< اَلْمَزَامِيرُ 138 >

لِدَاوُدَ أَحْمَدُكَ مِنْ كُلِّ قَلْبِي. قُدَّامَ ٱلْآلِهَةِ أُرَنِّمُ لَكَ. ١ 1
အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။ ဘု​ရား​များ​ရှေ့​တွင်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​သီ​ချင်း​ဆို​ပါ​၏။
أَسْجُدُ فِي هَيْكَلِ قُدْسِكَ، وَأَحْمَدُ ٱسْمَكَ عَلَى رَحْمَتِكَ وَحَقِّكَ، لِأَنَّكَ قَدْ عَظَّمْتَ كَلِمَتَكَ عَلَى كُلِّ ٱسْمِكَ. ٢ 2
ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​မြင့်​မြတ် သန့်​ရှင်း​သော​ဗိ​မာန်​တော်​ကို​မျက်​နှာ​မူ​လျက် ဦး​ညွှတ်​ပျပ်​ဝပ်​ကာ​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​နှင့်​သစ္စာ​တော်​ကြောင့်​နာ​မ​တော်​ကို ထော​မ​နာ​ပြု​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​၏ နာ​မ​တော်​နှင့်​က​တိ​တော်​တို့​သည် အ​ထွတ်​အ​မြတ်​ဆုံး​ဖြစ်​ကြောင်း​ပြ​သ တော်​မူ​ပြီ။
فِي يَوْمَ دَعَوْتُكَ أَجَبْتَنِي. شَجَّعْتَنِي قُوَّةً فِي نَفْسِي. ٣ 3
ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​ဟစ်​ခေါ်​သော အ​ခါ ကိုယ်​တော်​ရှင်​သည်​ထူး​တော်​မူ​၍​ကျွန်​တော်​မျိုး​အား အား​သစ်​လောင်း​တော်​မူ​ပါ​၏။
يَحْمَدُكَ يَارَبُّ كُلُّ مُلُوكِ ٱلْأَرْضِ، إِذَا سَمِعُوا كَلِمَاتِ فَمِكَ. ٤ 4
အို ထာ​ဝ​ရ​ဘု​ရား၊ ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​ဘု​ရင်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ရှင်​၏​က​တိ​တော်​များ​ကို​ကြား သိ​ရ​သ​ဖြင့် ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ကြ​ပါ​လိမ့်​မည်။
وَيُرَنِّمُونَ فِي طُرُقِ ٱلرَّبِّ، لِأَنَّ مَجْدَ ٱلرَّبِّ عَظِيمٌ. ٥ 5
သူ​တို့​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော် အ​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​ကြီး​မြတ်​သော​ဘုန်း​အ​သ​ရေ​တော် အ​ကြောင်း​ကို​လည်း​ကောင်း သီ​ချင်း​ဆို​ကြ​ပါ​လိမ့်​မည်။
لِأَنَّ ٱلرَّبَّ عَالٍ وَيَرَى ٱلْمُتَوَاضِعَ، أَمَّا ٱلْمُتَكَبِّرُ فَيَعْرِفُهُ مِنْ بَعِيدٍ. ٦ 6
ကိုယ်​တော်​သည်​လွန်​စွာ​ကြီး​မြတ်​တော်​မူ​သော်​လည်း နိမ့်​ကျ​သူ​တို့​အား​ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ​၏။ မာန်​မာ​န​ကြီး​သူ​တို့​ကို​မူ​ကား​အ​ဝေး​က သိ​တော်​မူ​၏။
إِنْ سَلَكْتُ فِي وَسَطِ ٱلضِّيْقِ تُحْيِنِي. عَلَى غَضَبِ أَعْدَائِي تَمُدُّ يَدَكَ، وَتُخَلِّصُنِي يَمِينُكَ. ٧ 7
ဒုက္ခ​များ​ပတ်​လည်​ဝိုင်း​လျက်​နေ​ချိန်​၌​ပင်​လျှင် ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​အ​သက်​ကို ကာ​ကွယ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ရန်​သူ​တို့​၏ အ​မျက်​ကို​ဆီး​တား​တော်​မူ​လျက် တန်​ခိုး​တော်​အား​ဖြင့်​ကျွန်​တော်​မျိုး​ကို ကယ်​တော်​မူ​ပါ​၏။
ٱلرَّبُّ يُحَامِي عَنِّي. يَارَبُّ، رَحْمَتُكَ إِلَى ٱلْأَبَدِ. عَنْ أَعْمَالِ يَدَيْكَ لَا تَتَخَلَّ. ٨ 8
ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား က​တိ​ထား​တော်​မူ​သည့်​အ​တိုင်း​ပြု​တော်​မူ ပါ​လိမ့်​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​မေတ္တာ​တော်​သည် ထာ​ဝ​စဉ်​တည်​တော်​မူ​ပါ​၏။ အ​စ​ပြု​တော်​မူ​သော​အ​မှု​တော်​ကို ပြီး​စီး​စေ​တော်​မူ​ပါ။

< اَلْمَزَامِيرُ 138 >