< اَلْعَدَد 21 >

وَلَمَّا سَمِعَ ٱلْكَنْعَانِيُّ مَلِكُ عَرَادَ ٱلسَّاكِنُ فِي ٱلْجَنُوبِ أَنَّ إِسْرَائِيلَ جَاءَ فِي طَرِيقِ أَتَارِيمَ، حَارَبَ إِسْرَائِيلَ وَسَبَى مِنْهُمْ سَبْيًا. ١ 1
ခါ​နာန်​ပြည်​တောင်​ပိုင်း​တွင်​အာ​ရဒ်​မြို့​ကို​အုပ် စိုး​သော​မင်း​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​များ အ​သ​ရိမ်​လမ်း​ဖြင့်​လာ​နေ​ကြောင်း​သိ​ရ​လျှင် သူ​တို့​ကို​စစ်​ချီ​တိုက်​ခိုက်​ရာ​အ​ချို့​ကို​သုံ့​ပန်း အ​ဖြစ်​ဖမ်း​မိ​လေ​သည်။-
فَنَذَرَ إِسْرَائِيلُ نَذْرًا لِلرَّبِّ وَقَالَ: «إِنْ دَفَعْتَ هَؤُلَاءِ ٱلْقَوْمَ إِلَى يَدِي أُحَرِّمُ مُدُنَهُمْ». ٢ 2
ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က``ကိုယ် တော်​သည်​အ​ကျွန်ုပ်​တို့​အား​ဤ​သူ​တို့​ကို​တိုက် ခိုက်​အောင်​မြင်​စေ​တော်​မူ​လျှင် သူ​တို့​နှင့်​သူ​တို့ ၏​မြို့​များ​ကို​ကိုယ်​တော်​အား​အ​ပြီး​အ​ပိုင် ဆက်​ကပ်​သော​ပူ​ဇော်​သကာ​အ​ဖြစ်​ဖျက်​ဆီး ပစ်​ပါ​မည်'' ဟု​ထာ​ဝ​ရ​ဘု​ရား​အား​သစ္စာ က​တိ​ပြု​ကြ​လေ​သည်။-
فَسَمِعَ ٱلرَّبُّ لِقَوْلِ إِسْرَائِيلَ، وَدَفَعَ ٱلْكَنْعَانِيِّينَ، فَحَرَّمُوهُمْ وَمُدُنَهُمْ. فَدُعِيَ ٱسْمُ ٱلْمَكَانِ «حُرْمَةَ». ٣ 3
ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​လျှောက်​ထား​သည် အ​တိုင်း​ခါ​နာန်​အ​မျိုး​သား​တို့​ကို​တိုက်​ခိုက် အောင်​မြင်​စေ​တော်​မူ​၏။ ထို​ကြောင့်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​သူ​တို့​၏​မြို့​များ​ကို လုံး​ဝ​ဖျက်​ဆီး​ပစ်​ပြီး​လျှင် ထို​အ​ရပ်​ကို ဟော်​မာ​ဟူ​၍​နာ​မည်​မှည့်​ခေါ်​လေ​သည်။
وَٱرْتَحَلُوا مِنْ جَبَلِ هُورٍ فِي طَرِيقِ بَحْرِ سُوفٍ لِيَدُورُوا بِأَرْضِ أَدُومَ، فَضَاقَتْ نَفْسُ ٱلشَّعْبِ فِي ٱلطَّرِيقِ. ٤ 4
ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဟော​ရ တောင်​မှ​ထွက်​ခွာ​၍​ဧ​ဒုံ​ပြည်​ကို​ရှောင်​ကွင်း​သွား​ရန် အ​ကွာ​ဘာ​ပင်​လယ်​ကွေ့​သို့​သွား​ရာ​လမ်း​အ​တိုင်း ချီ​တက်​ကြ​လေ​သည်။ သို့​ရာ​တွင်​သူ​တို့​သည် လမ်း​ခု​လတ်​တွင် စိတ်​ပျက်​အား​လျော့​လာ​ကြ ပြီး​လျှင်၊-
وَتَكَلَّمَ ٱلشَّعْبُ عَلَى ٱللهِ وَعَلَى مُوسَى قَائِلِينَ: «لِمَاذَا أَصْعَدْتُمَانَا مِنْ مِصْرَ لِنَمُوتَ فِي ٱلْبَرِّيَّةِ؟ لِأَنَّهُ لَا خُبْزَ وَلَا مَاءَ، وَقَدْ كَرِهَتْ أَنْفُسُنَا ٱلطَّعَامَ ٱلسَّخِيفَ». ٥ 5
ဘု​ရား​သ​ခင်​နှင့်​မော​ရှေ​တို့​အား​ပြစ်​တင်​ပြော ဆို​ကြ​လေ​သည်။ သူ​တို့​က``အ​စာ​ရေ​စာ​မ​ရှိ သည့်​ဤ​တော​ကန္တာ​ရ​တွင်​သေ​စေ​ရန် အ​ဘယ် ကြောင့် အ​ကျွန်ုပ်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ခေါ် ဆောင်​လာ​ပါ​သ​နည်း။ ဤ​ပေါ့​ပျက်​သော အ​စား​အ​စာ​ကို​လည်း အ​ကျွန်ုပ်​တို့​ငြီး ငွေ့​လာ​ပါ​ပြီ'' ဟု​ညည်း​ညူ​ကြ​၏။-
فَأَرْسَلَ ٱلرَّبُّ عَلَى ٱلشَّعْبِ ٱلْحَيَّاتِ ٱلْمُحْرِقَةَ، فَلَدَغَتِ ٱلشَّعْبَ، فَمَاتَ قَوْمٌ كَثِيرُونَ مِنْ إِسْرَائِيلَ. ٦ 6
ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ရှိ​ရာ​သို့​မြွေ​ဆိုး​များ​ကို​စေ လွှတ်​သ​ဖြင့် လူ​ပေါင်း​များ​စွာ​တို့​သည်​မြွေ ကိုက်​ခံ​ရ​၍​သေ​ဆုံး​ကြ​၏။-
فَأَتَى ٱلشَّعْبُ إِلَى مُوسَى وَقَالُوا: «قَدْ أَخْطَأْنَا إِذْ تَكَلَّمْنَا عَلَى ٱلرَّبِّ وَعَلَيْكَ، فَصَلِّ إِلَى ٱلرَّبِّ لِيَرْفَعَ عَنَّا ٱلْحَيَّاتِ». فَصَلَّى مُوسَى لِأَجْلِ ٱلشَّعْبِ. ٧ 7
ထို​ကြောင့်​လူ​များ​သည်​မော​ရှေ​ထံ​သို့​လာ ၍``အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​ကိုယ် တော်​ကို ဆန့်​ကျင်​ပြော​ဆို​၍​ပြစ်​မှား​မိ​ပါ​ပြီ။ ဤ​မြွေ​များ​ကို​ဖယ်​ရှား​ပစ်​ရန်​ထာ​ဝ​ရ​ဘု​ရား ထံ​ဆု​တောင်း​ပေး​ပါ​လော့'' ဟု​တောင်း​ပန်​ကြ​၏။ သို့​ဖြစ်​၍​မော​ရှေ​သည် သူ​တို့​အ​တွက်​ထာ​ဝ​ရ ဘု​ရား​ထံ​ဆု​တောင်း​လေ​၏။-
فَقَالَ ٱلرَّبُّ لِمُوسَى: «ٱصْنَعْ لَكَ حَيَّةً مُحْرِقَةً وَضَعْهَا عَلَى رَايَةٍ، فَكُلُّ مَنْ لُدِغَ وَنَظَرَ إِلَيْهَا يَحْيَا». ٨ 8
ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား သတ္တု မြွေ​ရုပ်​ကို​ပြု​လုပ်​၍​တိုင်​ထိပ်​တွင်​တင်​ထား​ရန် ခိုင်း​စေ​တော်​မူ​၏။ မြွေ​ကိုက်​ခံ​ရ​သော​သူ​သည် မြွေ​ရုပ်​ကို​ကြည့်​လျှင် အ​သက်​ချမ်း​သာ​ရာ​ရ မည်​ဖြစ်​ကြောင်း​ဆင့်​ဆို​စေ​တော်​မူ​၏။-
فَصَنَعَ مُوسَى حَيَّةً مِنْ نُحَاسٍ وَوَضَعَهَا عَلَى ٱلرَّايَةِ، فَكَانَ مَتَى لَدَغَتْ حَيَّةٌ إِنْسَانًا وَنَظَرَ إِلَى حَيَّةِ ٱلنُّحَاسِ يَحْيَا. ٩ 9
ထို့​ကြောင့်​မောရှေ​သည်​ကြေး​ဝါ​မြွေ​ရုပ်​ကို​ပြု လုပ်​၍ တိုင်​ထိပ်​တွင်​တင်​ထား​ရာ​မြွေ​ကိုက်​ခံ ရ​သော​သူ​သည် မြွေ​ရုပ်​ကို​ကြည့်​လျှင်​အ​သက် ချမ်း​သာ​ရာ​ရ​လေ​၏။
وَٱرْتَحَلَ بَنُو إِسْرَائِيلَ وَنَزَلُوا فِي أُوبُوتَ. ١٠ 10
၁၀တစ်​ဖန်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ခ​ရီး ဆက်​ခဲ့​ကြ​ရာ​သြ​ဗုတ်​အ​ရပ်​တွင်​စ​ခန်း​ချ ကြ​၏။-
وَٱرْتَحَلُوا مِنْ أُوبُوتَ وَنَزَلُوا فِي عَيِّي عَبَارِيمَ فِي ٱلْبَرِّيَّةِ، ٱلَّتِي قُبَالَةَ مُوآبَ إِلَى شُرُوقِ ٱلشَّمْسِ. ١١ 11
၁၁ထို​အ​ရပ်​မှ​တစ်​ဖန်​သူ​တို့​သည်​ခ​ရီး​ထွက်​၍ မော​ဘ​ပြည်​အ​ရှေ့​ဘက်​တော​ကန္တာ​ရ​ရှိ​ယို ယွင်း​ပျက်​စီး​နေ​သော ဗာ​ရိမ်​မြို့​တွင်​စ​ခန်း​ချ ကြ​လေ​သည်။-
مِنْ هُنَاكَ ٱرْتَحَلُوا وَنَزَلُوا فِي وَادِي زَارَدَ. ١٢ 12
၁၂ထို​နောက်​သူ​တို့​သည်​ဇာ​ရက်​မြစ်​ဝှမ်း​တွင် စ​ခန်း​ချ​ကြ​သည်။-
مِنْ هُنَاكَ ٱرْتَحَلُوا وَنَزَلُوا فِي عَبْرِ أَرْنُونَ ٱلَّذِي فِي ٱلْبَرِّيَّةِ، خَارِجًا عَنْ تُخُمِ ٱلْأَمُورِيِّينَ. لِأَنَّ أَرْنُونَ هُوَ تُخْمُ مُوآبَ، بَيْنَ مُوآبَ وَٱلْأَمُورِيِّينَ. ١٣ 13
၁၃ထို​အ​ရပ်​မှ​တစ်​ဖန်​သူ​တို့​သည်​ခ​ရီး​ထွက်​လာ ခဲ့​ကြ​ရာ အာ​နုန်​မြစ်​မြောက်​ဘက်​အာ​မော​ရိ​ပြည် တော​ကန္တာ​ရ​နှင့်​တစ်​ဆက်​တည်း​ရှိ​သော​တော ကန္တာ​ရ​တွင်​စ​ခန်း​ချ​ကြ​၏။ (အာ​နုန်​မြစ်​သည် မော​ဘ​ပြည်​နှင့်​အာ​မော​ရိ​ပြည်​တို့​၏​နယ်​ခြား ဖြစ်​၏။-)
