< اَلْمَزَامِيرُ 101 >

لِدَاوُدَ. مَزْمُورٌ رَحْمَةً وَحُكْمًا أُغَنِّي. لَكَ يَارَبُّ أُرَنِّمُ. ١ 1
အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​သစ္စာ​စောင့်​သိ​ခြင်း​နှင့် တ​ရား​မျှ​တ​ခြင်း​အ​ကြောင်း​ကို​သီ​ချင်း​ဆို​ပါ​မည်။ ရှေ့​တော်​၌​သီ​ချင်း​ဆို​ပါ​မည်။
أَتَعَقَّلُ فِي طَرِيقٍ كَامِلٍ. مَتَى تَأْتِي إِلَيَّ؟ أَسْلُكُ فِي كَمَالِ قَلْبِي فِي وَسَطِ بَيْتِي. ٢ 2
ကျွန်​တော်​မျိုး​သည်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင် ကျင့်​ကြံ​ပါ​မည်။ ကိုယ်​တော်​သည်​အ​ဘယ်​အ​ခါ​မှ​ကျွန်​တော်​မျိုး ထံ​သို့ ကြွ​လာ​တော်​မူ​ပါ​မည်​နည်း။ ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​အိမ်​တွင်​ဖြူ​စင်​သည့် စိတ်​သ​ဘော​ထား​ဖြင့်​ကျင့်​ကြံ​ပြု​မူ​ပါ​မည်။
لَا أَضَعُ قُدَّامَ عَيْنَيَّ أَمْرًا رَدِيئًا. عَمَلَ ٱلزَّيَغَانِ أَبْغَضْتُ. لَا يَلْصَقُ بِي. ٣ 3
မ​ကောင်း​မှု​ကို​အ​ဘယ်​အ​ခါ​၌​မျှ​သည်း​ခံ​မည် မ​ဟုတ်​ပါ။ ဘု​ရား​သ​ခင်​အား​ကျော​ခိုင်း​သူ​တို့​၏ အ​ပြု​အ​မူ​တို့​ကို​မုန်း​၍ ထို​အ​ပြု​အ​မူ​တို့​နှင့်​အ​ဘယ်​သို့​မျှ​ပတ်​သက် မည် မ​ဟုတ်​ပါ။
قَلْبٌ مُعْوَجٌّ يَبْعُدُ عَنِّي. ٱلشِّرِّيرُ لَا أَعْرِفُهُ. ٤ 4
ငါ​သည်​လိမ်​လည်​ကောက်​ကျစ်​မည်​မ​ဟုတ်​ပါ။ မ​ကောင်း​မှု​ပြု​သူ​တို့​နှင့်​ပေါင်း​ဖော်​မည်​မဟုတ်​ပါ။
ٱلَّذِي يَغْتَابُ صَاحِبَهُ سِرًّا هَذَا أَقْطَعُهُ. مُسْتَكْبِرُ ٱلْعَيْنِ وَمُنْتَفِخُ ٱلْقَلْبِ لَا أَحْتَمِلُهُ. ٥ 5
သူ​တစ်​ပါး​အ​ကြောင်း​မ​ကောင်း​သ​တင်း တီး​တိုး​လွှင့်​တတ်​သူ​ကို​ဖယ်​ရှား​ပစ်​ပါ​မည်။ မာန်​မာ​န​ထောင်​လွှား​လျက်​စိတ်​နေ​မြင့်​သူ​ကို သည်း​ခံ​မည်​မ​ဟုတ်​ပါ။
عَيْنَايَ عَلَى أُمَنَاءِ ٱلْأَرْضِ لِكَيْ أُجْلِسَهُمْ مَعِي. ٱلسَّالِكُ طَرِيقًا كَامِلًا هُوَ يَخْدِمُنِي. ٦ 6
ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​သစ္စာ​စောင့်​သူ​တို့​ကို နှစ်​သက်​ပါ​မည်။ သူ​တို့​အား​ငါ​၏​နန်း​တော်​တွင်​နေ​ခွင့်​ပြု​ပါ​မည်။ လိမ်​လည်​ကောက်​ကျစ်​မှု​ကင်း​ရှင်း​သူ​တို့​အား ငါ​၏​အ​မှု​တို့​ကို​ထမ်း​ဆောင်​စေ​ပါ​မည်။
لَا يَسْكُنُ وَسَطَ بَيْتِي عَامِلُ غِشٍّ. ٱلْمُتَكَلِّمُ بِٱلْكَذِبِ لَا يَثْبُتُ أَمَامَ عَيْنَيَّ. ٧ 7
လိမ်​လည်​ပြော​ဆို​တတ်​သူ​သည်​ငါ​၏​နန်း​တော်​တွင် နေ​ရ​မည်​မ​ဟုတ်​ပါ။ သူ​တော်​ယောင်​ဆောင်​တတ်​သူ​သည် ငါ​၏​ရှေ့​မှောက်​တွင်​နေ​ရ​မည်​မ​ဟုတ်​ပါ။
بَاكِرًا أُبِيدُ جَمِيعَ أَشْرَارِ ٱلْأَرْضِ، لِأَقْطَعَ مِنْ مَدِينَةِ ٱلرَّبِّ كُلَّ فَاعِلِي ٱلْإِثْمِ. ٨ 8
ငါ​တို့​တိုင်း​နိုင်​ငံ​တွင်​ရှိ​သ​မျှ​သော​သူ​ယုတ်​မာ တို့​ကို ငါ​သည်​နေ့​စဉ်​နေ့​တိုင်း​သုတ်​သင်​ပစ်​ပါ​မည်။ ဆိုး​ညစ်​သူ​အ​ပေါင်း​တို့​အား​ထာ​ဝ​ရ​ဘုရား​၏ မြို့​တော်​မှ​နှင်​ထုတ်​ပါ​မည်။

< اَلْمَزَامِيرُ 101 >