< اَلْعَدَد 32 >

وَأَمَّا بَنُو رَأُوبَيْنَ وَبَنُو جَادَ فَكَانَ لَهُمْ مَوَاشٍ كَثِيرَةٌ وَافِرَةٌ جِدًّا. فَلَمَّا رَأَوْا أَرْضَ يَعْزِيرَ وَأَرْضَ جِلْعَادَ، وَإِذَا ٱلْمَكَانُ مَكَانُ مَوَاشٍ، ١ 1
ရု​ဗင်​အ​နွယ်​နှင့်​ဂဒ်​အ​နွယ်​တို့​တွင် သိုး​နွား တိ​ရစ္ဆာန်​မြောက်​မြား​စွာ​ရှိ​ကြ​၏။ ယာ​ဇာ ပြည်​နှင့်​ဂိ​လဒ်​ပြည်​တွင်​စား​ကျက်​ကောင်း များ​ရှိ​ကြောင်း​သိ​ရှိ​ရ​သော​အ​ခါ၊-
أَتَى بَنُو جَادَ وَبَنُو رَأُوبَيْنَ وَكَلَّمُوا مُوسَى وَأَلِعَازَارَ ٱلْكَاهِنَ وَرُؤَسَاءَ ٱلْجَمَاعَةِ قَائِلِينَ: ٢ 2
သူ​တို့​သည်​မော​ရှေ၊ ဧ​လာ​ဇာ​နှင့်​ဣ​သ​ရေ​လ ခေါင်း​ဆောင်​တို့​ထံ​သို့​သွား​၍၊-
«عَطَارُوتُ وَدِيبُونُ وَيَعْزِيرُ وَنِمْرَةُ وَحَشْبُونُ وَأَلِعَالَةُ وَشَبَامُ وَنَبُو وَبَعُونُ، ٣ 3
``ထာ​ဝ​ရ​ဘု​ရား​ကူ​မ​တော်​မူ​ခြင်း​ဖြင့်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သိမ်း​ပိုက်​ရ​ရှိ​သော အ​တ ရုတ်​မြို့၊ ဒိ​ဘုန်​မြို့၊ ယာ​ဇာ​မြို့၊ နိ​မ​ရ​မြို့၊ ဟေ​ရှ ဘုန်​မြို့၊ ဧ​လာ​လေ​မြို့၊ ရှေ​ဘံ​မြို့၊ နေ​ဗော​မြို့​နှင့် ဗော​န​မြို့​များ​တည်​ရှိ​ရာ​ဒေ​သ​တွင်​စား​ကျက် ကောင်း​များ​ရှိ​ပါ​သည်။ အ​ကျွန်ုပ်​တို့​တွင်​သိုး နွား​တိ​ရစ္ဆာန်​များ​စွာ​ရှိ​ပါ​သည်။-
ٱلْأَرْضُ ٱلَّتِي ضَرَبَهَا ٱلرَّبُّ قُدَّامَ بَنِي إِسْرَائِيلَ، هِيَ أَرْضُ مَوَاشٍ، وَلِعَبِيدِكَ مَوَاشٍ». ٤ 4
ثُمَّ قَالُوا: «إِنْ وَجَدْنَا نِعْمَةً فِي عَيْنَيْكَ فَلْتُعْطَ هَذِهِ ٱلْأَرْضُ لِعَبِيدِكَ مُلْكًا، وَلَا تُعَبِّرْنَا ٱلْأُرْدُنَّ». ٥ 5
သို့​ဖြစ်​၍​ဤ​ဒေ​သ​တွင်​အ​ကျွန်ုပ်​တို့​နေ ထိုင်​ရန်​အ​ပိုင်​ပေး​သနား​ပါ။ အ​ကျွန်ုပ်​တို့ အား​ယော်​ဒန်​မြစ်​တစ်​ဖက်​သို့​ကူး​၍​မ​နေ ထိုင်​စေ​ပါ​နှင့်'' ဟု​လျှောက်​ထား​ကြ​၏။
فَقَالَ مُوسَى لِبَنِي جَادٍ وَبَنِي رَأُوبَيْنَ: «هَلْ يَنْطَلِقُ إِخْوَتُكُمْ إِلَى ٱلْحَرْبِ، وَأَنْتُمْ تَقْعُدُونَ هَهُنَا؟ ٦ 6
