခွာ သွားသည့်အခါတွင်သူတို့ကိုသတိပေးသည့် အနေဖြင့် သင်တို့ခြေဖဝါးမှမြေမှုန့်ကို ခါချခဲ့ကြလော့'' ဟုမှာကြားတော်မူ၏။
12 Eta hec partituric predicatzen çuten batbedera emenda ledin.
၁၂တပည့်တော်တို့သည်ထွက်သွား၍လူတို့ နောင်တရကြစေရန်ဟောပြောကြ၏။-
13 Eta deabru anhitz campora egoizten çutén: eta vnctatzen çutén olioz anhitz eri, eta sendatzen cituzten.
၁၃များစွာသောနတ်မိစ္ဆာတို့ကိုနှင်ထုတ်ကြ၏။ ဖျားနာသူအမြောက်အမြားကိုဆီလိမ်း ၍ကျန်းမာစေကြ၏။
14 Eta ençun ceçan regue Herodesec minçatzen (ecen haren icena cen famatua) eta erran ceçan, Ioannes batheyatzen ari cena, resuscitatu içan da hiletaric, eta halacotz verthutéc obratzen duté hartan.
၁၄သခင်ယေရှုအကြောင်းသတင်းတော်သည်ကျော် ကြားလာသဖြင့် ဟေရုဒ်ဘုရင်၏နားတော်သို့ပင် ရောက်ရှိလေသည်။ လူအချို့တို့က ``သေရာမှ ပြန်ရှင်လာသောဗတ္တိဇံဆရာယောဟန်ဖြစ်၏။ သို့ဖြစ်၍သူသည်နိမိတ်လက္ခဏာများကိုပြ လျက်ရှိ၏'' ဟုဆိုကြ၏။
15 Bercéc cioiten, Elias da: Eta bercéc cioiten, Prophetada, edo Prophetetaric bat beçalaco.
၁၅အချို့သူများက ``ယေရှုသည်ဧလိယဖြစ် ၏'' ဟုဆိုကြ၏။ အချို့သူများကမူ ``ယေရှုသည်ရှေးပရောဖက် များကဲ့သို့သောပရောဖက်တစ်ပါးဖြစ်၏'' ဟု ပြောဆိုကြ၏။-
16 Bada hori ençunic Herodesec dio, Haur da Ioannes nic buruä edequi draucadana, hura resuscitatu da hiletaric.
၁၆သို့ရာတွင်သခင်ယေရှုပြုတော်မူသောအမှု အရာအကြောင်းကိုကြားသောအခါ ဟေရုဒ် က ``ငါဦးခေါင်းဖြတ်ခဲ့သောယောဟန်သည် အသက်ပြန်ရှင်လေပြီ'' ဟုဆို၏။-
17 Ecen Herodes hunec gende igorriric har ceçan Ioannes, eta esteca ceçan presoindeguian, Herodias bere anaye Philipperen emaztearen causaz, ceren hura emazte hartu baitzuen.
၁၇ဟေရုဒ်သည်ညီဖြစ်သူဖိလိပ္ပု၏ဇနီး၊ ဟေရော ဒိအားမိမိသိမ်းပိုက်မှုနှင့်ပတ်သက်၍ ယောဟန် ကိုဖမ်းဆီးပြီးလျှင်ထောင်တွင်ချုပ်နှောင်ထား စေ၏။-
18 Ecen erraiten ceraucan Ioannesec Herodesi, Eztuc sori euri anayeren emaztea duán.
၁၈ယောဟန်သည်ဟေရုဒ်အား ``သင်သည်ညီဖြစ်သူ ၏ဇနီးကိုမသိမ်းမယူအပ်'' ဟုအဖန်ဖန် ကန့်ကွက်ပြောဆိုခဲ့၏။
19 Halacotz Herodias ayher çayón, eta hil eraci nahi çuen, baina ecin ceçaqueen.
၁၉သို့ဖြစ်၍ဟေရောဒိသည်ယောဟန်ကိုရန်ငြိုးဖွဲ့ ၍သတ်လို၏။ သို့ရာတွင်သတ်ရန်ကားမတတ်နိုင်။-
20 Ecen Herodes beldur çayón Ioannesi, eçaguturic ecen hura cela guiçon iustoa eta saindua, eta ohore ekarten ceraucan: eta hura ençunic anhitz gauça eguiten çuen, eta gogotic hura ençuten çuen.