لِذَلِكَ يُقَالُ فِي كِتَابِ «حُرُوبِ ٱلرَّبِّ»: «وَاهِبٌ فِي سُوفَةَ وَأَوْدِيَةِ أَرْنُونَ ١٤ 14
၁၄ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​၏​စစ်​ပွဲ​များ​စာ စောင်​တွင်``သု​ပ​ဒေ​သ​တွင်​တည်​သော​ဝါ​ဟက် မြို့​နှင့်​ချိုင့်​ဝှမ်း​များ​အာ​နုန်​မြစ်​နှင့်၊-
وَمَصَبِّ ٱلْأَوْدِيَةِ ٱلَّذِي مَالَ إِلَى مَسْكَنِ عَارَ، وَٱسْتَنَدَ إِلَى تُخُمِ مُوآبَ». ١٥ 15
၁၅မော​ဘ​ပြည်​နယ်​စပ်​အာ​ရ​မြို့​သို့​တိုင်​အောင် လျှော​ဆင်း​သော​ချိုင့်​ဝှမ်း​များ'' ဟူ​၍​ဖော်​ပြ ပါ​ရှိ​လေ​သည်။
وَمِنْ هُنَاكَ إِلَى بِئْرٍ. وَهِيَ ٱلْبِئْرُ حَيْثُ قَالَ ٱلرَّبُّ لِمُوسَى: «ٱجْمَعِ ٱلشَّعْبَ فَأُعْطِيَهُمْ مَاءً». ١٦ 16
၁၆ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထို​အ​ရပ်​မှ ရေ​တွင်း​ဟု​အ​နက်​ရှိ​သော​ဗေ​ရ​စ​ခန်း​သို့ ရောက်​ကြ​လေ​သည်။ ထို​စ​ခန်း​တွင်​ထာ​ဝ​ရ ဘု​ရား​က​မော​ရှေ​အား``လူ​အ​ပေါင်း​တို့​ကို စု​ရုံး​စေ​လော့။ ငါ​သည်​သူ​တို့​အား​ရေ​ပေး မည်'' ဟု​မိန့်​တော်​မူ​၏။-
حِينَئِذٍ تَرَنَّمَ إِسْرَائِيلُ بِهَذَا ٱلنَّشِيدِ: «اِصْعَدِي أَيَّتُهَا ٱلْبِئْرُ! أَجِيبُوا لَهَا. ١٧ 17
၁၇ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​စပ်​ဆို ကြ​သော​သီ​ချင်း​သည်​ကား၊- ``ရေ​တွင်း​တို့​ရေ​ထွက်​ကြ​လော့။ ငါ​တို့​သည်​သီ​ချင်း​ဆို​၍​ကြို​ဆို​မည်။
بِئْرٌ حَفَرَهَا رُؤَسَاءُ، حَفَرَهَا شُرَفَاءُ ٱلشَّعْبِ، بِصَوْلَجَانٍ، بِعِصِيِّهِمْ». وَمِنَ ٱلْبَرِّيَّةِ إِلَى مَتَّانَةَ، ١٨ 18
၁၈မင်း​ညီ​မင်း​သား​နှင့်​ခေါင်း​ဆောင်​တို့​တူး​ဖော် သော ရေ​တွင်း၊ရာ​ဇ​လှံ​တံ​နှင့်​တောင်​ဝှေး​များ​ဖြင့် တူး​ဖော်​သော​ရေ​တွင်း​ပေ​တည်း'' ဟူ​၍​ဖြစ် သည်။ သူ​တို့​သည်​ထို​တော​ကန္တာ​ရ​မှ​မတ္တ​နာ​စ​ခန်း သို့​လည်း​ကောင်း၊-
