< اَلْمَزَامِيرُ 102 >
صَلَاةٌ لِمِسْكِينٍ إِذَا أَعْيَا وَسَكَبَ شَكْوَاهُ قُدَّامَ ٱللهِ يَارَبُّ، ٱسْتَمِعْ صَلَاتِي، وَلْيَدْخُلْ إِلَيْكَ صُرَاخِي. | ١ 1 |
၁အိုထာဝရဘုရား၊ အကျွန်ုပ်၏ ပဌနာကို နားထောင်တော်မူပါ။ အကျွန်ုပ် အော်ဟစ်ခြင်းအသံ သည် ရှေ့တော်သို့ ရောက်ပါစေသော။
لَا تَحْجُبْ وَجْهَكَ عَنِّي فِي يَوْمِ ضِيقِي. أَمِلْ إِلَيَّ أُذُنَكَ فِي يَوْمِ أَدْعُوكَ. ٱسْتَجِبْ لِي سَرِيعًا. | ٢ 2 |
၂ဘေးရောက်သည်ကာလ၌ မျက်နှာတော်ကို အကျွန်ုပ်မှလွှဲတော် မမူပါနှင့်။ အကျွန်ုပ်ခေါ်သောအခါ နားထောင်တော်မူပါ။ အလျင်အမြန် ထူးတော်မူပါ။
لِأَنَّ أَيَّامِي قَدْ فَنِيَتْ فِي دُخَانٍ، وَعِظَامِي مِثْلُ وَقِيدٍ قَدْ يَبِسَتْ. | ٣ 3 |
၃အကြောင်းမူကား၊ အကျွန်ုပ်၏ နေ့ရက်ကာလ သည် မီးခိုးကဲ့သို့ ကုန်တတ်ပါ၏။ အကျွနုပ်၏ အရိုးတို့ သည် မီးချေးကဲ့သို့ ကျွမ်းကြပါ၏။
مَلْفُوحٌ كَٱلْعُشْبِ وَيَابِسٌ قَلْبِي، حَتَّى سَهَوْتُ عَنْ أَكْلِ خُبْزِي. | ٤ 4 |
၄အကျွန်ုပ်၏နှလုံးသည် မြက်ပင်ကဲ့သို့ အထိ အခိုက်ခံရ၍၊ ညှိုးနွမ်းလျက် ရှိပါ၏။ အစာစားခြင်း ကိစ္စကိုပင် မေ့လျော့တတ်ပါ၏။
مِنْ صَوْتِ تَنَهُّدِي لَصِقَ عَظْمِي بِلَحْمِي. | ٥ 5 |
၅ကိုယ်ညည်းတွားခြင်း အသံကြောင့်၊ အကျွန်ုပ်၏ အရိုးတို့သည် အရေ၌ ကပ်လျက်ရှိကြပါ၏။
أَشْبَهْتُ قُوقَ ٱلْبَرِّيَّةِ. صِرْتُ مِثْلَ بُومَةِ ٱلْخِرَبِ. | ٦ 6 |
၆အကျွန်ုပ်သည် လွင်ပြင်၌နေသော ဝံပိုကဲ့သို့၎င်း၊ တော၌နေသော ဇိကွက်ကဲ့သို့၎င်း ဖြစ်ပါ၏။
سَهِدْتُ وَصِرْتُ كَعُصْفُورٍ مُنْفَرِدٍ عَلَى ٱلسَّطْحِ. | ٧ 7 |
၇အကျွန်ုပ်သည် အိမ်မိုးပေါ်မှာ တကောင်တည်း နေရသော ငှက်ကဲ့သို့ဖြစ်၍ စောင့်လျက်နေရပါ၏။
ٱلْيَوْمَ كُلَّهُ عَيَّرَنِي أَعْدَائِيَ. ٱلْحَنِقُونَ عَلَيَّ حَلَفُوا عَلَيَّ. | ٨ 8 |
၈အကျွန်ုပ်ရန်သူတို့သည် တနေ့လုံးကဲ့ရဲ့ကြပါ၏။ အကျွန်ုပ်တဘက်၌ စော်ကားသော သူတို့သည် အကျွန်ုပ် ကို ပုံခိုင်း၍ ကျိန်ဆိုတတ်ကြပါ၏။
إِنِّي قَدْ أَكَلْتُ ٱلرَّمَادَ مِثْلَ ٱلْخُبْزِ، وَمَزَجْتُ شَرَابِي بِدُمُوعٍ، | ٩ 9 |
၉စိတ်တော်မပြေ၊
بِسَبَبِ غَضَبِكَ وَسَخَطِكَ، لِأَنَّكَ حَمَلْتَنِي وَطَرَحْتَنِي. | ١٠ 10 |