ထို​အ​ခါ​မော​ရှေ​က``သင်​တို့​၏​သား​ချင်း​များ စစ်​ချီ​တိုက်​ခိုက်​နေ​စဉ် သင်​တို့​သည်​ဤ​အ​ရပ် တွင်​နေ​ထိုင်​ကြ​ပါ​သ​လော။-
فَلِمَاذَا تَصُدُّونَ قُلُوبَ بَنِي إِسْرَائِيلَ عَنِ ٱلْعُبُورِ إِلَى ٱلْأَرْضِ ٱلَّتِي أَعْطَاهُمُ ٱلرَّبُّ؟ ٧ 7
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ယော်​ဒန် မြစ်​ကို​ကူး​၍ ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား တော်​မူ​သော​ပြည်​သို့​ဝင်​ရောက်​ရေး​တွင် သင် တို့​သည်​အ​ဘယ်​ကြောင့်​သူ​တို့​ကို​စိတ် ပျက်​အား​လျော့​စေ​ကြ​သ​နည်း။-
هَكَذَا فَعَلَ آبَاؤُكُمْ حِينَ أَرْسَلْتُهُمْ مِنْ قَادَشَ بَرْنِيعَ لِيَنْظُرُوا ٱلْأَرْضَ. ٨ 8
ငါ​သည်​သင်​တို့​၏​ဘိုး​ဘေး​များ​အား​ထို ပြည်​ကို​ထောက်​လှမ်း​ရန် ကာ​ဒေ​ရှ​အ​ရပ်​မှ စေ​လွှတ်​စဉ်​အ​ခါ​က သူ​တို့​သည်​လူ​တို့​ကို စိတ်​ပျက်​အား​လျော့​စေ​ခဲ့​ကြ​၏။-
صَعِدُوا إِلَى وَادِي أَشْكُولَ وَنَظَرُوا ٱلْأَرْضَ وَصَدُّوا قُلُوبَ بَنِي إِسْرَائِيلَ عَنْ دُخُولِ ٱلْأَرْضِ ٱلَّتِي أَعْطَاهُمُ ٱلرَّبُّ. ٩ 9
သူ​တို့​သည်​ဧ​ရှကော​လ​ချိုင့်​ဝှမ်း​သို့​တိုင်​အောင် သွား​ရောက်​ခဲ့​ကြ​၍ ထို​ပြည်​ကို​တွေ့​မြင်​ပြီး နောက်​ပြန်​လည်​ရောက်​ရှိ​လာ​ကြ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော်​မူ​သော ပြည်​သို့​မ​သွား​ရန်​လူ​တို့​ကို​တိုက်​တွန်း ကြ​၏။-
فَحَمِيَ غَضَبُ ٱلرَّبِّ فِي ذَلِكَ ٱلْيَوْمِ وَأَقْسَمَ قَائِلًا: ١٠ 10
၁၀ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက် တော်​ထွက်​၍၊-
لَنْ يَرَى ٱلنَّاسُ ٱلَّذِينَ صَعِدُوا مِنْ مِصْرَ، مِنِ ٱبْنِ عِشْرِينَ سَنَةً فَصَاعِدًا، ٱلْأَرْضَ ٱلَّتِي أَقْسَمْتُ لِإِبْرَاهِيمَ وَإِسْحَاقَ وَيَعْقُوبَ، لِأَنَّهُمْ لَمْ يَتَّبِعُونِي تَمَامًا، ١١ 11
၁၁`သူ​တို့​သည်​ငါ့​ကို​သစ္စာ​ဖောက်​ကြ​သ​ဖြင့် အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​သော​သူ​တို့​တွင် အ​သက်​နှစ်​ဆယ်​အ​ရွယ်​နှင့်​အ​ထက်​ရှိ သော​မည်​သည့်​ယောကျာ်း​မျှ​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ငါ​ပေး​မည်​ဟု​က​တိ​ထား သော​ပြည်​သို့​မ​ဝင်​ရ' ဟု​ကျိန်​ဆို​၍​မိန့် တော်​မူ​ခဲ့​၏။-