وَمِنْ مَتَّانَةَ إِلَى نَحْلِيئِيلَ، وَمِنْ نَحْلِيئِيلَ إِلَى بَامُوتَ، ١٩ 19
၁၉ထို​မှ​တစ်​ဖန်​န​ဟာ​လျေ​လ​စ​ခန်း​သို့​လည်း ကောင်း၊ န​ဟာ​လျေ​လ​စ​ခန်း​မှ​ဗာ​မုတ်​စ​ခန်း သို့​လည်း​ကောင်း၊-
وَمِنْ بَامُوتَ إِلَى ٱلْجِوَاءِ ٱلَّتِي فِي صَحْرَاءِ مُوآبَ عِنْدَ رَأْسِ ٱلْفِسْجَةِ ٱلَّتِي تُشْرِفُ عَلَى وَجْهِ ٱلْبَرِّيَّةِ. ٢٠ 20
၂၀ဗာ​မုတ်​စ​ခန်း​မှ​သဲ​ကန္တာ​ရ​ကို​မျက်​နှာ​မူ​နေ​သော ပိ​သ​ဂါ​တောင်​ခြေ​ရှိ​မော​ဘ​ချိုင့်​ဝှမ်း​သို့​လည်း ကောင်း​ခ​ရီး​ဆက်​ကြ​လေ​သည်။
وَأَرْسَلَ إِسْرَائِيلُ رُسُلًا إِلَى سِيحُونَ مَلِكِ ٱلْأَمُورِيِّينَ قَائِلًا: ٢١ 21
၂၁ဣ​သ​ရေ​အ​မျိုး​သား​တို့​သည် အာ​မော​ရိ​ဘု​ရင် ရှိ​ဟုန်​ထံ​သို့​သံ​တ​မန်​များ​စေ​လွှတ်​လျက်၊-
«دَعْنِي أَمُرَّ فِي أَرْضِكَ. لَا نَمِيلُ إِلَى حَقْلٍ وَلَا إِلَى كَرْمٍ وَلَا نَشْرَبُ مَاءَ بِئْرٍ. فِي طَرِيقِ ٱلْمَلِكِ نَمْشِي حَتَّى نَتَجَاوَزَ تُخُومَكَ». ٢٢ 22
၂၂``အ​ကျွန်ုပ်​တို့​အား​မင်း​ကြီး​၏​ပြည်​ကို​ဖြတ် သွား​ခွင့်​ပြု​ပါ။ အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့ ၏​သိုး​နွား​တိ​ရစ္ဆာန်​တို့​သည် လမ်း​မ​ကြီး​အ​တိုင်း သွား​ပါ​မည်။ မင်း​ကြီး​၏​လယ်​ယာ​များ​နှင့် စ​ပျစ်​ဥ​ယျာဉ်​များ​ကို​ဖြတ်​ကျော်​သွား​မည် မ​ဟုတ်​ပါ။ မင်း​ကြီး​၏​ရေ​တွင်း​များ​မှ​ရေ​ကို လည်း​မ​သောက်​ပါ။ အ​ကျွန်ုပ်​တို့​သည်​မင်း​ကြီး ၏​နယ်​မြေ​မှ​ထွက်​သည်​အ​ထိ လမ်း​မ​ကြီး အ​တိုင်း​ဖြတ်​သွား​ပါ​မည်'' ဟူ​၍​အ​ခွင့် တောင်း​စေ​၏။-
فَلَمْ يَسْمَحْ سِيحُونُ لِإِسْرَائِيلَ بِٱلْمُرُورِ فِي تُخُومِهِ، بَلْ جَمَعَ سِيحُونُ جَمِيعَ قَوْمِهِ وَخَرَجَ لِلِقَاءِ إِسْرَائِيلَ إِلَى ٱلْبَرِّيَّةِ، فَأَتَى إِلَى يَاهَصَ وَحَارَبَ إِسْرَائِيلَ. ٢٣ 23