၁၀အမျက်ထွက် တော်မူသောကြောင့်၊ အကျွန်ုပ် သည် ပြာကိုမုန့်ကဲ့သို့ စားရပါ၏။ သောက်သောအခါ လည်း၊ မျက်ရည်ရော၍ သောက်ရပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို ချီးမြှောက်ပြီးမှ အောက်သို့ ချတော်မူပြီ။
أَيَّامِي كَظِلٍّ مَائِلٍ، وَأَنَا مِثْلُ ٱلْعُشْبِ يَبِسْتُ. | ١١ 11 |
၁၁အကျွန်ုပ်၏နေ့ရက်တို့သည် ရှည်လျားသော အရိပ်ကဲ့သို့ဖြစ်၍၊ မြက်ပင်ကဲ့သို့ အကျွန်ုပ်ညှိုးနွမ်းပါ၏။
أَمَّا أَنْتَ يَارَبُّ فَإِلَى ٱلدَّهْرِ جَالِسٌ، وَذِكْرُكَ إِلَى دَوْرٍ فَدَوْرٍ. | ١٢ 12 |
၁၂အိုထာဝရဘုရား၊ ကိုယ်တော်သည် နိစ္စထာဝရ ဖြစ်တော်မူ၏။ နာမတော်သည် ကာလအစဉ်အဆက် တည်ပါ၏။
أَنْتَ تَقُومُ وَتَرْحَمُ صِهْيَوْنَ، لِأَنَّهُ وَقْتُ ٱلرَّأْفَةِ، لِأَنَّهُ جَاءَ ٱلْمِيعَادُ. | ١٣ 13 |
၁၃ထတော်မူပါ။ ဇိအုန်မြို့ကို သနားတော်မူပါ။ ဇိအုန်မြို့ကို ကယ်မသနားရသောအချိန်၊ ချိန်းချက်တော် မူသော အချိန်ရောက်ပါပြီ။
لِأَنَّ عَبِيدَكَ قَدْ سُرُّوا بِحِجَارَتِهَا، وَحَنُّوا إِلَى تُرَابِهَا. | ١٤ 14 |
၁၄ကိုယ်တော်၏ ကျွန်တို့သည် ထိုမြို့၏ ကျောက်ခဲ တို့ကိုပင် နှစ်သက်၍၊ သူ၏မြေမှုန့်ကိုပင် စုံမက်ကြပါ၏။
فَتَخْشَى ٱلْأُمَمُ ٱسْمَ ٱلرَّبِّ، وَكُلُّ مُلُوكِ ٱلْأَرْضِ مَجْدَكَ. | ١٥ 15 |
၁၅တပါးအမျိုးသားတို့သည် ထာဝရဘုရား၏ နာမတော်ကို၎င်း၊ လောကီရှင်ဘုရင်အပေါင်းတို့သည် ဘုန်းတော်ကို၎င်း ကြောက်ရွံကြပါလိမ့်မည်။
إِذَا بَنَى ٱلرَّبُّ صِهْيَوْنَ يُرَى بِمَجْدِهِ. | ١٦ 16 |
၁၆ထာဝရဘုရားသည် ဇိအုန်မြို့ကို တည်ထောင် ၍၊ ဘုန်းတော်နှင့်တကွ ထင်ရှားတော်မူလိမ့်မည်။
ٱلْتَفَتَ إِلَى صَلَاةِ ٱلْمُضْطَرِّ، وَلَمْ يَرْذُلْ دُعَاءَهُمْ. | ١٧ 17 |
၁၇ကိုးကွယ်ရာမဲ့သောသူတို့ ဆုတောင်းခြင်း အကြောင်းကို မထီမဲ့မြင်မပြု၊ သူတို့၏ ပဌနာကို မှတ်တော်မူလိမ့်မည်။
يُكْتَبُ هَذَا لِلدَّوْرِ ٱلْآخِرِ، وشَعْبٌ سَوْفَ يُخْلَقُ يُسَبِّحُ ٱلرَّبَّ: | ١٨ 18 |
၁၈ထိုအကြောင်းအရာကို နောက်ဖြစ်လတံ့သော လူမျိုးအဘို့ ရေးမှတ်ရမည်။ ပြုပြင်တော်မူလတံ့သော လူတို့သည် ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည်။
«لِأَنَّهُ أَشْرَفَ مِنْ عُلْوِ قُدْسِهِ. ٱلرَّبُّ مِنَ ٱلسَّمَاءِ إِلَى ٱلْأَرْضِ نَظَرَ، | ١٩ 19 |