مَا عَدَا كَالِبَ بْنَ يَفُنَّةَ ٱلْقِنِزِّيَّ وَيَشُوعَ بْنَ نُونَ، لِأَنَّهُمَا ٱتَّبَعَا ٱلرَّبَّ تَمَامًا. ١٢ 12
၁၂ထို​သို့​ဒဏ်​စီ​ရင်​ခြင်း​ခံ​ရ​သူ​တို့​တွင် ကေ​နတ်​အ​မျိုး​သား​ယေ​ဖုန္နာ​၏​သား ကာ လက်​နှင့်​နုန်​၏​သား​ယော​ရှု​တို့​မ​ပါ​ဝင် ချေ။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​သစ္စာ တော်​ကို​စောင့်​သူ​များ​ဖြစ်​ပေ​သည်။-
فَحَمِيَ غَضَبُ ٱلرَّبِّ عَلَى إِسْرَائِيلَ وَأَتَاهَهُمْ فِي ٱلْبَرِّيَّةِ أَرْبَعِينَ سَنَةً، حَتَّى فَنِيَ كُلُّ ٱلْجِيلِ ٱلَّذِي فَعَلَ ٱلشَّرَّ فِي عَيْنَيِ ٱلرَّبِّ. ١٣ 13
၁၃ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​အ​မျက်​ထွက်​သ​ဖြင့် မိ​မိ​အ​လို ကို​ဆန့်​ကျင်​သော​အ​မျိုး​ဆက်​တို့​သေ​ဆုံး ကုန်​ကြ​သည်​အ​ထိ​သူ​တို့​ကို​တော​ကန္တာ​ရ ၌​အ​နှစ်​လေး​ဆယ်​ပတ်​လုံး​လှည့်​လည်​နေ စေ​တော်​မူ​၏။-
فَهُوَذَا أَنْتُمْ قَدْ قُمْتُمْ عِوَضًا عَنْ آبَائِكُمْ، تَرْبِيَةَ أُنَاسٍ خُطَاةٍ، لِكَيْ تَزِيدُوا أَيْضًا حُمُوَّ غَضَبِ ٱلرَّبِّ عَلَى إِسْرَائِيلَ. ١٤ 14
၁၄ဘိုး​ဘေး​တို့​၏​ဒု​စ​ရိုက်​မျိုး​ကို​ကူး​လွန် သော​အား​ဖြင့် ယ​ခု​သင်​တို့​သည်​ဒု​စ​ရိုက် ပြု​သော​မျိုး​ဆက်​သစ်​ဖြစ်​လာ​ကြ​၏။ သို့ ဖြစ်​၍​သင်​တို့​သည်​ထာ​ဝ​ရ​ဘုရား​၏​ပြင်း ထန်​သော​အ​မျက်​တော်​ကို ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​ပေါ်​သို့​တစ်​ဖန်​ကျ ရောက်​စေ​ရန်​ပြု​ကျင့်​နေ​ကြ​ပါ​သည် တ​ကား။-
إِذَا ٱرْتَدَدْتُمْ مِنْ وَرَائِهِ، يَعُودُ يَتْرُكُهُ أَيْضًا فِي ٱلْبَرِّيَّةِ، فَتُهْلِكُونَ كُلَّ هَذَا ٱلشَّعْبِ». ١٥ 15
၁၅ရု​ဗင်​နှင့်​ဂဒ်​အ​နွယ်​ဝင်​များ​ဖြစ်​ကြ​သော သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​နောက်​တော် သို့​ယ​ခု​မ​လိုက်​ကြ​လျှင် ကိုယ်​တော်​သည် ဣ​သ​ရေ​လ​တစ်​မျိုး​လုံး​ကို​တော​ကန္တာ​ရ တွင်​တစ်​ဖန်​စွန့်​ပစ်​တော်​မူ​လိမ့်​မည်။ သို့​ဖြစ် ၍​သင်​တို့​ကြောင့်​ထို​သူ​အ​ပေါင်း​တို့​သည် ပျက်​စီး​ဆုံး​ပါး​ရ​ကြ​လိမ့်​မည်'' ဟု​ပြန် လည်​ဖြေ​ကြား​၏။