၂၃သို့​ရာ​တွင်​ရှိ​ဟုန်​ဘု​ရင်​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား မိ​မိ​၏​ပြည်​ကို​ဖြတ် သန်း​ခွင့်​မ​ပေး​ချေ။ သူ​သည်​တော​ကန္တာ​ရ​ရှိ ယာ​ဟတ်​မြို့​သို့​စစ်​ချီ​လာ​ပြီး​လျှင် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​တိုက်​ခိုက်​လေ​သည်။-
فَضَرَبَهُ إِسْرَائِيلُ بِحَدِّ ٱلسَّيْفِ وَمَلَكَ أَرْضَهُ مِنْ أَرْنُونَ إِلَى يَبُّوقَ إِلَى بَنِي عَمُّونَ. لِأَنَّ تُخُمَ بَنِي عَمُّونَ كَانَ قَوِيًّا. ٢٤ 24
၂၄သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရန် သူ​များ​စွာ​တို့​ကို တိုက်​ပွဲ​၌​ကျ​ဆုံး​စေ​ပြီး​လျှင် အာ​နုန်​မြစ်​မှ​မြောက်​ဘက်​အမ္မုန်​ပြည်​နယ်​စပ် ယဗ္ဗုတ်​မြစ်​တိုင်​အောင် ရှိ​ဟုန်​ဘု​ရင်​၏​နယ်​မြေ များ​ကို​သိမ်း​ယူ​ကြ​လေ​သည်။ အမ္မုန်​ပြည် နယ်​စပ်​တိုင်​အောင်​သာ​ချီ​တက်​နိုင်​ခြင်း​မှာ ထို​နယ်​စပ်​ကို​ခိုင်​ခံ့​စွာ​ကာ​ကွယ်​ထား​ခြင်း ကြောင့်​ဖြစ်​သည်။-
فَأَخَذَ إِسْرَائِيلُ كُلَّ هَذِهِ ٱلْمُدُنِ، وَأَقَامَ إِسْرَائِيلُ فِي جَمِيعِ مُدُنِ ٱلْأَمُورِيِّينَ فِي حَشْبُونَ وَفِي كُلِّ قُرَاهَا. ٢٥ 25
၂၅ဤ​နည်း​အား​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် ဟေ​ရှ​ဘုန်​မြို့​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ အ​ပါ​အ​ဝင် အာ​မော​ရိ​အ​မျိုး​သား​တို့​၏​မြို့ အား​လုံး​ကို​သိမ်း​ပိုက်​၍ ထို​မြို့​များ​တွင်​နေ ထိုင်​ကြ​လေ​သည်။-
لِأَنَّ حَشْبُونَ كَانَتْ مَدِينَةَ سِيحُونَ مَلِكِ ٱلْأَمُورِيِّينَ، وَكَانَ قَدْ حَارَبَ مَلِكَ مُوآبَ ٱلْأَوَّلَ وَأَخَذَ كُلَّ أَرْضِهِ مِنْ يَدِهِ حَتَّى أَرْنُونَ. ٢٦ 26
၂၆ဟေ​ရှ​ဘုန်​မြို့​သည်​ကား​ရှိ​ဟုန်​ဘု​ရင်​နန်း​စိုက် သော​မြို့​တော်​ဖြစ်​သည်။ ရှိ​ဟုန်​ဘု​ရင်​၏​ပိုင်​နက် မှာ​အာ​နုန်​မြစ်​တိုင်​အောင်​ကျယ်​ပြန့်​သော ယ​ခင် မော​ဘ​ပြည်​ဘု​ရင်​ပိုင်​နက်​ဖြစ်​သည်။ ထို​နယ်​မြေ ကို​ရှိ​ဟုန်​ဘု​ရင်​က​တိုက်​ခိုက်​သိမ်း​ယူ​ခဲ့​ခြင်း ဖြစ်​သည်။-
لِذَلِكَ يَقُولُ أَصْحَابُ ٱلْأَمْثَالِ: «اِيتُوا إِلَى حَشْبُونَ فَتُبْنَى، وَتُصْلَحَ مَدِينَةُ سِيحُونَ. ٢٧ 27
