< ԵԲՐԱՅԵՑԻՍ 13 >

1 Յարատեւեցէ՛ք եղբայրսիրութեան մէջ:
သင်​တို့​သည်​ခ​ရစ်​ယာန်​ညီ​အစ်​ကို​များ​အ​နေ ဖြင့် တစ်​ဦး​ကို​တစ်​ဦး​ချစ်​မြဲ​ချစ်​ကြ​လော့။-
2 Մի՛ մոռնաք հիւրասիրութիւնը, որովհետեւ ոմանք անով հրեշտակներ հիւրընկալեցին թաքուն կերպով:
ဧည့်​သည်​ဝတ်​ကို​ပြု​ရန်​မ​မေ့​ကြ​နှင့်။ ယင်း သို့​ဧည့်​ဝတ်​ကို​ပြု​သော​သူ​အ​ချို့​တို့​သည် ကောင်း​ကင်​တ​မန်​များ​ကို​အ​မှတ်​မ​ထင် ဧည့်​ခံ​ခဲ့​ကြ​ပေ​သည်။-
3 Յիշեցէ՛ք բանտարկեալները՝ որպէս թէ դո՛ւք ալ կապուած էք անոնց հետ, եւ չարչարուողները՝ որպէս թէ դո՛ւք ալ մարմինի մէջ էք:
သင်​တို့​သည်​အ​ကျဉ်း​ခံ​ရ​သူ​များ​နှင့်​အ​တူ အ​ကျဉ်း​ခံ​နေ​ရ​သ​ကဲ့​သို့​မှတ်​ယူ​လျက် သူ​တို့ အား​သ​တိ​ရ​ကြ​လော့။ မိ​မိ​တို့​ကိုယ်​တိုင်​ပင် ဒုက္ခ​ဝေ​ဒ​နာ​ခံ​ရ​သ​ကဲ့​သို့​ဒုက္ခ​ဝေ​ဒ​နာ ခံ​ရ​သူ​များ​ကို​သ​တိ​ရ​ကြ​လော့။
4 Ամուսնութիւնը թող պատուական համարուի բոլորէն, ու անկողինը՝ անարատ պահուի, քանի որ Աստուած պիտի դատէ պոռնկողներն ու շնացողները:
ထိမ်း​မြား​မင်္ဂလာ​ပြု​ခြင်း​အ​မှု​ကို​လူ​တိုင်း လေး​စား​ကြ​ရ​မည်။ လင်​နှင့်​မ​ယား​သည် တစ်​ဦး​ကို​တစ်​ဦး​သစ္စာ​ရှိ​ရ​မည်။ ဘု​ရား သ​ခင်​သည်​အ​ကျင့်​ပျက်​သူ​များ​နှင့်​သူ တစ်​ပါး​အိမ်​ရာ​ပြစ်​မှား​သူ​များ​ကို​တ​ရား စီ​ရင်​တော်​မူ​လိမ့်​မည်။
5 Ձեր վարուելակերպը թող ըլլայ առանց արծաթսիրութեան. բաւարարուեցէ՛ք ձեր ունեցածով, որովհետեւ ինք ըսաւ. «Բնա՛ւ պիտի չթողում քեզ, ո՛չ ալ պիտի լքեմ քեզ»:
သင်​တို့​သည်​ငွေ​အ​တွက်​အ​သက်​မ​ရှင်​နှင့်။ ရှိ​သ​မျှ​ဖြင့်​ရောင့်​ရဲ​လော့။ အ​ဘယ်​ကြောင့် ဆို​သော်​ဘု​ရား​သ​ခင်​က``ငါ​သည်​သင့်​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​စွန့်၊ အ​ဘယ်​အ​ခါ ၌​မျှ​ပစ်​၍​မ​ထား'' ဟု​မိန့်​တော်​မူ​သော ကြောင့်​ဖြစ်​၏။-