၂၀ယောဟန်သည်သူတော်သူမြတ်ဖြစ်ကြောင်းဟေရုဒ် သိသဖြင့်ကြောက်၍ သူ့အားဘေးမဲ့လုံခြုံစွာ ထား၏။ ဟေရုဒ်သည်ယောဟန်၏ဟောပြောသွန်သင် ချက်များကိုကြားနာရသည့်အခါတိုင်း စိတ် မငြိမ်မသက်ဖြစ်ရတတ်သော်လည်းဝမ်းမြောက် စွာပင်ကြားနာလေ့ရှိသည်။
21 Bada egun carazcoa ethorri cenean, Herodesec bere sor eguneco banqueta eguiten cerauenean princiey eta capitainey eta Galileaco principaley:
၂၁ဟေရုဒ်၏မွေးနေ့၌ဟေရောဒိအတွက် အခါ အခွင့်သာလာ၏။ ထိုနေ့၌ဟေရုဒ်သည်ဂါလိလဲ ပြည်မှခေါင်းဆောင်ကြီးများ၊ တပ်မတော်အရာရှိ ကြီးများ၊ ဂုဏ်အသရေရှိလူကြီးလူကောင်းများ ကိုဖိတ်ကြားလျက်ညစာစားပွဲတစ်ရပ်တည်ခင်း ကျွေးမွေး၏။-
22 Eta sarthuric Herodiasen alabá dançatu cenean, eta Herodesi eta harequin mahainean iarriric ceudeney atseguin eguin cerauenean, Reguec diotsa nescatchari, Esca aquit cer-ere nahi baitun, eta emanen draunat.
၂၂ထိုညစာစားပွဲသို့ဟေရောဒိ၏သမီးသည် လာ၍ အကနှင့်ဖျော်ဖြေ၏။ သူသည်ဟေရုဒ်နှင့် ဧည့်သည်တော်အပေါင်းတို့၏စိတ်ကိုများစွာ ရွှင်လန်းစေ၏။ ဘုရင်မင်းကသူငယ်မအား ``သင် နှစ်သက်ရာကိုတောင်းလော့။ သင့်အားငါပေးမည်။-
23 Eta cin eguin cieçón: Escaturen aitzaitadan gucia emanen draunat, neure resumaren erdirano.
၂၃ငါ၏နိုင်ငံတစ်ဝက်တိုင်အောင်သင်တောင်းသမျှ ကိုငါပေးမည်'' ဟုကျိန်ဆို၍ပြော၏။
24 Eta harc ilkiric erran cieçón bere amari, Cer escaturen naiz? Eta harc erran ceçan, Ioannes Baptistaren buruären.
၂၄သူငယ်မသည်မင်းကြီး၏ထံမှထွက်သွားကာ မိခင်အား ``ကျွန်မသည်အဘယ်အရာကို တောင်းခံရပါမည်နည်း'' ဟုမေး၏။ မိခင်က ``ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းကိုတောင်း လော့'' ဟုဆို၏။
25 Eta bertan sarthuric affectionatuqui Reguegana, esca cequión, cioela, Nahi diat orain bertan eman dieçadán platean Ioannes Baptistaren buruä.