၂၇သို့​ဖြစ်​၍​က​ဗျာ​ဆ​ရာ​တို့​က၊ ``ရှိ​ဟုန်​ဘု​ရင်​၏​မြို့​တော်​ဟေ​ရှ​ဘုန်​မြို့​သို့ လာ​ကြ​လော့။ ငါ​တို့​သည်​ထို​မြို့​ကို​အ​သစ်​တစ်​ဖန်​တည်​ကြ ကုန်​စို့။
لِأَنَّ نَارًا خَرَجَتْ مِنْ حَشْبُونَ، لَهِيبًا مِنْ قَرْيَةِ سِيحُونَ. أَكَلَتْ عَارَ مُوآبَ. أَهْلَ مُرْتَفَعَاتِ أَرْنُونَ. ٢٨ 28
၂၈တစ်​ခါ​က​ရှိ​ဟုန်​ဘု​ရင်​၏​တပ်​သည်​ဟေ​ရှ​ဘုန် မြို့​မှ ထွက်​သော​မီး​လျှံ​ကဲ့​သို့​ချီ​တက်​၍ မော​ဘ​ပြည်​အာ​ရ​မြို့​ကို​ဖျက်​ဆီး​လျက် အာ​နုန်​မြစ် အ​ထက်​ပိုင်း​ရှိ​တောင်​များ​ကို​လောင်​ကျွမ်း​စေ​၏။
وَيْلٌ لَكَ يَا مُوآبُ. هَلَكْتِ يَا أُمَّةَ كَمُوشَ. قَدْ صَيَّرَ بَنِيهِ هَارِبِينَ وَبَنَاتِهِ فِي ٱلسَّبْيِ لِمَلِكِ ٱلْأَمُورِيِّينَ سِيحُونَ. ٢٩ 29
၂၉မော​ဘ​ပြည်​သား​တို့​သင်​တို့​သည်​အ​လွန် ဆင်း​ရဲ​ဒုက္ခ​ရောက်​ကြ​ရ​ပါ​ပြီ​တ​ကား။ ခေ​မု​ရှ​ဘု​ရား​ကို​ကိုး​ကွယ်​သော​အ​သင်​တို့ ပျက်​စီး​ရ​ကြ​လေ​ပြီ။ သင်​တို့​၏​ဘု​ရား​များ​သည်​သင်​တို့​၏​အ​မျိုး သား​များ​ကို စစ်​ပြေး​ဒုက္ခ​သည်​များ​ဖြစ်​စေ​၍၊ အ​မျိုး​သ​မီး​များ​ကို​အာ​မော​ရိ​ဘု​ရင်​၏ သုံ့​ပန်း​များ​ဖြစ်​စေ​၏။
لَكِنْ قَدْ رَمَيْنَاهُمْ. هَلَكَتْ حَشْبُونُ إِلَى دِيبُونَ. وَأَخْرَبْنَا إِلَى نُوفَحَ ٱلَّتِي إِلَى مِيدَبَا». ٣٠ 30
၃၀သို့​ဖြစ်​၍​သူ​တို့​၏​အ​ဆက်​အ​နွယ်​တို့​သည် ဟေ​ရှ​ဘုန်​မြို့​မှ​ဒိ​ဘုန်​မြို့​သို့​လည်း​ကောင်း၊ နာ​ရှင်​မြို့​မှ​မေ​ဒ​ဘ​မြို့​အ​နီး​နော​ဖာ​မြို့​သို့ လည်း​ကောင်း၊ ဖျက်​ဆီး​သုတ်​သင်​ခြင်း​ခံ​ရ​လေ​ပြီ'' ဟူ​၍ စပ်​ဆို​ကြ​၏။
فَأَقَامَ إِسْرَائِيلُ فِي أَرْضِ ٱلْأَمُورِيِّينَ. ٣١ 31
၃၁သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အာ​မော​ရိ​ပြည်​တွင်​အ​ခြေ​ချ​နေ​ထိုင်​ကြ လေ​သည်။-
وَأَرْسَلَ مُوسَى لِيَتَجَسَّسَ يَعْزِيرَ، فَأَخَذُوا قُرَاهَا وَطَرَدُوا ٱلْأَمُورِيِّينَ ٱلَّذِينَ هُنَاكَ. ٣٢ 32