6 Հետեւաբար վստահութեա՛մբ ըսենք. «Տէրը իմ օգնականս է, ուստի պիտի չվախնամ. մարդը ի՞նչ պիտի ընէ ինծի»:
ထို့​ကြောင့်၊ ``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​မ​စ​တော်​မူ သော​အ​ရှင် ဖြစ်​တော်​မူ​သ​ဖြင့် ငါ​သည်​ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။ လူ​သည်​ငါ့​ကို​အ​ဘယ်​သို့​ပြု​နိုင်​သ​နည်း'' ဟု ငါ​တို့​သည်​ရဲ​ရင့်​သော​စိတ်​နှင့်​ပြော​ဆို​ကြ စို့။
7 Յիշեցէ՛ք ձեզ կառավարողները՝ որ Աստուծոյ խօսքը քարոզեցին ձեզի, եւ հետեւեցէ՛ք անոնց հաւատքին՝ զննելով անոնց վարքին աւարտը:
သင်​တို့​အား​ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို ဟော​ပြော​ခဲ့​သော​သင်​တို့​၏​ခေါင်း​ဆောင်​များ ကို​သ​တိ​ရ​ကြ​လော့။ သူ​တို့​အ​ဘယ်​သို့​ပြု မူ​နေ​ထိုင်​ခဲ့​သည်၊ အ​ဘယ်​သို့​သေ​လွန်​သွား ကြ​သည်​ကို​ဆင်​ခြင်​စဉ်း​စား​ကြ​ပြီး​နောက် သူ​တို့​ယုံ​ကြည်​ခြင်း​ကို​အ​တု​ယူ​ကြ​လော့။-
8 Յիսուս Քրիստոս նոյնն է՝ երէկ, այսօր ու յաւիտեան: (aiōn g165)
ယေ​ရှု​ခ​ရစ်​သည်​မ​နေ့၊ ယ​နေ့၊ နောင်​ကာ​လ အ​စဉ်​အ​မြဲ​မ​ပြောင်း​မ​လဲ​နေ​တော်​မူ​၏။- (aiōn g165)
9 Մի՛ տարուիք բազմազան եւ օտարոտի ուսուցումներէ, քանի որ լաւ է որ սիրտը հաստատուի շնորհքո՛վ, եւ ո՛չ թէ կերակուրներով, որոնք օգտակար չեղան անոնց համաձայն ընթացողներուն:
သင်​တို့​သည်​လမ်း​လွဲ​၍​ကွဲ​လွဲ​ထူး​ခြား​သော အ​ယူ​ဝါ​ဒ​အ​မျိုး​မျိုး​တို့​ဆွဲ​ဆောင်​ရာ​သို့ လိုက်​ပါ​မ​သွား​ကြ​နှင့်။ အ​စား​အ​စာ​နှင့် ဆိုင်​သော​ပ​ညတ်​များ​ကို​စောင့်​ထိန်း​ခြင်း မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် မှ​ငါ​တို့​ဝိ​ညာဉ်​ခွန်​အား​ရ​ရှိ​လျှင်​ကောင်း ပေ​၏။ ထို​ပ​ညတ်​များ​ကို​စောင့်​ထိန်း​သူ တို့​သည်​ကောင်း​ကျိုး​ကို​မ​ခံ​ရ​ကြ​ပေ။
10 Մենք ունինք զոհասեղան մը, որմէ ուտելու իրաւունք չունին անոնք՝ որ կը ծառայեն խորանին.