فَٱقْتَرَبُوا إِلَيْهِ وَقَالُوا: «نَبْنِي صِيَرَ غَنَمٍ لِمَوَاشِينَا هَهُنَا وَمُدُنًا لِأَطْفَالِنَا. ١٦ 16
၁၆တစ်​ဖန်​သူ​တို့​သည် မော​ရှေ​အ​နီး​သို့​ချဉ်း ကပ်​၍``ရှေး​ဦး​စွာ​အ​ကျွန်ုပ်​တို့​၏​သိုး​များ ထား​ရန်​ကျောက်​တုံး​ခြံ​စည်း​ရိုး​များ​ကို လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့​ကို​မှီ​ခို​သူ​များ နေ​ထိုင်​ရန် တံ​တိုင်း​ကာ​ရံ​ထား​သော​မြို့​များ ကို​လည်း​ကောင်း​တည်​ဆောက်​ခွင့်​ပေး​ပါ။-
وَأَمَّا نَحْنُ فَنَتَجَرَّدُ مُسْرِعِينَ قُدَّامَ بَنِي إِسْرَائِيلَ حَتَّى نَأْتِيَ بِهِمْ إِلَى مَكَانِهِمْ، وَيَلْبَثُ أَطْفَالُنَا فِي مُدُنٍ مُحَصَّنَةٍ مِنْ وَجْهِ سُكَّانِ ٱلْأَرْضِ. ١٧ 17
၁၇ထို​နောက်​အ​ကျွန်ုပ်​တို့​သည်​အ​မျိုး​သား​ချင်း တို့​အ​ပိုင်​ရ​မည့်​ပြည်​တွင် အ​ခြေ​ချ​နေ​ထိုင် ရ​သည်​အ​ထိ​သူ​တို့​ကို​ရှေ့​ဆောင်​၍​စစ်​ချီ တိုက်​ခိုက်​ပါ​မည်။ ဤ​အ​တော​အ​တွင်း​အ​ကျွန်ုပ် တို့​ကို​မှီ​ခို​သူ​များ​သည် ခိုင်​ခံ့​သော​မြို့​များ တွင်​နေ​ထိုင်​ရ​သ​ဖြင့် ဤ​အ​ရပ်​သား​တို့​၏ ရန်​မှ​ကင်း​လွတ်​နိုင်​ကြ​ပါ​လိမ့်​မည်။-
لَا نَرْجِعُ إِلَى بُيُوتِنَا حَتَّى يَقْتَسِمَ بَنُو إِسْرَائِيلَ كُلُّ وَاحِدٍ نَصِيبَهُ. ١٨ 18
၁၈အ​ခြား​သော​ဣ​သ​ရေ​လ​အ​နွယ်​ဝင်​တို့ သည် မိ​မိ​တို့​နေ​ထိုင်​ရ​မည့်​ပြည်​ကို​အ​ပိုင် မ​ရ​မ​ချင်း​အ​ကျွန်ုပ်​တို့​သည်​ကိုယ့်​အိမ် သို့​မ​ပြန်​ပါ။-
إِنَّنَا لَا نَمْلِكُ مَعَهُمْ فِي عَبْرِ ٱلْأُرْدُنِّ وَمَا وَرَاءَهُ، لِأَنَّ نَصِيبَنَا قَدْ حَصَلَ لَنَا فِي عَبْرِ ٱلْأُرْدُنِّ إِلَى ٱلشَّرْقِ». ١٩ 19
၁၉ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​တွင်​အ​ကျွန်ုပ်​တို့ အား​နယ်​မြေ​ဝေ​စု​ပေး​ထား​ပြီး​ဖြစ်​သ​ဖြင့် အ​နောက်​ဘက်​ကမ်း​တွင်​နယ်​မြေ​ဝေ​စု​ကို ထပ်​မံ​၍​မ​တောင်း​ဆို​ပါ'' ဟူ​၍​လျှောက် ထား​ကြ​၏။