၃၂မော​ရှေ​သည်​ယာ​ဇာ​မြို့​ကို​မ​တိုက်​ခိုက်​မီ လူ​ကို စေ​လွှတ်​၍​ထောက်​လှမ်း​စေ​၏။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​ထို​မြို့​နှင့်​တ​ကွ ပတ်​ဝန်း​ကျင်​ရှိ​မြို့ များ​ကို​တိုက်​ခိုက်​သိမ်း​ပိုက်​သ​ဖြင့် အာ​မော​ရိ အ​မျိုး​သား​တို့​သည်​ထို​မြို့​များ​မှ​ထွက်​ပြေး ကြ​၏။
ثُمَّ تَحَوَّلُوا وَصَعِدُوا فِي طَرِيقِ بَاشَانَ. فَخَرَجَ عُوجُ مَلِكُ بَاشَانَ لِلِقَائِهِمْ هُوَ وَجَمِيعُ قَوْمِهِ إِلَى ٱلْحَرْبِ فِي إِذْرَعِي. ٣٣ 33
၃၃ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗာ​ရှန် ပြည်​ကို​ဦး​တည်​ချီ​တက်​ကြ​လေ​သည်။ ထို​အ​ခါ ဗာ​ရှန်​ပြည်​ဘု​ရင်​သြ​ဃ​သည်​စစ်​ချီ​၍ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ကို​ဧ​ဒြိ​အ​ရပ်​တွင် တိုက်​ခိုက်​လေ​သည်။-
فَقَالَ ٱلرَّبُّ لِمُوسَى: «لَا تَخَفْ مِنْهُ لِأَنِّي قَدْ دَفَعْتُهُ إِلَى يَدِكَ مَعَ جَمِيعِ قَوْمِهِ وَأَرْضِهِ، فَتَفْعَلُ بِهِ كَمَا فَعَلْتَ بِسِيحُونَ مَلِكِ ٱلْأَمُورِيِّينَ ٱلسَّاكِنِ فِي حَشْبُونَ». ٣٤ 34
၃၄ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သူ့​ကို​မ ကြောက်​နှင့်။ သူ​နှင့်​တ​ကွ​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ သူ​၏​ပြည်​ကို လည်း​ကောင်း​သင့်​လက်​၌​ငါ​အပ်​ပေး​မည်။ သင်​သည်​ဟေ​ရှ​ဘုန်​မြို့​တွင်​စိုး​စံ​သော အာ မော​ရိ​ဘု​ရင်​ရှိ​ဟုန်​အား​ပြု​သ​ကဲ့​သို့​သူ့ အား​ပြု​လော့'' ဟု​မိန့်​တော်​မူ​၏။-
فَضَرَبُوهُ وَبَنِيهِ وَجَمِيعَ قَوْمِهِ حَتَّى لَمْ يَبْقَ لَهُ شَارِدٌ، وَمَلَكُوا أَرْضَهُ. ٣٥ 35
၃၅ထို​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သြ​ဃ​ဘု​ရင်​နှင့်​သူ​၏​သား​များ​အ​ပါ​အ​ဝင် တိုင်း​သူ​ပြည်​သား​တို့​ကို​တစ်​ယောက်​မ​ကျန် သုတ်​သင်​သတ်​ဖြတ်​ပြီး​နောက်​တိုင်း​ပြည်​ကို သိမ်း​ပိုက်​လေ​သည်။

< اَلْعَدَد 21 >