၂၅သူငယ်မသည်ချက်ချင်းပင်မင်းကြီး၏ထံသို့ အလျင်အမြန်ဝင်ပြီးလျှင် ``ဗတ္တိဇံဆရာ ယောဟန်၏ဦးခေါင်းကိုလင်ပန်းပေါ်တွင်တင် ၍ ယခုပင်ပေးတော်မူပါ'' ဟုလျှောက်၏။
26 Eta Reguec haguitz tristeturic, cinagatic eta harequin mahainean iarriric ceudenacgatic, eztu iraitzi nahi vkan.
၂၆ထိုအခါမင်းကြီးသည်များစွာစိတ်မချမ်းမသာ ဖြစ်တော်မူ၏။ သို့ရာတွင်ဧည့်သည်တော်များရှေ့ တွင် မိမိကျိန်ဆို၍ပေးခဲ့သည့်ကတိကိုထောက် ၍ သူငယ်မ၏တောင်းလျှောက်ချက်ကိုမငြင်း မပယ်နိုင်။-
27 Eta bertan Reguec, igorriric borreroa, mana ceçan ekar ledin haren buruä: harc bada ioanic edequi cieçón buruä presoindeguian.
၂၇သို့ဖြစ်၍ယောဟန်၏ဦးခေါင်းကိုယူဆောင်ခဲ့ရန် အမိန့်ပေး၍ ကိုယ်ရံတော်တပ်သားတစ်ယောက်ကို စေလွှတ်လိုက်၏။ တပ်သားသည်အကျဉ်းထောင်သို့ သွား၍ယောဟန်၏ဦးခေါင်းကိုဖြတ်၏။-
28 Eta ekar ceçan haren buruä platean, eta eman cieçón hura nescatchari, eta nescachác eman cieçón bere amari.
၂၈ဦးခေါင်းကိုလင်ပန်းပေါ်တွင်တင်၍ယူဆောင် လာပြီးနောက် သူငယ်မအားပေး၏။ သူငယ်မ သည်လည်းမိခင်အားတစ်ဆင့်ပေး၏။-
29 Eta hori ençunic haren discipuluac ethor citecen, eta eraman ceçaten haren gorputza, eta eçar ceçaten thumbán.
၂၉ယောဟန်၏တပည့်တို့သည်ဤသတင်းကို ကြားသောအခါ လာ၍ယောဟန်၏အလောင်း ကိုယူပြီးလျှင်ဂူသွင်းထားကြ၏။
30 Eta bil citecen Apostoluac Iesusgana, eta conta cieçoten eguin eta iracatsi çuten gucia.
၃၀တမန်တော်တို့သည်သခင်ယေရှုထံတော်သို့ ပြန်လာပြီးလျှင် မိမိတို့လုပ်ဆောင်ခဲ့သမျှ သွန်သင်ခဲ့သမျှတို့ကိုကြားလျှောက်ကြ၏။-
31 Eta erran ciecén, Çatozte ceuróc appart leku desertu batetara, eta reposa çaitezte gutibat: ecen anhitz ciraden ethorten eta ioaiten ciradenac: eta iateco aicinaric-ere etzutén.
၃၁များစွာသောလူတို့သည်ဝင်ထွက်သွားလာလျက် ရှိကြသဖြင့် သခင်ယေရှုနှင့်တမန်တော်တို့သည် အစားအစာသုံးဆောင်ရန်အချိန်ပင်မရကြ။ ထို့ကြောင့်ကိုယ်တော်က ``ငါတို့ဆိတ်ကွယ်ရာ အရပ်သို့သွား၍ခေတ္တမျှနားနေကြကုန်အံ့'' ဟုမိန့်တော်မူ၏။-
32 Ioan citecen bada leku desertu batetara vncian appart:
၃၂သို့ဖြစ်၍ကိုယ်တော်နှင့်တပည့်တော်တို့သည် ဆိတ်ကွယ်ရာအရပ်တစ်ခုသို့လှေဖြင့်ထွက် သွားကြ၏။
33 Baina ikus citzan populuac ioaiten, eta eçagut ceçaten hura anhitzec: eta oinez hiri gucietaric laster eguin ceçaten hara, eta aitzin cequizten hæy, eta bil citecen harengana.