فَقَالَ لَهُمْ مُوسَى: «إِنْ فَعَلْتُمْ هَذَا ٱلْأَمْرَ، إِنْ تَجَرَّدْتُمْ أَمَامَ ٱلرَّبِّ لِلْحَرْبِ، ٢٠ 20
၂၀ထို​အ​ခါ​မော​ရှေ​က``သင်​တို့​က​တိ​တည် မည်​ဆို​လျှင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ စစ်​ချီ​တိုက်​ရန်​အ​သင့်​ပြင်​လော့။-
وَعَبَرَ ٱلْأُرْدُنَّ كُلُّ مُتَجَرِّدٍ مِنْكُمْ أَمَامَ ٱلرَّبِّ حَتَّى طَرَدَ أَعْدَاءَهُ مِنْ أَمَامِهِ، ٢١ 21
၂၁သင်​တို့​၏​တပ်​သား​အ​ပေါင်း​တို့​သည်​ယော်​ဒန် မြစ်​ကို​ဖြတ်​ကူး​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​ကို​နာ​ခံ​လျက် ငါ​တို့​၏​ရန်​သူ​များ​ကို တိုက်​ခိုက်​ချေ​မှုန်း​၍၊-
وَأُخْضِعَتِ ٱلْأَرْضُ أَمَامَ ٱلرَّبِّ، وَبَعْدَ ذَلِكَ رَجَعْتُمْ، فَتَكُونُونَ أَبْرِيَاءَ مِنْ نَحْوِ ٱلرَّبِّ وَمِنْ نَحْوِ إِسْرَائِيلَ، وَتَكُونُ هَذِهِ ٱلْأَرْضُ مُلْكًا لَكُمْ أَمَامَ ٱلرَّبِّ. ٢٢ 22
၂၂တိုင်း​ပြည်​ကို​သိမ်း​ပိုက်​ရ​မည်။ ထို​နောက်​သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​အ​မျိုး​သား ချင်း​တို့​အ​တွက် တာ​ဝန်​ကျေ​ပွန်​ပြီ​ဖြစ်​၍ ဤ​အ​ရပ်​သို့​ပြန်​လာ​နိုင်​သည်။ ထို​အ​ခါ ထာ​ဝ​ရ​ဘုရား​သည်​ယော်​ဒန်​မြစ်​အ​ရှေ့ ဘက်​ရှိ ဤ​ပြည်​သည်​သင်​တို့​ဝေ​စု​ဖြစ် ကြောင်း​သိ​မှတ်​တော်​မူ​လိမ့်​မည်။-
وَلَكِنْ إِنْ لَمْ تَفْعَلُوا هَكَذَا، فَإِنَّكُمْ تُخْطِئُونَ إِلَى ٱلرَّبِّ، وَتَعْلَمُونَ خَطِيَّتَكُمُ ٱلَّتِي تُصِيبُكُمْ. ٢٣ 23
၂၃သို့​ရာ​တွင်​သင်​တို့​သည်​က​တိ​မ​တည်​လျှင် ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​ရာ​ရောက်​လိမ့် မည်။ ထို​အ​ခါ​သင်​တို့​သည်​အ​ပြစ်​ဒဏ်​ကို မု​ချ​ခံ​ကြ​ရ​မည်။-
اِبْنُوا لِأَنْفُسِكُمْ مُدُنًا لِأَطْفَالِكُمْ وَصِيَرًا لِغَنَمِكُمْ. وَمَا خَرَجَ مِنْ أَفْوَاهِكُمُ ٱفْعَلُوا». ٢٤ 24
၂၄သင်​တို့​မြို့​များ​နှင့်​သိုး​ခြံ​များ​ကို​တည် ဆောက်​ကြ​လော့။ သို့​ရာ​တွင်​သင်​တို့​က​တိ ကို​မ​ဖျက်​ကြ​နှင့်'' ဟု​သတိ​ပေး​လေ​၏။
فَكَلَّمَ بَنُو جَادَ وَبَنُو رَأُوبَيْنَ مُوسَى قَائِلِينَ: «عَبِيدُكَ يَفْعَلُونَ كَمَا أَمَرَ سَيِّدِي. ٢٥ 25