၁၀ယု​ဒ​တဲ​တော်​အ​တွင်း​၌​တာ​ဝန်​ထမ်း​ဆောင် ရ​သူ​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ငါ​တို့​၏​ယဇ် ပလ္လင်​မှ​အ​ဘယ်​ပူ​ဇော်​သ​ကာ​ကို​မျှ​စား ပိုင်​ခွင့်​မ​ရှိ။-
11 քանի որ բանակավայրէն դուրս կ՚այրուին մարմինները այն կենդանիներուն, որոնց արիւնը կը տարուի սրբարանը՝ քահանայապետին միջոցով, մեղքի քաւութեան համար:
၁၁ယု​ဒ​ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​တိ​ရစ္ဆာန်​များ ၏​သွေး​ကို​အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ အ​ဖြစ်​ဖြင့် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် သို့​ယူ​ဆောင်​ခဲ့​သော်​လည်း​ယဇ်​ကောင်​တို့​ကို မူ​ကား​စ​ခန်း​အ​ပြင်​၌​မီး​ရှို့​ပစ်​ရ​၏။-
12 Ուստի Յիսո՛ւս ալ չարչարուեցաւ դռնէն դուրս, որպէսզի իր արիւնով սրբացնէ ժողովուրդը:
၁၂ဤ​အ​ကြောင်း​ကြောင့်​သ​ခင်​ယေ​ရှု​သည်​လည်း မိ​မိ​၏​သွေး​တော်​အား​ဖြင့် လူ​တို့​၏​အ​ပြစ် ဒု​စ​ရိုက်​များ​ကို​ဆေး​ကြော​ပေး​နိုင်​ရန်​မြို့ တံ​ခါး​၏​အ​ပြင်​ဘက်​၌​အ​သေ​ခံ​တော်​မူ​၏။-
13 Ուրեմն երթա՛նք անոր՝ բանակավայրէն դուրս, կրելով իր նախատինքը.
၁၃သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​ရှိ​ရာ​စ​ခန်း အ​ပြင်​သို့​သွား​၍ ကိုယ်​တော်​နှင့်​အ​တူ​ကဲ့​ရဲ့ ရှုတ်​ချ​ခြင်း​ကို​ခံ​ကြ​ကုန်​အံ့။-
14 որովհետեւ մենք հոս չունինք մնայուն քաղաք, հապա կը փնտռենք գալիք քաղաքը:
၁၄အ​ဘယ်​ကြောင့်​ဆို​သော်​ဤ​လော​က​၌​ငါ​တို့ အ​တွက်​တည်​မြဲ​သော​မြို့​မ​ရှိ​သော​ကြောင့် ဖြစ်​၏။ ငါ​တို့​ကား​နောင်​အ​ခါ​ဖြစ်​ပေါ်​မည့် မြို့​ကို​စောင့်​မျှော်​လျက်​နေ​ကြ​ပေ​သည်။-
15 Ուստի՝ անոր միջոցով ամէն ատեն գովաբանութեան զոհ մատուցանենք Աստուծոյ, այսինքն՝ իր անունը դաւանող շրթունքներուն պտուղը:
၁၅သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​ကို​ငါ​တို့ ၏​အ​ရှင်​သ​ခင်​အ​ဖြစ်​ဝန်​ခံ​သော​နှုတ်​များ ဖြင့် ဂုဏ်​တော်​ချီး​မွမ်း​ခြင်း​ယဇ်​ကို​သ​ခင် ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင်​အား​အ​စဉ် မ​ပြတ်​ပူ​ဇော်​ကြ​ကုန်​အံ့။-
16 Բայց մի՛ մոռնաք բարեգործութիւնն ու կարօտեալներուն հաղորդակցութիւնը, քանի որ այդպիսի՛ զոհեր հաճելի են Աստուծոյ:
၁၆သင်​တို့​သည်​အ​ချင်း​ချင်း​အား​ကျေး​ဇူး​ပြု ရန်​နှင့်​ကူ​ညီ​မ​စ​ရန်​မ​မေ့​ကြ​နှင့်။ ထို​သို့ သော​ယဇ်​များ​ကို​ဘု​ရား​သ​ခင်​နှစ်​သက် တော်​မူ​၏။
17 Անսացէ՛ք ձեզ կառավարողներուն եւ ենթարկուեցէ՛ք անոնց, որովհետեւ անոնք կը հսկեն ձեր անձերուն վրայ՝ որոնց համար հաշիւ պիտի տան. որպէսզի ուրախութեա՛մբ ընեն այդ գործը, եւ ո՛չ թէ հառաչելով, քանի որ ատիկա օգտակար չէ ձեզի:
၁၇သင်​တို့​ခေါင်း​ဆောင်​များ​၏​စ​ကား​ကို​နား ထောင်​ကြ​လော့။ သူ​တို့​ပြော​သည့်​အ​တိုင်း​ပြု ကြ​လော့။ သူ​တို့​သည်​မိ​မိ​တို့​ပြု​သည့်​အ​မှု ကို​ဘု​ရား​သ​ခင်​အား​အ​စီ​ရင်​ခံ​ရ​မည် ဖြစ်​၍ သင်​တို့​၏​စိတ်​ဝိ​ညာဉ်​ကို​နေ့​ရော​ည ပါ​ကြည့်​ရှု​စောင့်​ရှောက်​လျက်​နေ​ကြ​ပေ သည်။ သင်​တို့​သည်​သူ​တို့​စ​ကား​ကို​နား ထောင်​ပါ​လျှင် သူ​တို့​ရွှင်​လန်း​ဝမ်း​မြောက် စွာ​လုပ်​ဆောင်​ကြ​လိမ့်​မည်။ သို့​မ​ဟုတ်​လျှင် သူ​တို့​ဝမ်း​နည်း​ရ​ကြ​သ​ဖြင့်​သင်​တို့ တွင်​အ​ဘယ်​သို့​မျှ​အ​ကျိုး​ရှိ​လိမ့်​မည် မ​ဟုတ်။
18 Աղօթեցէ՛ք մեզի համար, որովհետեւ համոզուած ենք թէ ունինք բարի խղճմտանք ու կ՚ուզենք ամէն բանի մէջ վարուիլ պարկեշտութեամբ:
၁၈ငါ​တို့​အ​တွက်​ဆက်​လက်​ဆု​တောင်း​နေ​ကြ လော့။ ငါ​တို့​သည်​မိ​မိ​တို့​၏​သြတ္တပ္ပ​စိတ် ကြည်​လင်​သည်​ကို​အ​သေ​အ​ချာ​သိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည်​အ​ခါ ခပ်​သိမ်း​မှန်​ရာ​ကို​သာ​ပြု​လုပ်​ရန်​ဆန္ဒ​ရှိ ကြ​သော​ကြောင့်​ဖြစ်​၏။-
19 Բայց առաւելապէս կ՚աղաչե՛մ որ ընէք ատիկա, որպէսզի աւելի՛ շուտ վերադարձուիմ ձեզի:
၁၉ဘု​ရား​သ​ခင်​သည်​မ​ကြာ​မီ​ငါ့​အား​သင် တို့​ထံ​သို့​ပြန်​လည်​ပို့​ဆောင်​ပေး​တော်​မူ​စေ ရန်​ဆု​တောင်း​ကြ​ပါ​လော့​ဟု​သင်​တို့​အား အ​ထူး​မေတ္တာ​ရပ်​ခံ​ပါ​၏။
20 Խաղաղութեան Աստուածը, որ մեռելներէն վեր հանեց մեր Տէրը՝ Յիսուսը - ոչխարներուն մեծ Հովիւը՝ յաւիտենական ուխտին արիւնով -, (aiōnios g166)