၃၃ထိုသို့သွားသည်ကိုလူအများပင်မြင်လိုက် သဖြင့် ကိုယ်တော်နှင့်တပည့်တော်တို့ဖြစ်ကြောင်း သိကြ၏။ ထို့ကြောင့်အမြို့မြို့အရွာရွာမှလူ အပေါင်းတို့သည် ကိုယ်တော်သွားရာအရပ်သို့ အလျင်အမြန်ကုန်းကြောင်းလိုက်သဖြင့်ကိုယ် တော်နှင့်တပည့်တော်တို့မရောက်မီရောက်နှင့် နေကြ၏။-
34 Orduan ilkiric ikus ceçan gendetze handia Iesusec, eta compassione har ceçan heçaz: ecen ardi artzain gabeac beçala ciraden: eta has cequién anhitz gauçaren iracasten.
၃၄ကိုယ်တော်သည်လှေမှတက်တော်မူသောအခါ လူထုကြီးကိုမြင်တော်မူ၏။ သိုးထိန်းမဲ့သည့် သိုးများကဲ့သို့ဖြစ်နေကြသဖြင့် သူတို့ကို သနားတော်မူ၏။ သို့ဖြစ်၍များစွာသောတရား စကားများကို သူတို့အားဟောပြောသွန်သင် တော်မူ၏။-
35 Eta nola ia berandua baitzén, ethorri içan çaizcan bere discipuluac, erraiten çutela, Desertu duc leku haur, eta ia berandua duc:
၃၅မိုးချုပ်စပြုသောအခါတပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်၍ ``ဤအရပ်သည်လူ သူမရှိသည့်အရပ်ဖြစ်ပါ၏။ အချိန်လည်းနှောင်း ပါပြီ။-
36 Eyec congit, inguruco herrietarát eta burgüetarat ioanic, berén ogui eros deçatençát: ecen cer ian deçaten eztié.
၃၆အစားအစာဝယ်၍စားနိုင်ရန်လူတို့အား ပတ်ဝန်းကျင်ရှိကျေးလက်တောရွာများသို့ စေလွှတ်တော်မူပါ'' ဟုလျှောက်ထားကြ၏။
37 Eta harc ihardesten çuela erran ciecén, Eyeçue çuec iatera. Orduan diotsate, Ala ioanic erossiren dugu ber-ehun dineroren oguia, eta emanen drauegu iatera?
၃၇ကိုယ်တော်က ``သင်တို့ပင်လျှင် သူတို့အားစား စရာတစ်စုံတစ်ခုကိုကျွေးကြလော့'' ဟုမိန့် တော်မူ၏။ ထိုအခါတပည့်တော်တို့က ``အကျွန်ုပ်တို့သည် ငွေဒင်္ဂါးနှစ်ရာဖိုးမျှအစားအစာဝယ်၍ ဤ သူတို့အားကျွေးရပါမည်လော'' ဟုလျှောက် ထားကြ၏။-
38 Eta harc dioste, Cembat ogui dituçue? çoazte eta ikar eçaçue. Eta iaquin dutenean dioite, Borz, eta bi arrain.
၃၈ကိုယ်တော်က ``သင်တို့ထံတွင်အစားအစာမည် မျှရှိသနည်း။ သွား၍ကြည့်ကြလော့'' ဟုမိန့်တော် မူ၏။ သူတို့သည်ကြည့်၍တွေ့သောအခါ ``မုန့်ငါးလုံး နှင့်ငါးနှစ်ကောင်ရှိပါသည်'' ဟုလျှောက်ကြ၏။
39 Orduan mana citzan, iar eraci litzaten guciac mahaintaraz belhar pherde gainean.
၃၉ကိုယ်တော်သည်စိမ်းလန်းသောမြက်ခင်းပေါ်တွင် လူအပေါင်းတို့ကိုအစုလိုက်ထိုင်ကြစေရန် တပည့်တော်တို့အားစေခိုင်းတော်မူ၏။-
40 Eta iar citecen arencaz, ehuná, eta berroguey eta hamarná.
၄၀လူတို့သည်အစုလိုက်တစ်ရာစီ၊ ငါးဆယ်စီ၊ စီတန်း၍ထိုင်ကြ၏။-
41 Eta borz oguiac eta bi arrainac hartu cituenean, beguiac cerurát altchaturic, gratiác renda citzan, eta hauts citzan oguiac: eta eman cietzén bere discipuluey, hæy aitzinera eçar lietzençat: eta bi arrainac parti cietzén guciey.