၂၅ထို​အ​ခါ​ဂဒ်​အ​နွယ်​ဝင်​နှင့်​ရု​ဗင်​အ​နွယ် ဝင်​တို့​က``ကိုယ်​တော်​မိန့်​မှာ​သည်​အ​တိုင်း အ​ကျွန်ုပ်​ဆောင်​ရွက်​ပါ​မည်။-
أَطْفَالُنَا وَنِسَاؤُنَا وَمَوَاشِينَا وَكُلُّ بَهَائِمِنَا تَكُونُ هُنَاكَ فِي مُدُنِ جِلْعَادَ. ٢٦ 26
၂၆အ​ကျွန်ုပ်​တို့​၏​ဇ​နီး​နှင့်​သား​သ​မီး​များ၊ သိုး၊ ဆိတ်၊ နွား​များ​သည်​ဤ​အ​ရပ်​ရှိ​ဂိ​လဒ် မြို့​များ​တွင်​နေ​ရစ်​ကြ​ပါ​မည်။-
وَعَبِيدُكَ يَعْبُرُونَ، كُلُّ مُتَجَرِّدٍ لِلْجُنْدِ أَمَامَ ٱلرَّبِّ لِلْحَرْبِ كَمَا تَكَلَّمَ سَيِّدِي». ٢٧ 27
၂၇အ​ကျွန်ုပ်​တို့​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် ကို​နာ​ခံ​လျက် စစ်​ချီ​တက်​ရန်​အ​သင့်​ရှိ​နေ ကြ​ပါ​သည်။ ကိုယ်​တော်​မိန့်​မှာ​သည့်​အ​တိုင်း အ​ကျွန်ုပ်​တို့​သည် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး ၍​ရန်​သူ​များ​ကို​တိုက်​ခိုက်​ပါ​မည်'' ဟူ​၍ မော​ရှေ​အား​က​တိ​ပေး​ကြ​၏။
فَأَوْصَى بِهِمْ مُوسَى أَلِعَازَارَ ٱلْكَاهِنَ وَيَشُوعَ بْنَ نُونَ وَرُؤُوسَ آبَاءِ ٱلْأَسْبَاطِ مِنْ بَنِي إِسْرَائِيلَ. ٢٨ 28
၂၈ထို့​ကြောင့်​မော​ရှေ​က​ဧ​လာ​ဇာ၊ ယော​ရှု​နှင့် အ​ခြား​သော​ဣ​သ​ရေ​လ​ခေါင်း​ဆောင်​တို့ အား၊-
وَقَالَ لَهُمْ مُوسَى: «إِنْ عَبَرَ ٱلْأُرْدُنَّ مَعَكُمْ بَنُو جَادَ وَبَنُو رَأُوبَيْنَ، كُلُّ مُتَجَرِّدٍ لِلْحَرْبِ أَمَامَ ٱلرَّبِّ، فَمَتَى أُخْضِعَتِ ٱلْأَرْضُ أَمَامَكُمْ، تُعْطُونَهُمْ أَرْضَ جِلْعَادَ مُلْكًا. ٢٩ 29
၂၉``ဂဒ်​အ​နွယ်​ဝင်​နှင့်​ရု​ဗင်​အ​နွယ်​ဝင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ​ယော်​ဒန် မြစ်​ကို​ဖြတ်​ကူး​၍ စစ်​ချီ​တိုက်​ခိုက်​လျှင်​လည်း ကောင်း၊ သင်​တို့​သည်​သူ​တို့​၏​အ​ကူ​အ​ညီ ဖြင့်​ထို​ပြည်​ကို​တိုက်​ခိုက်​အောင်​မြင်​လျှင် လည်း​ကောင်း ဂိ​လဒ်​ပြည်​ကို​သူ​တို့​အား အ​ပိုင်​ပေး​လော့။-
وَلَكِنْ إِنْ لَمْ يَعْبُرُوا مُتَجَرِّدِينَ مَعَكُمْ، يَتَمَلَّكُوا فِي وَسَطِكُمْ فِي أَرْضِ كَنْعَانَ». ٣٠ 30