၂၀အ​သက်​တော်​ကို​တင်​လှူ​ပူ​ဇော်​တော်​မူ​ခြင်း အား​ဖြင့် ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​တော်​ကို​တံ​ဆိပ် ခတ်​နှိပ်​တော်​မူ​သ​ဖြင့် သိုး​ထိန်း​ကြီး​ဖြစ် တော်​မူ​သော​ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု အား​ဘု​ရား​သ​ခင်​သည် သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​ပြီ။ သင်​တို့​သည်​ငြိမ် သက်​ခြင်း​အ​ရှင်​ဘု​ရား​သ​ခင်​၏​အ​လို တော်​ကို​လိုက်​လျှောက်​နိုင်​ကြ​စေ​ရန် ကိုယ် တော်​သည်​သင်​တို့​အား​ကောင်း​မြတ်​သော အ​ရာ​ဟူ​သ​မျှ​ကို​ချ​ပေး​တော်​မူ​ပါ​စေ သော။ (aiōnios g166)
21 ամէն բարի գործի մէջ հաստատէ ձեզ՝ իր կամքը գործադրելու, ձեր մէջ իրագործելով իր առջեւ հաճելի եղածը՝ Յիսուս Քրիստոսի միջոցով, որուն փա՜ռք դարէ դար՝՝: Ամէն: (aiōn g165)
၂၁ကိုယ်​တော်​သည်​မိ​မိ​နှစ်​သက်​တော် မူ​ဖွယ်​ရာ​ကို ငါ​တို့​၌​ယေ​ရှု​ခ​ရစ်​အား ဖြင့်​ပြု​တော်​မူ​ပါ​စေ​သော။ ခ​ရစ်​တော် သည်​ကမ္ဘာ​အ​ဆက်​ဆက် ဘုန်း​အ​သ​ရေ ထွန်း​တောက်​တော်​မူ​ပါ​သ​တည်း။ အာ​မင်။ (aiōn g165)
22 Կ՚աղաչե՛մ ձեզի, եղբայրնե՛ր, որ հանդուրժէք այս յորդորական խօսքիս, որովհետեւ համառօտաբար գրեցի ձեզի:
၂၂ညီ​အစ်​ကို​တို့၊ ဤ​အား​ပေး​တိုက်​တွန်း​ချက် ကို​သည်း​ခံ​လျက်​နာ​ယူ​ကြ​ရန်​သင်​တို့ အား​ငါ​တောင်း​ပန်​၏။ ယ​ခု​သင်​တို့​ထံ​သို့ ငါ​ရေး​လိုက်​သော​စာ​သည်​များ​စွာ​မ​ရှည် ပါ။-
23 Գիտցէ՛ք թէ մեր եղբայրը՝ Տիմոթէոս արձակուած է. եթէ շուտով գայ՝ անոր հետ պիտի տեսնեմ ձեզ:
၂၃ငါ​တို့​၏​ညီ​တိ​မော​သေ​သည် အ​ကျဉ်း​ထောင်​မှ လွတ်​၍​လာ​ပြီ​ဖြစ်​ကြောင်း​သင်​တို့​အား​သိ​စေ လို​၏။ အ​ကယ်​၍​သူ​သည်​ငါ့​ထံ​သို့​အ​ချိန်​မီ ရောက်​ရှိ​လာ​ပါ​က သင်​တို့​နှင့်​တွေ့​ဆုံ​ရန်​ငါ လာ​သော​အ​ခါ​သူ့​ကို​ခေါ်​ခဲ့​ပါ​မည်။
24 Բարեւեցէ՛ք բոլոր ձեզ կառավարողներն ու բոլոր սուրբերը. կը բարեւեն ձեզ անոնք՝ որ Իտալիայէն են:
၂၄သင်​တို့​၏​ခေါင်း​ဆောင်​အ​ပေါင်း​နှင့်​ဘု​ရား သ​ခင်​၏​လူ​စု​တော်​ဝင်​ရှိ​သ​မျှ​တို့​အား နှုတ်​ဆက်​လိုက်​ကြောင်း​ပြော​ပြ​ပါ​လော့။ အီ​တ​လီ​ပြည်​မှ​ညီ​အစ်​ကို​တို့​က​လည်း သင်​တို့​အား​နှုတ်​ဆက်​လိုက်​ပါ​၏။
25 Շնորհքը ձեր բոլորին հետ: Ամէն:
၂၅ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​သင်​တို့ အား​လုံး​ခံ​စား​ရ​ကြ​ပါ​စေ​သ​တည်း။ ဟေ​ဗြဲ​သြ​ဝါ​ဒ​စာ​ပြီး​၏။

< ԵԲՐԱՅԵՑԻՍ 13 >