၄၁ထို့နောက်ကိုယ်တော်သည်မုန့်ငါးလုံးနှင့်ငါးနှစ် ကောင်ကိုယူတော်မူ၍ကောင်းကင်သို့မျှော်ကြည့် လျက် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း တော်မူ၏။ မုန့်ကိုဖဲ့တော်မူပြီးလျှင် လူတို့အား ဝေငှရန်တပည့်တော်တို့အားပေးတော်မူ၏။-
42 Eta ian ceçaten guciéc, eta ressasia citecen.
၄၂ထိုနည်းတူငါးနှစ်ကောင်ကိုလည်းသူတို့အား ခွဲဝေပေးတော်မူ၏။ လူအပေါင်းတို့သည်ဝ စွာစားရကြ၏။-
43 Eta goiti ceçaten çathietaric hamabi sasquitara, eta arrainetaric cerbait.
၄၃ထို့နောက်တပည့်တော်တို့သည် မုန့်နှင့်ငါးအကြွင်း အကျန်ကိုကောက်သိမ်းရာတစ်ဆယ့်နှစ်တောင်း အပြည့်ရကြ၏။-
44 Eta ian çutenac ciraden borz milla guiçonen inguruä.
၄၄မုန့်စားသူယောကျာ်းဦးရေမှာငါးထောင်မျှရှိ သတည်း။
45 Guero bertan bere discipuluac sar eraci citzan vncira, eta aitzinean ioan eraci itsassoaren berce aldera Bethsaida alderát, berac populuari congit lemon bizquitartean.
၄၅ထိုနောက်ကိုယ်တော်သည်လူအပေါင်းတို့အားအိမ် သို့ပြန်စေတော်မူ၏။ တစ်ချိန်တည်းမှာပင်တပည့် တော်တို့အားလှေတစ်စင်းပေါ်သို့တက်၍ အိုင်တစ် ဖက်ကမ်းရှိဗက်ဇဲဒရွာသို့ကူးနှင့်စေတော်မူ၏။-
46 Eta hec igorri cituenean, mendira ioan cedin othoitz eguitera.
၄၆ကိုယ်တော်သည်လူအပေါင်းတို့ကိုနှုတ်ဆက်တော် မူပြီးလျှင် ဆုတောင်းပတ္တနာပြုရန်တောင်ပေါ်သို့ တက်တော်မူ၏။-
47 Eta arrastu cenean, vncia cen itsassoaren erdian, eta hura bera leihorrean.
၄၇ညချမ်းအချိန်ကျရောက်သော်တပည့်တော်တို့၏ လှေသည် အိုင်အလယ်တွင်ရောက်လျက်နေ၏။ ကိုယ် တော်သည်ကားတစ်ကိုယ်တည်းကုန်းပေါ်မှာရှိ၏။-
48 Eta ikus ceçan pena çutela, aurthiquiten: (ecen haice-contra çutén) eta gauären laurgarren veilla irian ethor cedin hetara, itsas gainez çabilala: eta nahi cituen hec iragan.