၃၀သို့​ရာ​တွင်​သူ​တို့​သည်​သင်​တို့​နှင့်​အ​တူ ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​၍​စစ်​ချီ​တိုက်​ခိုက် ခြင်း​မ​ပြု​ကြ​လျှင် သင်​တို့​နည်း​တူ​ခါ​နာန် ပြည်​ထဲ​၌​သာ​သူ​တို့​ဝေ​စု​ကို​ရ​စေ​ရ​မည်'' ဟု​အ​မိန့်​ပေး​လေ​၏။
فَأَجَابَ بَنُو جَادٍ وَبَنُو رَأُوبَيْنَ قَائِلِينَ: «ٱلَّذِي تَكَلَّمَ بِهِ ٱلرَّبُّ عَنْ عَبِيدِكَ كَذَلِكَ نَفْعَلُ. ٣١ 31
၃၁ဂဒ်​အ​နွယ်​ဝင်​နှင့်​ရု​ဗင်​အ​နွယ်​ဝင်​တို့ က``အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​အ​တိုင်း​ဆောင်​ရွက်​ပါ​မည်။-
نَحْنُ نَعْبُرُ مُتَجَرِّدِينَ أَمَامَ ٱلرَّبِّ إِلَى أَرْضِ كَنْعَانَ، وَلَكِنْ نُعْطَى مُلْكَ نَصِيبِنَا فِي عَبْرِ ٱلْأُرْدُنِّ». ٣٢ 32
၃၂အ​ကျွန်ုပ်​တို့​သည်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ရှိ​ပြည်​ကို​အ​ပိုင်​ရ​နိုင်​ရန် ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​ဆောင်​မှု​ကို​နာ​ခံ​လျက် ခါ​နာန်​ပြည် ဘက်​သို့​ကူး​၍​စစ်​ချီ​တိုက်​ခိုက်​ပါ​မည်'' ဟု​လျှောက်​ထား​ကြ​လေ​သည်။
فَأَعْطَى مُوسَى لَهُمْ، لِبَنِي جَادٍ وَبَنِي رَأُوبَيْنَ وَنِصْفِ سِبْطِ مَنَسَّى بْنِ يُوسُفَ، مَمْلَكَةَ سِيحُونَ مَلِكِ ٱلْأَمُورِيِّينَ وَمَمْلَكَةَ عُوجٍ مَلِكِ بَاشَانَ، ٱلْأَرْضَ مَعَ مُدُنِهَا بِتُخُومِ مُدُنِ ٱلْأَرْضِ حَوَالَيْهَا. ٣٣ 33
၃၃ထို့​ကြောင့်​မော​ရှေ​သည်​အာ​မော​ရိ​ဘု​ရင် ရှိ​ဟုန်​နှင့် ဗာ​ရှန်​ဘု​ရင်​သြ​ဃ​တို့​ပိုင်​သ​မျှ သော​နယ်​မြေ​နှင့်​တ​ကွ ပတ်​ဝန်း​ကျင်​ရှိ​မြို့ ရွာ​များ​ကို​ဂဒ်​အ​နွယ်​ဝင်၊ ရုဗင်​အ​နွယ်​ဝင် နှင့်​မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​အား​သတ်​မှတ် ပေး​လေ​သည်။-
فَبَنَى بَنُو جَادَ: دِيبُونَ وَعَطَارُوتَ وَعَرُوعِيرَ ٣٤ 34
၃၄ဂဒ်​အ​နွယ်​ဝင်​တို့​သည်​ဒိ​ဗုန်​မြို့၊ အ​တ​ရုပ် မြို့၊ အာ​ရော်​မြို့၊-
وَعَطْرُوتَ شُوفَانَ وَيَعْزِيرَ وَيُجْبَهَةَ ٣٥ 35
၃၅အာ​တ​ရုတ်​ရှော​ဖန်​မြို့၊ ယာ​ဇာ​မြို့၊ ယု​မ္ဘေဟ မြို့၊-