၁၉ချုပ်ထားသောသူ၏ ညည်းတွားသံကို နားထောင်ခြင်းငှါ၎င်း၊ သေရမည့် သူတို့ကို လွှတ်ခြင်းငှါ၎င်း၊ အတိုင်းတိုင်အပြည်ပြည်သော လူမျိုးတို့သည် ထာဝရဘုရား၏ နာမတော်နှင့် ဂုဏ်ကျေးဇူးတော်ကို ထင်ရှား စေခြင်းငှါ၎င်း၊ သန့်ရှင်းရာ ဌာနတော်အထွဋ်က ငုံ့ကြည့်တော်မူ၍၊ ကောင်းကင်ပေါ်က ထာဝရဘုရား သည် မြေကြီးကို ရှုမှတ်တော်မူ၏။
لِيَسْمَعَ أَنِينَ ٱلْأَسِيرِ، لِيُطْلِقَ بَنِي ٱلْمَوْتِ». | ٢٠ 20 |
၂၀
لِكَيْ يُحَدَّثَ فِي صِهْيَوْنَ بِٱسْمِ ٱلرَّبِّ، وَبِتَسْبِيحِهِ فِي أُورُشَلِيمَ، | ٢١ 21 |
၂၁
عِنْدَ ٱجْتِمَاعِ ٱلشُّعُوبِ مَعًا وَٱلْمَمَالِكِ لِعِبَادَةِ ٱلرَّبِّ. | ٢٢ 22 |
၂၂
ضَعَّفَ فِي ٱلطَّرِيقِ قُوَّتِي، قَصَّرَ أَيَّامِي. | ٢٣ 23 |
၂၃လမ်းခရီး၌ ငါ၏အစွမ်းကို လျော့စေခြင်းငှါ၎င်း၊ ငါ၏နေ့ရက်ကာလကို တိုစေခြင်းငှါ၎င်း ပြုတော်မူသော အခါ၊
أَقُولُ: «يَا إِلَهِي، لَا تَقْبِضْنِي فِي نِصْفِ أَيَّامِي. إِلَى دَهْرِ ٱلدُّهُورِ سِنُوكَ. | ٢٤ 24 |
၂၄ငါလျှောက်သော အချက်ဟူမူကား၊ အို အကျွန်ုပ် ၏ဘုရား၊ အကျွန်ုပ်ကို အသက်ပျိုစဉ်ပင် ပယ်ရှားတော် မမူပါနှင့်။ ကိုယ်တော်၏ နှစ်တို့သည် ကာလအစဉ် အဆက်မြဲကြပါ၏။
مِنْ قِدَمٍ أَسَّسْتَ ٱلْأَرْضَ، وَٱلسَّمَاوَاتُ هِيَ عَمَلُ يَدَيْكَ. | ٢٥ 25 |
၂၅ကိုယ်တော်သည် ရှေ့ဦးစွာ၌ မြေကြီးကို တည် တော်မူပြီ။ မိုဃ်းကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာဖြစ်ပါ၏။
هِيَ تَبِيدُ وَأَنْتَ تَبْقَى، وَكُلُّهَا كَثَوْبٍ تَبْلَى، كَرِدَاءٍ تُغَيِّرُهُنَّ فَتَتَغَيَّرُ. | ٢٦ 26 |
၂၆ထိုအရာတို့သည် ပျက်စီးခြင်းသို့ ရောက်သော် လည်း ကိုယ်တော်သည် အမြဲတည်တော်မူ၏။ ထိုအရာ ရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ရောက်၍၊ ကိုယ်တော်သည် ဝတ်လုံကိုလဲသကဲ့သို့ လဲတော်မူသဖြင့်၊ ပြောင်းလဲခြင်းရှိကြသော်လည်း၊
وَأَنْتَ هُوَ وَسِنُوكَ لَنْ تَنْتَهِيَ. | ٢٧ 27 |
၂၇ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။ အသက်တော်လည်း မကုန်မဆုံးရပါ။
أَبْنَاءُ عَبِيدِكَ يَسْكُنُونَ، وَذُرِّيَّتُهُمْ تُثَبَّتُ أَمَامَكَ». | ٢٨ 28 |
၂၈ကိုယ်တော်ကျွန်တို့၏သားမြေးတို့သည် တည်၍၊ အမျိုးအနွယ်သည်လည်း ရှေ့တော်၌ မြဲမြံပါလိမ့်မည်။ ဆင်းရဲသောသူသည် ညှိုးငယ်သောစိတ်နှင့် ထာဝရဘုရား ရှေ့တော်၌ညည်းတွား မြည်တမ်း၍ပြုသော ပဌနာ။