၄၈လေကိုဆန်၍ခက်ခဲစွာလှော်ခတ်ရကြသဖြင့် တပည့်တော်တို့သည်ဒုက္ခရောက်လျက်ရှိကြသည် ကိုမြင်တော်မူသောအခါ ကိုယ်တော်သည်ရေပေါ် မှာလျှောက်၍သူတို့ထံသို့ကြွတော်မူ၏။ အချိန် ကားမိုးသောက်ယံအချိန်ဖြစ်၏။ ကိုယ်တော်သည် သူတို့အနီးမှဖြတ်ကျော်၍ကြွမည်ပြု၏။-
49 Baina hec hura ikussiric itsas gainez çabilala, vste çuten fantosmabat cela: eta oihu eguin ceçaten,
၄၉သူတို့သည်ရေပေါ်မှာကိုယ်တော်လမ်းလျှောက် နေသည်ကိုမြင်ကြသော်တစ္ဆေဟုထင်မှတ်၍ ဟစ်အော်ကြ၏။-
50 Ecen guciéc ikusten çuten hura, eta trubla citecen: baina bertan minça cequién, eta erran ciecén, Sporça çaitezte, ni naiz, etzaretela beldur.
၅၀သူတို့သည်ကိုယ်တော်ကိုမြင်သောအခါ ထိတ် လန့်ကြသောကြောင့်ဖြစ်၏။ ထိုအခါကိုယ်တော် က ``အားမငယ်ကြနှင့်။ ငါပင်တည်း။ မကြောက် ကြနှင့်'' ဟုသူတို့အားမိန့်တော်မူ၏။-
51 Orduan igan cedin hetara vncira: eta sossega cedin haicea: non are tinquetz spantago baitzitecen berac baithan, eta mirets ceçaten.
၅၁ထိုနောက်သူတို့ရှိရာလှေပေါ်သို့တက်တော် မူ၏။ ထိုခဏ၌လေငြိမ်သွား၏။ သူတို့သည် လွန်မင်းစွာအံ့သြတွေဝေလျက်နေကြ၏။-
52 Ecen etzutén aditu oguiéz eguin içan cena: ceren hayén bihotza gogortua baitzén.
၅၂အဘယ်ကြောင့်ဆိုသော်မုန့်ကိုကိုယ်တော်ကျွေး တော်မူစဉ်က မိမိတို့တွေ့မြင်ခဲ့ရသည့်အံ့သြ ဖွယ်အခြင်းအရာ၏အနက်အဋ္ဌိပ္ပါယ်ကိုသူ တို့နားမလည်ခဲ့ကြသောကြောင့်တည်း။ သူတို့ ၏အသိဉာဏ်သည်နားလည်နိုင်စွမ်းမရှိ။
53 Eta berce aldera iragan ciradenean, ethor citecen Genesarethco lurrera, eta portu har ceçaten.
၅၃ကိုယ်တော်နှင့်တပည့်တော်တို့သည် အိုင်တစ်ဖက် သို့ကူးကြ၏။ ဂင်နေသရက်မြို့သို့ရောက်လျှင် လှေကိုဆိုက်ကြ၏။-
54 Eta vncitic ilki ciradenean, bertan eçagut ceçaten hura.
၅၄သူတို့လှေပေါ်မှဆင်းလျှင်ဆင်းချင်းလူတို့ သည် ကိုယ်တော်ကိုမှတ်မိကြသဖြင့်၊-
55 Eta laster eguin çutenean inguruco comarca hura gucia, has citecen ohetan erién ekarten, non cela hura ençuten baitzuten, hara.
၅၅ပတ်ဝန်းကျင်အရပ်ရပ်သို့ပြေး၍ လူနာများ ကိုထမ်းစင်များနှင့်ဆောင်ခဲ့ကြ၏။-
56 Eta nora-ere sar baitzedin burguètara, edo hirietara, edo parropioetara, placetan eçarten cituzten eriac, eta othoitz eguiten ceraucaten haren arropa ezpaina berere hunqui leçaten: eta hunquitzen çutén guciac sendatzen ciraden.
၅၆ကိုယ်တော်ကြွရောက်တော်မူရာမြို့ရွာဇနပုဒ် ရှိလမ်းနားမှာလူနာများကိုချထားကြ၏။ အဝတ်တော်၏ပန်းဖွားကိုမျှ လူနာများအား တို့ထိခွင့်ပြုတော်မူရန်တောင်းပန်ကြ၏။ တို့ ထိခွင့်ရသမျှသောလူနာတို့သည်ကျန်းမာ လာကြ၏။