< ԱՌԱՋԻՆ ՏԻՄՈԹԷՈՍ 4 >

1 Հոգին յատկապէս կ՚ըսէ թէ վերջին ատենները՝ ոմանք պիտի հեռանան հաւատքէն, ուշադրութիւն դարձնելով մոլորեցուցիչ ոգիներու եւ դեւերու վարդապետութիւններու:
ဝိညာဉ်တော်သည် အတည့်အလင်းဗျာဒိတ်ထားတော်မူသည်ကား၊ နောင်ကာလ၌ ဩတ္တပ္ပစိတ်တွင် သံပူနှင့်ခတ်ခြင်းကိုခံပြီးလျှင်၊ မုသာစကားကို ပြောတတ်သော သူတို့၏ လျှို့ဝှက်ခြင်းအားဖြင့်၊ လူအချို့တို့သည် ယုံကြည်ခြင်းကို စွန့်ပယ်၍၊
2 Կեղծաւորութեամբ սուտ պիտի խօսին, խանձուած խղճմտանք պիտի ունենան,
လှည့်ဖြားတတ်သော စိတ်ဝိညာဉ်တို့၌၎င်း၊ နတ်ဘုရားတို့နှင့်စပ်ဆိုင်သော ဩဝါဒ တို့၌၎င်း မှီဝဲဆည်းကပ်ကြလိမ့်မည်။
3 պիտի արգիլեն ամուսնանալ ու ետ պիտի պահեն կերակուրներէն, որ Աստուած ստեղծեր է որպէսզի հաւատացեալները եւ ճշմարտութիւնը գիտցողները շնորհակալութեամբ ընդունին.
မင်္ဂလာဆောင်ခြင်းအမှုကို မပြုရဟူ၍၎င်း၊ ယုံကြည်၍ သမ္မာတရားကို သိသောသူတို့သည် ကျေးဇူး တော်ကို သိသောစိတ်နှင့်တကွ သုံးဘို့ရာ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော အစာမျိုးကိုရှောင်ရမည် ဟူ၍၎င်း ပညတ်ထားကြလိမ့်မည်။
4 որովհետեւ ամէն ինչ որ Աստուած ստեղծած է՝ բարի է, ու ոչինչ մերժուելու է՝ եթէ ընդունուի շնորհակալութեամբ,
ဘုရားသခင်ဖန်ဆင်းတော်မူသမျှသည် သုံးစရာကောင်း၏။
5 քանի որ կը սրբացուի Աստուծոյ խօսքով եւ աղօթքով:
ကျေးဇူးတော်ကို သိသောစိတ်နှင့်ခံယူလျှင်၊ အဘယ်အရာကိုမျှ မပယ်မရှောင်ရ။ အကြောင်းမူကား၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်အားဖြင့်၎င်း၊ ဆုတောင်းခြင်းအားဖြင့်၎င်း၊ အရာရာတို့သည် စင်ကြယ် လျက်ရှိကြ၏။
6 Եթէ թելադրես այս բաները եղբայրներուն, պիտի ըլլաս Յիսուս Քրիստոսի բարի սպասարկու մը, սնած խօսքերով հաւատքին ու բարի վարդապետութեան՝ որուն հետեւեցար:
ဤစကားများကို သင်သည် ညီအစ်ကိုတို့အား ကြားပြောလျှင်၊ ယုံကြည်ချက်စကား၊ ကိုယ်တိုင် ရှာဖွေလေ့ကျက်သော သမ္မာဩဝါဒစကားနှင့် မွေးပြုခြင်းကို ခံသောယေရှုခရစ်၏ ဓမ္မဆရာကောင်း ဖြစ်လိမ့်မည်။
7 Բայց մերժէ՛ սրբապիղծ ու պառաւական առասպելները, եւ դուն քեզ վարժեցուր բարեպաշտութեան.