وَبَيْتَ نِمْرَةَ وَبَيْتَ هَارَانَ مُدُنًا مُحَصَّنَةً مَعَ صِيَرِ غَنَمٍ. ٣٦ 36
၃၆ဗက်​နိ​မ​ရာ​မြို့​နှင့်​ဗေ​သာ​ရန်​မြို့​စ​သော တံ​တိုင်း​ကာ​ရံ​ထား​သည့် မြို့​များ​ကို​ပြန် လည်​တည်​ဆောက်​ကြ​၏။-
وَبَنَى بَنُو رَأُوبَيْنَ: حَشْبُونَ وَأَلِعَالَةَ وَقَرْيَتَايِمَ ٣٧ 37
၃၇ရု​ဗင်​အ​နွယ်​ဝင်​တို့​သည်​ဟေ​ရှ​ဘုန်​မြို့၊ ဧ​လာ​လေ​မြို့၊ ကိ​ရ​ယ​သိမ်​မြို့၊-
وَنَبُوَ وَبَعْلَ مَعُونَ، مُغَيَّرَتَيِ ٱلِٱسْمِ، وَسَبْمَةَ، وَدَعَوْا بِأَسْمَاءٍ أَسْمَاءَ ٱلْمُدُنِ ٱلَّتِي بَنَوْا. ٣٨ 38
၃၈နေ​ဗော​မြို့၊ ဗာ​လ​မော​န​မြို့(ဤ​မြို့​၏​နာ​မည် ကို​ပြောင်း​လိုက်​၏) နှင့်​ရှိ​ဗ​မ​မြို့​များ​ကို ပြန်​လည်​တည်​ဆောက်​ကြ​သည်။ သူ​တို့​ပြန် လည်​တည်​ဆောက်​သော​မြို့​များ​ကို​နာ​မည် သစ်​ဖြင့်​မှည့်​ခေါ်​ကြ​သည်။
وَذَهَبَ بَنُو مَاكِيرَ بْنِ مَنَسَّى إِلَى جِلْعَادَ وَأَخَذُوهَا وَطَرَدُوا ٱلْأَمُورِيِّينَ ٱلَّذِينَ فِيهَا. ٣٩ 39
၃၉မ​နာ​ရှေ​သား​မာ​ခိ​ရ​၏​သား​ချင်း​စု​သည် ဂိ​လဒ်​ပြည်​ကို​ဝင်​ရောက်​တိုက်​ခိုက်​ပြီး​လျှင် ထို​ပြည်​တွင်​နေ​ထိုင်​သော​အာ​မော​ရိ​အ​မျိုး သား​တို့​ကို​မောင်း​ထုတ်​၍​ပြည်​ကို​သိမ်း​ပိုက် လေ​သည်။-
فَأَعْطَى مُوسَى جِلْعَادَ لِمَاكِيرَ بْنِ مَنَسَّى فَسَكَنَ فِيهَا. ٤٠ 40
၄၀ထို့​ကြောင့်​မော​ရှေ​သည်​မာ​ခိ​ရ​သား​ချင်း​စု အား​ဂိ​လဒ်​ပြည်​ကို​ပေး​သ​ဖြင့် သူ​တို့​သည် ထို​ပြည်​တွင်​နေ​ထိုင်​ကြ​၏။-
وَذَهَبَ يَائِيرُ ٱبْنُ مَنَسَّى وَأَخَذَ مَزَارِعَهَا وَدَعَاهُنَّ: حَوُّوثَ يَائِيرَ. ٤١ 41
၄၁မ​နာ​ရှေ​၏​အ​နွယ်​ဝင်​ဖြစ်​သော​ယာ​ဣ​ရ သည် ကျေး​ရွာ​အ​ချို့​ကို​တိုက်​ခိုက်​သိမ်း​ပိုက် ပြီး​လျှင်``ယာ​ဣ​ရ​ကျေး​ရွာ​များ'' ဟု သ​မုတ်​လေ​သည်။-
وَذَهَبَ نُوبَحُ وَأَخَذَ قَنَاةَ وَقُرَاهَا وَدَعَاهَا نُوبَحَ بِٱسْمِهِ. ٤٢ 42
၄၂နော​ဗာ​ဆို​သူ​သည်​လည်း​ကေ​နတ်​မြို့​နှင့် အ​နီး​ရှိ ကျေး​ရွာ​များ​ကို​တိုက်​ခိုက်​သိမ်း ပိုက်​ပြီး​လျှင် မိ​မိ​၏​အ​မည်​ကို​စွဲ​၍ နော​ဗာ​မြို့​ဟု​မှည့်​ခေါ်​လေ​၏။

< اَلْعَدَد 32 >