မိန်းမအိုပြောတတ်သော တရားမဲ့ဖြစ်သော ဒဏ္ဍာရီစကားကို ပယ်ရှား၍ ဘုရားဝတ်၌ မွေ့လျော်ခြင်း အားဖြင့် ကိုယ်ကိုကိုယ်ဆုံးမလော့။
8 որովհետեւ մարմինին վարժութիւնը օգտակար է քիչ բանի, բայց բարեպաշտութիւնը օգտակար է ամէն բանի, ունենալով թէ՛ ներկայ եւ թէ ապագայ կեանքին խոստումը:
ကိုယ်ကာယကိုဆုံးမခြင်းသည် များစွာသော အကျိုးကို မပေးတတ်။ ဘုရားဝတ်၌ မွေ့လျော်ခြင်း မူကား၊ ယခုဘဝ၊ နောင်ဘဝနှင့် စပ်ဆိုင်သော ဂတိတော်ကို ရသည်ဖြစ်၍၊
9 Այս խօսքը վստահելի է ու բոլորովին ընդունուելու արժանի:
အရာရာ၌ အကျိုးကိုပေးတတ်သည်ဟူသော စကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ခံယူအပ် သော စကားလည်းဖြစ်၏။
10 Արդարեւ մենք կ՚աշխատինք եւ կը նախատուինք սա՛ նպատակով, որովհետեւ կը յուսանք ապրող Աստուծոյ, որ Փրկիչն է բոլոր մարդոց, մա՛նաւանդ՝ հաւատացեալներուն:
၁၀ထိုကြောင့်၊ အသက်ရှင်တော်မူထသော၊ လူအပေါင်းတို့ကို အထူးသဖြင့် ကယ်မတော်မူသော ဘုရား သခင်၌ ငါတို့သည်ကိုးစားသည်နှင့်အညီ၊ ပင်ပန်းစွာ အမှုဆောင်ရွက်ကြ၏။ ကဲ့ရဲ့ခြင်းကိုလည်း ခံရကြ၏။
11 Պատուիրէ՛ եւ սորվեցո՛ւր այս բաները:
၁၁ယခုဆိုခဲ့ပြီးသည်အတိုင်း ပညတ်ထားခြင်း၊ ဆုံးမဩဝါဒပေးခြင်းကို ပြုလော့။
12 Ո՛չ մէկը թող արհամարհէ քու երիտասարդութիւնդ, հապա տիպա՛ր եղիր հաւատացեալներուն՝ խօսքով, վարքով, սիրով, հաւատքով ու մաքրակեցութեամբ:
၁၂သင်၏ အသက်အရွယ်နုပျိုသည်ကို အဘယ်သူမျှ မထီမဲ့မြင် မပြုစေနှင့်။ စကားပြောခြင်း၊ ကျင့်ကြံပြုမူ ခြင်း၊ သူတပါးကိုချစ်ခြင်း၊ ဝိညာဉ်သဘောရှိခြင်း၊ သစ္စာစောင့်ခြင်း၊ စင်ကြယ်ခြင်းအရာမှာ၊ ယုံကြည်သောသူတို့အား ပုံသက်သေကို ပြလော့။
13 Մինչեւ որ գամ՝ ուշադի՛ր եղիր կարդալու, յորդորելու, սորվեցնելու:
၁၃ငါမလာမှီတိုင်အောင်၊ ကျမ်းစာကိုဘတ်ခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ ဆုံးမဩဝါဒပေးခြင်းကို ကြိုးစား၍ ပြုလော့။
14 Անհոգ մի՛ ըլլար քու մէջդ եղած շնորհին հանդէպ, որ մարգարէութեամբ տրուեցաւ քեզի՝ երէցներուն ձեռնադրութեամբ:
၁၄ဗျာဒိတ်တော်ကို ခံ၍၊ သင်းအုပ်များတို့သည် လက်တင်ခြင်းနှင့်တကွ၊ သင်၌အပ်ပေးသော ဆုကျေးဇူး ကို မပြုစုဘဲမနေနှင့်။
15 Խոկա՛ այդ բաներուն մասին եւ զբաղէ՛ ատոնցմով, որպէսզի քու յառաջդիմութիւնդ երեւնայ ամենուն:
၁၅သင်၏တိုးပွါးခြင်းကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှါ။ ဤအရာများကို စိတ်စွဲလမ်း၍ ကြိုးစားအားထုတ်လော့။
16 Ուշադի՛ր եղիր դուն քեզի ու վարդապետութեան, եւ մի՛շտ յարատեւէ ատոնց մէջ. քանի որ այդպէս ընելով՝ պիտի փրկես թէ՛ քեզ, թէ՛ քեզ լսողները:
၁၆ကိုယ်ကို၎င်း၊ ကိုယ်ဆုံးမဩဝါဒကို၎င်း သတိပြု၍ အမြဲတည်နေလော့။ ထိုသို့ပြုလျှင်၊ ကိုယ်ကို၎င်း၊ နားထောင်သောသူတို့ကို၎င်းကယ်တင်လိမ့်မည်။

< ԱՌԱՋԻՆ ՏԻՄՈԹԷՈՍ 4 >